ဘ၀တူဆရာမလေးများထံသို့

 ကျွန်မတနေ့ကျောင်းကအပြန်ကားပေါ်မှာကျောင်းသားမိဘလို.
ထင်ရတဲ့မိန်းမနှစ်ယောက်ရဲ့စကားသံကြားခဲ့ရပါတယ်။ 
ထုံးစံအတိုင်းဆရာမတွေစာမသင်တဲ့အကြောင်း၊ကျူရှင်ပဲသင်
တဲ့အကြောင်းစုံလို့ပါဘဲ။ယူနီဖောင်းဝတ်ထားတဲ့ကျွန်မကိုပင် 
အားမနာ၊ကျွန်မကိုတွေလို့ဘဲပိုပြောနေလားပင်မသိပါ။ ကားပေါ်ကလူတွေရဲ့မျက်လုံးကလည်းကျွန်မဆီကိုဦးတည်နေ 
ပါတယ်။ကျွန်မရဲ့ခံစားချက်ကိုဘ၀တူဆရာမတွေနားလည် ပါတယ်။ အခိုးအငွေ့ပျံပြီးပျောက်လို့ရရင်နေရာမှာတင်ဖျောက်လိုက် 
ချင်ပါတယ်။ 

တကယ်တော့လည်းထိုမိန်းမကြီးတွေပြောတာတစ်ခုမှ
မမှားပါ။ဘယ်သူမပြုမိမိမှုဆိုသလိုပါဘဲ။ကိုယ်လုပ်လို့ကိုယ်ခံရတယ်ဆိုရအောင်လည်းကျွန်မတို့လိုတိုးချဲ့မြိုနယ်ကဆရာမတွေမှာကျူရှင်ဆိုတာမရှိတဲ့
အပြင်လစာပင်မလောက်လို့အိမ်ကပြန်
တောင်းနေရတဲ့ဘ၀ပါ။

ကျွန်မတို့ဆရာမအချင်းချင်းဆိုရင်သိပါတယ်။အမှန်အတိုင်းပြောရရင်ဆိုးဝါးလှတဲ့ပညာရေးစနစ်အောက်မှာဆရာမတွေအထူးသဖြင့်ဆရာမအငယ်တွေကအလူးအလဲ
ခံနေရတာပါ။
 
ပညာရေးဝန်ကြီးကစလို့ညွှန်မှူးမျာ
း၊ဦးစီးများအပါအ၀င်မြန်မာပြည်ပညာရေး
ကိုအောက်ဆုံးထိရောက်အောင်ဆွဲချပြီးနောက်ဆုံးအပြစ်ပြောခံရတော့ဆရာမတွေဖြစ်နေပါတယ်။တကယ်လဲကျင့်ဝတ်နဲ့မညီတဲ့ဆရာမတွေ
အများကြီးရှိနေပါတယ်။
 
ကျွန်မအဓိကပြောချင်တာကတော့လူငယ်
ဆရာမတွေကိုပါ။တနေ့နေ့တချိန်ချိန်
ကျွန်မတို့ကိုယ်တိုင်ခေါင်းဆောင်နေရာမှာတာဝန်ထမ်းဆောင်ရရင်ဖြစ်ဖြစ်၊
လက်ရှိတာဝန်ထမ်းဆောင်ရတဲ့နေရာမှာပဲဖြစ်ဖြစ်ရိုးသားစွာတာဝန်ထမ်းဆောင်
ကြဖို့တိုက်တွန်းလိုပါတယ်။

ကျွန်မတို့ကိုယ်တိုင်စေတနာအမှန်နဲ့ကြိုးစားကြမယ်ဆိုရင်အတိတ်တချိန်က
ဆရာမတွေကိုလေးစားခဲ့ရတဲ့အချိန်တွေကိုပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။
ကျွန်မတို့လူငယ်ဆရာမများကလည်းရှေ့ကဆရာမများ(ကျင့်ဝတ်နဲ့မညီသောဆရာမအချို့)
လိုဘဲရေလိုက်ငါးလိုက်ပဲဆက်လုပ်နေမယ်ဆိုရင်အနာဂတ်မြန်မာ့ပညာရေးမတွေးဝံ့စရာပင်။ပညာရေးကသာတိုင်းပြည်ရဲ့အနာဂတ်ကိုဖော်ဆောင်နိုင်မှာပါ။

ကျွန်မတို့အားလုံးတိုင်းပြည်ကိုချစ်မြတ်နိုးကြသူတွေချည်းဖြစ်ပါတယ်။တိုင်းပြည်ကို
တကယ်ချစ်ရင်ပညာရေးဌာနကလူငယ်တွေ
တင်မကဘဲအခြားသောဌာနဆိုင်ရာမှလူငယ်များ၊တပ်မတော်သားများအပါအ၀င်ကျောင်းသားလူငယ်များပါအစွမ်း
ကုန်ပြုပြင်ပြောင်းလဲပေးစေလိုပါတယ်။လမ်းပေါ်မှာအမှိုက်ပစ်တာကအစလူငယ်တွေ 
အားလုံးပြုပြင်ရပါမယ်။
 
      မကြာမီအချိန်မှာကျွန်မတို့နိုင်
ငံရဲ့အနာဂတ်အာရုဏ်ဦးရောက်လာတော့မှာဖြစ်
ပါတယ်။ကျွန်မတို့ရဲ့ခေါင်းဆောင်အမေစုကိုယ်တိုင်ပညာရေးကိုအဓိကထားပြီးပြုပြင်ပေးပါ့မယ်လို့ပြောခဲ့ပါတယ်။တံခါးဖွင့်ပေးတဲ့လူကဖွင့်ပေးနေပါပြီ။ကျွန်မတို့ကိုယ်တိုင်
အခန်းထဲဝင်ဖို့ပဲကျန်ပါတော့တယ်။
ကျွန်မတို့အားလုံးလက်တွဲပြီးကြိုးစားကြရပါမယ်။
 
      ဒီဆောင်းပါးလေးကိုဖတ်မိတဲ့သူမျာ
းရှိခဲ့ရင်တဆင့်စကားနဲတဆင့်ပြောပေးစေလိုပါတယ်။ဆရာမအငယ်တွေရဲ့ရှေ့မှာအထက်ကဖော်ပြခဲ့သောအပြုအမူ 
မျိုးကိုရှောင်ရှားပေးဖို့အလေးအနက်ထားပြီးတောင်းဆိုပါတယ်။တကယ်လို့အတန်း
ပိုင်ဆရာမကိုမကြေနပ်တာရှိရင်သက်ဆိုင်ရာကျောင်းအုပ်(သို့)ပညာရေးမှူးများနဲ့တွေ့ဆုံဆွေးနွေးပေးစေလိုပါတယ်။ 

အဘယ်ကြောင့်ဆိုသော်ကားပေါ်မှာအော်ဟစ်ပြော
ဆိုနေရုံဖြင့်ကောင်းကျိုးအနေဖြင့်ဘာမျှမရနိုင်ပါ။ကာယကံရှင်ဆရာမမှာအရှက်ရပြီး
ပညာရေးလောကကိုလုံးဝကျောခိုင်းသွ
ားနိုင်ပါတယ်။အသင်ပြကောင်းတဲ့ဆရာမဖြစ်ခဲ့
ရင်တိုင်းပြည်အတွက်အများကြီးနစ်နာနိုင်ပါတယ်။

တစ်နှစ်ကိုထိုဆရာမကကျောင်း
သား(၅၀)ဦးစာသင်ပေးနိုင်ရင်(၁၀)နှစ်ဆိုရင်ကျောင်းသား(၅၀၀)ဦးလောက်နစ်နာမှုတွေ ရှိနိုင်ပါတယ်။ဒါကြောင့်ဒီလိုအပြုအမူမျိုးကိုရှောင်ရှားစေလိုပါတယ်။
 
       နောက်ဆုံးအနေဖြင့်ပြောချင်တာကေ
တာ့ကျွန်မတို့ဆရာမလေးများပညာရေးဌာနရဲ့ယူနီဖောင်းဧ။်ဂုဏ်အမြင့်ဆုံးသို့ပြန်လည်ရောက်ရှိအောင်ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့တိုက်တွန်းလိုပါတယ်။

သော်တာ
Myanmar News Now 

ဘ၀တူဆရာမလေးများထံသို့ ဘ၀တူဆရာမလေးများထံသို့ Reviewed by သစ်ထူးလွင် on 18:07 Rating: 5

25 comments:

feels said...

စေတနာထားရင် စေတနာရဲ့ရောင်ပြန်ဟပ်မှု ကို ခံစားရမှာပါ..

မြတ်သုခ said...

ဆရာမလေးတွေ အကြောင်း ပြောတော့ ချင်းပြည်နယ်ထဲက ဆရာမလေး တစ်ချို့ရဲ့ ဒုက္ခလေးတစ်ခု ကြားမိလိုက်သမျှကို တင်ပြချင်ပါတယ်။
ခဲရာခဲဆစ် မရောက်ရောက်အောင် သွားပြီးတော့မှ ဟိုရောက်တော့ ဘ၀လုံခြုံမှု မရှိတာကို ကြုံကြရတယ်လို့ ဆိုပါတယ်။
ဥပမာ- အရက်မူးနေတဲ့ ယောက်ျားလေးတွေက သူတို့ ယဉ်ကျေးမှု သူတို့ ဓလေ့အတိုင်း ညကြီးအချိန်မတော် အိမ်ပေါ်တက်တာ။ မူးမူးရူးရူးနဲ့ အတင်းအကြပ် လက်ဆွဲနှုတ်ဆက်ဖို့တောင်းဆိုတာ။ စသည် စသည်ပေါ့။
တကယ်တော့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့ တောင်ပေါ် နယ်စပ်မှာ တာဝန်ကျကြတဲ့ ဆရာမလေးများရဲ့ ဘ၀ဟာ တွေးကြည့်ရင် ရင်လေးစရာကောင်းလှပါတယ်။

nandar said...

good ,very good,

Yanchin said...

ဆရာမတွေ ကျူရှင်ပေးတဲ့ကိစ္စဟာ လူထုကြားထဲပြောစရာဖြစ်လာခဲ့တာ ၁၀စုနှစ်မကတော့ပါဘူး။ အခုရေးတဲ့ဆရာမအငယ်လေးက ဒါမျိုးပြောတာတွေရှောင်ရှားပေးဖို့ အလေးအနက်တောင်းဆိုတယ်ဆိုတော့ . . .
တနေ့လုပ်စာနဲ့ တနေ့ရုန်းကန်နေရတဲ့ မိသားစုက ကလေးငယ်တွေ ကျူရှင်မယူနိုင်လို့ အတန်းထဲ မျက်နှာငယ်၊ အောက်ကျ၊ အပြောအဆိုခံနေရတဲ့ဘ၀လေးတွေအတွက်ရော ဆရာမလေး ထဲ့မစဉ်းစားဘူးလား။ ဆရာမကြောက်လို့ ကျောင်းမတက်ချင်တဲ့ကလေးငယ်တွေ၊ ကျောင်းမတက်ရဲတဲ့ကလေးငယ်တွေရှိနေတာရော သိမှသိရဲ့လား၊ သိအောင်ရော ကြိုးစားမိဘူးလား။
ဆရာမလေးခင်ဗျား . . .
ပုပ်လို့ပေါ်လာတဲ့ကိစ္စတွေကို ဖုံးလို့မရပါဘူး။ ငါးခုံးမဘယ်နှစ်ကောင်ကြောင့်ဘဲဖြစ်ဖြစ်၊ တစ်လှေလုံးပုပ်နေပါပြီ။
တစ်ခုလောက်ပြောချင်ပါတယ်။
ဖြူတဲ့ကျီးကန်းရှိပါတယ်။ ဒါပေမဲ့ လူတွေအားလုံးကတော့ ကျီးကန်းဆိုရင် မဲတယ်လို့ဘဲပြောကြပါတယ်။ ကျီးတစ်ကောင်အနေနဲ့မွေးလာပြီးမှတော့ မဲတယ်လို့ အပြောမခံနိုင်ရင် ဗျိုင်းဖြစ်အောင်ကြိုးစားပါ။ ကျီးကိုမဲတယ်လို့ပြောတဲ့လူတွေမှာ ဘာမှအပြစ်မရှိပါဘူး။

kaungkinn said...

တစ်ချို့သော အကျင့်စာရိတ္တ မကောင်းသော ဆရာမများကြောင့် ပြောခံရခြင်း ဖြစ်ပါတယ်။ ဆရာမဟု ခေါ်ဖို့ မထိုက်တန်သော ဆရာမများ ရှိနေသမျှတော့ ဒီလို အပြောခံနေရအုံးမှာပါ။...

လမင်းလေး said...

ဆရာမကစေတနာနဲ့ရင်ဖွင့်ခဲ့တဲ့အတွက်ကျေးဇူးးလည်းတင်တယ်။ဒီလိုအချိန်မှာတိုက်ခိုက်မနေကြပဲနဲ့စည်းလုံးညီညွတ်ကြမယ်ဆိုရင်မြန်မာပြည်ပြန်လည်ကောင်းဖို့အတွက်အကောင်းဆုံးအချိန်ပါပဲဗျာ။

paukhlange said...

အာဏာရှင်စနစ်ကြီးစိုးခံခဲ့ရတဲ့အောက်မှာ နေရာဌာနတော်တော်များများ(နိုင်ငံတစ်ခုလုံး)မှာ အဲဒီစနစ်ရဲ့အရှိန်အ၀ါတွေထွန်းကားသွားသလိုပါပဲ။ လူတော်တော်များများကလဲ အဲလိုစနစ်ကြီးကိုမုန်းတယ်၊မကြိုက်ဘူးဆိုပေမယ့်လည်း သူတို့ကိုယ်တိုင်အဲဒီစနစ်ရဲ့လှည့်စားခံလိုက်ရတာကို သတိမထားမိကြတာလား၊ချော်လဲရောထိုင်လိုက်တာလားဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ပညာရေးလောကမှာအဲလိုအာဏာရှစ်စနစ်သက်ရောက်ခံရတော့ တစ်ချို့ဆရာ၊ဆရာမကလဲ ကျောင်းသားဆိုတာဟောက်နိုင်မှဆိုတဲ့အတွေးတွေဝင်ကုန်ပါတယ်။ ဆရာ၊ဆရာမတွေကို ဂိတ်ပေါက်မှာလုံခြုံရေးအစောင့်ခိုင်းလိုက်တော့ ကျောင်းသားနဲ့ဆရာ၊ဆရာမအကြားမှာ ပိုပြီးတော့နားလည်မှုတွေလွဲကုန်ပါတယ်။ တမင်တကာရန်တိုက်ပေးနေသလိုလဲခံစားရပါတယ်။တက္ကသိုလ်တွေရဲ့ပရက်တီကယ်အခန်းတွေမှာလဲ လိုအပ်တဲ့  equipment တွေ ကျောင်းသားတွေကိုလောက်ငှအောင်မပေးနိုင်ပါဘူး ။အဲလိုအခြေအနေမှာတစ်ခန်းလုံးဆူညံပွက်လောရိုက်နေတာ သဘာဝပါပဲ။အဲဒီတော့ဆရာ၊ဆရာမကကျောင်းသူ/သားတွေကို မဆူဖို့ အော်ရဟစ်ရ၊ စားပွဲခုံကိုတဘုန်းဘုန်းရိုက်ရ။မိန်းမကြမ်းကြီးတွေဖြစ်မှန်းမသိဖြစ်နေတာပါပဲ။သူကလဲသူ့အခန်းကဆူနေလျင် အပေါ်ကအဆူခံရမှာကြောက်လို့လား။သူနားကပဲဆူတဲ့အသံကို မခံနိုင်လို့လားတော့မသိပါဘူး။အဲဒီတော့ ကျွန်တော်တို့က ဖရိုဖရဲဖြစ်နေတာတွေကိုပြုပြင်ဖို့ ပြဿနာအရင်းခံကို သိအောင်လုပ်ရပါမယ်။ကျောင်းသားတွေကိုစာသင်တဲ့အခါမှာလည်း ကြောင်းကျိုးဆက်စပ်တွေးတောတတ်အောင် သင်ကြစေလိုပါတယ်။ တစ်ချို့ဆရာကျင့်ဝတ်နဲ့မညီကြတဲ့ တစ်ချို့တစ်လေဆရာ၊ဆရာမတွေကြောင့်လဲ ဆရာ၊ဆရာမတွေရဲ့ဂုဏ်သိက္ခာကျရတာလဲပါပါတယ်။ ဆရာအော်ပီကျယ်ပြောသလို ပြိုင်တူတွန်းလျင်ရွေ့နိုင်ပါသည်ဆရာမရေ။ကျွန်တော်တို့တစ်တွေ ၀ိုင်းကြိုးစားကြတာပေါ့။

Myo Chit Thwe said...

ဝေဖန်တဲ့သူကတော့ ဝေဖန်မှာပါပဲ။ အဲဒါတွေကို လိုက်ခံစားနေဖို့ အချိန်မပေးသင့်ပါဘူး။ ဝေဖန်တဲ့သူက ကိုယ့်ရှေ့မှာတင်ဆိုတော့ ဆရာ၊ ဆရာမတွေရဲ့အမှားကို အခုလိုထောက်ပြပေးတဲ့အတွက် ကျေးဇူးပါလို့ မျက်နှာချိုချိုလေးနဲ့ လက်ဆွဲနှုတ်ဆက်ပြီး ပြောထားခဲ့မယ်ဆိုရင် သေချာတယ်၊ အဲဒီအမျိုးသမီးကြီးတွေ နောက်ဆို ဘယ်တော့မှ ဆရာ၊ ဆရာမ
မကောင်းကြောင်းကို လက်လွတ်စပယ်ပြောမှာမဟုတ်တော့ဘူး။

Tun Tun said...

အားလုံးဖြစ်ခဲကတာတွေဟာအဓိကအားဖြင့်နိုင်ငံ့စီးပွားရေးအခြေအနေ
မကောင်းသေးလို့ဖြစ်ရတဲ့အဖြစ်အပျက်လို့ထင်ပါတယ်။ဆရာ။ဆရာမတွေ
ကလည်းစီးပွားရေးအခြေအနေကြောင့်ကျူရျင်သင်ရသလို ကျောင်းသားမိဘ
တွေကလေးတွေကိုကျူရှင်မထားနိုင်တာကလည်းစီးပွားရေးအခြေအနေကြော
င့်ပါပဲ..တစ်ဖက်နှင့်တစ်ဖက်အပြစ်မမြင်ကြပဲ..ပြောင်းလဲလာမည့်နိုင်ငံတော်အသစ်မှာစီးကမ်းရှိပြီးအဆင့်အတန်းမြင့်သောပြည်သူများဖြစ်လာနိုင်ကြပါစေ.....

Myanmar said...

ဆရာ ဆရာမ များအား ထိုကဲ့သို့ပြောဆိုခြင်းသည် ပြောသူမမှားခဲ့ပါ.။ အဘယ်ကြောင့်ဆိုသော် ဆရာဗဟိုပြုသော ခေတ် ၊ကျောင်းသားဗဟိုပြုသောခေတ်ဆိုပီး ခေတ်တွေများလာခဲ့ပါသည်။ သို့သော်လဲ ဘယ်လိုပင် ဗဟိုပြုစေကာမှု စား ၀တ် နေ ရေးကို ဗဟိုမပြုပဲနေကာ မရပါ။ စေတနာရှင် ဆရာများသည်ပင် ထိုအရေးသုံးပါးနောက်ကို တခါတလေ လိုက်ခဲ့ရလေးသည်။ ထိုအေ၇းသည် လစာမလောက်ခြင်းမှ စတင်ကာဖြစ်လာရပေသည်..။ အခြားနိုင်ငံ ဆရာ ဆရာမများသည် ဘာလိုဆိုတာ သိလိမ့်မည်ဟုယူဆမိပါသည်....

Golden eagle said...

ကို Yanchin ကိုမေးပါရစေ ဆရာဆရာမတွေရဲ့ လစာဘယ်လောက်ရတယ်ဆိုတာ အကိုသိပါလေစ ခေတ်ကာလမကောင်းခဲ့တော့ အစစအရာရာ ဈေးကြီး ရေခမီးခ ကုန်ဈေးနှုန်း တစ်ဦးထဲ တောင်အနိုင်နိုင် ရုန်းကန်ရလေတာ ..အိမ်ထောင်မပြုသည်ပဲထားဦး မိအိုဖအို ရှိတဲ့ မိသားစု...ဘယ်လိုရုန်းကန်မလဲအကို....ပြောရမယ်ဆို အတိုက်အခံပြုစရာတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးကြား အမြင်ချင်းက မတူကျတော့ အချင်းများစရာတွေဖြစ်နိုင်ပါတယ်..တိုးတက်နေတဲ့နိုင်ငံတွေမှာ ဆရာတွေနဲ့ တပ်မတော်သားတွေ ကိုလစာကောင်းကောင်းပေးပြီး ခန့်ထားတာ ကျွန်တော်ကြားဖူးပါတယ်..ကဲဟုတ်ပါပြီ အကိုလိုချင်သလို ဒီစနစ်ကိုဖျက်လိုက်ပါပြီတဲ့ မြန်မာ့ပညာရေး လုံးဝကိုထောင်တက်လာမယ်လို့အာမခံနိုင်ပါသလားခင်ဗျာ

ခင်မျိုးချစ် said...

ဆရာမလေးရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ ဆရာမလေးရဲ့ ဖြူစင်တဲ့စေတနာနဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်ဓါတ်ကို လေးစားမိပါတယ်။ ဆရာမလေးရေ မိမိယုံကြည် ချက်အတိုင်း ခိုင်ခိုင်မာမာရပ်တည်ပါ။ အဆိုပါ အတင်းစကားများ ကို လိုက်ခံစားမနေပါနဲ့။ ကံနဲ့ ကံ၏အကျိုး ကိုယုံကြည်ပါ။ မိမိရဲ့ ကောင်းသော မွန်သော မြတ်သော စေတနာများက တနည်းနည်း ကောင်းကျိုးပြန်ရမှာ မုချပါ။ ကောင်းကျိုးကို မျှော်နေစရာလည်း မလိုပါဘူး။ ကျွန်မတို့ရဲ့ ဆရာမလေးများကို အထူးမေတ္တာရပ်ခံချင်တာက ကျောင်းသား ကလေးငယ်များ အားလုံးရဲ့ စံပြအဖြစ် ရပ်တည်ပေးပါ။ ကလေးတွေအတွက် သူတို့ရဲ့ ဆရာ/မ များဟာ တကယ့်သူရဲကောင်းတွေ အတုယူကြ လေးစားကြရတဲ့သူတွေပါ။ ဆရာမသင်ကြား ပေးလိုက်တဲ့ တပည့်ပေါက်စလေးတွေ မည်သည့်အတန်းမှဖြစ်ပါစေ သူတို့ကို နောင်တစ်ခေတ်ရဲ့ တိုင်းပြည်ခေါင်းဆောင်လေးများကို ပြုစုပျိုးထောင်နေသည့် သဖွယ် သဘောထားပေးပါ။ ဆရာမတို့ရဲ့ ကဏ္ဍဟာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် လွန်စွာမှအရေး ကြီးပါတယ်။ ကလေးများကို မေတ္တာပေးပါ ခွန်အားပေးပါ စိတ်ဓါတ်မြှင့်တင်ပေးပါ မကောင်းမှုကို ရှက်တတ်အောင် သင်ကြားပေးပါ။ အတုယူစရာ ပုံပြင်လေးများပြောပြပေးပါ။ ဆရာမတို့ကို အားကိုးပါတယ်။ ဆရာမလေးရေ မိမိယုံကြည် ရာကို ရဲရဲဝံ့ဝံ့ ဆက်လက် လုပ်ဆောင်နိုင်ပါစေ... ကလေးများရဲ့ ဘ၀တစ်သက်တာမှာ ငါတို့ဆရာမ ဒေါ်ဘယ်သူကဖြင့် စသည်ဖြင့် တစ်သက်တာ အမှတ်ရနေမှာကတော့ ဆရာမပိုက်ဆံပေးဝယ်လို့ မရပါဘူး နိုင်ငံတော်ကလည်း ပြည်သူ့ဝန်ထမ်းများကို ကြည့်ရှုပါလိမ့်မယ် ခေတ်ပြောင်းလာပြီဆိုတာ ယုံပေးပါ။ Fighting ပါ ဆရာမလေးရေ ...

Anonymous said...

ယခုလို ရေးသား ဖော်ပြသည့် ဆရာမအား လေးစားမိပါကြောင်း၊
အမှန်ရောက် စေလိုသော စေတနာ နှင့် အားထုတ် တင်ပြ ရေးသားမှုအား ကြိုဆိုပါကြောင်း ဆန္ဒပြုပါသည်...

ဖိုးသား said...

ကို Yanchin ရေ ဆရာမလေးရဲ့ စေတနာနဲ့ ဆိုလိုရင်းကို သေချာနားလည်သင့်တယ်ထင်ပါတယ် ကို Yanchin ကိုမှားတယ်လို့ပြောတာမဟုတ်ပါ အပြုသဘောဆောင်တဲ့Comment ကိုရေးပိုကောင်မယ်ထင်ပါတယ် လူတိုင်းရင်ထဲမှာခံစားချက်ကိုယ်စီရှိနေကြတာတော့ အမှန်ပါ သေချဆန်းစစ်ကြည့်ရင် ဒါတွေဟာ နိုင်ငံ့ စီးပွါးရေးနဲ့ ပေါ်လစီတွေကြောင့်ဖြစ်ရ တာတွေပါ ......................

ဒီလူ said...

အားလုံးဟာ စံနစ်မကောင်းခဲ့လို့ပါ...မကြာခင်မှာ စံနစ်လည်းပြောင်း ခေါင်းဆောင်ကောင်းနဲ့လည်းတွေ့ရင်...အားလုံးကောင်းလာမယ်လို့ မျော်လင့်ပါတယ်...တစ်ဦးနဲ့တစ်ဦး အပြစ်ပဲပြောမနေကြပဲ မိမိကျရာတာဝန်ကိုယ်စီကျေအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်...ဗုဒ္ဓအဆုံးအမ အောက်မှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့အတွက် မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား သွားကြရမှာပါ။

Myanmar said...

တို့တွေစိတ်ကောင်းတယ် မကောင်းတာက ဘယ်သူလဲ

KO NAING said...

ဆရာမရေဝါသနာအရစေတနာအရဆိုရင်ဆက်ကြိုးစားပါ။ တစ်နေ့ဆရာမမျော်မှန်းတဲ့အတိုင်းဖြစ်လာပါလိမ့်မယ်။ အမေစုကိုလူထုလေးစားချစ်ခင်တာလည်းအမေစုလူထုအပေါ်ထားတဲ့မေတာစေတနာကြောင့်လို့မြင်မိပါတယ်။

choco said...

သီးခံပြီး စောင့်ဆိုင်းရကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်.ဆရာမရေ မကြာခင်မှာ ပညာရေးအတွက် ကောင်းသတင်းတွေနဲ့မွှေးပျံ့လာတော့မှာပါ။ ဘ၀တူဆရာ၊ ဆရာမတွေလဲ မိမိကို ဘုရားနဲ့တဂိုဏ်းထဲထားပြီး ကျေးဇူးတင်နေ တဲ့ သူများအတွက် စိတ်ပျက်စရာကောင်းအောင် မလုပ်မိပါစေနဲ့၊ မိမိကြောင့် အများမှာ အကုသိုလ်စိတ်ဖြစ်အောင် မပြုမူမိပါစေနဲ့ လို့မေတ္တာရပ်ခံချင်ပါတယ်။ မိမိလဲ အဆင်မပြေသလို တပါးသူလဲ အဆင်မပြေ ဘူးဆိုတဲ့ စိတ်ကလေးနဲ့ မေတ္တာနဲ့ယှဉ်ပြီး စဉ်းစားပေးကြရင်ဖြင့် တစ်ဦးနဲ့ တစ်ဦး အထင်အမြင်လွဲစရာလေးတွေ ပျောက်ကုန်မှာပါ.. ကျွန်မငယ်ငယ် က မိဘများဆုံးမဖူးသလို လူဆိုတာ ကိုယ့်ဖို့ပဲ မကြည့်ရဘူးတဲ့ သူ့ဖက် ကိုယ့်ဖက် သူ့ဖို့ ကိုယ့်ဖို့ဆိုတဲ့ ဖို့၂ ဖို့ကို ကြည့်ပြီးမှ အရာရာကို စဉ်းစားပြီး လုပ်ဆောင် သင့်တယ်တဲ့ တကယ်ကို မှန်ကန်ပြီး ထိရောက်လှတဲ့ စကားလေးတစ်ခွန်းပါ။ ကျွန်မတို့တွေ ၀ိုင်းဝန်းပြီး မြန်မာပြည်ကြီးအေးချမ်းသာယာ ၀ပြောခေတ်မှီတိုး တက်အောင် တွေးခေါ် ကြံဆ လုပ်ဆောင်ကြပါစို့ရှင်..

Anonymous said...

ဆရာမလိုဆရာမလက်ချိုးရေလို့ရမယ်။
အတင်းပြောခံရတဲ့ဆ၇ာမမျိုးရေတွက်လို့မရတော့လို့ပါ။
ဒါကိုဆရာမနားလည်ပေးပါ။
ကျမတို့တူမလေးတွေဗမာကျောင်းကဆ၇ာမတွေရဲ့
ညစ်ကျယ်တဲ့စနစ်ဆိုးကြောင့်ဗမာကျောင်းကထုတ်ပြီး
အင်္ဂလိပ်ကျောင်းကိုပြောင်းရတဲ့အထိပါပဲ။
ဆရာမတွေရဲ့ညစ်ပတ်မှုခြမ်းခြောက်မှုတွေနဲ့
စားမယ်ဝါးမယ်ဆိုတဲ့စိတ်ဓါတ်ပျက်စီးမှုတွေကို
သီးခံနေပါသော်လည်း
သူတို့ဆီမှာကျူရှင်မယူရင်အမှတ်တွေကိုလျှော့ပစ်တာတွေ
စာကိုတက်အောင်မသင်ပါဘူး။ကျောင်းကသင်လာသမျှဘာမှမသိပါ။
အိမ်ကနေတချိန်လုံးစာကိုသင်ပေးရတယ်။
ကျူရှင်ယူတဲ့ခလေးတွေကျပြန်တော့
အရည်အချင်းစစ်ကိုမသိရတော့ဘူး။
အမှတ်တွေအပြည့်နဲ့စာကမတက်ကြပါဘူး။
စာမရရင်မရှင်းပြဘူး။ကျူရှင်ထားပြန်တော့လည်း
စာမေးပွဲကျရင်ကူးချဖို့သင်ပေးတယ်။
အနားကသူဆီကကူးတဲ့..
ဒါမှအဖြေလွာထဲမှာစာမပါရင်
အောင်ပေးတယ်။ခလေးတယောက်ရဲ့
အနာဂတ်ကစိတ်ဓါတ်ရေးရာပါတိုက်ရိုက်ထျက်စီးလိုက်သလိုပဲ

stone said...

နယ်မြို့ လေးတွေကဆရာမလေးတွေကသနားစရာပါရန်ကုန်မြို့ ပေါ်ကဆရာမကတွေကတော့ အော်ကြောလန်တွေပါရဲထက်ဆိုးသေးအကုန်ယူပါ၇စေဆိုတဲ့ ၇ဲလိုဘဲအကုန်လိုချင်တဲ့ မိန်းမတွေပါ မိဘတိုင်းလိုသိကြမှာပါညစ်နည်းမျိုးစုံ တောင်းနည်းမျိုးစုံတတ်ကြပါသည်

Anonymous said...

ဗမာတွေရဲ့ မကောင်းတဲ့ အကျင့်က အဲဒါဘဲ။ သူများတကာကို ဘယ်လို ဖဲ့လိုက်ရမလဲဘဲ ချောင်းနေကြတယ်။ ဗိုလ်ချုပ်ပြောခဲ့သလိုဘဲ, ဗမာ ဗမာချင်း ချဖို့ဘဲ သိတယ်။ ဆရာမလေးက ကောင်းကောင်းမွန်မွန် ပြောပြရှာတယ်။ ဒါပေမယ့် comment မှာ ဒေါသနဲ့ ပြန်ပြောနေတယ်ဗျာ။ မှားတာက သူမဟုတ်လောက်ပါဘူး။ စံနစ်ပါ။ ဒါကို နားမလည်ဘဲ ဒီလို နားလည်မှုရှိစွာ ပြောပြတာကို ဘာလို့ လက်မခံနိုင်ကြတာလဲ။ ဒီမိုး ဒီလေ ဒီလူတွေနဲ့တော့ ခက်ချေတော့မယ်ဗျာ။

ဂျိုကာ said...

အကုန်လုံးတော့မဟုတ်ပါဘူးဗျာ...
မကောင်းတဲ့ သူတွေကိုတော့ပြောသင့်ပါတယ်လေ...
ဒါပေမယ့်ကိုပြောတဲ့ အပြောကကောင်းတဲ့ ဆရာ/ဆရာမတွေကိုမထိခိုက်ရင်ပိုကောင်းတာပေါ့ဗျာ....

Sport Car said...

ကျွန်တော်ကတော့...ကျောင်းသား...ကြားထဲကမြေစာပင်ပါပဲ :(

dove said...

နယ်တွေက ဆရာမအချို့ကိုလည်း ပြေးကြည့်ကြစမ်းပါဗျာ

Thaw Zin said...

yanchin စကားကိုစင်ချင်ပြောစေချင်ပါတယ်။
ကိုတောင်စာတတ်လာတာ ဘယ်သူတွေသင်ပေးခဲ့တာလဲ။
ပြန်တွေးကြည့်လိုက်ပါ။
မစော်ကားပါနဲ့။

Powered by Blogger.