ကျွန်တော်တို့တစ်တွေဟာဝန်ကြီးဌာနအသီးသီးကအဆင့်ပေါင်းစုံဝန်ထမ်း
များဖြစ်ကြပြီး၊လွတ်လပ်မှု၊တရားမျှတမှု၊သာတူညီမျှမှု စတဲ့ဒီမိုကရေစီ
ကိုမြတ်နိုးသူများဖြစ်ကြသလို၊အမေစုကိုတန်ဘိုးထားချစ်ကြည်အားကိုးကြ
သည့်အတွက် NLD ကိုယုံကြည်စွာဖြင့်တစ်ခဲနက်အားပေးရွေးချယ်ခဲ့ကြခြင်းဖြစ်ပါသည်။
အမေစုချမှတ်ထားသည့်မူဝါဒအတိုင်းလွှတ်တော်အတွင်းအားကြိုးမာန်တက်ဆောင်
ရွက်လိမ့်မည်ဟုမျှော်လင့်ပါသည်။ မဲအရှုံးအနိုင်ကြေညာသည့်နေ့ကလေလှိုင်း တွင်ကြားလိုက်ရသည်မှာမြေကိစ္စကိုပထမဦးဆုံးကိုင်တွယ်မည်ဟုပြောကြား သွားပါသည်။ ဝန်ထမ်းရေးရာကိစ္စများပြောကြားသည်ကိုမကြားရပါ။ကျွန်တော်တို့ဝန်ထမ်းများအပြောင်း အလဲကိုလိုချင်ကြပါသည်။ဝန်ကြီးဌာနများအတွင်းမတရားမှုများပပျောက်စေချင်ပါသည်။
ဥပမာ-နှစ်သီးစားကိစ္စများ၊ရာထူးတိုးမြှင့်ရေးနှင့်ဝန်ထမ်းရေးရာမတရားမှုများ၊လာဘ်ပေး
လာဘ်ယူအဂတိလိုက်စားမှုများ၊နီးစပ်ရာသားသမီးများတပည့်များနှင့်နီးစပ်ရာစားတော်
ခေါ်မှုများဖြစ်ပါသည်။
လက်ရှိအစိုးရတစ်နှစ်ပြည့်မြောက်သွားသော်လည်းပပျောက်သွားခြင်းမရှိပါ။လွှတ်တော်
ဥက္ကဌကြီးကိုယ်တိုင်မေတ္တာရပ်ခံသော်လည်းလိုက်နာခြင်းမရှိပါ။ယခုထက်တိုင်ပို၍ပို၍
သာဆိုးလာပါသည်။
လွှတ်တော်သည်အစိုးရကိုထိန်းကျောင်းရန်ခက်ခဲနေသည်ကိုတွေ့
မြင်နေရသည့်အတွက်အမေစုနှင့်NLD လွှတ်တော်ထဲသို့မြန်မြန်ရောက်ပြီးကြိုးစားပေး
မှသာအပြောင်းအလဲတွေပေါ်ပေါက်လာမည်ဟုယုံကြည်သည့်အတွက် လုံခြုံရေးလက်
နက်ကိုင်ဝန်ထမ်း၊အထူးအခွင့်အရေးရဝန်ထမ်းမှအပ ကျန်ဝန်ထမ်းများ(မိသားစုဖြင့်နေ
သူများ၊အဆောင်နေသူများ)အားလုံးအကြောက်တရားမရှိတက်ညီလက်ညီဖြင့်ရင်ထဲက
အမှန်ဆန္ဒကိုဖေါ်ထုတ်ပြီးဒေါ်စန္ဒာမင်းကိုရွေးချယ်မဲပေးခဲ့ကြပါသည်။
သို့ပါ၍ဒေါ်စန္ဒာမင်းအနေဖြင့်အခြားကိစ္စရပ်များစတင်ကိုင်တွယ်ရန်အခက်အခဲရှိနေ
ရင်တောင်မှဝန်ကြီးဌာနများအတွင်းကမတရားမှုများကိုဦးစွာကိုင်တွယ်ဆောင်
ရွက်ပေးနိုင်ပါရန်မေတ္တာရပ်ခံပါသည်။
(ဒေါ်စန္ဒာမင်းဧ။်CONTACTS များတရားဝင်ကြေညာပေးပါရန်။နေပြည်တော်နယ်နမိတ်
အတွင်းလိုအပ်သည်များဝိုင်းဝန်းကူညီပါမည်။)
နေပြည်တော်ဝန်ထမ်းများကွန်ယက်၊Anti-Corruption Group(ACG)ကွန်ယက်၊
လျှပ်စစ်(၁)ကွန်ယက်၊လည်/ဆည်ကွန်ယက်၊စက်မှုကွန်ယက်၊သပြေကွန်ယက်၊
သီရိ(၁-၉)ကွန်ယက်
Myanmar News Now

နေပြည်တော်သို့ စေလွှတ်လိုက်တဲ့ သူရဲကောင်းလေးဦး |
ဇဗ္ဗူသီရိမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းထံသို့ပေးစာ
Reviewed by သစ်ထူးလွင်
on
19:16
Rating:
17 comments:
ဝန်ထမ်းတွေကို လေးစားပါတယ် . . ၀န်ထမ်းများရဲ့ ဆန္ဒတွေ ချက်ချင်ဖြစ်မလာသေးရင်တောင် မကြာမှီ တော့ ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ် . . ၀န်ထမ်းများလဲ မကြောက်မရွံ့ ပဲ ဒီမိုကရေစီနိုင်ငံပီသစွာ မတရားမှုများနဲ့ တစ်ကွ မိမိတို့ ရဲ့ ဆန္ဒများကို လွတ်လပ်စွာ ရေးသားပြောဆို နိုင်ကြပါစေ . .
လုပ်စရာတွေက အများကြီးပါ
အဲ့ထဲကမှ တရားဥပေး စိုးမိုးရေးကို စုပြီး
လုပ်ရင် ကျန်တာတွေအလိုလို အဆင်ပြေသွားမှပါ၊၊
ပြည်သူ့အတွက် NLD ...ပြည်သူ့ရဲ့ NLD ...ပြည်သူချစ်တဲ့ NLD ပါ။
NLD ကိုကြိုက်လို.မဟုတ်ပါ။
NLD ကိုလည်းစောင့်ကြည့်ရပါဦင်္းမယ်။
လက်ရှိအနေအထားနဲ.အခြေအနေတွေကိုမကြိုက်ကြလို.သာဒီလိုအပြောင်း
အလဲတွေဖြစ်ကုန်တာပါ။အနှစ်(၂၀)ကျော်အတွင်းမှာလူ.မလိုင်တွေကြီးပွား
တိုးတက်သွားသလောက်အခြေခံဝန်ထမ်းတွေ၊စစ်သားတွေ၊မိသားစုတွေ
ပြည်သူလူထုတွေနင်းပြားဘ၀ကနေမတက်နိုင်ကြတာလက်တွေ.အခြေအနေ
တွေပါ။ယခင်ကအနှစ်(၂၀)လောက်သည်းညည်းခံခဲ့ပေမယ့်NLDလည်း
စည်းလွတ်ဘောင်လွတ်၊စည်းမဲ့ကမ်းမဲ့ဖြစ်ရင်၊၀န်ထမ်း၊စစ်သား၊ကျောင်းသား
ရဟန်း၊ပြည်သူလူထုအပေါ်အကျိုးမပြုဘူးဆိုရင်၊တစ်နှစ်ဆိုတဲ့အချိန်လည်း
တို.တတွေစောင့်နေမှာမဟုတ်ဘူး.
NLD ရဲ.အပြောနဲ.လုပ်ရပ်ကိုစောင့်ကြည့်နေတယ်ဆိုတာသံသယမရှိ၊ယုံကြည်
ထားလိုက်ပါ။
လွှတ်တော်ဥက္ကဌကြီး နိုင်ငံတော်သမ္မတကြီးတို့ဆိုတာ ကြံ့ဖွတ်ပါတီက ပုဂ္ဂိုလ်တွေပါ။ သို့သော် သူတို့စိတ်ဓာတ်သည် သန်းေ၇ွှ၇ဲ့ ခါးပိုက်ဆောင်ကြံ့ဖွတ်ပါတီကို မလွှဲသာမေ၇ှာင်သာဝင်ေ၇ာက်ခဲ့၇တာလို့ ယုံကြည်မိပါတယ်။ သူတို့၇င်ထဲက ဆန္ဒသည် ပြည်သူတို့၇ဲ့သောကတွေကို ဖြေသိမ့်ဖယ်၇ှားပေးနိုင်ေ၇းဘဲဖြစ်မယ်လို့လဲယုံကြည်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ဥပဒေအာဏာ တည်မြဲခိုင်မာလာမယ်လို့လဲ ယုံကြည်နေပါတယ်။ ။
အထက်ကထင်းရူးရိပ်ရေ တစ်ခုလောက်တော့ပြောချင်ပါတယ်ဗျာအခုမှပဲ NLD ဆိုတာ စလုံးရေးစ ပဲ ရှိပါသေးတယ် ဆန္ဒတွေကစောလို့မဖြစ်သေးပါဘူး အခုအပင်စိုက်ပြီး အခုအသီးစားချင်တယ်ဆိုရင်တော့ ဘယ်ဖြစ်ပါ့မလဲဗျာ....မလိုစိတ်နဲ့လဲ ချက်ချင်းဝေဖန်ဖို့လဲ မသင့်လှပါဘူး .....ကြံ့ဖွတ်တွေဆိုရင် အနှစ် ၂၀ ကျော်လောက် ကြိုးစားပြီး ရုန်းကန်ခဲ့တာတောင် ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံဟာဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေထဲမှာပါဝင်ခဲ့ရပြီး အကြွေးတွေနဲ့ နစ်မွန်းသွားခဲ့ရတာတွေကို ပြန်ကြည့်လိုက်ပါ.....NLD ကပြည်သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ အမြုတေပါတီတစ်ခုဆိုတာ အကြွင်းမဲ့ယုံကြည်ပါ.....ခင်ဗျားပြောတဲ့လေသံကိုကြည့်ချင်းအားဖြင့် ကြံ့ဖွတ်တစ်ယောက်ဆိုတာ အားလုံးကသိပြီးသားပဲ....။
ဒီကိစ္စတွေက တရားဥပဒေ စိုးမိုးသွားတာနဲ့ လျှော့ပါး ပပျောက်သွားမှာပါ ဖြစ်ချင်တာကိုပဲရှေ့တန်းတင်တောင်းဆိုနေမဲ့အစား လုပ်သင့်တာတွေကို မကြောက်မရွံ့လုပ်ဆောင်ကပိုအရေးကြီးတယ်လို့ထင်ပါတယ် ............. အားလုံး အကြောက်တရားကင်းကြပါစေ .......................................
နေပြည်တော် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ၀န်ထမ်းများ၏ ဘ၀ နှင့် အခက်အခဲများကို ကူညီဖြေရှင်း ပါလိမ့်မည်ဟု မျှော်လင့်မိပါသည်....
ကြံ့ ဖွတ်ကိုအမြင်ကပ်လို့ NLD ကိုမဲပေးလိုက်တာပါ၊ပြည်သူတွေအားကိုးစရာမရှိဖြစ်နေပါတယ်၊ပြည်သူတွေဘက်ကတော့ရပ်တည်ပေးနိုင်ဘို့ မျှော်လင့်ပါတယ်အမတ်လောင်းတို့ ရယ်၊၊
ကြံ့ဖွတ်က လူ အယောက် ၁၀၀မှာ ၁ယောက် ဖောက်ဖောက်လာတဲ့လူထဲမှာ အထက်ပါ ထင်းရူးရိပ် လဲပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ အခုအနေခါ အမေစု ပြောတဲ့အတိုင်း ၁၀၀မှာ ၁ယောက် ဖြစ်နေရင် အဲ့ဒီ ၉၉ယောက်သောလူတွေရဲ့ အားပေးဝမ်းမြောက်မှုမှာ မုဒီတာပွါးသင့်တာပေါ့။
တချို့ ကြံ့ဖွတ်ကလူတွေ များအမေစုကော၊ ဒေါ်စန္ဒာမင်း ရော အားလုံးသော NLD (ပြည်သူချစ်သော၊ပြည်သူ့ကိုလေးစားတဲ့)က လူများအားလုံးကိုရော စော်ကားပုတ်ခတ်တာတွေ ၀က်ဆိုဒ်မှာ မြင်ရတွေ့ရတာ ကြံ့ဖွတ်က လက်တစ်ဆုတ်စာ လူနည်းစုနဲ့၊ တပ်က အခွင့်ထူးခံ လူနည်းစု တွေ ရေးထားမှန်းအသိသာကြီးပါ။
ကြံ့ဖွတ်ကလူတွေ အင်မတန် အောက်တန်းကျပြီး လူအများရဲ့ ဆန္ဒကို မလေးစားရာ ရောက်ပါတယ်။ အမြင်မှန်ရသင့်နေပါပြီ။
တိုင်းပြည်နဲ့လူမျိုးကို ကြည့်သင့်နေပါပြီ။
unknow...ရေ
ကျွှန်တော်ဟာခင်ဗျားထင်ထားသလိုကြံ့ဖွံ.မဟုတ်ပါဘူး။
နေပြည်တော်က၀န်ထမ်းတစ်ဦးပါ။
ဒီလောက်ဆိုခင်ဗျားသဘောပေါက်ပါပြီ။
ကြံ့ဖွံ.ကလည်းအထူးအစည်းအဝေးတွေခေါ်ပြီး၊ချို.ယွင်းချက်၊အားနည်းချက်၊
တွေပြင်ဆင်ဖို.လုပ်နေပြီ။
အဓိကပြင်ဆင်သင့်တာကမူဝါဒမဟုတ်ပါ။
လူ.မလိုင်များနှင့်သူတို.ရဲ.ဆွေစဉ်မျိုးဆက်ချမ်းသာကြွယ်ဝရေးစိတ်ဓါတ်တွေကို
သူတို.နဲ.အတူမြေကြီးထဲမြုပ်ပစ်ရမှာပါ။
ဥပမာ..နိုင်ငံတော်ရဲ.နိုင်ငံခြားကြွေးမြီတွေကိုဦးအောင်သောင်းတစ်ဦးတည်း
ကိုပဲလျော်ခိုင်းရင်ကြေပါတယ်။
ဒါကြောင့်NLD လည်းအပြောနဲ.အလုပ်ညီအောင်ပြဖို.လိုပါတယ်။
NLD ကိုကြိုက်လှချေရဲ.လို.မထင်ပါနဲ.။
ကျွှန်တော်တို.၀န်ထမ်းတွေ လူလိုသူလိုနေနိုင်အောင်(ကားအမည်းအကောင်း
စားကြီးတွေကိုစီးဖို.မဆိုလိုပါ)လုပ်ပေးနိုင်ရင်ပဲ အတိုင်းအတာတစ်ခုအထိ
လက်ခံရမှာပေါ့။
nymphos;
အရွေးချယ်ခံပါတီက အကြံအဖန်မဟုတ်ဘဲ ဘာလုပ်ပေးနိုင်စွမ်းရှိတယ်(... တော်ကြာဗလီဆောက်ပေးမယ်ပြောနေအုံးမယ်)၊ လုပ်လည်းလုပ်ပေးတယ် ဆိုရင်ပြည်သူကိုအလုပ်နဲ့သက်သေပြတာပေါ့၊ မဲထည့်ရကျိုးနပ်တာဘဲ၊ လူလည်ကျပြီးသွေးစုတ်နေတဲ့ကောင်တွေလို တစ်နှစ်လာလည်းသူ့အိတ်ထဲ နောက်နှစ်လာလည်းဒီတိုင်းဘဲဆိုပြီးအုပ်ချုပ်လာသူတွေထက်တော့ သာရတော့မှာပေါ့။ အခုမှအစဆိုတော့ ဖိအားတွေ၊ နှိပ်ကွပ်တာတွေလည်းရင်ဆိုင်ရအုံးမှာဖြစ်လို့ အချိန်တွက်ပြီး မြန်မြန်အကောင်အထည်ဖေါ်နိုင်ဖို့ဘဲကြိုးစားရမှာ တကယ်လုပ်မယ့်လူတွေ ဖြစ်မှာပါ။ လွှတ်တော်ထဲမှာလည်း သွေးစုတ်ဖုတ်တွေနဲ့ရင်ဆိုင်၇အုံးမှာဆိုတော့ နားလည်မှုလေးနည်းနည်းတော့ထည့်ပေးထားပါတယ်၊ တဆင့်ပြီးတဆင့်အောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေဗျား။
ပြည်သူကလည်းကူရမယ်၊ မဲထည့်ရုံသက်သက်ထက်၊ တတ်နိုင်သမျှပေါ့၊ ဒါမှအလုပ်ကလည်းမြန်ဆန်လာမှာ၊ မြို့မျက်နှာဖုံးဆိုတဲ့သူခိုးတိုင်းကို မုဒိတာတွေပွားပြီးလိုက်ကူနေမိလို့မြန်မာတွေ ဘာသာရေးနဲ့လုပ်စားခံခဲ့ရတာနှစ်ပေါင်းကြာလှပြီဆိုတာ သင်ခန်းစာယူမှဖြစ်မယ်။
ခေတ်ပညာတတ်လူငယ်လေးဦးကိုကြည့်ရတာ ပုဂံခေတ်က စစ်သည်လေးသိန်းအားနဲ့တင်စားခဲ့တဲ့ ပုဂံသူရဲကောင်းလေးဦးကို သွားသတိရမိလိုက်တယ် နေပြည်တော်ဆိုတဲ့ မြို့ကိုမကယ်လေးပုံကနေလွှတ်အောင်ကယ်တင်ပေးနိုင်ပါစေဗျာ... ၀န်ထမ်းငယ်များ၏ငရဲခန်းဖြစ်ပြီး ၊ (၁)စစ်ပင်ဆင်စား ပြီး (၂)လက်ရှိအရပ်ဆက်လစာကိုပါစားနေတဲ့ ဘူးသီးနားမထွင်း နှစ်သီးစားများကိစ္စကို အောင်မြင်အောင်နှိမ်နှင်းပေးစေလိုပါတယ်ဗျာ...လေးစားလျှက်
ထင်းရူးရိပ်....ရေ....
နှစ် ၄၀ ကျော်ပျက်စီးနေတဲ့စိတ်ဓါတ်တွေကို...တစ်နှစ်အတွင်းပြောင်းလဲလို့ရနိုင်လား....သေချာစဉ်းစားပြီးပြောပါ....ခင်ဗျားကိုယ်တိုင်ဝန်ထမ်းတစ်ယောက်ဆိုရင်လဲ.....ခင်ဗျားကိုယ်တိုင်ရဲ့စိတ်ဓါတ်ကိုအရင်ပြင်ဖို့ကြိုးစားပါ....
ထင်းရူးရိပ်က သတင်းချစ်သူ ပြောသလို ၁၀၀ မှာ ၁ယောက် ကြံ့ဖွတ်ကလူပါ အင်မတန် အောက်တန်းကျပြီး လူအများရဲ့ ဆန္ဒကို မလေးစားရာ ရောက်ပါတယ်။
ဟုတ်တယ်ဗျို့...ကိုယ့်ကိုကို အရင်ပြန်ပြင်သင့်ပါတယ်..
တနှစ်အတွင်းရလားဆိုတာလေ.......
Post a Comment