ထူးအယ်လ်လင်းနှင့် မီးမီးခဲ (ဓာတ်ပုံ-အံ့ဘုန်းမြတ်) |
လာမယ့် ၁၂ ရက်နေ့မှာ နေပြည်တော်က ACE မဏ္ဍပ်မှာ ဖျော်ဖြေမယ့် အဆိုတော် ထူးအယ်လင်းနဲ့ မီးမီးခဲ ခုလိုပယ်ချခံလိုက်ရတာလို့ ကာယကံရှင်က ပြောပါတယ်။
နေပြည်တော်က ပါမစ်မပေးလို့ လာစရာ မလိုတော့ဘူးလို့ ပွဲကို စီစဉ်ပေးတဲ့ အင်ဂျင်နီယာက အကြောင်းကြားလာတယ်လို့ ထူးအယ်လင်းက ပြောပါတယ်။
“အပိတ်ခံရတယ်လို့ ကျနော်တို့ သေချာမသိဘူး။ စားရင်းတင်တဲ့အထဲမှာ ကျနော်တို့ မပါဘူး။ ပါမစ်မပေးဘူးလို့ ပြောတယ်။ ကျနော်တို့လည်း တိတိကျကျသိအောင် သေချာစုံစမ်းနေတယ်။ အနီးကပ်မှ ဖြုတ်လိုက်တော့ ကျနော်တို့ဘက်က တော်တော်လေး ထိခိုက်တယ်။ ကျန်တဲ့ကိစ္စကတော့ ကျနော်မပြောတတ်ဘူး။ ငွေရေးကြေးရေးကတော့ နစ်နာတာပေါ့။ တွေးကြည့်ရင်းနဲ့ ပတ်ပြီး ဖြစ်နေမှာစိုးလို့ ဘာမှကို မတွေးတော့ဘူး။ ပယ်တယ်ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့။ မနက်ဖြန်ကျရင် ခရီးစထွက်မယ်ဆိုပြီး အားလုံး ပြင်ပြီးနေမှ ဒီကနေ့ကျမှ သိတာ။”
ပုံမှန်အားဖြင့် သင်္ကြန်မှာ မဏ္ဍပ်ဆောက်ပြီးရင် မဏ္ဍပ်ပါမစ်အရ ဖျော်ဖြေခွင့်ရပြီ ဖြစ်ပါတယ်။ ဒါပေမယ့်ဘာကြောင့် သူတို့ကို သီဆိုခွင့်မရှိတာလည်း ဆိုတာကို မသိရဘူးလို့ ပြောပါတယ်။
မန္တလေးမှာ ဖျော်ဖြေမယ့် အဆိုတော်လင်းလင်းကလည်း အလားတူ အပိတ်ခံရတယ်လို့ သိရပါတယ်။
ဒီဗွီဘီ
သင်္ကြန်တွင် အဆိုတော်အချို့ သီဆိုခွင့်မရ
Reviewed by သစ်ထူးလွင်
on
04:46
Rating:
18 comments:
မြန်မာပြည်က ဒီမိုကရေစီဆိုတာကလည်း ဘယ်လိုကြီးလည်။ နေရာတကာ ဟိုပါဒီပါနဲ့။
ကြားရတာ စိတ်မကောင်းဘူး။ ဒါကြောင့်မို့လည်း တချို့တွေက ဝင်မပါရဲကြတာ အပြစ်မမြင်ပါဘူး။
လွတ်လပ်ရေးအတုလိုပဲ....
အခုလည်း ဒီမိုအတုကြီးဖြစ်နေပြီထင်တယ်၊ ပြည်သူတွေ အလိမ်မခံရပါစေနဲ့လို့ ဆုတောင်းမိပါရဲ့
ဒီအမိန့်ကဘယ်ကလာတာလဲ။ ဂျပု ဆီကဘဲဖြစ်ဖို့များပါတယ်။
လွှတ်တော်ကနေ သမ္မတကြီးအထိတင်ပြဖို့ကောင်းပါတယ်။
ဘာဆိုင်လို့လည်း အောင်နိုင်ရေးစည်းရုံးပွဲမှာပါလို့ သင်္ကြန်မဆိုရ
တာ။ အန်အယ်ဒီတောင် အောင်နိုင်လို့လွှတ်တော်ထဲရောက်တော့
မယ်။ဒီ သောက်ဂျပုက ဘာဖြစ်တာလဲ။ နောက်ထပ်အနုပညာရှင်
တွေ ထပ်ပါမလာအောင် ဖိန့်ခြောက်ခြောက်တာလား။ ဒါတွေမရှိ
သင့်တော့ဘူး နော်။ သက်ဆိုင်ရာတာဝန်ရှိသူများ သောက်ရှက်ရှိ
တတ်ကြပါတော့ဗျာ။
ဆိုးပါတယ်ဟ..ဒါလားဒီမိုကရေစီ
ဒါဟာလုံးဝတရားမျှတမှုမရှိတာဘဲ ဒိုဘက်မပါလို ဒိုအသိမှတ်မပြုဘူး လက်မခံဘူးဆိုတာသေးသိမ်တဲလုပ်ရပ်တွေဘဲ ခင်ဗျားတိုပြောနေတဲဒီမိုကရေစီတို တရားမျှတမှုလိုဆိုတာတွေဟာဘယ်ကိုရောက်ကုန်ပြီလဲ
ပြန်စဉ်းစားပါ ခင်ဗျားတိုရဲအောက်တန်းကြတဲလုပ်ရပ်တွေကြောင့်ပြည်သူတွေမယုံကြည်တာ လက္မခံတာဟာရွေးကောက်ပွဲမှာခွက်ခွက်လန်အောင်ရှုံးတာသက်သေဘဲ
မကောင်းတဲ့ စိတ်ဓာတ်တွေက ကြာလေ ပေါ်လာလေပဲ။ ဒီလောက်လေးတောင်မှ သဘောထားမကြီးရင် ဒီမိုကရေစီ ကို ဘယ်လိုလုပ် သွားကြမလဲ။ ရင်လေးစရာပဲ။
မကောင်းတဲ့ စိတ်ဓာတ်တွေက ကြာလေ ပေါ်လာလေပဲ။ ဒီလောက်လေးတောင်မှ သဘောထားမကြီးရင် ဒီမိုကရေစီ ကို ဘယ်လိုလုပ် သွားကြမလဲ။ ရင်လေးစရာပဲ။
အော် မြန်မာပြည်မှာ ရနေပြီးဆိုတဲ့ ဒီမိုကရေစီ ဆိုတာ အဲတာမျိုးကိုပြောတာလား
ဒီနှစ် ACE မဏ္ဍ် မဆောက်တာတော့ သိတယ် ကျန်တာတော့မသိဘူး။ကျွန်တော် က နေပြည်တော်မှာ နေတာပါ။
သီချင်းဆိုတာတော့...ခွင့်ပြုသင့်ပါတယ်။
သူတို့ကအမေစုအား...ကူညီတဲ့အထဲပါလို့လား။
ပါလဲဘဲ...မြန်မာနိုင်ငံကောင်းကျိုးအတွက်လုပ်တာဘဲ...
ဘာဖြစ်တာလဲ...ဝန်ချီးကျပု...စောက်ပေါဘဲ။
လွတ်တော် ထဲမှာ မသိဘဲ နေတဲ့ သူတွေ အများကြီးရှိတယ် အမေ၊ အနေချောင်လို့လား မသိဘူး အမေ၊ အမေ လွတ်တော်ထဲ အမြန်ရောက်မှ ကောင်းတော့မယ် အမေ၊ ဒီကောင်တွေ လုပ်ချင်တိုင်း လုပ်နေတာပဲ အမေ၊ လွတ်တော်ထဲ အမေ သွားရင်လည်း ဂရုစိုက်ပါ အမေ၊
ဒီကောင်တွေက ပြောရတာမဟုတ်ဘူးအမေ၊
ဗိုလ်ချုပ်ပြောတာ မှန်တယ်နော် ငါမရှိရင် ဒီနိုင်ငံ ဖာသည် နိုင်ငံ ဖြစ်မှာဆိုတာ၊ တစ်ယောက်တစ်မျိုးပြော ၊ တစ်ယောက်တစ်မျိုး ပြောနဲ့ ၊ ဒီ စနစ်တွေ အမေ အမြန် ပပျောက်အောင် လုပ်ပေးပါအမေ၊ အမေ ထာဝရ ကျန်းမာပြီး တိုင်းပြည်လူထု အတွက် အလုပ် တွေ လုပ်နိုင်ပါစေ အမေ။
ACE မဏ္ဍပ်ပါဆိုမှ ဘယ်လက်ခံတော့မလဲ။
ကဲ့ လာပြီ အောက်တန်းစားသောက်ကျင့်တွေ
ပြည်သူတွေကိုချစ်တဲ့အနုပညာရှင်တွေ သတ္တိမကြောင်
သွားကြပါနဲ့ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက်
သင်တို့ရဲ့အားသည်လည်း အရေးကြီးသောအခန်းကဏ္ဍ
တစ်ခုတွင်တည်ရှိနေပါသည်။ဘာကြောင့်ဘယ်လိုဇစ်မြစ်
လိုက်စုံစမ်းစေချင်ပါသည်။
ကိုကြီးမင်းကိုနိင်ရေ့ ဒါပွင့်လင်းတဲ့လူ့ဘောင်မဟုတ်သေး
ဘူးနော်
ကိုဇာဂနာရဲ့ စကားငှါးပြောလိုက်အုံးမယ်။
သတင်းစာထဲတော့ ဒီမိုကရေစီလမ်းလျှောက်နေတာ တော်တော်တောင်ခရီးပေါက်နေပြီ။
ဟေ-ဟေ့။
အစိုးရနဲ့ပြည်သူ တထပ်တည်းမကျတာ အဲဒါဘဲ...နိုင်ငံနဲ့လူမျိုးအပေါ် ဘယ်တော့မှ သစ်စာမဖေါက်ဘူး ဆို...ဘာလို့သဘောထားသေးနေတာလဲ...ဒါပြည်သူ့ သဘောထားဘဲ..အနုပညာရှင်ဆိုတာပြည်သူကျွေးတဲ့ထမင်းစားနေတာ .အစိုးရကျွေးတဲ့ထမင်းစားနေတာမဟုတ်ဘူး..မနူးမနပ်လေး နန်းဆုတော့ မပြောတတ်ဘူး..
လွတ်တော်ထဲကလူကြီးတွေ
နဲနဲပါးပါးအောက်ခြေ၊အလယ်အဆင့်ဆင့်မှာ
ပညာမဲ့ငကန်းတွေနေရာပေးထား
လုပ်ချင်တာတွေလုပ်နေတယ်။
သေချာစီစစ်ပြီးအရေးယူပေးပါ။
ဗမာပြည်ဒီမိုကရေစီကိုမယုံချင်ကြတာ
ဒါတွေကြောင့်ပဲအနှစ်၂၀လုံးလုံးအောက်တန်းကျကျ
အုပ်ချုပ်အနိုင်ကျင့်နေတာကိုကျမတို့တွေမခံစားနိုင်တော့ဘူး။
အနုပညာသမားတွေပညာပေးလို့
နောက်ရွေးကောက်ပွဲအတွက်တပ်လှန့်ခြင်းလား။
နာမည်ပျက်ပြီးပြည်သူတွေရဲ့အမုန်းတရားသာထပ်ပြီး
ရမယ်။ထောက်ခံဖို့နောက်ကမ္ဘာသစ်တည်တောင်မရနိုင်တော့
ဘူးမှတ်။ပြည်သူတွေကိုလက်နက်တယောက်တခုစီပေးပါ။
တယောက်ချင်းအသက်ခြင်းရင်းရမယ်ဆိုရင်းလိုက်တော့မယ်။
သူသေကိုယ်သေပဲ။ခုလိုဗမာပြည်ကြီးပျက်စီးနေတာကို
ကမ္ဘာကြီးကိုရှက်လှပြီ။မရှက်ကြဘူးလား။
ယုတ်ညံ့ခြင်းဟာဘုရားလည်းမကြိုက်
နတ်လည်းမကြိုက်...
စိတ်နာလာပြီ...
ကျွန်တော့အထင်ကတော့ KNU နဲ့တွေ့ဆုံပွဲမှာသွားပြီး ပတ်သက်မိလို့ လို့ထင်ပါတယ်။
Post a Comment