စီးပွားရေး ပိတ်ဆို့မှု ဆိုင်းငံ့မည့် အကြံဉာဏ်ကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

ဧပြီ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)

မြန်မာနိုင်ငံသို့ တရက်တာခရီးအဖြစ် လာရောက်သည့် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများအား ရုပ်သိမ်းလိုက်မည့်အစား ဆိုင်းငံ့ထားရန် ပြောကြားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်းအစီအစဉ်ကို ထောက်ခံပြောဆိုလိုက်သည်။

ဗြိတိသျှ ၀န်ကြီးချုပ်နှင့် တွေ့ဆုံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ “ ဒေးဗစ် ကင်မရွန်းက စီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းခြင်းထက် ဆိုင်းငံ့ထားမယ် ဆိုတဲ့အကြံဥာဏ်ကို ကျွန်မထောက်ခံပါတယ်။ ဒါဟာအမှန်ကန်ဆုံး တုံ့ပြန်မှုလို့ ကျွန်မထင်ပါတယ်” ဟု ပြောဆိုသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုသည် သမ္မတနှင့် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်သူများ၏ အခန်းကဏ္ဍအား အသိအမှတ်ပြုရာ ကျသကဲ့သို့ အခြားတဘက်တွင်လည်း ပြုပြင်ပြောင်းလဲမှုကို အတားအဆီးပြုနေသူများအနေဖြင့် ဆက်လက်ကြိုးစားနေမယ်ဆိုပါက စီးပွားရေး ပိတ်ဆို့မှုများ ပြန်လာနိုင်သည့်အချက်ကို သတိပေးလိုက်ရာလည်း ကျသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားလိုက်သည်။


ဗြိတိသျှ ၀န်ကြီးချုပ်က မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးခြင်း၊ NLD ပါဝင်ယှဉ်ပြိုင်သည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခြင်းတို့ လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ လုံလောက်ပြီဟု မပြောနိုင်သေးသကဲ့သို့ လုပ်ဆောင်ဖို့ လိုအပ်သည်များလည်း ရှိနေသေးကြောင်း၊ ၎င်းတို့အနေဖြင့် ဖိအားပေးမှုများ ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထို့ကြောင့် စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းသည်ဆိုခြင်းထက် ဆိုင်းငံ့ထားဖို့ ပြောကြားလိုကြောင်း ပြောသွားသည်။
ပိတ်ဆို့မှု ဆိုင်းငံ့ထားရာတွင် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ဆို့ထားခြင်းကို ချန်လှပ်ထားရန်လည်း ၎င်းကပြောဆိုသည်။

ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်း နေပြည်တော်သို့ ရှေးဦးစွာရောက်ရှိပြီး သမ္မတ ဦးသိန်းစိန် နှင့်တွေ့ဆုံဆွေးနွေးခဲ့သည့်နောက် ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှ ယခုထက် ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်လာပါက ၎င်းတို့အနေဖြင့် တုံ့ပြန် အသိအမှတ်ပြုမှုများလည်း ပြင်ဆင်ထားရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယခုလ ၂၃ ရက်နေ့တွင် ကျင်းပမည့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ရန်ရှိသည်။ မကြာမီက ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ အနိုင်ရရှိခဲ့သည့်နောက် ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် ဥရောပ သမဂ္ဂမှ ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးဖွယ်ရှိသည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ထားကြသည်။      ။
 Yangon Press International



စီးပွားရေး ပိတ်ဆို့မှု ဆိုင်းငံ့မည့် အကြံဉာဏ်ကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ စီးပွားရေး ပိတ်ဆို့မှု ဆိုင်းငံ့မည့် အကြံဉာဏ်ကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ Reviewed by သစ်ထူးလွင် on 04:27 Rating: 5

18 comments:

soethettun said...

အမေစု အာဏာရမှ အားလုံးပေးမယ် လို့ ပြောလိုက်ပါကွာ

aungaung said...

မလုပ်မရှုပ်မပြုတ်ဝန်ကြီးတွေဘေးဖယ်ပြီးNLDအမတ်အချို့ ကိုဝန်ကြီးနေရာပေးရင်ပွဲကတော်တော်လှပြီ ဒီမီုကရေစီကျကျပါ

nyunt aung said...

Dear Ko Soe Thet Tun, Mother Suu don't need and also don't want "Power".All she wants is "the prosperity of Myanmar" and she never will try to grab "the Power".Some peoples work for money,some peoples work for so-called "Power",some peoples work for "self-esteem".Mother Suu works for "The Truth"(our most esteemed Leader H.E U Thein Sein too).

saw said...

ဒကာကြီး ညွန့်အောင်ပြောတာမှန်တယ် တကယ်တော့ ဒကာကြီးဒေါ်စုက အာဏာတို့ ဂုဏ်တို့လိုချင်လို့ဘဝကိုအနစ်နာခံခဲ့တာမဟုတ်ပါ အမှန်တရားအတွက်နဲ့အများအကျိုးအတွက်ပါ

Anonymous said...

အလုံးစုံရုပ်သိမ်းလိုက်၇င်မှားမှာပါ၊ ၂၀၁၀ မှာ အ၇ှက်မ၇ှိ ကြံ.ဖွတ် ကလေကချေ တွေ လွှတ်တော်ထိုင်ခုံ အများစုနေ၇ာယူထားဖို. သခိုးေ၇ွးကောက်ပွဲကြီး စီမံကိန်းချခဲ.တဲ.ထဲမှာ သမတကြီးလည်း ပါတာလေ ... ၊ အဲဒီဆန်ကုန်မြေလေး လွှတ်တော်အမတ်တွေ ပြန် ဖယ်၇ှားပေး၇မှာက လုပ်သင်.တဲ.အမှန်တ၇ားပါ ၊ ဒါဟာ အမဲကနေအဖြူပြောင်းမယ်.သူတွေအတွက်ဖြတ်သန်း၇မယ်. တာဝန်ပါ ။ မဟုတ်ပါ ၊ မဲပြာလား ၊ မွဲပြာလား ၊ မီးခိုးလား ....ဖြစ်မှာပါ ။

tkm said...

မှန်တယ်ဟေ့ စီပွားရေဒပိတ်ဆို့မှု
အကုန်ရုပ်သိမ်းလိုက်ရင် ဒီကောင်တွေ
လုပ်ချင်ရာစွတ်လုပ်မှာ ပြည်သူတွေလိုလားနေတဲ့ဟာတွေသူတို့ဘက်က
ပြန်လုပ်ပေးမှ အကုန်ရုပ်သိမ်းပေးပါ....
ဒီကောင်မယုံရသေးဘူး..

Anonymous said...

အမေစု..
စစ်အာဏာရှင်တွေကိုပြောလိုက်
နင်တို့လုပ်ခဲ့သမျှပြည်သူတွေကလည်း
သင်ပုန်းချေပေးပါ့မယ်။
လွတ်တော်ထဲမှာစစ်လူဝတ်လဲသူတွေကို
၅0%..NLDကို၅၀%လောက်ပဲ
ချိန်းပေးပါလို့
တိုင်းပြည်အတွက်လုပ်ကိုင်ရအဆင်ပြေအောင်လို့

Htin Kyaw Linn said...

တတိုင်းပြည်လုံးကို ချွတ်ချုံကျစေတဲ့ ဒီပိတ်ဆို့မှုကြီးက မရှိသင့်တာတော့အမှန်ပဲ။ အမေရိကန်မှာ ကေသုံးလုံးဂိုဏ်းထတုန်းက လူဖြူလူမည်းသတ်နေကြတုန်းက ဘယ်ကောင်တွေပိတ်ခဲ့လဲ။ အင်္ဂလန်မှာ မြောက်အိုင်ယာလန်နဲ့ တဂျိန်းဂျိန်းချနေတုန်းက ဘယ်ကောင်တွေပိတ်ခဲ့လဲ။ ထိုင်းနဲ့ ကမ္ဒောဒီယား နယ်စပ်မှာ စားမာန်ခုတ်ပြီးကိုက်တော့ ဘယ်ကောင်တွေက ပိတ်ခဲ့လည်း။ စင်္ကာပူမှာ အတိုက်အခံခေါင်းဆောင်ကို ထောင်ချတော့ ဘယ်ကောင်တွေပိတ်ခဲ့သလဲ။ မလေးရှားမှာ အတိုက်အခံကို ရွေးကောက်ပွဲမ၀င်နိုင်အောင် လိင်တူဆက်ဆံပါတယ်ဆိုပြီး အကွက်ဆင်ဖမ်းထားတုန်းက.. အခြားနိုင်ငံရေးသမားတွေကိုလည်းဖမ်းထားတုန်းကကော ဘယ်ကောင်တွေကများ ကိုယ့်နိုင်ငံ ကျပ်တည်းပါစေတော့ဆိုပြီး စီးပွားရေးပိတ်ခိုင်းတာမျိုးရှိခဲ့လည်း။ သက်ဆင်ရှင်နာဝပ်ကြီးထွက်ပြေးနေရတုန်းက ထိုင်းကိုစီးပွားရေးပိတ်ပါလို့ ဘယ်တုန်းကပြောဖူးလဲ။ ကိုယ့်နိုင်ငံကျတော့မှ ပြည်သူလူထုကို ဓါးစာခံလုပ်ချင်တဲ့စိတ်ဓါတ်တွေက အစိုးရကော အတိုက်အခံမှာပါ ရှိနေတဲ့ပုံစံမျိုးမြင်ရတာတော့ ရင်နာတယ်။ ဖွင့်လိုက်စမ်းပါ... ငါတို့တွေ အိမ်နီးချင်းနိုင်ငံတွေနဲ့ တန်းတူ ပခုံးချင်းယှဉ်ပြီး စီးပွားရေးလုပ်ကြရအောင်.. ဘာမဟုတ်တာလေးတွေ အတွက်နဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြုံးပြနေကြရတာလေးတွေ မျက်နှာချိုသွေးနေရတာလေးတွေ လျော့ချကြရအောင်.. တော်တော်တော့ ခက်နေပြီဗျာ။

maeldalyn said...

နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေရတဲ့ သူတွေအားလုံးက ဆန်ရှင်ကြီးပြုတ်တော့မယ်.. ငါတို့ လည်းပြန်ကြရတော့မယ်.. အာရှအလယ်မှာ မြန်မာတင့်တယ် တော့မယ် လို့  မြန်မြန်လေးဆန်ရှင် ပြုတ်ပါတော့လို့  အမျှော်လင့်ကြီးမျှော်လင့်နေတာပါ.. နိုင်ငံခြားသားလုပ်ဖော်ကိုင်ဖက်တွေကလည်း သယံဖာတတွေပေါတဲ့နင် တို့ နိုင်ငံ .. နိုဘယ်ဆုရတဲ့ ဒေါ်စုပါလီမန်တက်ရတော့မယ် ရင်းနှီးမြှုပ်နှံမှုတွေလာတော့မယ်.. နင်တို့ နိုင်ငံပြန်ပြီး အလုပ်လုပ်သင့်ပြီ နင့်တို့ ကို နိုင်ငံက လိုအပ်လိမ့်မယ်.. နင်တို့ မိသားစုတွေနဲ့အတူတူပြန်နေ လို့ ရပြီလို့ ဝမ်းသာအားရပြောနေလိုက်တာ.. ခုတော့.. ဒီမျှော်လင့်ချက်တွေ ဝေးရပြန်ပြီပကောလား..

Richard said...

နိုင်ငံသားတွေကို ပညာတတ်အောင်ကြွယ်ဝချမ်းသာအောင်လုပ်ပေးရပါမယ်
စစ်အစိုးရသက်ဆိုးရှည်မှာစိုးလို့ဆိုပြီးပိတ်ဆို့ခဲ့တာ စစ်အစိုးရတော့
သက်ဆိုးမတိုဘူး လူထုကတော့ တခြားတိုင်းပြည်တွေက လူထုတွေထက် အများကြီးနောက်ကျကျန်ခဲ့ပြီ၊ ကိုယ့်အိမ်မှာဧည့်သည်ရှိရင် ကိုယ်ကလေးကိုရိုက်ချင်ရင်တောင် ဧည့်သည်ရှေ့မှာ ဆင်ခြင်ရသေးတယ်
နိုင်ငံအတွင်းမှာ နိုင်ငံခြားသားတွေများများရှိလေ အစိုးရကထင်လုပ်လို့မရလေ မဟုတ်ဘူးလား ဒါဆိုနိုင်ငံခြားသားတွေကို
မလာကြပါနဲ့လို့ပိတ်တာ မှန်သလား များများလာကြပါလို့ ဖိတ်တာက
မှန်သလား ဆိုတာ ရှင်းပါတယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့်
စစ်ခေါင်းဆောင်တွေ ပိုချမ်းသာသွားကြမယ်လို့ဆိုတယ် အဲဒီချမ်းသာမှုဟာ
ပြည်တွင်းကိုရောက်လာတာပဲမဟုတ်ဘူးလား၊ ပြီးတော့ သာမန်တိုင်းသူပြည်သားတွေဆီကော အနည်းနဲ့အများ စီးဆင်းမလာနိုင်ဘူးလား နိုင်ငံသားတွေ ပညာတတ်မှ နိုင်ငံသားတွေ
ချမ်းသာမှ အုပ်ချုပ်သူတွေကို ပိုပြီးရင်ဆိုင်ရဲလာမှာ ပိုပြီးကန့်သတ်ရဲလာမှာ
မဟုတ်ဘူးလား ပိတ်ဆို့ပါဆိုတဲ့လူတွေရဲ့စေတနာက တိုင်းပြည်ကောင်းစေချင်တာလား တိုင်းပြည်ဘာဖြစ်ဖြစ် အစိုးရပြုတ်ကျ
သွားရင် ပြီးရောလား ဟိုတုံးကတည်းက အစိုးရက မဖွင့်ချင်ဖွင့်ချင်နဲ့
ဖွင့်လာတဲ့တံခါးကို ပိဲုပြီးကျယ်သွားအောင် ၀ိုင်းဖွင့်ခဲ့ကြမယ်ဆိုရင်
အခုအချိန်မှာ ဗီယက်နမ်ထက်သာနေလောက်ပြီ၊ အခုတော့ လာအိုကတောင် တို့ထက်ကြောတော့မယ် ပိုပြီးကျယ်အောင်ဖွင့်ရမဲ့အစား
ဝိုင်းပိတ်လိုက်ကြတာ စစ်အစိုးရသာ နှစ်၂၀ ကျော်ကြာသွားတယ် တိုင်းပြည်ကတော့ ဒီအတိုင်းရပ်နေခဲ့ရတယ် စစ်အစိုးရကို ပြုတ်အောင်လဲမလုပ်နိုင်ခဲ့ဘူး ကိုယ်ကျိုးစွန့်တယ်ဆိုတာ
“ငါလုပ်လို့ရတာ ငါလုပ်လို့ဖြစ်တာ” ဆိုတဲ့ နာမယ်ခံရမှုကိုပါ စွန့်နိုင်ရင်
အကောင်းဆုံးပဲ ဘယ်သူလုပ်လို့ပဲဖြစ်ဖြစ် တိုင်းပြည်ကောင်းဖို့ဆိုရင်
“ငါကိုယ်တိုင်” လုပ်ခဲ့သည့်တိုင် “သူလုပ်တာ”လို့ နာမယ်ခံခွင့်ပေးလိုက်ရင်
ပိုကောင်းသွားမယ်ဆိုရင် နာမယ်ခံခွင့်ပေးရဲတဲ့အထိ ကိုယ်ကျိုးစွန့်လိုက်ကြစေချင်ပါတယ်-

KO NAING said...

maeldalyn ရေနိုင်ငံခြားမှာအလုပ်လုပ်နေရသူများဆိုပြီးတော့ရောတော့မချပါနဲ့ဗျာ။ ကျွန်တော်တို့ကတော့ဆင်းရဲသားပြည်သူများအတွက်အကျိုးဖြစ်စေမဲ့ဆန်ရှင်များကိုတော့ဆိုင်းငံ့စေချင်ပါတယ်။ ဝန်ကြီးများနဲ့အစိုးရစီးပွားဖက်များပွဲတော်တည်မည့်ဆန်ရှင်တွေကိုတော့ထားစေချင်ပါသေးတယ်။ အလုပ်နေတဲ့သူတွေရဲ့သဘောထားလေးလဲယူကြည့်ပါအုံး။ တကိုယ်ရေကောင်းစားရေးပဲမကြည့်တဲ့ကွန်မန့်များကိုကြည့်ရင်လဲသိနိုင်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ပညာရှိအကြံဥာဏ်ကိုအမေစုနဲ့အတူထောက်ခံပါတယ်။

ကာလနဂါး said...

အပေါ်က တချို့ comment တွေကိုကြည့်ပီး ကျနော်တို့...မြန်မာတွေ မြန်မာစာကို ကောင်းကောင်းနားမလည်ကြပါလားလို့ပဲ ယူဆမိတယ်။ စီးပွားရေး ပိတ်ဆို့မူကို ဆိုင်းငံ့မည် လိုဆိုခြင်းဟာ " စီးပွားရေးပိတ်ဆို့မူ ရှိတော့မည် မဟုတ်ပဲ၊ အချိန်အတိုင်းအတာ တခုထိ ဖွင့်ပေးလိုက်ပြီ " လို့ ဆိုလိုတာဖြစ်ပါတယ်။ ၀မ်းသာစရာ သတင်းပါ ။

0814322800 said...

ကါလနဂါပြောတာ ထောက်ခံပါတယ်။ ဆိုင်ငံမယ်ဆိုတာက ခဏ၇ပ်ပေးမယ် စီးပွားေ၇းပိတ်ဆို့ထားတာကို(ခဏပြန်ဖွင့်ပေးမယ်) အေး လုပ်ကြည့်လိုက်နော် သောက်သုံးမကျလို အ၇င်အချိုးဒင်တို့ချိုးလာ၇င်တော့ ပြန်ပိတ်ခံ၇မယ်လို့ ပြောသွားတာပါ။(ခင်ညွန်ကို ဆိုင်ငံ၄၆နှစ်လားထာင်ချလိုက်တာ စဉ်းစားကြည့်ပေါ့။)ဒါကြောင့် အန်တီစုက လက်ခံတာပါ။ဒိအချိန်အခါ နှစ်ဖက်စကါးပြောနေဆဲလို့ပြော၇မှာပေါ့ ဒီအတိုင်းတာထဲမှာ အန်တီစုအဲ့လောက်မိုက်မဲတဲ့ အမျိုးသမီးမဟုတ်ပါဘူး တိုင်းပြည်အတွက် လက်ငင်းအကျိုးဖြစ်မှာမို့ လက်ခံတာပါ။ကျိန်းသေတယ် ၂၀၁၅အထိကတော့ ပိတ်ဆို့မူတွေဖွင့်ပေးထာပြီး လုပ်ကြည့်ပေါ့ ၂၀၁၅အထွေထွေရွေးကေါက်ပွဲးမှာ ကြံဖွတ်တို့ ဖေ၇ာင်းတို့ ကြိုတင်မဲတို့ ညာဏ်ကူ၇င်တော့ ဟိုကစီပွားေ၇းပိတ်ယုံတင်မက န၇င်းပါရိုက်သွားမှာ ၇င်းနှီးမြုတ်နှံသူတွေနဲ့အတူ န၇င်းရိုက်မဲ့သူတေလည်ွး တိုင်ပြည်ထဲမှာေ၇ာက်နေလောက်ပါပြီ။ ကြိုဆိုပါတယ် ဒေဗစ်ကင်မရွန်ကြီးေ၇......

Htin Kyaw Linn said...

မြန်မာစာ ပါမောက္ခနဲ့လာတွေ့နေပါပကော။ တော်တော်တော့ခက်နေပြီ။ ကျုပ်တို့ဒါတွေပြောနေတာ အများအတွက် ကိုယ့်လူတွေအတွက် ကိုယ်သိထား ကိုယ်ဖတ်ထားတဲ့ အကြောင်းလေးတွေနဲ့ နားလည်သလောက် ဆန်ရှင်ဆိုတာကြီးက ရှိကိုရှိမနေသင့်ဘူးလို့ပြောချင်တာ။ နိုင်ငံကြီးတနိုင်ငံက နိုင်ငံလေးတနိုင်ငံကို လွတ်လပ်စွာကုန်သွယ်ခွင့်ပိတ်တယ်ဆိုတာကကော လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းလို့ခင်ဗျားတို့မြင်လား။ အဲဒီလို ကြိုးတုပ်ပြီးပြေးခိုင်းလို့ ကိုယ့်လူမျိုးစီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လောက်အမောဖေါက်ကြတယ်ဆိုတာကော မြင်လား။ သိလား။ မိုက်ကိုင်တဲ့သူက ပြောချင်ရာပြော အောက်ကသူတွေက ဟုတ်မှာပါလေလို့တွေးတဲ့ မကောင်းတဲ့အကျင့်လေးတွေတော့ ပြင်သင့်ပြီလို့ထင်တယ်ဗျာ။ မြန်မာစကားက အတော်ကို ကျယ်ပြန့်ရှုပ်ထွေး နက်နဲလှပါတယ်။ ဆိုင်းငံ့ခြင်းက ကာလအတိုင်းအတာ တခုအထိဖွင့်ပေးလိုက်ခြင်းနဲ့ အတူတူပဲဆိုတာက ကိုယ်လိုရာဆွဲတွေးခြင်းတခုလည်းဖြစ်မနေဘူးလား။ ကိုယ့်လူမျိုးတွေက ထင်ချင်ရာထင်ပြီး တွေးတွေးပျော်တတ်တဲ့လူမျိုးတွေလေ။ အဲဒါနဲ့ပဲ အုပ်ချုပ်တဲ့သူကရော.. အခြားသူတွေကပါ.. ကြုံရင်ကြုံသလို ညှပ်ချတာကိုခံနေရတာ။ နှစ်လုံးထဲနဲ့ ဘောင်းဘီကျပ်ဆိုသလို ဘာမှ စကားကိုဝေ့လည်ကြောင်ပတ် ပြောစရာ လုပ်စရာအကြောင်းမရှိပါဘူး။ မြန်မာစကားကို နားမလည်ခြင်း နားလည်ခြင်းဆိုတာထက် အဲဒီ ဆန်ရှင်ဆိုတာကြီးရယ် ဆန်ရှင်ရှိသင့်တယ်လို့ ပါးစပ်ကထုတ်ပြောတဲ့သူတွေရယ်။ ထုတ်မပြောပေမယ့် တိုးတိုးတိတ်တိတ်ထောက်ခံတဲ့သူတွေရယ်။ နိုင်ငံခြားမှာ ကြက်ကြော်စား.. ပက်ပစီသောက်.. ဟန်နီကန်စုပ်နေကြပြီး မြန်မာပြည်ကိုတော့ဆန်ရှင်ရှိမှဖြစ်မယ်ဆိုပြီး တဆာဆာအော်နေကြတဲ့ အသားထဲကလောက်ထွက် မျိုးချစ်ရဲဘော်ကြီးများကိုလည်း သိစေချင်တယ်။ ဘယ်နိုင်ငံမှာမှ သူတို့တိုင်းပြည်ကို သူတို့ကိုယ်တိုင်စီးပွားရေး ပိတ်ဆို့ဖို့ မြန်မာတွေလောက် ထက်ထက်သန်သန်မတောင်းဆိုကြဘူးဆိုတာကို မြင်နေရ ကြားနေရ သိနေရတာ အတော်စိတ်မချမ်းသာဘူး။ အတော်လေးကို အော်ဂလီဆန်စရာကောင်းတယ်။ ပြီးတော့ ဒီဆန်ရှင်ကြီး ရုပ်ဖို့ဆွေးနွေးကြဦးမယ်တို့ စောင့်ကြည့်ဦးမယ်တို့ပြောနေတဲ့ အနောက်နိုင်ငံတွေဆိုတာလည်း ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံတဲ့ကောင်တွေမဟုတ်ဘူးဆိုတာကို သိစေချင်လို့ရေးခြင်းဖြစ်ပါတယ်။ (အများမြင်ရတဲ့ ပို့စ်တခုမှာ ကွန်းမန့်ရေးတော့မယ်ဆိုရင် အဲဒီလို မူရင်းစာရေးသူထက် သတင်းဆောင်းပါးထက် အခုလိုမျိုး ပညာရှင်ဆန်ဆန် တက်ယောင်ကား ကွန်းမန့်ချင်းအနှစ်ချုပ် ဆွဲတဲ့သူတွေရှိနေတတ်တယ်ဆိုတာ ကျွန်တော်မျှော်လင့်ထားပြီးသားပါ။)

maeldalyn said...

(ကိုနိုင်).. ရှင့်ကြည့်ရတာ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူမဟုတ်ဘူးထင် တယ်
ဒါမှာမဟုတ် လုပ်နေရလည်း ပင်ပင်ပန်းပန်းအလုပ်လုပ်နေရတဲ့သူဖြစ်ရမယ်..
နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ပညာတတ်တွေ အားလုံးမြန်မာပြည်ပြန်ချင်တာ ကိုယ့်မိသားစု တွေနဲ့ အတူတူမခွဲမခွါပြန်နေချင်တာရယ် တိုင်းပြည်ကိုချစ်လို့  ကိုယ့်တိုင်းပြည်တိုးတက်အောင် ကိုယ့်ရဲ့ နိုင်ငံခြားမှာရခဲ့တဲ့ အတွေ့ ကြုံတွေ ပညာတွေနဲ တဘက်တလမ်းက တိုးတက်အောင် လုပ်ပေးခြင်တာက လွဲလို့ တခြားရှိမယ် မထင်ဘူး.. ရှင်းရှင်းပြောရင် နိုင်ငံခြားမှာ လုပ်နေတဲ့ ပညာတတ်တွေ မြန်မာပြည် မှာမရနိုင်တဲ့ လစာတွေ ရလို့ .. အဆင့်မြင့်မြင့် နေနေရတဲ့သူတွေဟာ.. လမ်းတွေဖုန်တထောင်းထောင်းထနေတဲ့ မြန်မာပြည်.. မိုးတွင်းဆို ဗွဲ့ တွေထနေတဲ့ လမ်းတွေ.. နေရာတိုင်းမှာ အဲကွန်းမရှိ .. ညစ်ပတ်နေတဲ့ အများသုံးအိမ်သာတွေ.. စုတ်ပြတ်သတ်နေတဲ့ အစိုးရရုံးစနစ်တွေ.. ဒီလိုနေရာမျိုးကို မိသားစုဆွေမျိုး သံယောဇဉ် .. ဘာသာယဉ်ကျေးမှု တွေရဲ့ စွဲဆောင်မှုမရှိ ရင် ပြန်လာဖို့ စိတ်ကူးမရှိဘူး.. (ဒါတောင် မိဘမောင်နှမတွေ နိုင်ငံခြားမှာ ကိုယ်နဲ့ လာနေနိုင်တယ်) တစ်ကိုယ်ရေကောင်းစားရေးကြည့်ပြီးဆန်ရှင်ပြုတ်ဖို့ ပြောတာလို့ ဆိုရင်တော့ လုံးလုံးမှားသွားလိမ့်မယ်.. ကျုပ်တို့ ကနိုင်ငံခြားမှာနေရတာတောင် ပို အဆင်ပြေနေသေးတယ်.. ဆင်းရဲ သားတွေအတွက် ဆန်ရှင်ထားသင့်တယ်လို့  ဆိုတဲ့ ခင်ဗျားရဲ့အတွေးကတော့ အံ့သြစရာဘဲ.. စာများများဖတ်ပြီးလေ့လာလိုက်ပါဦး.. ရှင်းပြမနေခြင်တော့ဘူး

ကာလနဂါး said...

အင်း...ကြည့်...ပြောနေရင်နဲ့ ၊ ကိုယ်ဆိုလိုတာက တခြား..ခင်ဗျာ တွေးလိုက်တာက တလွဲ ၊ ဘာထဖြစ်တာလဲ ၊ ကြည့်ရတာ ခင်ဗျားကိုယ်တိုင်က sanction ကြောင့် အထိနာနေတဲ့ government crony အသိုင်းအ၀ိုင်းက ဖြစ်မယ် ၊ ဒေါသလဲ စွတ်ကြီးမနေပါနဲ့ဗျာ ၊ ဒီသင်္ကြန်တွင်းမှာ ခင်ဗျားမှာ ဖုံးနေတဲ့ မောဟတွေကို ဖယ်ရှားဖို့ တရားစခန်းဝင်ဖို့ တိုက်တွန်းပါတယ် ။

KO NAING said...

maeldalyn ကျေးဇူးပြုပြီးကျွန်တော့ comment ကိုသေသေချာချာပြန်ဖတ်စေချင်ပါတယ်။ ဆင်းရဲသားပြည်သူများအတွက်အကျိုးဖြစ်စေမဲ့ဆန်ရှင်များကိုတော့ဆိုင်းငံ့စေချင်ပါသည်လို့ရေးထားတာပါ။ ဆိုင်းငံ့ဆိုသည်မှာကိုကာလနကားပြောသလို*စီးပွားရေးပိတ်ဆို့မှု့ရှိတော့မည်မဟုတ်ပဲ|အချိန်အတိုင်းအတာတခုထိဖွင့်ပေးလိုက်ခြင်း|ရုပ်သိမ်းလိုက်ခြင်းကိုဆိုလိုတာပါ။ မြန်မာစကားကိုကောက်တာလွဲသွားလိုလို့မြင်မိပါတယ်။
တစ်ကိုယ်ရေကောင်းစားရေးcommentကတော့ကြံ့ဖွတ်ဝါဒဖြန့်သမားများကိုဆိုလိုချင်တာပါ။
ခင်ဗျားပြောတဲ့မြန်မာပြည်ပြန်ချင်|အခြေချချင်တဲ့ထဲမှာကျွန်တော်လဲပါတာပေါ့ဗျာ။မြန်မာပြည်ပြန်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ဒီက citizenတောင်ခုထိမလျောက်ဖြစ်သေးပါဘူးဗျာ။ မြန်မာပြည်နောက်ကြောင်းပြန်လှည့်မှာကိုစိုးရိမ်နေနေရလို့ဆန်ရှင်အကြောင်းဝင် comment ပေးလိုက်တာပါ။
မြန်မာပြည်သားအားလုံးနှစ်သစ်မှာပျော်ရွှင်ကြပါစေ။

Richard said...

သြော အားလုံးပြည်ပကနေ ပြောနေကြတာကိုး ဒို့ပြည်တွင်းကပုဂ္ဂိုလ်တွေလဲ
ပြောကြပါဦး မူရင်းသတင်း(post)ထက် မှတ်ချက်(comments) တွေက
ဖတ်ရတာပိုကောင်းနေလို့ ရောင်စုံပန်းခင်းထဲရောက်နေရသလိုပဲ အားလုံးကိုကျေးဇူးတင်ပါတယ်

Powered by Blogger.