(၁၀.၄.၂၀၁၂)
ကြံ့ခိုင်ရေးပါတီဗဟိုကော်မတီအတွင်းရေးမှူး ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သည့် ယူနိုက်တက် အမရာဘဏ်မှ ၀န်ထမ်းများသည် ၂၀၁၂၊ ဧပြီလ၊ ဘဏ္ဍာရေးနှစ်တစ်နှစ်ပြည့် ဆုကြေးငွေ အရနည်းသည့်ကိစ္စအပေါ် မကျေနပ်၍ နှုတ်ထွက်စာများ အပြိုင်တင်နေကြကြောင်း CJMyanmar က သတင်းရရှိသည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်တိုင်းသည် ၄င်းတို့၏ ၀န်ထမ်းများအား ဘဏ္ဍာရေးနှစ်တစ်နှစ်ပြည့်တိုင်း ဆုကြေးငွေချီးမြှင့်ကြလေ့ရှိသည်။ ဆုကြေးငွေကို ၀န်ထမ်းတစ်ဦးစီရရှိသည့် လစာနှုန်းထား၏ ၂ ဆ မှ အဆ ၁၀ ခန့်ထိ ပေးလေ့ရှိကြသည်။ ဥပမာ - တစ်လ ကျပ် ၅ သောင်းရရှိသော ၀န်ထမ်းတစ်ဦးအဖို့ ဘဏ္ဍာရေးနှစ်တစ်နှစ်ပြည့်သည့်အခါ အဆိုပါ ကျပ် ၅ သောင်း၏ ၂ ဆ ဆိုလျှင် ဆုကြေးငွေ ကျပ် ၁ သိန်းရရှိမည်ဖြစ်သည်။ ၁၀ ဆ ဆိုလျှင် ကျပ် ၅ သိန်း ရရှိပါလိမ့်မည်။
ယခု ၂၀၁၂၊ ဧပြီလ၊ ဘဏ္ဍာရေးနှစ်တစ်နှစ်ပြည့်တွင်လည်း အခြား ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ရတနာပုံဘဏ်က ၄င်းတို့၏ ၀န်ထမ်းများအား ဆုကြေးငွေအဖြစ် လစာ၏ ၁၀ ဆ နှုန်းဖြင့် တွက်ကာ ပေးမည်ဖြစ်ကြောင်းကြားသိရသည်။ အခြားသော ပုဂ္ဂလိကဘဏ်များကလည်း ၂ ဆ မှ ၁၀ ဆ ကြား ဆုကြေးငွေ ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ အခြားပုဂ္ဂလိကဘဏ်များက အဆများစွာ ဆုကြေးငွေ ချီးမြှင့်နေသည့်အချိန်တွင် ဦးအောင်သောင်း၏ သား ဦးနေအောင်ပိုင်ဆိုင်သည့် ယူနိုက်တက် အမရာဘဏ်က ၄င်းတို့၏ ၀န်ထမ်းများအား ဆုကြေးငွေအဖြစ် လစာ၏ (၀.၅) ရာခိုင်နှုန်းဖြင့်သာ ပေးမည်ဆိုသောကြောင့် ယူနိုက်တက် အမရာဘဏ်မှ ၀န်ထမ်းအများစု အလုပ်နှုတ်ထွက်စာများ အသီးသီးတင်နေလျက်ရှိကြပြီး ယခုအခါ ယင်းဘဏ်တာဝန်ရှိသူများနှင့် ၀န်ထမ်းများအကြား ဆုကြေးငွေကိစ္စနှင့် နှုတ်ထွက်စာများပြဿနာကို ညှိနှိုင်းလျက်ရှိနေကြောင်း CJMyanmar မှ သတင်းရရှိပါသည်။
CJMyanmar

ယူနိုက်တက် အမရာ ဘဏ်ဝန်ထမ်းများ ဆုကြေးငွေအရနည်း၍ နှုတ်ထွက်စာတင်
Reviewed by သစ်ထူးလွင်
on
17:31
Rating:
3 comments:
တိုင်းပြည်ကငွေတွေကိုခိုးပြီးကြီးပွါးနေတဲအောင်သောင်းရဲသားနေအောင်
မောင်အောင်သောင်း သတင်းကတော့ မွှေးမှမွှေးပဲဟေ့
မောင်နေအောင်လည်းဒီပုတ်ထဲက ဒီပဲ နေမှာပါပဲ
ပြည်သူတွေကို ဂုတ်သွေးစုတ်တဲ့နေရာမှာတော့ ဘိုးတော်ခြေရာမှီသလား မမေးနဲ့
အဖြစ်မှန်တခု ပြောပြရဦးမယ်
ဝင်းသူဇာ အရောင်းဆိုင်တွေ စဖွင့်တုန်းက အရောင်းဝန်ထမ်းတွေ တလတသောင်းခွဲနဲ့ခန့်ပြီး လုပ်သက်တစ်နှစ်ရရင် လစာတိုးပေးမယ် အာမခံထားပြီး တနှစ်လည်းမတိုး ၂ နှစ်လည်းမတိုးနဲ့ ထွက်ကုန်ကြတာ တစ်ဆိုင်လုံးနီးပါးပဲ
ဆုကြေးအရနည်းလို့ နှုတ်ထွက်တယ်မလုပ်ကြနဲ့
အောင်သောင်း တိုင်းပြည်က ခိုးဝှက်ထားတဲ့
ငွေတွေနဲ့လုပ်ထားတဲ့ လုပ်ငန်းတွေ အားမပေးကြနဲ့
"သူခိုးဓါးရိုးကမ်း" ဆိုတာ ကြားဖူးကြတယ်မို့လား
အကုသိုလ်တွေ အကူးဆက်မခံကြနဲ့
Post a Comment