Photo (Google Images) |
ကချင်လွတ်လပ်ရေးတပ်မတော် KIAက တပ်ကြပ်ကျော်ဆန်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၅ယောက် ဟာ မြစ်ကြီးနား မြို့နယ် တာလောကြီး ကျေးရွာမှာ အခြေချနေတဲ့ ခလရ ၃၇ တပ်စခန်းကို ဒီလ ၁၆ရက်နေ့ မနက်ပိုင်း က လက်နက်ချဝင်ရောက်လာတာဖြစ်ပါတယ်။
ဒီလို ၀င်ရောက်လာသူတွေကို ခလရ ၃၇က ဒုရင်းမှုးက လက်ခံပြီး နေရာချထားပေးတယ်လို့ တာလောကြီး ရွာသား တယောက်က ပြောပါတယ်။
- သူတို့က သူတို့ကို ဦးဆောင်ခဲ့တဲ့ စစ်ကြောင်းမှုးကိုတော့ မပါလာဘူး။ သူက ကချင်လေ။ သူနဲ့ အပြန်အလှန်ဖြစ်ပြီးမှ သူတို့ တပ်စိတ်မှုးတွေပဲ အချင်းချင်းညှိနှိုင်းပြီးမှ ဒီဘက် ထွက်ခဲ့ကြတာ။ သူတို့ ၃၅ယောက်။ လက်နက်မျိုးစုံ ၂၃လက်ပါတယ်။ အားလုံး အမှတ် ၃၇ သူတို့ တူးအိုင်စီကိုယ်တိုင် အဲဒီ ကိစ္စကို နေရာချထားပေးတယ်။ ကောင်းကောင်းမွန်မွန်ပဲ။
ပြန်လည်ဝင်ရောက်လာသူတွေဟာ ရှမ်း၊ ဗမာနဲ့ ကချင် လူမျိုးတွေဖြစ်တယ်လို့ လည်း ပြောပါတယ်။
အခုလို ပြန်လည်ဝင်ရောက်လာသူတွေဟာ သူတို့ စိတ်ဆန္ဒမပါဘဲ အမှုထမ်းရသူတွေဖြစ်တာကြောင့် ပြန် လာတာဖြစ်တယ်။ ဒီလို ပြန်လာတာကြောင့် သူတို့ ရွာလုံခြုံရေးထိခိုက်မှာလည်း စိုးရိမ်နေရတယ်လို့ တာလောကြီး ရွာသားက ဆက်ပြောပါတယ်။
- သူတို့က KIA တွေ ပေါ်တာဆွဲပြီး ဖမ်းသွားတာတွေ၊ နောက်တခါ ဖိအားပေးပြီး စာနဲ့ ဆင့်ပြီး ခြိမ်းခြောက်ခေါ်ခံရသူတွေ၊ နောက်ဆုံး လုပ်ငန်းခွင်မှာ အဖမ်းအဆီးခံရတဲ့ ကလေးတွေ ချည်း ပဲ။ ပြဿနာတော့ ရှာမှာပဲ။ အရင့်အရင် ဒါမျိုးထွက်ခဲ့သူတွေကို မိသားစုကို ရန်ရှာတာတို့၊ သူတို့ ဆွေမျိုးတော်စပ်သူကို ရန်ရှာတာတို့ အစဉ်အလာ ရှိခဲ့ဖူးတယ်။ အခုလည်း ပြောလို့ မရဘူးလေ။ သူတို့ လုပ်ရိုးလုပ်စဉ်တွေ ဆိုတော့ ရှာဖို့တော့ များပါတယ်။ အစိုးရက ဘယ်လောက်ထိ ကာကွယ်ပေးနိုင် မလဲ ဆိုတော့ ဒီလုပ်ငန်းခွင်မှာတော့ တာဝန်ယူကာကွယ်လို့ မရပေမဲ့ ကျေးရွာ တခုလုံး လုံခြုံမှုကိုတော့ အမှတ် ၃၇ ကနေ တာဝန်ယူပြီး စောင့်ရှောက်ပေးနေတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်ရာ မှာတော့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
KIA အဆင့်မြင့် အရာရှိတယောက်ကတော့ လက်နက်ချတဲ့သတင်းကို အတိအကျ မသိ ရသေးကြောင်း ပြောပါတယ်။ ဒေသခံတွေ ပြောသလို KIA က အတင်းအကျပ် စစ်သား စုဆောင်း ကောက်ယူ သလား ဆိုတာကိုတော့ KIA အရာရှိက အခုလို ဖြေပါတယ်။
- မူဝါဒတော့ အဲလို မရှိဘူး။ ဒါမျိုးတော့ မရှိဘူးလေ ကျနော်တို့က။ ဟိုဘက် ရောက်သွားရင်တော့ အဲလိုပဲ ပြောရမှာပေါ့ကွာ။ အဲလို မပြောရင်တော့ သက်သာမှာ မဟုတ်ဘူးလေ။
လောလောဆည်မှာတော့ ကချင်ပြည်နယ် ၀ိုင်းမော်ဒေသ၊ မိုးမောက်ဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
KIA နဲ့ မြန်မာအစိုးရတပ်တွေအကြားမှာ ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ရာက တိုက်ပွဲတွေ ပြန်လည် စတင် နေတာ အခုဆိုရင် ၁၀ကျော်လာပြီ ဖြစ်ပါတယ်။
ဒီတိုက်ပွဲပြန်စခဲ့တဲ့ အစောပိုင်း ၂လတာ ကာလအတွင်းမှာ အစိုးရတပ်တွေက အမျိုးသမီးနဲ့ မိန်းကလေး ငယ် ၃၇ ယောက်ကို အဓမ္မ ပြုကျင့်ခဲ့ပြီး ၁၃ယောက်သတ်ဖြတ်ခဲ့တယ်လို့ ကချင်အမျိုးသမီးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရပိုင်သတင်းစာတွေကတော့ KIA အဖွဲ့တွေက လမ်း၊ တံတားတွေ၊ မီးရထားသံလမ်းတွေကို မိုင်းခွဲ ဖျက်ဆီး ခဲ့ကြောင်း နဲ့ အဓမ္မ လူသစ်ကောက်ယူစုဆောင်းနေကြောင်း သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
အခုလက်ရှိအချိန်မှာတော့ လောလောဆည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၆သောင်းလောက် ဟာ ကချင်ပြည်နယ်အတွင်း မြို့ကြီးတွေနဲ့ တရုတ်မြန်မာနယ်စပ်ဒေသဘက်တွေကို ထွက်ပြေး တိမ်းရှောင်နေ ရ ပါတယ်။
KIO ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအကြားမှာ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိဖို့ အနည်းဆုံး ၃ကြိမ်ဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့အထိတော့ မအောင်မြင်သေးပါဘူး။
By မိုးဇော် (ဗွီအိုအေ)
ကေအိုင်အေတပ်သား ၃၅ ယောက် အစိုးရထံ လက်နက်ချ
Reviewed by သစ်ထူးလွင်
on
05:23
Rating:
22 comments:
ကဲ ဘာငြင်းအုံးမှာလည် ကေအိုင်အို..
ဘာဘဲပြောပြော ငြမ်းချမ်းရေးဟာအကောင်းဆုံးဘဲ။အာဏာရူးပြီးစစ်ဖြစ်ရင်ကြားထဲက ပြည်သူတွေဘဲ ခံစားရတာ။ဘာဘဲပြောပြောKIAတွေ ကချင်ပြည်သူကိုအမှန်တကယ်ချစ်ရင်အစိုးရနဲ့ငြိမ်းချမ်းရေးဆွေနွေးသင့်တယ်။KNUတွေတောင်ဆွေနွေးပြီးငြိမ်းချမ်းရေးယူနိုင်သေးတာဘဲ။ပြည်ပ ကမြှောက်ပေးတိုင်းမလုပ်သင့်ပါဘူး။
အမြန်ဆုံးငြိမ်းချမ်းရေးဝင်ကြပါ ။ ငြိမ်းချမ်းရေးဟာ အကောင်းဆုံးလက်နှက်ပဲ
အမေစု ကို အတုယူကြပါ အမေစုကစစ်တပ်ကို ငြိမ်းချမ်းရေးလက်နှက်နဲ့တိုက်
ခဲ့တာပါ။ ခုဆို။ နှစ်ဘက်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုးတက်တဲ့မြန်မာပြည်ကြီးကို
တည်ဆောက်နေပါပြီ ။ ကိုယ့်အတ္တကိုအခြေခံပြီး ပြည်သူတွေကိုဒုက္ခမပေးပါနဲ့
လက်နက်လာချတဲ့လူတွေနဲ့ သူတို့ရဲ့ မိသားစုကို အပြည့်အ၀ ကာကွယ်ပေးစေချင်ပါတယ်.. လက်နက်လာချတဲ့ ကချင်တွေကို ကြိုးဆိုပါတယ်.. ဂုဏ်ယူပါတယ်..
သူပုန်ဆိုတာကတော့ သူပုန်ပဲနေမှာ၊ ပြောချင်တာက ကိုယ့်ပြည်နယ်ကိုချစ်ရင် သူပုန်အဖွဲ့ထဲကို မဝင်စေချင်ဘူး၊ အားလုံးဟာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေပဲလေ၊ ပြောတော့ ကချင်အတွက်နဲ့ပြောနေ ကချင်ပြည်နယ်ကလဲ ပြည်ထောင်စုမြန်မာနိုင်ငံပါပဲလေ၊ မြန်မာနိုင်ငံကလဲ တိုင်းရင်းသားပြည်သူတွေအတွက်ပါပဲ၊ အဲ့ဒီတော့ သူပုန်တပ်ဖွဲ့မှန်သမျှ အလင်းဝင်ပြီးလက်တွဲသွားမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ၊ ကချင်အတွက်လို့ပြောပြီး ကိုယ်လုပ်ချင်ရာလုပ်နေ အလကားပဲ၊ ခင်ဗျတို့တွေခင်ဗျတို့ရဲ့လူမျိုးတွေကိုချစ်တယ်ဆိုရင် တပ်ဖွဲ့ကိုဖျက်သင့်တယ်၊ ဒါမှကချင်ပြည်နယ်လဲအေးချမ်းမယ် နိုင်ငံရဲ့တိုးတက်မှုလဲ မနှောင့်နှေးမှာ၊ ဒါနဲ့မှမကျေနပ်သေးရင်လဲ သူသေကိုယ်သေ အဆုံးဖြတ်တိုက်ပွဲကို အပြတ်တိုက်လိုက်ရင်ကော မကောင်းဘူးလား၊ နယ်စပ်ကလူထုအတွက် ပြောနေတာပါ၊ သူတို့မှာစားဝတ်နေရေး အဆင်မပြေရတဲ့အထဲ ခင်ဗျတို့ရဲ့တိုက်ပွဲနဲ့ သူတို့ခမျှအင်မတန်မှ သနားစရာကောင်းတယ်။
ဒါက ကေအိုင်အိုကို စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာ..။ လက်နက်ချ နေပြီဆိုပြီး..စိတ်ဓါတ်ရေးရာ ပျက်ပြားအောင်..ကိုယ့် လူတွေကို ကချင်စစ်သားဝတ်စုံဝတ်ပြီး အလင်းဝင်တာ..ပြီးတော့ သတင်းစာထည့် တီဗွီရိုက်ပေါ့..။ကရင်နဲ့တုန်းကလည်း ဒီလိုပါပဲ။
ရာစုနှစ်တွေနဲ့ ချီပြီးတည်လာတဲ့ တပ်မတော်တခု ကိုပြုတ်အောင်မတိုက်နိုင်ရင် ဟိုနားမိုင်းထောင် ဒီနားချောင်းပစ် မလုပ်ကြပါနဲ့... ဒုက္ခရောက်တော့ တိုင်ရင်းသားတွေ... တတ်နိုင်ရင် ပြုတ်အောင်ပစ်...
ရာစုနှစ်တွေနဲ့ ချီပြီးတည်လာတဲ့ တပ်မတော်တခု ကိုပြုတ်အောင်မတိုက်နိုင်ရင် ဟိုနားမိုင်းထောင် ဒီနားချောင်းပစ် မလုပ်ကြပါနဲ့... ဒုက္ခရောက်တော့ တိုင်ရင်းသားတွေ... တတ်နိုင်ရင် ပြုတ်အောင်ပစ်...
ပုဂံစစ်သည်ရေ.... .. စစ်သွေးကြွပြီး သူသေကိုယ်သေတွေလဲအော်မနေပါနဲ့.. ..ဟိုက မြန်မာပြည်စစ်တပ်နဲ့ယှဉ်ရင် လက်တဆုပ်စာပဲရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပါ.. .. ကိုယ်က အင်အားကောင်းတဲ့ဘက်ကနေပြီး တိုက်မလားလို့ အော်မနေပါနဲ့...ကေအိုင်အေ မဟုတ်ဘဲ အမေရိကန် စစ်တပ်ဆိုရင်ကော သူသေကိုယ်သေတိုက်မလားလို့ မင်းပြောမှာလား... ... ဘယ်လိုစကားပဲ ပြောနေနေ. မင်းတို့ ပင်ကိုယ်စိတ်ရင်းက ဖုံးကွယ်ထားလို့မရဘူး.. တန်းတူရည်တူ သဘောထား မဆွေးနွေးနိုင်ရင် ငြိမ်းချမ်းရေးက ဘယ်လိုလုပ် နီးလာတော့မှာလဲ..
ပိတ်ဆို့မှုဒဏ်မခံနိုင်လို့ လက်နက်ချတာ၊ သဘာဝကျပါတယ်။
မိတ်ဆွေတထောင်ရှိပါစေ..ရန်သူတယောက်မရှိပါစေနဲ့ ..ဆိုသလို၊ အနိုင်ကျင့်မှုတွေအတွက် အင်အားကြီးသူက မူလနယ်မြေတွေကို နောက်ပြန်ဆုတ်မပေးနိုင်ဘူးလား။ ကချင်သပုန်တွေကို ပိတ်ဆို့နည်းနဲ့လုပ်လို့တော့ အနောက်အုပ်စုကမြန်မာပြည်ကို ပိတ်ဆို့သလိုပဲ၊ နောက်ဆုံး ပြည်သူတွေပဲ မွဲတေကုန်ပါတယ်။
ကချင်လူမျိုးတွေကို တကယ်ညီအစ်ကိုလိုချစ်ရင်.. အလျှော့ပေးညှိနှိုင်းပါ။ တပ်တွေ ဆုတ်ပါ။
မိမိလူမျိုး ယှဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းတွေကို လွတ်လပ်စွာမြင့်တင်ခွင့် ကာကွယ်စောင့်ရှောက်ခွင့်နှင့် တန်းတူညီမျှတဲ့ အခွင့်ရေးရရှိဖို့ အတွက် သမိုင်းပေးတာဝန်အရ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေအားလုံးကို ဂုဏ်ယူပါကြောင်း
ပုဂံစစ်သည်ရေ စဉ်းစားပြောစေချင်ပါတယ်၊ အလင်းဝင်တယ်ဆိုတာကို ခင်ဗျားဘယ်လိုသတ်မှတ်သလဲ၊ အင်အားကြီးသူ လက်ဆုပ်လက်ကိုင်အာဏာရသူဘက်က အလင်းလို့သတ်မှတ်မှာလား၊ နိုင်ငံရေးမှာ အလင်းအမှောင်ကိစ္စကို စဉ်းစားပြောစေချင်တယ်၊ ခုဟာက လူယုတ်မာပင်ဖြစ်ပစေ အလင်းဘက်သားလို့ချည်း ထထအော်နေတတ်လွန်းလို့
ကျနော် ဗမာတိုင်းရင်းသားစစ်စစ်ပါ
ခင်ဗျားတို.နိုင်ငံရေးအကြောင်းဘယ်လောက်နားလည်ထားလို.လဲ
ခင်ဗျားတို.နိုင်ငံရေးအကြောင်းဘယ်လောက်နားလည်ထားလို.လဲ
နိုင်ငံရေးသိပ်မတတ်လို့သေနတ်ကိုင်စစ်တိုက်နေတာပေါ့ကွ။
comment တွေ က တခါတလေ မူရင်း သတင်း ရဲ့  အရသာကို ပျောက်သွားတယ်...တစ်ယောက်နဲ့ တစ်ယောက် comment ပေးရင်း ဖိုက်ကြတော့တာ ပါပဲ.......ဒါလဲ အရသာ တစ်မျိုးပဲလို့ 
သူပုန်မရှိရင်တိုက်ပွဲမရှိဘူး၊ တိုက်ပွဲမရှိရင် တိုင်းရင်းသားတွေ အေးချမ်းမယ် ဒါပဲ၊ အမေရိကန်နဲ့တိုက်ရအောင် ဒါကပြည်တွင်းစစ်အကြောင်းကို ပြောနေတာကွ၊ နားမလည်ပါးမလည်နဲ့ ဘာတွေဝင်ရေးနေတာလဲ၊ မင်းအဖေတွေ မိုင်းထောင်လို့ တိုင်းရင်းသားတွေ ခြေပြတ်လက်ပြတ်ဖြစ်နေတာကိုကော သိလား။ တန်းတူရည်တူသဘောထား မဆွေးနွေးနိုင်ရင် ဆိုရအောင်အခုဆွေးနွေး နေတဲ့အချက်တွေကို မင်းဘယ်လောက်သိထားလဲ ပြောစမ်းပါအုံး။ သူပုန်တပ်ဖွဲ့ရှိနေသမျှ ပြည်တွင်းစစ်က ငြိမ်းမှာမဟုတ်ဘူး၊ ဒီပြည်ထောင်စုကြီးကလဲ မင်းတို့ပြည်နယ်တစ်ခုထဲ ပိုင်တာမဟုတ်သလို ငါတို့လူမျိုးတွေတစ်စုထဲ ပိုင်တာလဲမဟုတ်ဘူး အားလုံးပိုင်တာ။ ပြီးတော့အလင်း အမှောင် အကြောင်းပြောရအောင် မင်းတို့ရဲ့လမ်းစဉ်ကဘာလဲ၊ မြန်မာစစ်တပ်ရဲ့လမ်းစဉ်က တိုင်းပြည်ကိုကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့စစ်တပ်၊ ဒါဟာပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဖွဲ့စည်းထားတာဆိုတာ မင်းမြဲမြဲမှတ်။ တိုင်းတစ်ပါးကကချင်၊ ချင်း၊ ရှမ်း၊ ကယား၊ ကရင်ဘယ်နေရာကိုပဲထိပါးထိပါး ဒီတပ်ဖွဲ့ကပဲ ကာကွယ်ပေးမှာ၊ မင်းတို့တစ်စုထဲနဲ့တော့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ ဖြစ်လာမှာမဟုတ်ဘူး၊ အင်္ဂလိပ်တွေကို တိုက်ခိုက်တုန်းကလဲ တိုင်းရင်းသားညီအစ်ကိုတွေစည်းလုံးလို့ အခုလို ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုတာဖြစ်လာတာ။ အခုမှခွဲမထွက်ချင်စမ်းပါနဲ့၊ အခုနိုင်ငံတော်ဆင်းရဲမွဲတေနေတာလဲ ကချင်ပြည်နယ်တစ်ခုထဲမဟုတ်ဘူး။ အခုလိုရေးနေတာက စည်းလုံးစေချင်လို့ရေးနေတာ ပြသနာရှာနေတာမဟုတ်ဘူး၊ ဒီလိုတပ်ဖွဲ့တွေ ရှိနေသမျှကာလာပတ်လုံး တိုင်းရင်းသားတွေ စစ်ဘေးဒဏ်ကြုံနေရအုံးမှာပဲ။ မင်းတို့ကတော့ ဟိုကွန်မန်းအပြစ်တင် ဒီကွန်မန်းအပြစ်တင်နဲ့ အခုလိုလုပ်နေမယ့်အစား နယ်စပ်မှာလာပြီးတော့ ဒုက္ခသည်တွေကို လာပြီးတော့ကူညီလှည့်ပါ့လား။ လိုင်းပေါ်ကနေပြီးတော့ အော်မနေစေချင်ဘူး၊ ဒီမှာတိုင်းရင်းသားတွေ ပြေးလွှားနေတာကို မင်းတို့ကိုမြင်စေ့ချင်တယ်။
ပုဂံစစ်သည် ရေ...... သူပုန်တပ်ဆိုတာ ဘယ်တပ်လဲကွ၊ သူပုန်တပ်လို့ရှိလား ၊ လက်နက်ကိုင်တဲ့တပ်တွေကို ခေါ်တာလား ၊ စစ်တပ်ကိုပြောတာလား ၊ စစ်တိုက်နေတဲ့သူတွေကိုခေါ်တာလား ၊ ပုဂံစစ်သည် က ဘယ်တုန်းက နယ်စပ်ရောက်တာလဲ နယ်နှင်ဒဏ်ခံရတုန်းကလား .........
အားလုံးသော ညီအစ်ကိုမောင်နှမများ ဒီလိုတိုက်ခိုင်းတာမျိုးတွေကို အားပေနေရင်တော့ မြန်မာပြည်ကြီးဘယ်လိုငြိမ်းချမ်းတော့မှာလဲ၊ ဟိုက ဒုက္ခသည်တွေကို သနားကြပါ။
အားလုံးသော ညီအစ်ကိုမောင်နှမများ ဒီလိုတိုက်ခိုင်းတာမျိုးတွေကို အားပေနေရင်တော့ မြန်မာပြည်ကြီးဘယ်လိုငြိမ်းချမ်းတော့မှာလဲ၊ ဟိုက ဒုက္ခသည်တွေကို သနားကြပါ။
သမိုင်းကြောင်းနဲ့နားလည်တဲ့ရှေးမှီနောက်မှီလူကြီးတွေဆီမှာမေးကြည့်ကြပါ..၁၉၉၄မှာတုံးကလဲKIOဒီလိုလုပ်ခဲ့တယ်..ရိုးသားတဲ့ခေါင်းဆောင်တွေတက်လာမှအဆင်ပြေနိုင်မယ်..အပစ်အခတ်ရပ်စဲဖို့ဆိုတာနိုင်ငံတကာထုံးစံ..အရင်လုပ်ရတာ..
ပင်လုံ/ဖယ်ဒရယ်...နောက်ကြောင်းပြန်ဘို့စဉ်းစားနေလား...
ဒေါ်စုတို့တောင်ယုံကြည်ပြီးလက်တွဲနေပြီ..ကိုယ်ပိုင်တပ်/ခါးပိုက်ဆောင်တပ်တွေနဲ့လက်နက်ကိုင်ပြီးဘိန်းစိုက်ရောင်းချင်နေသေးလား..KIOခေါင်းဆောင်များ...
ဟဟ သူပုန်တဲ့  သူပုန် သုံးနိင်ငံရှိတဲ့ နိင်ငံပြချင်လိုက်တာ ဘယ်သူက အစိုး၇မှန်းမသိဘူး သူပုန်လဲအစိုး ပဲ
Post a Comment