သင်ခန်းစာများယူသင့်သည့် လားရှိုးမြို့က သက်သာဆိုင်ခန်းမီးလောင်မှု


လားရှိုးမြို့တွင် မန်ဆူဘုရားကြီး သက်သာရန်ပုံငွေဆိုင်ခန်းမှ မီးအားမြင့် စက်၏အပူလွန်ကဲမှုကြောင့် မီးလောင်မှု ဖြစ်ပြီး ဆိုင်ခန်းနေလူ ၂ ဦးသေဆုံးရမှု မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွား သည်။
ဖြစ်စဉ်အကျဉ်းမှာ သေဆုံးသူ ရဲလင်း  ထွန်း(ခ) ကုလား (၃၀နှစ်) နှင့် မရှိုးပန်း အိမ်(ခ) မေရှိုးတို့သည်လက်ထပ်မင်္ဂလာ ပွဲကျင်းပပြီး အိမ်ထောင်သက်(၁)လနှင့် (၃)ရက်သာရှိပြီး မန်ဆူဘုရားကြီးသက် သာဆိုင်ခန်းအမှတ် (၈)တွင် ငှားရမ်းကာ စံချိန်ဦးစားသောက်ဆိုင်ဖွင့်ဝမ်းကြောင်း နေထိုင်ကြသူများဖြစ်သည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားသော မတ် လ ၂၀ ရက် နံနက် ၁ နာရီ မိနစ် ၄၀ (မတ်လ ၂၁ရက်)တွင် အိပ်ခန်းပြုလုပ် ထားသော အကျယ် ၁၀ပေ ရှေ့နောက် အလျား ပေ ၂၀ မှ နောက်ပိုင်းတွင် နှစ် ယောက်ကုတင်တစ်လုံးထားနိုင်ရုံမျှ အိပ် ခန်းကိုသုံးထပ်ပြားကာရံ အခန်းဖွဲ့နေသည်  ဖြစ်ရာ အိပ်ခန်းအပြင်တွင်ဆိုင်ခန်းသုံး မီးအားမြင့်စက်ထားရှိသည်။ ထိုမှမီးအား မြင့်စက်အပူလွန်ကဲပေါက်ကွဲလောင်ကျွမ်း သည်။
မီးစတင်လောင်ကျွမ်းချင်းပင် အိပ်ခန်းကာရံထားသော သုံးထပ်သားနံ ရံကိုလောင်နေပြီဖြစ်သည်။ အိပ်ခန်းအပြင် ရှိဆိုင်အတွင်း ရရာနေရာတွင် မော်တော် ဆိုင်ကယ်၊ ဟင်းလျာချက်ပြုတ်ရာတွင် အသုံးပြုသောစားသုံးဆီ၊ မီးဖိုဂတ်စ်အိုး များကြောင့် မီးလောင်မှုကိုတိုးမြှင့်အား ကောင်းစေပါသည်။
တစ်ခုတည်းသော ဆိုင်ခန်းရှေ့မျက် နှာစာမှ အလူမီနီယံအထက်/အောက်တင် ချ လိပ်တံခါးသာရှိပါသည်။ ဘယ်ညာ အခြားဆိုင်ခန်းများရှိ၍ ပြုတင်းပေါက်မ ရှိပါ။ အနောက်ပိုင်း (အိပ်ခန်းဖွဲ့ထားသော နောက်ခြမ်း)တွင်လည်း ပြုတင်းပေါက် လုံးဝမရှိ၊ လှောင်ပိတ်သောခန်းဖွဲ့မှုစနစ် ရှိနေသည်။
ဇနီးမောင်နှံနှစ်ဦးမှာ မီးလောင်ကျွမ်း မှုကို စတင်သိရှိကြသည်နှင့် အိပ်ရာကု တင်မှထက ကုတင်အခြေဒေါင့်ရှိရေသုံး ၆ လက်မခန့်သာမြင့်သည့် ရေလှောင် ကန်မှ ရနိုင်သမျှရေကိုယူကာ စောင်ကို ရေဆွတ်၍ ရေလှောင်ကန်ကို မှောက်နေ သော ဇနီးသည်အထက်မှ လွှမ်းခြုံသည်။ မီးအပူကိုရနိုင်သမျှ ကြိုးပမ်းသွားဟန်ဖြင့် မီးသတ်သူများ ဆိုင်ခန်းအလူမီနီယံတံခါး  ကိုခွင့်ဝင်ရောက်ရှိလာချိန်တွင် အသက် ရှုမွမ်းကြပ် (အောက်ဆီဂျင်ပြတ်) သေဆုံး  ကြရလေဟန် နှစ်ဦးထပ်လျက်တွေ့ကြရ သည်။ တွေ့မြင်ကြရသူများ မရှုရက်မမြင် ရက်၊ ၀မ်းနည်းဖွယ်အနိဌာရုံမြင်ကွင်းသာ ဖြစ်ရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၁) ရဲစခန်းမှ ပ-၉၁/၂၀၁၂ ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်ကာ ရဲလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
ဝန်ထမ်းသက်သာရန်ပုံငွေဆိုင်ခန်း များ လက်ရှိကာလတွင် ၀င်ငွေကောင်း သောလုပ်ဆောင်မှုများအဖြစ်ဌာနအများ အပြားတိုးတက်လုပ်ကိုင်လာနေကြဖြစ် ရာ ရနိုင်သမျှဧရိယာကျဉ်းကျဉ်းတွင် စနစ်မကျသောခန်းဖွဲ့မှုများကြောင့် ယခု ကဲ့သို့ကြေကွဲဖွယ်ဖြစ်ရသည်ဟု အများ ပြည်သူကသုံးသပ်ပြောကြားလျက်ရှိသည်။ အခန်းဖွဲ့မှုအခြေအနေအရ ဘေးဝဲယာပြု တင်းပေါက်မရှိသော်လည်း နောက်ခြမ်း နံရံတွင်မူ ပြုတင်းပေါက် (အရေးပေါ် အပေါက်ပဲဖြစ်ဖြစ်) ရှိသင့်ပါသည်။ (အနောက်ဘက်နံရံမှာ ဌာနဆိုင်ရာဝင်း တံတိုင်းအဖြစ်အသုံးပြုထား၍ လုံခြုံမှု အရ ပိတ်ထားရခြင်းဖြစ်သည်။)
လားရှိုးမြို့တွင် (အခြားမည်သည့်မြို့ တွင်မဆို) ၀န်ထမ်းဆိုင်ခန်းများဖြင့် ဌာန ဆိုင်ရာများ ၀င်ငွေကောင်းကြပါသည်။ သိန်းရာချီရှိနိုင်ပါသည်။ ဥပမာ အား/ ကာဆိုင်ခန်း၊ ရဲစခန်းဆိုင်ခန်း၊ ယခုမီး လောင်မှုဖြစ်သော မန်ဆူဘုရားကြီးဆိုင် ခန်းများရှိနေပါသည်။ ၀င်ငွေကောင်းကြ သော ဆိုင်ခန်းများလည်းဖြစ်ပါသည်။ အလားတူမြို့တွင်းလူစည်ကားရာ အကွက်အကွင်းကောင်းရာတွင်ရှိကြသော ဌာနဆိုင်ရာရုံးခန်းများလည်း အများအပြား  ရှိနေပါသည်။
ဌာနဆိုင်ရာဆိုင်ခန်းတိုင်းသည် ရုံး ၀င် ဌာပိုင်မြေနေရာကို ၀ိုင်းပတ်စည်းခြား ထားသော တံတိုင်းနံရံများအဖြစ်တည် ဆောက်ထားကြရသည်ဖြစ်ရာ ယခုကဲ့သို့ မီးလောင်မှုများကလိုအပ်ချက်ကို မီးမောင်း  ထိုးပြသကဲ့သို့ရှိနေပါသည်။ ဥပမာဆိုလျှင်  ရဲစခန်းတိုက်တန်းဆိုပါက ဆိုင်ခန်း အနောက်ခြမ်းနံရံသည် ရဲစခန်း၏စည်းရိုး၊ အုတ်တံတိုင်းဖြစ်၍ ပြတင်းပေါက်ထား ရှိပါက လုံခြုံရေးကိုထိခိုက်မည်သာဖြစ် သည်။ မည်သည့်နည်းနှင့်မျှ ပြတင်းပေါက်   ထားရှိခွင့်ပြုမည်မဟုတ်၊ ခန်းဖွဲ့မှုပုံစံအား နည်းသည်ဟူ၍ တည်ဆောက်မှုအင်ဂျင် နီယာများကို အပြစ်ပုံချမရနိုင်ပါ။ အလုပ် အပ်နှံသူ၏လိုအင်ဆန္ဒအရ တည်ဆောက်  ကြရခြင်းကြောင့်ဖြစ်ပါသည်။
သို့ဆိုလျှင် မည်သို့လုပ်ကြပါမည်နည်း။ မသိကျိုးကျွံနေကြမည်သာဖြစ်သည်။ ၀န် ထမ်းဆိုင်ခန်းမရှိစေရဟူ၍လည်း (ယခင် ကအသံထွက်ခဲ့ဖူးသော်လည်း) ယခု အချိန်တွင် မည်သူမျှပြောကြမည်မဟုတ်၊ အဘယ်ငမိုက်သားသည်ဤကဲ့သို့ပုံမှန်ရွှေ ဥပေးသော ငန်းမကြီးကိုသတ်ကြပါမည် နည်။
သို့ဖြစ်ရာ ဤသို့မီးမောင်းကြီးဖြင့် (၀မ်းနည်းကြေကွဲဖွယ်အနိဌာရုံဖြင့်) ထိုး ပြနေသော သင်ခန်းစာကို မမြင်ယောင် ပြုကာ ““နောင် ဒါမျိုးမဖြစ်အောင်လုပ် ကြ”” ဟူ၍သာ အထက်ပုဂ်္ဂိုလ်များက ညွှန်ကြားကြရန်ရှိကြောင်းပါ။

(လားရှိုးမီဒီယာ)
Hot News
သင်ခန်းစာများယူသင့်သည့် လားရှိုးမြို့က သက်သာဆိုင်ခန်းမီးလောင်မှု သင်ခန်းစာများယူသင့်သည့် လားရှိုးမြို့က သက်သာဆိုင်ခန်းမီးလောင်မှု Reviewed by သစ်ထူးလွင် on 17:21 Rating: 5

14 comments:

Anonymous said...

စိတ်မကောင်းလိုက်တာ
ကောင်းရာသုကတိလားပါစေ..

gugue9 said...

အိပ်ချိန်မှာ မီးစက်ကိုဘာအတွက်အသုံးပြုပြီးဖွင့်ထားရတာပါလိမ့်??

ကိုကိုညို said...

အရင်းစစ်ရင် အမြစ်မြေကလို့ ဆိုသကဲ့သို့  ဒီမီးဘာကြောင့်လောင်သလဲ ဇစ်မြစ်ကို သေသေချာချာ စဉ်းစားကြည့်လျှင်သိနိင်ပါသည် လူလဲသေ တရားလဲဆွဲခံရ တာဝန်ရှိတဲ့သူတွေက ဒါငါတို့ ကြောင့်ဖြစ်တာပါလား တာဝန်မယူ
အလွဲပေါင်းမြောက်များစွာနဲ့  ဒီလိုသေခဲ့ရတဲ့လူပေါင်းများစွာကို ကံကို ဘဲလွဲချပြီး စိတ်မကောင်းဖြစ်ရပါတယ် အော် ဘယ်တော့များမှလူလိုနေရမှာပါလိမ့်

Anonymous said...

မြန်မာပြည်သည် safety အလွန်နည်းသော နိုင်ငံဖြစ်သလို လိုက်နာရမည့် စည်းကမ်း . . နားလည်ရမည့် ဗဟုသုတ များလည်း အလွန်နည်းပါးပါသည် . . အဆိုးဆုံးကတော့ ကိုယ့်စီးပွား အဆင်ပြေဖို့ အတွက် အခုလို ကျဉ်းကျဉ်းကျပ်ကျပ် ဆိုင်ခန်းသေးသေးလေးများဖွဲ့ ကာ ဌားစားတတ်ကြသော ဌာနဆိုင်ရာ ဆိုင်ခန်းများကဲ့သို့  ဆိုင်ခန်းများ၊ ဈေးဆိုင်များမှာ အဆိုးဆုံးဖြစ်သည် . . နောက်နောင် ဆင်ခြင်ဖို့  ယခုကဲ့သို့ သော သတင်းကို လက်ဆင့်ကမ်း၍ ပညာပေးသင့်ပါသည် . .

iMyanmars said...

Solution:
အဆောက် အဦးတွေ ဆောက်တဲ့အခါမှာ Safety Factor က အရေးအကြီးဆုံးပဲ။ ငလျှင် ၊ လေ ၊ ရေ၊ မီး စတဲ့ သဘာဝဘေး အန္တရာယ် တွေကို အဓိက ဦးစားပေးစဉ်းစားရမယ်။ Emergency Exit က အဆောက်အဦး တစ်ခုမှာ မဖြစ်မနေ လိုအပ်တယ်။ စင်္ကာပူက စက်ရုံတွေ နဲ့ ဈေးဆိုင် တွေမှာ Fire Extinguisher မရှိမဖြစ်ထား ရတယ်။ Shopping Mall တွေမှာ အပူချိန် များလာတာနဲ့ အလိုအလျှောက် ရေဖြန်းစနစ် တွေ ရှိတယ်။ အိမ်တိုင်းမှာ အလွန် လျှပ်စစ်စီးမှု Over Current ဖြစ်လာတာနဲ့ ဖြတ်တောက်ပေးတဲ့ Circuit Breaker တွေ ရှိတယ်။ Precaution လို့ ခေါ်တဲ့ မီးမလောင် ခင် ကြိုတင် ပြင်ဆင်မှု တွေ ရှိသလို ၊ မီးလောင် ခဲ့ ရင် လည်း အလွယ်တကူ ငြိမ်းသတ်လို့ လွယ်အောင်၊ ရုန်းထွက်လို့ လွယ်အောင် စနစ်တွေ ရှိတယ်။
မြန်မာပြည်မှာ အဲဒီလို စနစ် တွေကို ငွေကြေး မတတ် နိုင် လို့ မလုပ် နိုင်ဘူးလို့ ပြောပါလိမ့်မယ်။ သိန်း ၅၀၀ လောက်တန်တဲ့ ဆိုင်ခန်း တစ်ခုမှာ သိန်း ၅၀ လောက်ပဲ ကုန်မဲ့ မီးဘေးကာကွယ် ရေး စနစ်တွေ တတ်ထားသင့်ပါတယ်။
မီးအားမြင့်စက် မီးလောင်ရတာက အဲဒီ ဆိုင်ခန်း မှာ ရော မီးအားမြှင့်စက် မှာပါ Circuit Breaker မရှိလို့ ပါ။ အဲဒီ Circuit Breaker ရဲ့ တန်ဖိုးက ငွေသုံးသောင်း ကျော်လောက်ပဲ ရှိပါတယ်။ ဆိုင်ခန်းတွေ နဲ့ နေအိမ်တွေကို Circuit Breaker မတတ် မနေရ အမိန့် ထုတ်လိုက်ရင် ပိုကောင်းမယ်။
အကုန် အကျ နည်းမဲ့ မြန်မာ့ နည်း မြန်မာ့ ဟန် နဲ့ လုပ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။
အဲဒီမှာ ဆိုင်ခန်း ၁၀ ခန်းလောက် ရှိတယ်ဆိုရင် ၅ သိန်းတန် ရေစင်တစ်ခု လောက်ဆောက်လိုက် ၊ အဲဒီ ရေစင်က နေ သံပိုက်တစ်ခုနဲ့ ဆိုင်ခန်း ၁၀ ခုလုံးကို ဖြတ်ပြီး သွယ်လိုက်၊ ဆိုင်ခန်းတစ်ခုချင်းဆီမှာ ရေပေါက်တစ်ပေါက်ဆီ ထားပြီး ပြဒါး ထည့်ထားတဲ့ ဖန်သီး နဲ့ ပိတ်ထားလိုက်။ မီးလောင်မှု ဖြစ်ရင် အဲဒီ ပြဒါးက အပူကြောင့်ပွ ပြီး ပေါက်သွားတာ နဲ့ ရေတွေ အလို အလျှေက် ဖြန်းပါလိမ့်မယ်။ ရေစဉ် ထဲကရေ ထက်ဝက်လောက်ရောက်တာ နဲ့ အရေးပေါ် မီးသံချောင်း တဲ့စနစ်ကို ဖန်တီးထားရပါမယ်။
အသေးစိတ်ကို http://imyanmarpro.blogspot.com , http://www.facebook.com/imyanmars မှာ ဆက်လက် ရေးသားပါမယ်။

win said...

မေ့လျော့ပေါ့ဆမှု့လေလား

akm said...

မြန်မာပြည်က လူနေ တိုက်ခန်း တွေရော အရေးပေါ် လှေခါး
ဆိုဒါ ဘယ်လောက် အတိုင်းအတာ ထိစိတ်ချ ရသလဲ။

tech said...

အမှန်ပြောရရင် ဘာဘဲဆောက်ဆောက်စံချိန်စံညွှန်းသတ်သတ်မှတ်မရှိခြင်းရဲ့ ပြသနာပါဘဲ...BUILDING CODES လည်းမရှိ ငွေရရင်ပြီးရောလုပ်နေကြတဲ့ ပြည်ဖျက်စည်ပင်တွေ ...မီးသတ်ကလည်း ဥပဒေကို ဘယ်လိုလုပ်ရမှန်းမသိ...နိုင်ငံတကာမှာမီးသတ်ဆိုတာ မီးလောင်မှမီးငြိမ်းတဲ့ခေတ်ကုန်သွားပါပြီ...ဘယ်လိုတားဆီးကာကွယ်ရမည်ဆိုတာတွေ...အရာရာပညာပေးတာတွေ...လုပ်နေကြပါပြီ...သေနတ်တောင်ကောင်းမပစ်တတ်တဲ့ဗမက တွေ DG/MD တက်လုပ်တော့တိုင်းပြည်ကြီးစောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါပြီ...ရင်လေးတယ်...အတတ်ပညာရှင်အသိပညာရှင်တွေကိုလည်းနေရာမပေး...တော်တော်တော့ဂွကျတယ်ဆိုတာဒါမျိုးပေါ့ဗျာ....

kaungkin said...

မြန်မာနိုင်ငံမှာ မီးလောင်မှုတွေဒီလောက်ဖြစ်နေတာ ဘာကြောင့်များကြိုတင်
ကာကွယ်မှုစနစ်တွေမလုပ်ကြလဲမသိဘူး။ လျှပ်စစ်ကြောင့်ပဲ ဖြစ်ဖြစ်နေကြတော့ လျှပ်စစ်ဌာနမှာလဲ တာဝန်ရှိတာပေါ်နေပြီ။ မီးသတ်ကလည်း မီးလောင်မှငြိမ်းသတ်ရုံမကပဲ မီးလောင်မှုတွေကို သေသေချာချာသုတေသနလုပ်၊ အဖွဲ့ဖွဲ့ပြီး ဘယ်လိုကြိုတင်ကာကွယ်ကြရမယ်ဆိုပြီး အဖြေရှာဆောင်ရွက်မယ်ဆိုရင် ပြည်သူတွေ အသက်အိုးအိမ်ဆုံးရှုံးမှုတွေ လျော့နည်းသွားမယ်။

Bryanbwa said...

မီးအား မြင့်စက် က ညပိုင်း (7း00pm - 11:00pm) လူသုံး များတဲ့အချိန်မှာတင်ထားရပါတယ် ။ ထင်ရ တာ တော့ အိပ်တဲ့အချိန်မှာ ပြန်ချဖို့  မေ့သွားတယ် ထင်ပါတယ်။
ဝမ်းနည်းစရာပါ။ ဟိုဖက်ကမ်းလို မီးအားမြင့်စက် မလိုပဲ အန္တရယ် ကင်းကင်း မြန်မာပြည်သူတွေ အမြန်သုံး နိုင် ကြပါစေ။

Sate Phwar said...

မီးစက်မဟုတ်ပါ။
ပြည်သူပြည်သားများနှင့် မစိမ်းသော မီးအားမြှင့်စက်ပါ။
မေးချင်တဲ့မေးခွန်းကတော့ လျှပ်စစ်မီးတွေ ပိုလျှံနေလို့
နိုင်ငံခြားကိုတောင်ရောင်းနေရပါတယ်ဆိုတဲ့ တိုင်းပြည်မှာ
မီးစက်၊ မီးအားမြှင့်စက်တွေကို ဘာလို့သုံးနေကြပါလိမ့်။
ဇော်မင်း ဖြေပေးပါ။ မဆီမဆိုင် အောင်မင်းကော ဖြေချင်သေးလား။

Unknown said...

ဘယ်သူ့ကို မှ အပြစ်မတင်နဲ့ .. မြန်မာပြည်ဆင်းရဲလွန်းလို့ဖြစ်ရတာပါ....... စိတ်မကောင်းစရာပဲဟာ .

HtetNWin said...

ဆိုင်ခန်းကို လူနေခွင့်ပေးထားတာ မသင့်တော်ပါဘူး...ကောင်းရာသုဂတိလားပါစေဗျာ။

Super User said...

ဟိုဘက်ကမ်းက မီးထိန်ထိန် ယိုးဒယားနေတဲ့အိမ်...
ဒီဘက်ကမ်းက မီးမိန်မိန် ကျွန်တော်တို့နေတဲ့အိမ်... ဖြစ်နေတာပေါ့ဗျာ။
မီးမိန်တော့ မီးမြှင့်စက်လိုလာပြီပေါ့။
မီးမြှင့်စက်လိုနေတော့ မဖြစ်သင့်တာတွေဖြစ်ကုန်တာပေါ့။
တကယ်ဝမ်းနည်းစရာပါဗျာ။

Powered by Blogger.