ရွေးကောက်ပွဲပြီးနောက် တနိုင်ငံလုံး လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေ

လတ်တလော လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေတာဟာ ရန်ကုန်တင်မက
အခြားမြို့ကြီးတွေနဲ့ တစ်နိုင်ငံလုံးမှာ ပျက်နေတာဖြစ်ကြောင်း
စုံစမ်းသိရပါတယ်။ မန္တလေးမြို့မှာဆိုရင် ပြည်သူတွေ မီးမရလို့ မီးစက်၊
အင်ဗာတာ၊ ဖယောင်းတိုင် အသုံးပြုနေရသလို ဆေးရုံလို သတင်းစာတိုက်လို
နေရာတွေကလည်း မီးပျက်နေလို့ အခက်တွေ့ နေကြကြောင်း ပြောပြပါတယ်။ 
လာမယ်လို့ပြောထားတဲ့အချိန်တွေမှာလည်း ၁၅ မိနစ်တစ်ကြိမ်လောက် ပျက်နေတယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မှာဆိုရင်လည်း လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေတဲ့အပြင် မီးလာတဲ့အချိန်မှာလည်း မီးအားအနည်းငယ်ပဲ ရှိလို့ အလင်းရောင်တောင် လုံလောက်အောင်မရဘူးလို့ သိရပါတယ်။ 
အဆိုပါ မြို့ကြီးတွေဟာ ၂၀၁၀ နှစ်လည်ကစ ၂၀၁၁ တစ်နှစ်လုံး လျှပ်စစ်မီး မှန်မှန်ရပြီး အခုမှ ဆိုးဆိုးရွားရွား ပျက်တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း လျှပ်စစ်ပေးရေးရုံးကတော့ ဂက်စ် မရလို့ ဂက်စ်တာဘိုင်တွေ မလည်နိုင်တာကြောင့် ခုလို လျှပ်စစ်မီး မရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
DVB
ရွေးကောက်ပွဲပြီးနောက် တနိုင်ငံလုံး လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေ ရွေးကောက်ပွဲပြီးနောက် တနိုင်ငံလုံး လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေ Reviewed by သစ်ထူးလွင် on 14:36 Rating: 5

9 comments:

genius said...

2010 ရွေးကောက်ပွဲ မဲခိုး တုန်းက တနှစ်လုံး မီးမပျက်ပါ၊ 2012 ရွေးကောက်ပွဲ မဲခိုးမရတော.---... မီးပျက်ပြီပေါ.။

su said...

မင်းတို့ မဟုတ်မမှန် လုပ်ကြံသတင်းတွေ မပြောကြနဲ့နော်။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ကိုယ်တိုင် ပြောထားပြီးသား။ မြန်မာပြည်မှာ လျှပ်စစ်တွေ ပိုနေလို့ နိုင်ငံခြားတောင် ရောင်းရမယ်ဆိုတာလေ။ ဟာ ဟ။

icecoolcandy@gmail.com said...

ရူံးမဲ မဲတယ်ဆိုတာဒါမျိုးကိုပြောတာနေမယ်...
နွားရူးတွေလိုဘဲ... ပြည်သူတွေကိုဘယ်လိုခွေ့ရမလဲ ချောင်းနေတယ်...
မနှစ်က သူတို့နိုင်တော့ လျှပ်စစ်မီးတွေထိန်ထိန်လင်းနေတာဘဲ...
ဒီနှစ် စုတ်ပျက်သက်အောင် ရူံးတော့ မီးဖြတ်တယ်...

မင်းတို့ယောင်္ကျားတွေမှ ဟုတ်ရဲ့လားကွာ... မင်းတိုတွေအစား ငါတို့ပြည်သူတွေတော့ ရှတ်တယ်....

shweminthar said...

အများကြီးမကြည့်ပါနဲ့။နဲနဲလေးပါ။နဲနဲလေးငဲ့ကြည့်ပါ လူထုကို။မင်းတို့ပေးထားတဲ့နေရာတွေက ..လုတွေထက်ပိုပြီးအရေးကြီးတယ်ပေါ့။အဲဒီလိုလိုရင် မင်းတို့တတွေလဲ လူတွေနဲ့ထပ်တူ ..မီးမှောင်ထဲမှာနေပါလား။ခွင်ံရေးမယူနဲ့လေ။
မလုပ်နိုင်ရင် ထွက်လိုက်ပါ။သိက္ခာရှိပါတယ်။တတ်သလိုနပ်သလိုနဲ့ ရူးချင်ယောင်ဆောင်ပြီး ကိုကျိုးတော့မရှာကြပါနဲပကွာ။လူထုမေတ္တာကို ခံယူပါ။

mad dog said...

ဒီနေ့ အမေစု တို့ အနိုင်၇ နောက်နေ့မီးအလှည်ကနဲ့ပေး.... ဒါအကြံကုန်ပဲလား ဟေ့..... မပူနဲ့ဟေ့ မင်းတို့ဘယ်လောက်ပဲ လုပ်လုပ် ငါတို့က ကျင့်သား၇ပြီးသားဟေ့ ၂၀၁၅ ကျ၇င်လည်း NLD မှ NLD အမေစု မှ အမေစု ပဲဟေ့.။။

Mplus said...

ဦးဇော်မင်းးးးးးးးးးးးခင်ဗျား ဆေးရုံတက်လို့ခွဲစိတ်နေချိန်မှာ မီးမပျက်ပါစေနဲ့လို့ဆုတောင်းပေးနေပါတယ်.....

ပုဂံစစ်သည် said...

ပြည်သူတွေက ကြံ့ဖွတ်မဲမပေးတော့၊ ကြံ့ဖွတ်က မဲ ပေးပြီပေါ့။ ရှေ့လျှောက်သတိသာ ထားနေတော့ဗျို့။

ဖိုးသား said...

ဒီလို စိတ်ယုတ် စိတ်ပုတ်တွေကို မကြိုက်လို့မဲမပေးတာ အဲဒီ စိတ်ယုတ် စိတ်ပုတ်တွေကို မပြင်ပဲနဲ့နောက်ထပ်ရွေးကောက်ပွဲဝင်ပြိုင်ဘို့မစဉ်းစားနဲ့ ပိုလို့တောင်ရှုံးလိမ့်အုံးမယ် ..........

Aung Soe Oo said...

မြန်မာပြည်မှာဂက်(စ်)မရှိတော့ဘူးလားနိုင်ငံခြားကိုရောင်းစားတာများသွားလို့လားစွမ်းအင်ဝန်ကြီးရယ် ခင်ဗျားတို့ပြောတော့တိုင်းပြည်အတွက်ပိုလျှံနေလို့ရောင်းတာပါဆို ခင်ဗျားတို့အိပ်ထဲထည့်ဖို့ရောင်းတာမဟုတ်လား

Powered by Blogger.