သမ္မတ
ဦးသိန်းစိန်ဟာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးနေရာ အပြောင်းအလဲ လုပ်ဖို့
စဉ်းစားနေတယ်လို့ မြန်မာအစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး
Financial Times သတင်းစာက ဖော်ပြလိုက်ပါတယ်။
အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေါ့ သွားရေး အတွက် ရည်ရွယ်ပြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေထဲက
သဘောထား တင်းမာသူလို့ ယူဆရသူတွေကိုဝန်ကြီးနေရာ ပြောင်းရွှေ့တာ၊
လုပ်ပိုင်ခွင့်တွေ လျှော့ချပစ်တာတွေ စီစဉ်ဖို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ စဉ်းစားနေတာလို့ ဆိုထားပါတယ်။
တချိန်တည်းမှာ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်တာမျိုး မဟုတ်ဘဲ ရပ်ဆိုင်းထားမယ်
ဆိုတဲ့ တုန့်ပြန်ချက်ဟာ သဘောထား တင်းမာသူတွေကို အားကြီးစေပြီး
မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ထိခိုက် စေနိုင်တယ်လို့လည်း အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး ရေးသားထားပါတယ်။
အစိုးရအဖွဲ့ထဲမှာ သဘောထား တင်းမာသူတွေ အဖြစ် သတ်မှတ် ခံထားရသူတွေကတော့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးအောင်သောင်း၊ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့ ဖြစ်တယ်လို့ ပြောထားပါတယ်။
အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေါ့ သွားရေး အတွက် ရည်ရွယ်ပြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေထဲက
သဘောထား တင်းမာသူလို့ ယူဆရသူတွေကိုဝန်ကြီးနေရာ ပြောင်းရွှေ့တာ၊
လုပ်ပိုင်ခွင့်တွေ လျှော့ချပစ်တာတွေ စီစဉ်ဖို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ စဉ်းစားနေတာလို့ ဆိုထားပါတယ်။
တချိန်တည်းမှာ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်တာမျိုး မဟုတ်ဘဲ ရပ်ဆိုင်းထားမယ်
ဆိုတဲ့ တုန့်ပြန်ချက်ဟာ သဘောထား တင်းမာသူတွေကို အားကြီးစေပြီး
မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ထိခိုက် စေနိုင်တယ်လို့လည်း အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး ရေးသားထားပါတယ်။
အစိုးရအဖွဲ့ထဲမှာ သဘောထား တင်းမာသူတွေ အဖြစ် သတ်မှတ် ခံထားရသူတွေကတော့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးအောင်သောင်း၊ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့ ဖြစ်တယ်လို့ ပြောထားပါတယ်။
RFA
သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးနေရာ အပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေ
Reviewed by သစ်ထူးလွင်
on
04:29
Rating:
38 comments:
အင်တိုက်အားတိုက်နဲ့လုပ်ဆောင်နေတဲ့သမ္မတရဲ့ဆောင်ရွက်ချက်တွေကိုအစဉ်တစိုက်အားပေးသွားပါမယ်ညီအကိုအားလုံးလဲလက်တွဲသွားကြပါမည်
ဦးသိန်စိန်း နဲ့ အမေစုတို့ပေါင်းလိုက်ရင်မဝေးတော့တဲ့ နောက်ထပ်ငါးနှစ်မှာတိုးတက်မှူ့တွေတသီတတန်းကြီးပဲမြင်နေရမှာပါ
မြန်မြန်ပြုတ်ပါစေဗျာ
လူမှန်နေရာမှန်လုပ်ကြပါ၊ ဦးကျော်ဆန်းကဘယ်လောက်တော်လို့ 
ဝန်ကြီးနှစ်နေရာပေးထားရတာလည်း
ဦးတင့် စန်း (ACE)ကျန်နေအုံးမယ်နော် ဗိုလ်ချုပ်မှုးကြီးလူဆို တော့ 
သူလည်းဝန်ကြီးနှစ်ခုနော် ဗိုလ်ချုပ်ဋ္ဌေးဦး ကကြံဖွတ်ရဲ့ ပိုင်ဆိုင်မှု့ တွေဟာ
ပါတီဝင်တွေ ရဲ့ အသင်းဝင်ကြေးငွေတွေနဲ့ တည်ဆောက်ထားတာပါတဲ့ 
2012 ကတော့ ကြံဖွတ်ရဲ့ ၄၅နေရာအမှန်တကယ်အသင်းဝင်စရင်းအမှန်ပေါ်
လာပြီနော်ကြံဖွတ်ကိုမဲပေးတဲ့ အရေအတွက်
ကကြံဖွတ်ရဲ့ ဝင်ငွေပေါ့ ဘယ်လောက်ရှိပါ့ ၊ တနိုင်ငံလုံးရဲ့ အချက်ချာကြတဲ့ နေရာတွေမှာ
ကြံဖွတ်အဆောက်အဦးရှိတယ်နော် တခုခုတော့ အများကြီးမှားနေပြီ
မြန်မြန် အပြောင်းအလဲလုပ်လိုက်ရင် ကောင်းပါတယ်..
သမ္မတကြီး တွယ်တာတွယ် အားပေးနေပါတယ် ။ လွှတ်တော်ထဲမှာ လိုအပ်ရင် မဲပေးပြီး အစွမ်းအစ ရှိတဲ့သူတွေကို လွှတ်တော်ထဲ ပို့ပေးမယ် ။
အန္တရာယ် ကင်းပါစေဗျာ။
၁) ဝန်ကြီးနှင့် ဒုဝန်ကြီးများ၏ ဆောင်ရွက်ရမည့် Key Performance indicator (KPI) အသိပေးပြီး ရအောင်လုပ်ဘို့ Pressure ပေးသင့်ပါသည်။ ရလာဒ်အလွန်ညံဖျင်းသည့် ဝန်ကြီးနှင့် ဒုဝန်ကြီးတွေ ကို ဆက်ထားရန်မသင့်ပါ။
၂) ကိုယ်ဌာနအကြောင်း ဘာမျှမသိ၊ လူသိရှင်ကြား မမှန်သည့်သတင်းအချက်အလက်များကို ပြောသည့် ဝန်ကြီးနှင့် ဒုဝန်ကြီးများ ကို အရေးယူသင့်ပါသည်။
၃) ဝန်ကြီးနှင့် ဒုဝန်ကြီး စသည့် ရာထူးများသည် အာဒိန္နဒါကံများ အစွမ်းကုန်ကျုးလွန်သည့် နေရာမဖြစ်သင့်ပါ။
၎) ဝန်ကြီးနှင့် ဒုဝန်ကြီးများသည် မိမိနှင့် အသက်ဆိုင်သည့် အခြားဝန်ကြီးဌာနအကြောင်း တရားဝင်ပြောဆိုနေသည်ကိုတွေရပါသည်။ မဖြစ်သင့်ပါ။
၅) ရှေးယခင်က လုပ်နေကြများဖြစ်သည့် လိမ်စား၊ ဖုံးထား၊ ပေါင်းစား၊ စသည့် ခွင်များ သိနေသည့် ဝန်ကြီးများ ကိုသမ္မတကြီးသိပါသည်။ သွေးသစ်လောင်းချိန်ရောက်နေပါပြီ။
You are the HERO of New Myanmar.
ဒီချိန်မှာနားလည်ဖို့သင့်ပြီနော်..
တခုလိုချင်..တခုပေးရမှာပဲ
သင်ကောင်းလျှင်..ကျွနုပ်လိုရောမည်ပေါ့.....
ဘာတွေလုပ်သင့်တယ်ဆိုတာ..သဘောပေါက်ကြပါ
တင်းမာနေရင်တော့....တရုတ်အကြိုက်ပေါ့...
လုပ်သင့် လုပ်ထိုက်တာ ကို လုပ်မှ လိုခြင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ပါ။ အောင်မြင်ပါစေ ။
လေးစားပါတယ် သမ္မတကြီး။
စဉ်းစားနေရသေးလားဗျာ
ရှစ်လုံး၊အောင်သောင်း၊ကျော်ဆန်း၊တင့်ဆန်း၊ဌေးဦး၊ဇော်မင်း
ဒီကောင်(ဒီလိုဘဲသုံးနှုံးပါရစေ) တွေကသဘောထားတင်းမာသူ
တွေ ဟုတ်ဟုတ်မဟုတ်ဟုတ် ပြည်သူတစ်ရပ်လုံးက အကြည်ညို
ပျက်နေတဲ့လူတွေပါ။ဒီလိုကောင်တွေအစိုးရအဖွဲ့ဝင်ထဲရှိနေမှတော့
အစိုးရအဖွဲ့တစ်ခုလုံးကို အကြည်ညိုပျက်နေမှာပါဘဲ။တိုင်းပြည်
ဘဏ္ဏာတွေလည်းတနင့်တပိုး ခိုးထားကြပီးပီလေဗျာ အနားပေး
လိုက်တယ်ဆိုတာလောက်လေးနဲ့ သူတို့နစ်နာမသွားပါဘူး။
နှစ်သစ်မှာသမ္မတကြီးကိုယ်စိတ်နှစ်ပါးရွှင်လန်းကျန်းမာပြီးတိုင်းကျိုးပြည်ကျိုးသာသနာအကျိုးများကို၇ည်မျှော်ရွေ့ လူထု၏အင်အားစုတ၇ပ်ဖြစ်သောဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ နှင့် လက်တွဲကာနိုင်ငံအကျိုးဆောင်ရွက်နိုင်ပါစေ။ယခုဝန်ကြီးအဖွဲ့ တွင်ပါဝင်သည့် ခေါင်းမာဂိုဏ်းသားများကိုဖယ်ရှားရွေ့ အပြုသဘောဆောင်သည့် ပညာရှင်များဖြင့် ပြောင်းလဲပြင်ဆင်ဖွဲ့ စည်းခြင်းသည်အကောင်းဆုံးပြုပြင်ပြောင်းလဲေ၇းမို့ %ပြည့် ထောက်ခံကြိုဆိုပါ၏။
လုပ်သာလုပ် သမ္မတကြီးဘက်ကပြည်သူတွေရှိတယ်ဆိုတာ အပေါ်ကကွန်မင့်
တွေဖတ်လိုက်တာနဲ့ သိပါတယ် နောက်တောင်ကျနေပြီ သမ္မတကြီးရေ
ပြည်သူ့မျက်နှာကိုပဲကြည့်ပါ ။သူများတိုင်းပြည်တွေ တိုးတက်နေတာ မြင်နေ
ကြားနေရတော့ ကိုယ့်နိုင်ငံလည်းတိုးတက်ချင်တယ်ဗျာ ။
သမ္မတကြီးသာ ဒီလူတွေကို ပြတ်ပြတ်သားသားနဲ့ တစ်ကယ်ဖြုတ်ပေးမယ်ဆိုရင်နောက်လာမဲ့ သမ္မတသက်တမ်းကိုလဲ သမ္မတကြီးကိုပဲ ဆက်လက် ထောက်ခံ အားပေးသွားပါမယ် . . သမ္မတကြီး အနေနဲ့  ဒီစံနှုန်းနဲ့ သာတစ်ကယ်လုပ်မယ် . . ပြည်သူ့ အသံကို နားထောင်မယ် . . ပြည်သူမကြိုက်တာကို ချက်ချင်းကိုင်တွယ်ဖြေရှင်းပေးနိုင်မယ်ဆိုရင် . . အန်တီစုတို့ ဘက်ကလဲ သမ္မတကြီးနဲ့ အတူလက်တွဲပြီး အတူရှေ့ ဆက်နိုင်မယ်လို့ ယုံကြည်ပါတယ် . .
ပြောင်းသင့်တယ်။လုံးဝလုံးဝထောက်ခံတယ်။
အမှိုက်တွေ ရှင်းတော့မယ်ပေါ့ ကောင်းလိုက်တာဗျာ
စဉ်စားမနေပါနဲ. သမ္မတ ကြီး၊ အဲဒီ5ယောက်ကို ဖြုတ် ၊ပိုင်ဆိုင်မှုတွေကို
ပြည်သူပိုင်သိမ်း။ဒါဆိုရင် ပြည်.သူ.သမ္မတ ဖြစ်ပြီ။
သမ္မတကြီးခင်ဗျာ အများပြည်သူအတွက် ကောင်းကျိုးတွေဆောင်ရွက်နေတာကို တွေ့ရလို့သမ္မတကြီးကို အထူးဘဲ ကျေးဇူးတင်မိပါတယ်။ အခုလိုကိစ္စမှာလည်း အမှန်တ၇ားနဲ့ပတ်သတ်၇င် လုပ်ဖော်ကိုင်ဖက်ကလုပ်ဖော်ကိုင်ဘက်ဘဲလေ အမှန်တ၇ားက အမှန်တ၇ားပါဘဲ။ လုပ်သင့်တာကိုလုပ်၇မှာဘဲ တ၇ားမှာဘက်တော်သားမရှိပါဘူး။ သမ္မတကြီးခင်ဗျာ
မြန်မြန်ပြောင်းပြစ်ပါသမတခင်ဗျား
မဟုတ်ရင်တော့.သူခိုများအုပ်ချုပ်သောတိုင်းပြည်ကို
Burma ဟုခေါ်သည်ကနေပြောင်းမှာမဟုတ်တော့ဘူး.
စဉ်းစားမနေပါနဲ့၊ လုပ်ပိုင်ခွင့်လျော့တာ၊ နေရာပြောင်းတာတွေလုပ်မနေဘဲ၊ နားလိုက်ပါတော့၊ သက်တော်ရှည်ဝန်ကြီးတွေလုပ်မနေကြပါနဲ့တော့။
မြန်မာနိုင်ငံဒီမိုကရေစိထွန်းကားမဲ့ အပြောင်းအလဲမှန်သမျှ ထိခိုက်မည့် အနှောင့်အယှက်မှန်သမျှ
အမြစ်ပြတ်ဖြတ်ပြစ်ပါသမ္မတကြီး။
သောက်ကျင့်မကောင်းဘဲ ဖင်ခေါင်းကျယ်နေတဲ့ ၀န်ကြီးတွေ အကုန်ဖြုတ်ပစ်ပါ။ သမ္မတကြီးရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံပါတယ်။
ဒီလိုသာ တကယ်လုပ်မယ်ဆိုရင်တော့ အမေစုပြီး ရင် သမ္မတ ကြီးကို ဒုတိယ နေရာမှ လေးလေးစားစား ကိုချစ်သွားပြီ.. ပထမတော့အမေစုပေါ့.. တကယ်တော့ နေရာပြောင်းရမှာမဟုတ်ဘူး သူတို့ လုပ်ထားတဲ့ အမှုတွေကို စစ်ဆေးရမှာပါ.. ဘယ်လိုဘဲဖြစ်ဖြစ် ဒီလောက် အခြေနေဖြစ်လာတာလဲ .. ကျေးဇူးတ၀က်တင်ပါတယ်။။။
ဲဖြုတ်ပလိုက်အေးတာပဲ။ နိုင်ငံတော်အစိုးရအဖွဲ့သန့်သွားတာပေါ့ကွာ။လေးစားပါတယ် သမ္မတကြီး။
တကယ်ကျူးလွန်နေတာက ၀န်ကြီး၊ ဒု-၀န်ကြီး ဆိုတာထက် အောက်က MD. DG ဆိုတာတွေနော်
ဒီအထဲမှာ ဦးကျော်ဆန်းက ပိုဆိုးတယ် ဘာမှလဲမသိပဲနဲ့ ပြန်ကြားရေးဝန်ကြီးလုပ်နေတာ သူကို ဦးစားပေးနေရာမှာထားသင့်တယ်
တခါက သတင်းစာ ရှင်းလင်းပွဲမှာ အငယ်တန်းသတင်းထောက်က မေးတာကို ပြန်မဖြေနိုင်ပဲနဲ့ လူကြီးတန်မဲ့ ငိုသွားသေးတယ် ပညာရေးဝန်ကြီးကိုလဲ စဉ်းစားသင့်တဲ့အထဲမှာပါတယ်
သူလဲဘာတွေလုပ်နေလဲမသိဘူး တက္ကသိုလ် တွေမှာ လက်တွေ့ ပစည်း တွေမဆုံးတာကို ဘာမှ မလုပ်နိုင်ဘူး
ပြီးတော့ ပါရဂူကျမ်းပြု တဲ့ ဆရာ/ဆရာမတွေကိုလဲ ကျမ်းပြုတဲ့ တက္ကသိုလ်တွေမှာ မထားပဲနဲ့ နယ်တက္ကသိုလ်တွက နေပြီး လာလုပ်ခိုင်းတော့ ကျမ်းပြုတဲ့ ဆရာ/မတွေ က ပါရဂူကျမ်းကို သေသေချာချာမလုပ်ရပဲနဲ့ တလကို တစ်ခေါက် နှစ်ခေါက်လောက်သာ ရန်ကုန်တက္ကသိုလ်မှာလာပြီး ကျမ်းအတွက်လုပ် စာတမ်းဖတ်နေရတော့ ဘယ်မှာလာပြီး အလုပ်ဖြစ်တော့မှာလဲ နိုင်ငံခြားမှာ ဆို ကိုယ်ကျမ်းပြုတဲ့ တက္ကသိုလ်မှာ ပြီးတဲ့အထိနေပြီး ကျမ်းပြုရတာ ဒါကို ဘာမှ မစဉ်းစာပဲနေနေတယ် သူ့ကို လဲ ချန်မထားသင့်ဘူး။
လိုအပ်များကို "မှာစားပြီး" ...
ကျန်ရှိသည်များကို "ထုပ်သွား".. သည့် ခေတ်ကုန်ခဲ့ပါပြီ။
အလုပ်လုပ်နိုင်သည့် လုပ်တတ်သည့်၊ မခိုးစားမည့်၊ မခိုးစားတတ်သေးသည့် လူငယ်တွေ များစွာ ရှိပါသည်။
လုပ်သာလုပ်ပါ
ထိုလမ်းသာလျှင် မှန်ပါပေသည်။ သမတကြီး ကျန်းမာပါစေ။
သန့်ရှင်းသော အစိုးရဖြစ်ဖို့ အဲဒီငါးယောက်ကို အဦးဆုံး ရှင်းပစ်သင့်ပါတယ်။
သန့်ရှင်းသော အစိုးရဖြစ်ဖို့ အဲဒီငါးယောက်ကို အဦးဆုံး ရှင်းပစ်သင့်ပါတယ်။
ဒါမှဝန်ကြီးတွေကိုချုပ်ကိုင်နိုင်တဲ.၀န်ကြီးချုပ်အစစ်ဖြစ်တော.မှာ။ ဒါမှမဟုတ်၇င်တော.အထက်ကပြောတော.တမျိုးအောက်ကကောင်တွေကကလန်ကဆန်နဲ.။
အကုန်ချိန်း...
အမေစုကိုထောက်ခံပြီးပြည်သူ့အကျိုးမျော်ကိုးသူလောက်သာ
ထားပေးပါ။
ကျန်တာဖြုတ်ပစ်
နိုင်ငံတော်သမ္မတတစ်ဦးပင်ဖြစ်သော်လည်း၊ လုပ်ပိုင်ခွင့်အတိုင်းအတာများရှိနိုင်ပါသည်။ နှောင်ကြိုးများလည်းမည်သည့်အတိုင်းအတာအထိရှိနေမည်ကိုမည်သူမှမသိပါ။ သူလုပ်ပေးနိုင်သည့်အတိုင်းအတာတစ်ခုအထိသတ္တိရှိရှိလုပ်ဆောင်ပေးလျှက် ရှိသော ရဲရဲတောက် တစ်ဦးဖြစ်ပါသည်။ We need to make demands within means, Rome was not built in a day, although we are all aware that the governments have wasted over 50 years to reach this stage of which they could have done it 20 years ago. Imagine - if we were given such freedoms last 20 years, where will we be today!!
သမ္မတကြီးကိုအားလည်းကိုးတယ်ဗျာလေးလဲလေးစားတယ်ကောင်းတယ်ထင်ရင်နောက်မဆုတ်ဘဲတွယ်တာတွယ်
ကျွန်တော်တို့ နေပြည်တော်စည်ပင် က မြို့တော်ဝန်ကြီးဦးသိန်းညွန့် ရော မပြောင်းပေးတော့ဘူးလား သမ္မတကြီးခင်ဗျား။သူက ပြည်သူ အပေါ်ရော ၀န်ထမ်းတွေအပေါ်ရော မကောင်းလို့ပါဗျာ..
ဝန်ကြီးနေရာသန်.ရှင်းရေးလုပ်တာပေါ.နော် ကောင်းတယ် ထောက်ခံတယ်ဂ(ကရင်လေး)
ကာလုံက သူတို့ကိုမဖြုတ်ဘဲ သမတကြီးကို အရင်ဖြုတ်ပစ်အုန်းမယ်၊ သတိလဲထားပါအုန်းသမတကြီးရယ်။ ကာလုံက အာဏာအရှိဆုံးပဲမဟုတ်လား၊
မှန်သော လုပ်ရပ် ပါခင်ဗျား။ သို့သော် သမ္မတကြီး သတိထား
ကိုင်တွယ်ရပါမည်။ သူတို့ မှ သမ္မတကြီးကို ရှင်းပစ်နိုင်ပါသည်။
မိမိမှ လက်ဦးမှု ရယူပါခင်ဗျား။
ခေတ်မီတိုးတက်သောနိုင်ငံတော်သစ်ဆီသို့ ခြေလှမ်းသစ်တွေပါ....
Post a Comment