ဧပြီလ ၈ ရက်နေ့  ၂၀၁၂
ကိုသစ်ထူးလွင်ရှင့်... သမီးလေး မအေးယုအောင် နဲ့ပက်သက်တဲ့
နောက်ဆုံးရသတင်းကတော့ စိတ်တိုဒေါသထွက်စရာ
တော်တော်ကောင်းပါတယ်...မအေးယုေ အာင်ရဲ့ မိခင် ဒေါ်ကြူ ပဲခူးမြို့မှာ
ဒုတိယတရားသူကြီး ဦးအောင်ဖုန်းဝင်းနဲ့ ဒေါ်ဖြူဝင်းသက်တို့နဲ့
သွားရောက်တွေ့ဆုံပြီးနေရပ် ကျောက်ကြီးမြို့သို့
ပြန်လည်ရောက်ရှိလာပါပြီ..ဒေါ်ကြူ
ကို ဦးအောင်ဖုန်းဝင်းက ငွေကျပ် သုံးသိန်း
ပေးပြီး ကလေးမလေး အတွက် လှူဒါန်းငွေလို့ပြောပါတယ်...နော က်
ကလေးမလေးနဲ့လည်း ပေးတွေ့ပါတယ်...ထူးဆန်းတာတစ်ခုက ကလေးမလေး ကိုယ်တိုင်က
ပြန်မလိုက်ပါဘူးဟု အတန်တန်ငြင်းဆိုပါတယ်တဲ့....အဲ ဒါကြောင့်
ဦးအောင်ဖုန်းဝင်းက ကလေးမလေးကို ဧပရယ်လကုန် (၃၀.၄.၂၀၁၂)မှာ
မိခင်ဒေါ်ကြူထံသို့ပြန်လည် ပို့ပေးပါမည်ဟု
ထပ်မံပြောကြားလိုက်ပါတယ်...နော က် ကလေးမလေးကို လည်း ဘုရားဖူး ခရီး
ပို့ပေးချင်လို့ပါဟုလည်း ပြောလိုက်ပါတယ်...ဒုတိယတရားသြူ ကီး လင်မယား ဟာ
သူတို့ကိုယ် သူတို့တော့ တော်တော်လေး save side ယူထားပုံပါပဲ..အခုဖြစ်ရပ်က
သူတို့ကြောင့် မဟုတ်ဘူးဆိုတာကို အတန်တန်ငြင်းတယ်... နောက် ဒီကလေးမလေးက
ဒီလိုမျိုး ဖြစ်ရပ်တွေလည်း ခဏခဏ ဖြစ်ဖူးတယ်လို့လည်း ပြောပါတယ်...နောက်
တရားသူကြီးအိမ်ကို ဖုန်းဆက်တာ ဘာကြောင့်မကိုင်တာပါလည်းလို့ မေးတဲ့
အခါမှာတော့ အဲဒီ အိမ်ဖုန်းဟာ သူ့ဖခင်ကို ပေးထားတယ်...နောက်ဖုန်းလာတဲ့ အခါ
ကျောက်ကြီးမြို့မှ ဆက်တဲ့ ဖုန်းဆို ပိုက်ဆံတောင်းမှာ စိုးရိမ်လို့
မကိုင်တာပါလို့လည်း ပြောပါတယ်...ဒါဆိုရင် တခြားမြို့ တွေက ခေါ်တဲ့
ဖုန်းကျတော့ ဘာလို့မကိုင်တာလည်း လို့ မေးတဲ့ အခါ တိတိကျကျ ရေရေရာရာ
မဖြေခဲ့ဘူးလို့လည်း သတင်းရထားပါတယ်...နောက်တစ်ခုက မအေးယုအောင် ရဲ့ ဖခင်ဟာ
ကွယ်လွန်သူ မဟုတ်ပါဘူး လင်မယားကွဲနေတာပါတဲ့...မအေးယုေ အာင်ရဲ့
ဖခင်ဖြစ်သူဟာ သူတို့ဆီမှာ ပိုက်ဆံများ လာလာယူတတ်ကြောင်းကို ပြောတာကိုလည်း
သတင်းရခဲ့ပါတယ်...နောက် ဦးအောင်ဖုန်းဝင်း ဟာ တောင်တွင်းကြီးကို
ပြောင်းရွေ့တာဝန်ထမ်းဆောင်ရမည် ကိုလည်း သတင်း ထပ်မံရရှိပါတယ်...့
မိခင်ဒေါ်ကြူဟာ လှူငွေလို့ ပေးလိုက်တဲ့ ကျပ်ငွေ သုံးသိန်းကို ယခုအခါ
သူမလုံးဝ မလိုချင်ပါဘူး ကျေလည်း မကျေနပ်ပါဘူးဟု ပြောဆိုနေသံကိုလည်း
ကြားရပါတယ်...ကဲ မိတ်ဆွေတို့ ဒီဖြစ်စဉ်မှာ မိခင်ဒေါ်ကြူဟာ အလှူငွေကျပ်
သုံးသိန်းကို လက်ခံခဲ့မိတာ မှားလား (သို့) ငွေများ တရားနိုင်ဆိုတဲ့
စကားပုံနဲ့ပဲ အဆုံးသတ်မလား (သို့) တရားဥပဒေ စိုးမိုးတာဟာ ဒီလို
မအေးယုအောင်တို့လို လူတန်းစားအတွက် မပါဘူးလား ...ကျမတို့ ဘယ်လို
သုံးသပ်ပြီး ဘယ်လို ဆုံးဖြတ်ရမလဲ ဆိုတာကိုဖြင့် ကမ္ဘာ အရပ်ရပ်မှာ ရှိတဲ့
ကျမထက် တော်သော အတွေ့ကြုံ ရှိသော အားလုံးအားလုံးသော မိတ်ဆွေတို့
စဉ်းစားပေးကြပါကုန်လော့....
ဤသတင်းရေးသားသူကတော့ ကျမ မကြေးမုံဦး
ပါ....
Myanmar News Now
ကိုသစ်ထူးလွင်ရှင့်... သမီးလေး မအေးယုအောင် နဲ့ပက်သက်တဲ့
နောက်ဆုံးရသတင်းကတော့ စိတ်တိုဒေါသထွက်စရာ
တော်တော်ကောင်းပါတယ်...မအေးယုေ
ဒုတိယတရားသူကြီး ဦးအောင်ဖုန်းဝင်းနဲ့ ဒေါ်ဖြူဝင်းသက်တို့နဲ့
သွားရောက်တွေ့ဆုံပြီးနေရပ် ကျောက်ကြီးမြို့သို့
ပြန်လည်ရောက်ရှိလာပါပြီ..ဒေါ်ကြူ
ပေးပြီး ကလေးမလေး အတွက် လှူဒါန်းငွေလို့ပြောပါတယ်...နော
ကလေးမလေးနဲ့လည်း ပေးတွေ့ပါတယ်...ထူးဆန်းတာတစ်ခုက ကလေးမလေး ကိုယ်တိုင်က
ပြန်မလိုက်ပါဘူးဟု အတန်တန်ငြင်းဆိုပါတယ်တဲ့....အဲ
ဦးအောင်ဖုန်းဝင်းက ကလေးမလေးကို ဧပရယ်လကုန် (၃၀.၄.၂၀၁၂)မှာ
မိခင်ဒေါ်ကြူထံသို့ပြန်လည် ပို့ပေးပါမည်ဟု
ထပ်မံပြောကြားလိုက်ပါတယ်...နော
ပို့ပေးချင်လို့ပါဟုလည်း ပြောလိုက်ပါတယ်...ဒုတိယတရားသြူ
သူတို့ကိုယ် သူတို့တော့ တော်တော်လေး save side ယူထားပုံပါပဲ..အခုဖြစ်ရပ်က
သူတို့ကြောင့် မဟုတ်ဘူးဆိုတာကို အတန်တန်ငြင်းတယ်... နောက် ဒီကလေးမလေးက
ဒီလိုမျိုး ဖြစ်ရပ်တွေလည်း ခဏခဏ ဖြစ်ဖူးတယ်လို့လည်း ပြောပါတယ်...နောက်
တရားသူကြီးအိမ်ကို ဖုန်းဆက်တာ ဘာကြောင့်မကိုင်တာပါလည်းလို့ မေးတဲ့
အခါမှာတော့ အဲဒီ အိမ်ဖုန်းဟာ သူ့ဖခင်ကို ပေးထားတယ်...နောက်ဖုန်းလာတဲ့ အခါ
ကျောက်ကြီးမြို့မှ ဆက်တဲ့ ဖုန်းဆို ပိုက်ဆံတောင်းမှာ စိုးရိမ်လို့
မကိုင်တာပါလို့လည်း ပြောပါတယ်...ဒါဆိုရင် တခြားမြို့ တွေက ခေါ်တဲ့
ဖုန်းကျတော့ ဘာလို့မကိုင်တာလည်း လို့ မေးတဲ့ အခါ တိတိကျကျ ရေရေရာရာ
မဖြေခဲ့ဘူးလို့လည်း သတင်းရထားပါတယ်...နောက်တစ်ခုက မအေးယုအောင် ရဲ့ ဖခင်ဟာ
ကွယ်လွန်သူ မဟုတ်ပါဘူး လင်မယားကွဲနေတာပါတဲ့...မအေးယုေ
ဖခင်ဖြစ်သူဟာ သူတို့ဆီမှာ ပိုက်ဆံများ လာလာယူတတ်ကြောင်းကို ပြောတာကိုလည်း
သတင်းရခဲ့ပါတယ်...နောက် ဦးအောင်ဖုန်းဝင်း ဟာ တောင်တွင်းကြီးကို
ပြောင်းရွေ့တာဝန်ထမ်းဆောင်ရမည်
မိခင်ဒေါ်ကြူဟာ လှူငွေလို့ ပေးလိုက်တဲ့ ကျပ်ငွေ သုံးသိန်းကို ယခုအခါ
သူမလုံးဝ မလိုချင်ပါဘူး ကျေလည်း မကျေနပ်ပါဘူးဟု ပြောဆိုနေသံကိုလည်း
ကြားရပါတယ်...ကဲ မိတ်ဆွေတို့ ဒီဖြစ်စဉ်မှာ မိခင်ဒေါ်ကြူဟာ အလှူငွေကျပ်
သုံးသိန်းကို လက်ခံခဲ့မိတာ မှားလား (သို့) ငွေများ တရားနိုင်ဆိုတဲ့
စကားပုံနဲ့ပဲ အဆုံးသတ်မလား (သို့) တရားဥပဒေ စိုးမိုးတာဟာ ဒီလို
မအေးယုအောင်တို့လို လူတန်းစားအတွက် မပါဘူးလား ...ကျမတို့ ဘယ်လို
သုံးသပ်ပြီး ဘယ်လို ဆုံးဖြတ်ရမလဲ ဆိုတာကိုဖြင့် ကမ္ဘာ အရပ်ရပ်မှာ ရှိတဲ့
ကျမထက် တော်သော အတွေ့ကြုံ ရှိသော အားလုံးအားလုံးသော မိတ်ဆွေတို့
စဉ်းစားပေးကြပါကုန်လော့....
ဤသတင်းရေးသားသူကတော့ ကျမ မကြေးမုံဦး
ပါ....
Myanmar News Now
အိမ်ဖော်မလေး မအေးယုအောင် ရဲ့  နောက်ဆုံးရသတင်း
Reviewed by သစ်ထူးလွင်
on
23:09
Rating:
47 comments:
သိတ်ဆင်းရဲလွန်းတော့လည်း ယူမှာပါပဲ..ကလေး ဆိုတာ သိမ်းသွင်းရလွယ်တော့ အပြစ်ပျောက်အောင် ထည့်မပေးလိုက်တာပါ။
သေချာတာကတော့ တရားသူကြီးဆိုတာ မတရားသူကြီးဖြစ်ကြောင်း အရွယ်မရောက်သေးသူကို အိမ်ဖေါ်ခေါ်လုပ်ခိုင်းတာနဲ့တင် သိသာပါပြီ။ တရားသူကြီးကတော်ဆိုတာလည်း စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ စိတ်ဓါတ်ကတော့ အဝီစိမှာ ချိုးကပ်နေကြောင်း ကလေးရဲ့ ခန္ဒာကိုယ်ပေါ်က ဒါဏ်ရာတွေကို ကြည့်ရင် သိပါတယ်။
တရားသူကြီးကတော် ဖြူသက်ဝင်း လူရှေု့ ထွက်လာပြီး မှားယွင်းကြောင်း ကိုယ့်အပြစ် ကိုယ်ဝန်ခံလိုက်ပါ။ အဲဒါက နည်းနည်း ပိုသက်သာပါလိမ့်မယ်။
ကာာယကံရှင်၏သဘောက အဓိကဖြစ်ပါသည်။ ဘေးလူများက ဘယ်လို ဘယ်လောက်အကူအညီပေးကြပါမည်လဲ၊ တရားသူကြီးကတော် ထောင်ကျသွားရင် ကော ကလေးမလေးကဘာရမှာပါလဲ
တကယ်နစ်နာရသူ ကလေးမလေးအတွက် ထိုက်သင့်သည့်နစ်နာကြေးရသင့်ပါသည်။ လူသတ်မှုတစ်ခုတွင် သတ်သောသူ ထောင်ကျသွားသော်လည်း သေသောသူက ပြန်ရှင်မလာပါ။
ယခုအဖြစ်တွင်လည်း ကာယကံရှင်၏သဘောအတိုင်းသာ ဖြစ်သင့်ပါသည်။
ကောင်မလေးကိုဘယ်နည်းနဲ့မှသူတို့နားကနေအပျောက်ခံမှာမဟုတ်သေးပါဘူး...ခုတောင်သူတို့ရသလောက်ဖုံးနေတာ...လွတ်နေတဲ့နေရာကပေါ်တာလေးကိုကြားသိရတာပဲရှိသေးတယ်...ဖုံးတဲ့နေရာမှာလည်းငွေသုံးသိန်းလောက်နဲ့သာဖုံးလေတော့ဘယ်လုံပါ့မလဲလေ...ကောင်မလေးကိုလည်းငွေသုံးသိန်းထက်မကတဲ့အသိဥာဏ်လေးရသွားမှာကိုလည်းစိုးရိမ်နေပုံရတယ်...သတင်းပူနေသေးသ၍တော့အနားကပေးသွားဦးမှာမဟုတ်သေးဘူး
မိဘတွေရော..တရားသူကြီးနဲ့သူ့ဇနီးရော မရိုးသားဘူး..ခလေးကတော့သနားပါတယ်..အသက်မပြည့်တဲ့ခလေးကိုခိုင်းစားတယ်..လုပ်အားခကိုမိဘတွေကယူတယ်..အလုပ်ရှင် တရားသူကြီးနဲ့သူ့ဇနီးက မီးပူနဲ့ကပ်တယ်..လူတွေမှဟုတ်ရဲ့လားဗျာ။
တစ်ကယ်တော့ ဘာပဲဖြစ်ဖြစ်ပြစ်ဒဏ်ဆိုတာ ရှိရမှာပါ တရားသူကြီးထောင်ကျသွားရင်ကော ကလေးမလေးဘာရမှာလဲ ဆိုတာကိုတော့ မပြောသင့်ပါဘူး အဲလိုမျိုးဆို ခင်ဗျား မိသားစုထဲကတစ်ယောက်ယောက် ကို ကျုတ်သတ် မယ် ၁၀ သိန်းပေးမယ် ရမလား ဆိုရင် ခင်ဗျား မိသားစုကို အသတ်ခံမှာလားလို့မေးချင်ပါတယ်
ဘာပဲဖြစ်ဖြစ် ဥပဒေ ဆိုတာ ရှိရပါမယ် ငွေများတရားနိုင်ဆိုတာတွေက ပပျောက်သင့်တာကြာပါပြီ တစ်ခါတစ်လေ ဆို ဟိုးလွန်ခဲ့တဲ့ ခေတ်တွေတုန်းက ကိုဒ ဥပဒေဆိုတာကို ပြန်လိုချင်မိပါတယ်
တ၇ားခံကိုမှတ်လောက်သားလောက်တဲ့ အပြစ်ပေးသင့်ပါတယ်
မကြေးမုံဦး
ခလေးရဲမိခင်ကိုယ်တိုင်ငွေ300000ကျပ်ကြေနပ်လို.ယူခဲ့ပြီဘဲ...
မကျေနပ်ရင်ဘာလိုအစကယူသလဲ...ယူပြီးမှမကြေနပ်ဘူးပြောရင်..
ခလေးအတွက်ဆောင်ရွက်ပေးသူတွေပြန်ပြီးတရားအစွဲခံရပါမည်...အထူးသ
ဖြင်.မကြေးမုံဆက်ပြီးဆောင်ရွက်မပေးပါနှင့်တော.တရားသူကြီးဘက်မှအခိုင်အမာကာကွယ်ပြီးပြီ..
Richard ရေခဗျာင်္း ဒီလိုတော့လက်လွတ်စပယ်မပြောသင့်ပါဘူး..တရားသူကြီးကတော်က ဥပဒေကိုနားလည်တဲ့အလုပ်ရှင်ပါ..
(၁) သူမအနေနဲ့အသက်မပြည့်တဲ့ လူကိုအလုပ်မခန့်သင့်ဘူး
(၂) တကယ်လို့ မအေးယုအောင် က အလုပ်မကျွမ်း ကျင်ဘူး ဆိုရင် လည်း မအေးယုအောင်ကို အလုပ်ထုတ် ပိုင်ခွင့်သူ့မှာရှိတယ်..
ညှင်းပန်းနှိပ်စက်ပိုင်ခွင့်တော့ သူ့မှာလုံးဝ မရှိဘူး ဆိုတာ တရားသူကြီး ကတော်တစ်ယောက်အနေနှင့် ကောင်းကောင်း နားလည်သင့်တယ်
ဟုတ်ပြီ ကို Richard ပြောသလို ပုဂိုလ်ရေးကို ငဲ့ညှာပြီး ခွင့်လွှတ်ပေးမယ်ထားဦး ဥပဒေက အပြစ်ကျူးလွန်သူကို လုံးဝခွင့်လွှတ်ပေးနုင်မည်မဟုတ်ပါ....(တရားသူကြီးကတော် ပိုသိမှာပါ)
Richard said...
ကာာယကံရှင်၏သဘောက အဓိကဖြစ်ပါသည်။ ဘေးလူများက ဘယ်လို ဘယ်လောက်အကူအညီပေးကြပါမည်လဲ၊ တရားသူကြီးကတော် ထောင်ကျသွားရင် ကော ကလေးမလေးကဘာရမှာပါလဲ
တကယ်နစ်နာရသူ ကလေးမလေးအတွက် ထိုက်သင့်သည့်နစ်နာကြေးရသင့်ပါသည်။ လူသတ်မှုတစ်ခုတွင် သတ်သောသူ ထောင်ကျသွားသော်လည်း သေသောသူက ပြန်ရှင်မလာပါ။
ယခုအဖြစ်တွင်လည်း ကာယကံရှင်၏သဘောအတိုင်းသာ ဖြစ်သင့်ပါသည်။
>> Richard , အကယ်၍ အဲ.ဒီကလေးမလေး သာ ကိုယ်.ရဲ. နှမ ညီမဖြစ်မယ်ဆိုရင် ဘယ်လိုနေမလဲတွေးကြည်.လိုက်ပါ။ လူသားတိုင်း ဒီလိုမတရား မှုကျူးလွန်လျှင် ဘယ်လိုအရေးယူခံရမယ်ဆိုတာကို သိမှ နောက်နောင် ဒီအာဏာရူး တွေ ပြည်သူ အောက်လက်ငယ်သား နွမ်းပါးသူတွေကိုမတရားမလုပ်ရဲမှာလေ။ အဲ.လိုမှ မဟုတ်ရင် ကျုပ်တို. ပြည်သူတွေ နွမ်းပါသူတွေ အမြဲ မရားတာတွေ ငုံ.ခံနေရမှာ။
ဒီကောင်မလေးကတော.တော်တော် သနားပါတယ်နော် ဒါပေမဲ.လည်းဘယ်တတ်နိုင်ပါ.မလဲ သူ.ဇာတာကိုကဒီလိုပါလာတော.လဲ ဘယ်သူတွေကဘာတွေပဲလုပ်နေလုပ်နေ သူ.မိဘတွေကိုတိုင်ကကိုက ဟိုဘက်နဲ.ပူးပေါင်းချင်နေလားမသိပါဘူး ဒီတေည.လည်းဘာမှလုပ်ပေးလို.မရတော.ဘူးပေါ.။အင်း သနားစရာလေးပါပဲနော် ကလေးက15နှစ်တဲ. အသက်နဲ. လုပ်ရတဲ.အလုပ်ကတန်တောင်မတန်ဘူး ကလေးကိုကျတော.ကျောင်းပြှးအောင်ထားပေးမယ်မရှိဘူး အလုပ်ကျတော.ခိုင်းတယ် ညီမလေးရေ ဘုရားတရားကိုသာနိုင်အောင် လုပ်ပါတော. ကောင်မလေးရေ ဘုရားကဒီအတိုင်းကြည်.မနေပါဘူးကွာ သူတို.ကိုထိုက်တန်တဲ.အပြစ်တော.ပေးမှာပါ ကွာ မင်းမယုံရင်စောင်.ကြည်.ပါ။
ကျွန်တော်ထင်တာတော့ မိဘတွေကလည်း ပိုက်ဆံမရှိမှန်းသိတော့ အဲဒီညီမလေးက ကိုယ်အနာခံပြီးဆက်လုပ်မယ့်ပုံပဲ..။ ပိုက်ဆံမရဘဲနေမှာစိုးတော့ အမှန်ကိုလည်း အဲဒီညီမလေးကိုယ်တိုင်ကိုက ပြောတော့မယ်မထင်ဘူး..။
UK နိုင်ငံမှာတော့ ကိုယ်မွေးထားတဲ့ ကိုယ်ပိုင်ခွေးကို ခြေထောက်နဲ့ ကန်ပြီးနှိပ်စက်တာကို cctv ကင်မရာမှာ တွေ့တော့ ရဲက အဲဒီလူကိုဖမ်းပြီး တရားရုံးပို့တယ်လေ သတ်သေ cctv ပုံနဲ့ အတူ .... တရားရုံးက အဲဒီလူကို ထောင် ၄ လ ချပြီး ၁၀ နှစ် တိရိစ္ဆာန်မွေးမြူးခွင့် ပိတ်တဲ့ အပြစ်ကိုပေးတယ်ဗျာ သတင်းစာတွေထဲမှာပါလာတယ် ... ဥပဒေအရ လျော်ကြေးဆိုရင်လဲ အခုခောတ်နဲ့ အညီ တန်ရာတန်ကြေးရအောင်ယူပါ ... တော်ကြာ ဟိုအရင်ခောတ်က ဥပဒေနဲ့လျော်ကြေးပေးနေအုံးမယ် ( ပါးတစ်ချက်ရိုက် ငွေ ၁၀၀၀ ကျပ် ) ဟိုခောတ်က ရွှေဈေးအရ ဒဏ်ငွေအဲဒီလောက်ဆိုရင် အခုခောတ်ရွှေဈေးနဲ့ အညီ ရာခိုင်နှုန်းအလိုက် ဒဏ်ငွေကိုတိုးသင့်တာပေါ့ကွယ် ....
ကဲ...ဒီလို ငွေရလို့ တရာလိုက ကျေနပ်တယ်ပဲထားဦး၊ ပြသနာကို ငွေပေးဖြေရှင်း တတ်တဲ့ ဒီလိုတရားသူကြီးကို အမှုစီရင်ခွင့် ပေးထားဦးမှာလား။ ပိုက်ဆံရှိတဲ့ သူတွေက ဒီလို ထင်ရာဆိုင်းပြီး အမှုဖြစ်လာတော့ ပိုက်ဆံပေး ဖြေရှင်းလိုက်တာနဲ့ ပြီးသွားရောလား? ဒီလို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ နေရာဒေသ မျိုးမှာ ခင်များ နေ၀ံ့သလား။ ကျုပ်ပိုက်ဆံရှိတာနဲ့ လုပ်ချင်သလို လုပ်လို့ရလား။
ကျွန်တော်သုံးသပ်မိတာတစ်ခုက သူ့မိခင်ဟာ ပညာတတ်မဲ့ပုံမပေါ်ဘူး.....ပညာမတတ်တဲ့အပြင် စားဝတ်နေရေးလည်းပြေလည်ပုံမရှိဘူး....ဒါကြောင့် ဒီငွေသုံးသိန်းဟာ သူ့အတွက်မက်လောက်စရာလို့ မဆိုနိုင်ပေမဲ့ လတ်တလေားအနေအထားကို ဖြေရှင်နိုင်မယ်လို့ သူထင်ထားပုံရတယ်....ပညာမတတ်ပဲ ဆင်းရဲနေတဲ့ ကျွန်တော်တို့တောသူတောင်သားတွေမှာ ရေရှည်ကို မတွေးနိုင်ပါဘူး....မနက်ဖြန်အတွက် ဘယ်လိုရှင်သန်မလဲဆိုတဲ့ အတွေးပဲရှိပါတယ်....ဒီကောင်မလေးရဲ့မိခင်ကို အပြစ်မပြောချင်ပါဘူး.....ဘေးကလူတွေက သနားဂရုဏာစိတ်နဲ့ မခံမရပ်နိုင်ဖြစ်နေပေမဲ့ သူ့ရဲ့စားဝတ်နေရေးကို ဘယ်သူတွေက ဖြေရှင်းပေးနိုင်လို့လဲ......ဒါကြောင့် အဓိက စိတ်နာသင့်တာက မြန်မာအစိုးရရဲ့ ပညာရေးစနစ်နဲ့ တရားဥပဒေလို့ ကျွန်တော်ထင်ပါတယ်......
ကဲဒီတော့ တရားသူကြီး မိန်းမကိုမေးပေးကြပါ။ ၆သိန်းပေးမယ်လို့ မီးပူနဲ့ပြန်အကပ်ခံမလားဆိုတာ။ ဥပဒေဆိုတာစာအုပ်ထဲမှာပဲ၇ှိတော့တယ် ထင်တယ်။
မိဘတိုင်းမိဘစိတ်ရှိတာမဟုတ်ပါဘူး။
သားသမီးကို မွေး..စား နေကြတာအများကြီးပါ။
ဟေး..ဟေး မိုက်တယ်ဟေ့..ပါးတစ်ချက် ၁၀၀၀ ကျပ်၊မီးပူနဲ့ ၂ ချက်ကပ် ၃ သိန်း....ကောင်းလိုက်တဲ့မြန်မာပြည် ပြန်ရောက်မှာ ဟိုငတိလေးကို ပါးအချက် ၂၀ ၊ မီးပူနဲ့ အခါ ၂၀ လောက်ကပ်ကြည့်လိုက်အုံးမယ်...တစ်လစာကုန်ချင်ကုန်ပေ့စေ......
ပိုက်ဆံယူတာမယူတာ ကအဓိကမဟုတ်ဘူး၊ လူတစ်ယောက်ကို လူလိုမဆက်ဆံ တာကအဓိက၊အမှန်တရား ကိုဖော်ထုတ်ရမှာ၊တရားသူ ကြီးအချင်းချင်းမို့ သိုသိုသိပ်သိပ် လုပ်တာဆိုရင် မြန်မာပြည် တရားစီရင်ရေးနှင့်ဥပဒေစိုးမိုးရေး ကတော့ အများကြီး မှားနေပြီ၊ နိုင်ငံတော်ကချမှတ်ထားတဲ့ ဥပဒေကို တရားသူကြီးတွေ ကလုပ်ချင်သလိုလုပ်နေကြတာပါ၊သိကြားမင်းကြီး ဆင်းကယ် လည်းမရဘူး၊ဦးသိန်းစိန် လည်းမတတ်နိုင်ဘူး၊ စောင့်ကြည်နေမယ်။
ပြည်ပနိုင်ငံများသို့အိမ်ဖေါ်အဖြစ်သွားေ၇ာက်လုပ်ကိုင်မည့်သူများအထူးသတိပြူ့ကြပါ၇န် ပြည်တွင်း၌ ပင်လူမဆန်သူများဥပဒေကိုသိသိကြီးဖြင့်ချိုးဖောက်နေကြောင်းအသိပေးလိုက်ပါသည်။
လူလိုမြင်ကြည့်ကြရအောင်....
ရာဇ၀တ်မှုတစ်ခုဖြစ်သွားတယ်...ဒါကိုအာဏာပိုင်တွေလဲသိတယ်
တရားလိုတိုင်တာစောင့်နေစရာလိုပါသလား...တိုင်မှအရေးယူရမယ်လို့ ဥပဒေမှာပြဠါန်းထားပါသလား
အရေးကြီးတဲ့ပထမကိစ္စကိုမပြောကြဘဲ...တရားသူကြီးလင်မယားအမျိုးလိုကောင်တွေ...ဟောင်တာလိုက်နားယောင်မနေကြပါနဲ့ ဗျာ..(စိတ်ညစ်ပါ့)
ဒီတိုင်းပြည်မှာ...စစ်မှန်တဲ့ဥပဒေစိုးမိုးရေးမရှိသေးတဲ့...ပြယုတ်တခုပါ။
တရားသူကြီးလေ၊
ဥပဒေကို ဘယ်လိုလက်တလုံးခြားရှောင်ရမယ်တိုတာ ကောင်းကောင်းသိတယ်။
ကောင်မလေးကို ဒီအနာမကျက်သရွေ့ ပြန်လွှတ်မှာမဟုတ်ဘူး။
ဒီတရားသူကြီး ဘယ်နေရာသွားသွား သူ့မိန်းမလုပ်တဲ့ လုပ်ရပ်ကြောင့် အရှက်ရနေမှာသေချာတယ်။ ရှက်တတ်ရင်ပေါ့လေ။
ဥပဒေမဲ့ တိုင်းပြည် ဖြစ်နေပါပေါ့လား . . ဒီမိုကရေစီ ခေတ်မှာ ငွေများငွေနိုင်တော့ မလုပ်သင့်တော့ပါဘူး . . မကြာမှီ ဥပဒေ တွေကိုတော့ ပြင်တော့မှာပါ . . ပဲခူးတိုင်းက NLD လွှတ်တော် ကိုယ်စားလှယ်လဲ ဒီကိစ္စကို လွှတ်တော်ထဲ ရောက်ရင် တင်ပြဖို့ နဲ့ ဥပဒေ ပြင်ဖို့ မမေ့ ပါနဲ့ နော် . . အထူးသဖြင့် အရွယ်မရောက်သေးသော ခလေးများကို ခိုင်းစေ ညှင်းပန်းနှိပ်စက်မှု ကအဓိကပေါ့ . .ဒီကိစ္စတွေကို နယ်တွေမှာ အများဆုံး ကြားကြား နေရတာ စိတ်မချမ်းသာဘူး . .
အဓိက ကတော့ ဆင်းရဲတယ်၊အလုပ်ရှင်ရဲ့အခြေအနေ နဲ့သူတို့အခြေအနေ
အများကြီးကွာတယ်၊အဲဒါတွေကသူတို့ရဲ့မကျေနပ်တာတွေ၊သူတို့လုပ်ချင်တာ
တွေကိုတားဆီးထားတယ်၊တရားတဘောင်လုပ်ဖို့ကလည်းမယှဉ်နိုင်ဘူး၊
ပါ/ချုပ်နဲ့သူငယ်တန်းအဆင့်လောက်ကွာနေပြန်တယ်၊တရားဆိုင်တော့ဘယ်သူ
ကရေရှည်လိုက်မလဲ၊နောက်ပြီးအများမသိတဲ့ သူတို့ရဲ့အတွင်းစည်းအခြေ
အနေရှိသေးတယ်၊အထင်ရှားဆုံးကတော့ လူမဆန်တဲ့ နှိပ်စက်မှုပဲ၊ခံရတဲ့
ကာယကံရှင်ကအကြောင်းအမျိုးမျိုးကြောင့် ငြိမ်နေရင်တောင်၊သက်ဆိုင်ရာက
တိတိကျကျ စုံစမ်းပြီး ပြစ်မှုထင်ရှားရင်ထိုက်တန်တဲ့အပြစ်ပေးရန်လိုအပ်ပါ
တယ်၊အိမ်ဖော်တွေကိုနှိပ်စက်တဲ့ဒီလိုမိန်းမဆိုးတွေအများကြီးရှိပါတယ်၊ဒီလိုလုပ်
ရင်၊ဒီလိုခံရမယ်ဆိုတာကိုမတရားနှိပ်စက်တဲ့မိန်းမဆိုးတွေသိအောင် စံပြအနေ
နဲ့အရေးယူရန်လိုအပ်ပါတယ်
တရားသူကြီးတယောက်အနေနဲ့ ရင်ဆိုင်ရမဲ့ အမှု့တခုကို တိန်ရှောင်နေခြင်း ဟာ အမှု့ကို ပိုမိုကြီးလေးစေတယ်ဆိုတာ ဥပဒေ ၀န်ထမ်းတိုင်းသိပါတယ်၊ ဒါ့အပြင် တစာခံ ခလေးမ ပြောက်ဆုံးမှု့ ဟာ အဲဒီ တရားသူကြီးလင်မယာမှာတာဝန်ရှိ
တွေ့ရင်မေးပေးပါဗျာ....
ခင်ဗျားသမီးဆိုရင် ခင်ဗျားကို သုံးသိန်းလာပေးရင်.. လို့
richard and ko ko အကိုတို့ နှစ်ယောက်ရဲ့ comment ကိုဖတ်ရတာ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်.... အကိုတို့နှစ်ယောက်က အဲဒီတရားသူကြီး မိသားစုနဲ့များ ဘယ်လိုများပါတ်သက်နေလဲခင်ဗျာ... post ကိုလည်းသေသေချာချာ ဖတ်ပါဦး ... သုံးသိန်းပေးတယ်ဆိုတာ လှူငွေလို့ပြောပေးတာပါ..လျှော်ကြေးလို့ပြောပေးတာ မဟုတ်ပါဘူး... အဲဒီတော့ ပညာမတတ်တဲ့ ၊ အရမ်းဆင်းရဲတဲ့ မိသားစုကဘာကြောင့် ဒီငွေကိုပေးတယ်ဆိုတာမသိဘဲ လောလောလတ်လတ် အတွက်အဆင်ပြေတယ်ဆိုပြီး လက်ခံမိတယ်လို့ ကျွန်တော်ကယူဆပါတယ်... အိမ်ပြန်ရောက်မှ နားလည်တဲ့သူ သိတဲ့သူတွေက ဝိုင်းပြောလို့ မယူချင်ပါဘူး မကျေနပ်ပါဘူးဆိုပြီး ပြောတာပါ... ကျွန်တော် တရားဥပဒေ အကြောင်းကို ဂဃနဏ မသိပါဘူး... ဒါပေမယ့် တရားရုံးမှာတကယ် တရားရင်ဆိုင်တဲ့အခါ အဲဒီငွေ သုံးသိန်းကိုတရားသူကြီးဘက်က အကာကွယ်ယူမယ်ဆိုရင် သေချာပေါက် သူ့အတွက်အမူ့တစ်ခုထပ်တိုး ပါလိမ့်မယ်... သက်သေဖျောက်မူ့ပါ.. ပြီးတော့ မအေးယုအောင်က သူ့အမေကခေါ်တာတောင် ပြန်မလိုက်ပါဘူးလို့ ငြင်းတယ်တဲ့... ရှေ့က post တွေမှာ မအေးယုအောင် နဲ့ သူ့အမေ ဖုန်းပြောတဲ့အခါ ငိုပြီး အမေမလိုက်လာနဲ့နော် ဆိုပြီးပြောခဲ့တယ် အဲဒါတွေကိုကြည့်ရင် မအေးယုအောင်ကို ခြိမ်းခြောက်ပြောထားလို့သာ မအေးယုအောင် မလိုက်တာပါ... ကျွန်တော်တို့တတွေ ဖျားနာခဲ့ရင် အမေကိုပဲ တမ်းတကြတာပါ.. မီးပူအကပ်ခံရတဲ့ သူတစ်ယောက်က မိခင်ကိုငြင်းဆန်တယ်ဆိုတော့ ..... ကိုသစ်ထူးလွင် ဒီသတင်းလေးကို ဆက်ပြီးတင်ပေးပါခင်ဗျာ.. မအေးယုအောင် အတွက် အမူ့မှန်ပေါ်ဖို့ အတွက် ကျွန်တော်တတ်နိုင်သမျှ ငွေလှူဒါန်းပါ့မယ်... လိုတဲ့အခါပြောပါ.. chonyinyi@Gmail.com
Richard နဲ့ koko ဆိုတဲ့သူတို့ ရေ.....
ခင်ဗျားတို့ တစ်ကယ်မှန်ကန်တယ်ဆိုရင်...လိပ်စာပါထဲ့ပေးဝံ့ပါသလား????
ဧကံဒ...ကြံ့ဖွံ့ ပါတီဝင်တွေများလား( စိတ်ညစ်ပါ့)
@ ကဲ...ဒီလို ငွေရလို့ တရာလိုက ကျေနပ်တယ်ပဲထားဦး၊ ပြသနာကို ငွေပေးဖြေရှင်း တတ်တဲ့ ဒီလိုတရားသူကြီးကို အမှုစီရင်ခွင့် ပေးထားဦးမှာလား။ ဟုတ်တယ်။ ဒီလိုငွေပေးငွေယူနဲ့အမှုကိုဖြေရှင်းတတ်တဲ့တရားသူကြီးမျိုးကို အမှုစီရင်ခွင့်ဆက်ပေးအုံးမယ်ဆိုရင်တော့ ငွေများတရားနိုင်ခတ်ကထွက်နိုင်အုံးမှာမဟုတ်ဘူး။ ဒါတောင် တောင်တွင်းကြီးကိုပြောင်းပေးတယ်ဆိုပဲ။ လုပ်ကြမှာပေါ့လေ... ဒုမြို့နယ်တရားသူကြီးဆိုတဲ့ တရားသူကြီးအဆင့်ထဲမှာ အောက်ဆုံးအဆင့်ကတရားသူကြီး မပြောနဲ့ အပေါ်ပိုင်းက မြို့နယ်တရားသူကြီအပါအဝင် တရားလွတ်တော်တရားသူကြီးတွေထိ အမှုတွေအပေါ်မှာ ခြိမ်းခြောက်ပြီး ထောင်ချတော့မလိုလိုပြောတသက်စာမကုန်အောင်အားရပါးရတောင်းရမ်းယူ၊ စိတ်တိုင်းကျရပြီးတော့မှ ဥပဒေကိုလက်တလုံးခြားလုပ်နေကြတော့ အချင်းချင်းရိုင်းပင်းကြပေမပေါ့။ နေရာပြောင်းပေးတယ်ဆိုတာလဲ လက်ရှိအန္တရာယ်အောက်က မျက်စိဖျောက်ပေးတဲ့မူတစ်ခုပါ။ ဒါပြစ်ဒဏ်မှမဟုတ်တာ။ ဘယ်ရောက်ကုန်ပြီလဲ လူကုန်ကူးမှုဥပဒေတို့ ပြစ်မှုဆိုင်ရာဥပဒေတို့၊ အောင်ဖုန်းဝင်းနဲ့ ဖြူဝင်းသက်တို့အတွက်။
တရားသူကြီးဆိုတော့ စကားပြောကတော့တော်တော်ကောင်းမှာပဲ၊ နိုင်အောင်သာပြောကြပေတော့။ အပြောမှားရင်တော့ သိတဲ့အတိုင်းပဲနော့်။။။။။။။
htay oo said...
ကျွန်တော်သုံးသပ်မိတာတစ်ခုက သူ့မိခင်ဟာ ပညာတတ်မဲ့ပုံမပေါ်ဘူး.....ပညာမတတ်တဲ့အပြင် စားဝတ်နေရေးလည်းပြေလည်ပုံမရှိဘူး....ဒါကြောင့် ဒီငွေသုံးသိန်းဟာ သူ့အတွက်မက်လောက်စရာလို့ မဆိုနိုင်ပေမဲ့ လတ်တလေားအနေအထားကို ဖြေရှင်နိုင်မယ်လို့ သူထင်ထားပုံရတယ်....ပညာမတတ်ပဲ ဆင်းရဲနေတဲ့ ကျွန်တော်တို့တောသူတောင်သားတွေမှာ ရေရှည်ကို မတွေးနိုင်ပါဘူး....မနက်ဖြန်အတွက် ဘယ်လိုရှင်သန်မလဲဆိုတဲ့ အတွေးပဲရှိပါတယ်....ဒီကောင်မလေးရဲ့မိခင်ကို အပြစ်မပြောချင်ပါဘူး.....ဘေးကလူတွေက သနားဂရုဏာစိတ်နဲ့ မခံမရပ်နိုင်ဖြစ်နေပေမဲ့ သူ့ရဲ့စားဝတ်နေရေးကို ဘယ်သူတွေက ဖြေရှင်းပေးနိုင်လို့လဲ......ဒါကြောင့် အဓိက စိတ်နာသင့်တာက မြန်မာအစိုးရရဲ့ ပညာရေးစနစ်နဲ့ တရားဥပဒေလို့ ကျွန်တော်ထင်ပါတယ်......
htay oo ပြောတာမှန်တယ်.. ၃သိန်း က သူတို့ မက်လောက်ပါတယ် .. အိမ်ပြန်ရောက်လဲ ......
သူ့အမေက ပထမတော့ သမီးကို ပြန်ခေါ်ဖို့သွားတယ် ၊ ငွေအတင်းထိုးပေးတော့လည်း ငြင်းရခက်သွားတယ် ၊ ဒါသဘာဝပါ ၊ တရားလို မရှိလည်း လူ့အခွင့်အရေး အဖွဲံ့လိုမျိုး ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့လိုမျိုး တွေက တရားစွဲရမှာပေါ့ ၊ ငွေ သို့မဟုတ် အာဏာရှိတာနဲ့ မတရားလုပ်လို့ ရနေသေးရင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ မရှိသေးလို့ပါပဲ ။ မီဒီယာသမားများက သတင်းကို ခြေရာခံလိုက်ပြီး ဖြန့်ပေးရင် အကျိုးသက်ရောက်မှု ရှိမှာပါ ၊ မီဒီယာတွေရဲ့ ကျေးဇူးကြောင့် ခုလိုတော်တော်များများက သိသွားကြတာပေါ့ ။
သူ့အမေက ပထမတော့ သမီးကို ပြန်ခေါ်ဖို့သွားတယ် ၊ ငွေအတင်းထိုးပေးတော့လည်း ငြင်းရခက်သွားတယ် ၊ ဒါသဘာဝပါ ၊ တရားလို မရှိလည်း လူ့အခွင့်အရေး အဖွဲံ့လိုမျိုး ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့လိုမျိုး တွေက တရားစွဲရမှာပေါ့ ၊ ငွေ သို့မဟုတ် အာဏာရှိတာနဲ့ မတရားလုပ်လို့ ရနေသေးရင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ မရှိသေးလို့ပါပဲ ။ မီဒီယာသမားများက သတင်းကို ခြေရာခံလိုက်ပြီး ဖြန့်ပေးရင် အကျိုးသက်ရောက်မှု ရှိမှာပါ ၊ မီဒီယာတွေရဲ့ ကျေးဇူးကြောင့် ခုလိုတော်တော်များများက သိသွားကြတာပေါ့ ။
ခင်ဗျားတို့လို ဂုဏ်ကြီးရှင်တွေနဲ့ ယှဉ်လာရင်
ကျွန်တော်တို့လို ပစ္စည်းမဲ့ လူတန်းစားတွေက
အမြဲတမ်း ရှုံးပြီးသားပါဗျာ...................
မြန်မာပြည်မှ ဥပဒေဘက်တော်သားများ တိုင်းပြေကိုချစ်မြတ်နိုးသော အသက်နှင့်၇င်း၍ ကာကွယ်စောင့်ေ၇ှာက်သော စစ်သည်တော်များ စစ်တပ်မှအနားယူပီးအားမ၇ဘဲ ဆက်လက် အမှုထမ်းနေကြသော သူတော် များ နှင့် စုတ်မှန်းမသိ စုတ်ပြတ်သတ်နေကြသော (သီလ ) ဌာနဆိုင်၇ာဝန်ထမ်းများ အား ဝေးဝေးမှေ၇ှာင်နေနိုင်သော တ၇ွာသားများ
ကံကောင်းကြလေသည် boss ဆူတာလောက်တော့ မနက်ဖန်သည်းခံလိုက်လျှင်ကောင်းမည်...ပြန်၍မဖြစ်သေး
တရားသူကြီးရဲ့ အထက်အရာရှိလည်းဒီအပြစ်တွေ အကုသိုလ်ကံတွေနှင့်မကင်းပါဘူး။ ဘာလို့လဲဆိုတော့ တခြားမြို့ တစ်မြို့ကို ဒီကိစ္စကြောင့်ပြောင်းခွင့်ပေးလိုက်လို့ ။ ဘာမျှစီစစ်မေးမြန်းခြင်းမရှိတဲ့ သက်ဆိုင်ရာတာဝန်ရှိ သူတွေကိုလည်း FAIL TO PERFORM THEIR DUTY သဘောသက်ရောက်နေပါတယ်။
ကို htay oo ပြောတာကို ထောက်ခံပါတယ်။ တကယ်တမ်းတော့ သုံးသိန်းဆိုတဲ့ငွေဟာ အဆင်မပြေတဲ့ ကျွန်တော်တို့နိုင်ငံ ကလူတွေအတွက် ပါးစပ်တွေ ပိတ်သွားစေမယ့် ငွေကြေးပမာဏ ပါ။ ဒါပေမယ့် ထိရောက်တဲ့ ဥပဒေ အရ အရေးယူဆောင်ရွက်မှုမျိုးလည်း ရှိသင့်တယ်လေ။ ဘယ်သူ့ကိုမှ မနစ်နာစေချင်ပါဘူး။ ဒါပေမယ့် လူဆိုတာ ကိုယ်လုပ်တဲ့ အလုပ်အတွက်တော့ တာဝန် ယူရဲရမယ်။
ဒိလောက်နှိပ်စက်ခံထားရတာ ၃သိန်းပဲရတယ်ဆိုတော့ နဲတာပေါ့
ဒီလောက်မီးပူနဲ့ကပ်ခံထားရတာ ဒေါ်လာ၃၀၀ကျော်ကျော် ၄၀၀မပြည့်တဲ့ပမာဏနဲ့ဆိုရင်တော့ တော်တော်နည်းတဲ့ ငွေကြေးပမာဏပါ။
တရားသူကြီးမင်း ခင်ဗျားမရှက်ဘူးလား၊ ဘယ်မျက်နှာနဲ့ တရားရုံးသွားလဲ၊ အဆင့်မရှိတဲ့ မိန်းမယူထားမိတဲ့ ခင်ဗျားကိုသနားမိတယ်ဗျာ။
တရားသူကြီး လင်မယားက ဗုဒ္ဓဘာသာဝင်တွေရော ဟုတ်ရဲ့လား။ သန်းရွှေလို ဗုဒ္ဓဘာသာဝင် ဆိုရင်တော့ ဘာသာနာမည် ပျက်တယ်ကွာ။
ဒါတွေအားလုံးက ပဲခူး၇ဲပေါ် မူတည်ပါတယ်၊ အထက်က မတား၇င်ပေါ.။ ၇ဲ ကလူစိတ်နဲ. တ၇ားလိုလုပ်ပြီး အမှုဖွင်.၇င်၇တာ ဘဲ ၊ ဒီအမှု က ဦးသိန်းစိန် တို.အဖွဲ. ဒီမိုကေ၇စီ ပေးချင်စိတ်၇ှိလား၇ဲ.ပြယုတ် အဖြစ်စောင်.ကြည်.၇မယ်. အမှုပါ ၊
ကာယကံရှင် သဘောလို့ မပြောကြပါနဲ့။ ပညာမတတ် ဆင်းရဲ့တဲ့ မိသားစုတွေခင်ဗျာ ဒီလိုပဲ အရိုးခံအတိုင်းတွေးမှာပေါ့။ ကိုယ့်အခွင့်အရေးကို သူတို့ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ဒီလိုဖြစ်အောင်လည်း နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ကြရတာလေ။ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ကို နားလည်နေတဲ့ လူတန်းစားကနေ ဥပဒေအရ အရေးယူနိုင်အောင် ၀ိုင်းဝန်းကြိုးစားပေးစေချင်ပါတယ်။ ဒါဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားလာရေးအတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားရာ ရောက်ပါတယ်။
ဖတ်ကြည့်လိုက်တော့ တရားသူကြီးက သူ့မိန်းမဘက်ကနေ save side ဖြစ်အောင် လုပ်ပေးနေပုံရပါတယ်။ တရားသူကြီးဆိုတော့ တရားဥပဒေတော့ နည်းနည်းနားလည်မှပေါ့။ ဒါပေမယ့်ဗျာ ဒီလိုမိန်းမကိုရထားပြီး ဒီလိုမိန်းမကို တန်ဖိုးထားနေတာ သနားတယ်ပဲပြောရမှာလည်း ဘယ်လိုပြောရမလည်းတော့ မသိတော့ဘူး။ နောက်ဆုံးအနှစ်ချုပ်ကြည့်လိုက်တော့လည်း တိုင်းပြည် ခေါင်းဆောင်တွေ ကြောင့်ဆိုတာပဲ။ ဒီတော့ လာမည့်ရွေးကောင်ပွဲမှာ ငါတို့ပြည်သူလူထုတွေ တာဝန်ကျေကျေ မဲပေးနိုင်ဖို့အရေးကြီးလာပြီ။ ငါတို့သားတွေ၊ သမီးတွေအတွက် စိတ်လေးတယ်။
တရားသူကြီးမင်း မရှက်ဘူးလား
မင်းတို့ ဘမာတွေ တော်တော် အလုပ်အားတယ် ထင်တယ်
မြန်မာနိုင်ငံမှာတရားသူကြီးတွေရဲ့မသမာမှုတွေကအများကြီးပါ။နောက်ဆုံးထက်ထက်မိုးဦးအမှုကြည့်ပါလား။ကျွှန်တော်လည်း(၁၉၈၃)က မရမ်းကုန်းမြို့နယ်မှာ(ဂျမ်းရှင်းအိပ်နား)်မြေကွက်အမှုက မှန်နေပါလျှက်မတရားသူကြီးလာဘ်စားလို့နစ်နာခဲ့ရပါတယ်။ ။ဲ့
ဟုတ်ပြီဗျ၊ ကျုပ်တို.ကလေးလုပ်သားကိစ္စ၊ကလေးသူငယ်ညှင်းပန်းမှုကာကွယ်
ရေး၊ဒါတွေလုပ်ဘို.လိုနေပြီ၊ကိုကိုမောင်ပြောသလိုမျိုးတွေကျွန်တော်တွေ.ဖူး
တယ်၊၀န်ကြီးမှမဟုတ်ဘူး၊ငွေကြေးတတ်နိုင်ပြီးစိတ်ကောင်းမရှိတဲ.သူတွေထံ
မှာပေါ.။
အဲလိုကျွန်သာသာအသိမ်းခံထားရတဲ.ကလေးတွေကိုကယ်ခြင်တယ်၊ ၊ကာကွယ်
ခြင်တယ်။ကိုသစ်ရေဦးဆောင်စီးရုံးပါဦး။ဘယ်သူတွေနဲ.ဘယ်လိုလုပ်လျှင်ဖြစ်
နိုင်မလဲပြောပြပါဦးခင်ဗျာ။
Post a Comment