မန္တလေး
ကျောက်ပန်းတောင်းမြို့နယ် ၊ လက်ပံပြားတိုက်နယ်အုပ်စုခွဲ ၊ စင်မြင်အုပ်စု
မြင်သာရွာတွင် မဲပေးနိုင်သူဦးရေမှာ ၁၀၀ ခန့်သာရှိ သော်လည်း အခုအချိန်တွင်
ကြိုတင်မဲ ကောက်ယူထားသည်မှာ ၇၀ ကျော်ပြီဖြစ်ကြောင်းသိရသည် ။
မတ်လ ၃၁ ရက်နေ့တွင်မှ ကြိုတင်မဲ စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယနေ့ တစ်ရက်ထဲဖြင့် ကြိုတင်မဲ ၇၀ ရရန် ကောက်ယူသွားခဲ့ခြင်းဖြစ် သည်ဟု ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။
မသိနားမလည်သော ရွာသားများကို ခြိမ်းခြောက်ပြီး ကြိုတင်မဲကောက်ယူခဲ့သည့်အပြင် ခြင်္သေ့ကိုသာ မဖြစ်မနေထည့်ခိုင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းလုပ်ရပ်ကို ဦးဆောင်သူများမှာ အဆိုပါ ကျေးရွာ၏ ဥက္ကဌဟောင်း ဦးစံသိန်း ၊ ဆယ်အိမ်မှုး ဦးစိုးရ ၊ ဦးတင်ညွန့် ၊ အုပ်ချုပ်ရေးမှုး ကိုမြင့်အေး ၊ ရပ်မိရပ်ဖ ဦးဖြိုးရ တို့မှာ ကော်မရှင် အဖွဲ့ဝင်များ မဟုတ် သော်လည်း ကြိုတင်မဲ လိုက်လံကောက်ယူနေကြောင်း သိရှိရပါသည် ။
ယင်းကိစ္စရပ်ကို ရွေးကောက်ပွဲကော်မရှင်သို့ တယ်လီဖုန်းနှင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း တိုင်ကြားခဲ့သော်လည်း အရေးယူမှုမရှိသေးကြောင်း အန်အယ်လ်ဒီပါတီထံမှ စုံစမ်းသိရှိရသည်။
The Express Times

မန္တလေးကျောက်ပန်းတောင်းရှိ လူဦးရေ ၁၀၀ ကျော်နေသည့်ရွာ ကြိုတင်မဲ ၇၀ ဖြစ်နေ
Reviewed by သစ်ထူးလွင်
on
08:15
Rating:
10 comments:
နင် တို့ ဘာတွေလုပ်နေပါစေ ...ရှုံးမှာပဲ ဟဲ့...
မယုံရင်ဒီမှာ......ကြည့်ကြပါကွယ်ရို့ အရပ်ကတို့ 
တောမှမသိနားမလည်တဲ့ ပြည်သူတွေကို ဒီလိုနိုက်ထက်စီးနင်းလုပ်နေကြတယ်
ကွယ်ရို့ . ဦးတင်အေး(ဒုဗိုလ်ချုပ်ကြီးဟောင်း)နေပူတော်မှာခန့် ခန့် ကြီးမနေ
နဲ့ အုံးဗျ..တစ်နိုင်ငံလုံးက ကောင်မရှင်အဖွဲ့ တွေကိုကောမှတ်မိရဲ့ လား
တိုက်ပုံမှာရင်ထိုးရှည်ရှည်ကြီးထိုးတာနဲ့ောကာင်မရှင်နာဖြစ်ရောလားဗျ
ခင်ဗျားတို့ စစ်တပ်စကားပုံရှိတယ်နော် one for all အခုက all for
one ဖြစ်သွားပြီးတော့ခင်ဗျား..နာမည်ပျက်သွားမယ်..အေးလေ
ပျက်လည်း..မိုးလုံးပြည့်မုသာဝါဒသစ်ထူးလွင်ဆိုဒ်က ကလေကချေ ကွင်
မင့်ပေးတဲ့ကောင်တွေကကောင်တွေပြောတာဂရုမစိုက်ဘူးဖြစ်မှာပေါ့
သန်းရွှေလေသံနဲ့ ပြောလိုက်မယ်..ဟုတ်ပလား..
အဲဒီ့ ကိစ္စ လွှတ်တော်ကို တင်ပြီး အထက်ပါ လူတွေကို အရေးယူ ပြီး လက်ရှိတာဝန်မှ ရပ်ဆဲပေးပါ . . ရပ်မိ ရပ်ဖ များအနေနှင့် မသမာမှု့ များကို ဖေါ်ထုတ်ပေးပါ . . .
မနက်စောစော ဒီ ဖွတ်တွေကြောင့် အာရုံနောက်တယ်
ကုန်ပြီ၊ ပါသွားပြန်ပြီ။ ဒါကြောင့် ဒေါ်စု တောင်စိတ်လျှော့ထားပါတယ်။ ဘယ်လိုမှတရားမျှတမှု့မရှိတဲ့ တဖက်သက်မဲယူပွဲကြီးပါ။
ကြိုတင်မဲဆိုတာကဘာလဲ ? အဲဒီကြိုတင်မဲကို ကြံ့ဖွတ်တွေပဲ ကောက်ခွင့်ရှိတာလား ? ကျန်တဲ့ပါတီတွေ လိုက်ကောက်သံမကြားရပါလား ရွေးကောက်ပွဲကော်မရှင်ဆိုတာကကော ဘယ်သူတွေလဲ ?
ဒီအတိုင်းဘဲလာမှာပါဗျာ။ သူတောင်းစားတွေ အာဏာလက်လွှတ်
ရမှာ ကြောက်နေကြတာ။ဘယ်သူသေသေ ငတေမာ ပီးရောဆိုတဲ့
စကားက ကြံ့ဖွံ့ တွေအတွက်များ ရှေးလူကြီးတွေပြောသွားသလား။
ေ၇ွးကောက်ပွဲကော်မ၇ှင်ေ၇ေ၇ွးကောက်ပွဲလုပ်တာ ပိုက်ဆံကုန်လူပင်ပန်းပါတယ်ကွာ။ ကြံ့ဖွတ်ဘဲ အနိုင်ပေးလိုက်ပါ။
တပ်မတော်ဗိုလ်ဟောင်းကြံ့ဖွံ့ အပေါင်းတို့ ...
သင်တို့ မတရားအာဏာသိမ်းပိုက်အုပ်ချုပ်မှုကြောင့်...ကျုပ်တ့ို့ တိုင်းပြည်ကြီးသည်...အနူတစ်ရာစုပ်သည့်...သရက်စေ့ပမာ...ချွတ်ခြုံကျခဲ့ရပါပြီ။
သို့ ပေငြားလည်း....သင်တို့ နှင့်သင်တို့ မိသားစုများမှာ...ဆယ်သက်စားမကုန်ချမ်းသာနေကြပြီဖြစ်နေကြပါပြီ။
သို့ ပေမဲ့...ယနေ့ ထက်တိုင်...ဆက်လက်ခိုးရန်ရည်ရွယ်လျှက်...ယခုကြားဖြတ်ရွေးကော်ပွဲတွင်...မသမာမှုများပြုနေကြပြန်ပြီ။
တော်ပါတော့...တော်ကြပါတော့...ကြေနပ်ကြပါတော့...တိုင်းပြည်ကိုသိပ်ချစ်ပါတယ်ဆိုတဲ့...ဗိုလ်မှူးကြီးတို့ု..ဗိုလ်ချုပ်ကြီးတို့ .....
လေးစား...ရိုကြိုး..ရွံရှာစွာ....တောင်းပန်အပ်ပါတယ်၊
ကြားနေရတဲ့ သတင်းတွေက လုံးဝမကောင်းပါ တရားမျှတမှု ဆိုတာကို မသိတာတော့မဟုတ်ပါဘူး။အမှန်တရားကို မြတ်နိုးမှုမရှိကြတာပါ စိတ်ဓါတ်အောက်တန်းကျတယ်လို့ အပြောခံလိုက်ရရုံသာဖြစ်ပေမဲ့ နိုင်ငံပြန်လည်ထူထောင်ရေးမှာ အဓိကအကျဆုံးလုပ်ဆောင်မှုတွေကိုလုပ်ဆောင်နေရာမှာ ဒါမျိုးတွေက မဖြစ်သင့်ပါဘူး။
Post a Comment