မိတ္ထီလာ နောက်ဆုံးရ မဲအခြေအနေ
ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်၊ YPI
မိထ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မ
ရရှိထားသောမဲစာရင်းများအရ လက်ရှိမဲရုံ ၄၉
ရုံရရှိသောစာရင်းများစုစုပေါင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ၁၇၈၆၈ မဲ
ဒေါ်မြင့်မြင့်အေး က ၁၆၀၄ မဲ
အမျိုးသားနိုင်ငံရေးမဟာမိတ်များ
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ
မိထ္ထီလာမြို့နယ် တစ်ခုလုံးတွင် မဲရုံပေါင်း ၂၇၈ ရုံရှိပြီး
မြို့နယ်ရွေးကောက်ပွဲကော်မတီရုံ
စစ်ဆေးလျှက်ရှိသည်။
---------------------------------
ကလောတွင် ကိုယ်စားလှယ်လောင်းများကို မဲရေတွက်မှု ကြည့်ရှုခွင့်မပေး
ဧပြီ ၁၊ ၂၀၁၂၊ ၂၁း၀၀ (YPI)ကလောမြို့နယ်တွင် အောက်ခြေမဲရုံများမှလာသည့် မဲရလာဒ်များကို မြို့နယ်ကော်မရှင်အဖွဲ့ရုံးတွင် စုပေါင်း အဖြေထုတ်ခြင်းကို မည်သည့်ကိုယ်စားလှယ်လောင်းကို ကြည့်ရှုခွင့်မပေးဟု ကိုယ်စားလှယ်လောင်း များကပြောသည်။
ရွေးကောက်ပွဲ ဥပဒေတွင် မဲစာရင်း ပေါင်းခြင်း၊ ပြုစုခြင်းကို အများပြည်သူ ရှေ့မှောက်တွင် ပြုလုပ်ရမည်ဟု ဖော်ပြထားသော်လည်း ကိုယ်စားလှယ်လောင်းများကို ၀င်ခွင့်မပေးဘဲ ရေတွက်ခြင်းသည် ဥပဒေကိုချိုးဖောက်ခြင်းပင်ဖြစ်သည်။
ကော်မရှင်က တံခါးပိတ်ပြီး မဲစာရင်းစားများကို ပြုစုပြီးမှသာ ပုံစံ ၁၉ တွင် ဖြည့်သွင်းကာ ကိုယ်စားလှယ်လောင်းများကို လက်မှတ်ထိုးခိုင်းမည်ဟုဆိုသည်။
၎င်းမဲဆန္ဒနယ်တွင် ကျားဖြူပါတီ ၊ PNO၊ NLD နှင့် ကြံ့ခိုင်ရေးပါတီများမှ ကိုယ်စားလှယ်များဝင်ရောက်ယှဉ်ပြိုင်ကြသည်။
၂၀၁၀ ရွေးကောက်ပွဲပြုလုပ်စဉ်ကလည်း ရွေးကောက်ပွဲကော်မရှင်ဟာ မြို့နယ်အဆင့် မဲစုပေါင်းပြုစုခြင်းကို မည်သည့်ကိုယ်စာလှယ်လောင်းကိုယ်မျှ ၀င်ခွင့်မပေးခဲ့ဘဲ သူတို့ကိုယ်တိုင်သာပြုလုပ်ခဲ့ပြီး မဲရလာဒ်များကို ၎င်းတို့စိတ်တိုင်းကျ ထုတ်ပြန်ခဲ့သည်ဟု ၎င်းအချိန်က ရွေးကောက်ပွဲစောင့်ကြည့်သူများက ဝေဖန်ခဲ့ကြသည်။ ။
----------------------------
မော်လမြိုင် မဲရေတွက်မှုရလဒ်
ည ၉ နာရီ ၊ ဧပြီ ၁ ရက် YPI
ရပ်ကျေး ၄၁ ခုရှိသည့်အနက် ၃ ၂ခုရေတွက်ပြီးနောက်တွင် အန်အယ်လ်ဒီမှ မဲ ၅ သောင်း ၆ ထောင်ကျော်ရှိထားပြီး အများဆုံးဖြင့် ဦးဆောင်လျှက်ရှိသည်။ မော်လမြိုင်မြို့နယ်တွင်မဲပေးခွ
YPI
![]() |
မဲရရှိမှုစာရင်း တွက်ချက်နေသော nld အောင်နိုင်ရေး အဖွဲ့ဝင်များ |
--------------------------------------------
Update 9:33 PM
ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၂၀၂ရုံရှိသည့်အနက် ၉၅ ရုံတွင် မဲရေတွက်ပြီးစီးပြီုဖစ်ရာ NLD က ၇၇ရာခိုင်နှုန်းနှင့် မဲအပြတ်အသတ်ဖြင့် အသာစီးရနေကြောင်း ပုသိမ်မြို့တွင်ရောက်ရှိနေသော 7Day News သတင်းထောက်ကသတင်းပေးပို့သည်။
7Day News Journal
-----------------------------
နေပြည်တော် မဲဆန္ဒနယ်များ အားလုံး NLD အနိုင်ရရှိ ဟုဆို
နေပြည်တော်၊ ဧပြီ ၁ ( 8 : 56 )
အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်ရှိ မဲဆန္ဒနယ် လေးနယ်လုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့ပြီ ဖြစ်ကြောင်း နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ NLD ပါတီအား ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်စန္ဒာမင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။
နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်တွင် ၈၈ မျိုးဆက် ကျောင်းသူတစ်ဦး ဖြစ်သူ ဒေါ်စန္ဒာမင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးအား ဆန္ဒမဲ ငါးထောင်ကျော်ဖြင့် ၎င်း၊ ဥတ္တရသီရိ မဲဆန္ဒနယ်တွင် ဦးမင်းသူ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးလှသိန်းဆွေ အား ဆန္ဒမဲ ခုနှစ်ထောင် နီးပါဖြင့်၎င်း၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်တွင် ဦး ဖြိုးဇေယျာသော်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးသာဌေးအား ဆန္ဒမဲ နှစ်ထောင်ကျော်ဖြင့် ၎င်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် NLD ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမောင်ရှိန်အား ဆန္ဒမဲ သုံးထောင့်နှစ်ရာအကွာဖြင့်၎င်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း ဒေါ်စန္ဒာမင်းကဆိုသည်။
------------------------------------
မြန်မာနိုင်ငံတွင် ကျင်းပလျက်ရှိသော ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ပါဝင်မှုကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က အသိအမှတ်ပြု ပြောကြားလိုက်ပြီး ပြုပြင်ပြောင်းလဲမှု များအတွက် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း
The Voice Weekly
---------------------------------
လှည်းကူးမြို့နယ်အတွင်းရှိ မဲရုံပေါင်း ၁၂၀ကျော်တွင် NLD ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက မဲရုံပေါင်း၉၀ကျော်တွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
------------------------------
ဒေါက်တာမျိုးအောင်(
ဒဂုံဆိပ်ကမ်းမြို့နယ်၊ NLD ကိုယ်စားလှယ်လောင်း)က
လွှတ်တော်ထဲရောက်ရင် ၂၀၀၈ အခြေခံဥပဒေထဲက အခက် ၁၇ချက်ကို ပြင်ဆင်ဖို့ ကြိုးစားသွားမယ်။ အခုလို အနိုင်ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ အခုမှ ပြည်သူ့တာဝန်ကို စထမ်းရမှာပါ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော
----------------------------
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မဲဆန္ဒနယ် တွင် မဲရုံပေါင်း ၂၀၂ ရုံ တွင် NLD ပါတီမှ ၆၄ ရုံ အနိုင်ရရှိထားကြောင်း သိရသည်
Yangon Media Group
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၃)
Reviewed by သစ်ထူးလွင်
on
21:48
Rating:

9 comments:
အားရ စရာဗျာ။ ပျော်သဗျို့ 
ဦးမင်းသူ၊ ဒေါ်စန္ဒာမင်း၊ ဦးနိုင်ငံလင်း၊ ဦးဖြိုးဇေယျာသော်။
အနော်ရထာရဲ့ ပုဂံသူရဲကောင်း လေးဦးကို စစ်သည် လေးသိန်းအား နဲ့တင်စားသလို၊ ဒီချုပ်ရဲ့ နေပြည်တော် သူရဲကောင်း တွေလို့ တလေးတစားဂုဏ်ယူပါတယ်ဗျာ။ သူရဲကောင်းတို့ရဲ့ လွှတ်တော်အဝင်ကို ဖန်သားပြင်မှာ အမြန်ကြည့်ချင်လှပါပြီိ။
ကိုသစ်ထူးလွင်ကို ကျေးဇူးတင်လို့ မဆုံးဘူးဗျာ...
ကျနော်တို့ ပြည်ပရောက်တဲ့သူတွေမဲပေးခွင့်မရပေမယ့် ပြည်တွင်းကသူတွေတာဝန်ကျေပွန်လှပါတယ်.လေးစားပါတယ်ဗျာ..
wow,, vr good news that NLD get win...
အထူးလေးစားပါတယ် ဆရာဦးမျိုးအောင်။ ပြည်သူတွေမှာ ဒီလိုအခွင့်အရေးတွေနဲ့ ဝေးခဲ့ကြရတာ အတော်ကြာခဲ့ပါပြီ။ ဆရာတို့ တဖွဲ့သားလုံးနဲ့ အားပေးထောက်ခံခဲ့တဲ့ ပြည်သူပြည်သား အပေါင်း ကောင်းကျိုးလိုရာနဲ့ ပြည့်ဝကြပါစေ။
ဒီနေ့ဟာကျနော်ဘ၀အတွက်တော့ ၀မ်းနဲဝမ်းသာဖြစ်ရဆုံးသောနေ့ထူးဆို၇င်မှားမရ် မထင်ပါဘူး ဘာကြောင့်ဝမ်းနဲရလဲဆိုတော့ ကျနော်တိုပြည်သူတွေ ကိုယုံကြည်အားကိုးရတဲ့ NLD တစ်ခဲတစ်နက် အားပေးနေတဲ့အချိန်မှာ ကျနော်တို မှာဘာကိုမှကိုတိုင်ကိုကျအားပေးခွင့်မရခဲ့ပါဘူး ဘာကြောင့်ဝမ်းသာလဲဆိုတာကတော့ အမျိုးချစ်တဲ့ဘယ်သူမဆိုနားလည်ကြမှာပါ...
အစ်ကိုသစ်ထူးလွင်ဘယ်လိုကျေးဇူးတင်ရမလဲမပြောတတ်ဘူးပျာ။အတိုင်းထက်အလွန်ဘဲဗျာ
အားလုံးကို လေးစားပါတယ်..ကျေးဇူးလည်းအရမ်းတင်ပါတယ်...
NLD မှ အမတ်လောင်းများ ကျန်းမာချမ်းသာကြပါစေ...
Post a Comment