ရန်ကုန်မြို့ရှိ
ဧပြီလပထမအပတ် စတင်ရောင်းချပေးနေသော ကျပ် နှစ်သိန်းတန် GSM Sim Card
များအား သတ်မှတ်ဈေးနှုန်းထက် ဈေးပိုပေးကာ ၀ယ်ယူနေရကြောင်း
ဝယ်သူသုံးစွဲသူများထံမှ သိရှိရသည်။
လက်ရှိတွင် ကျပ်နှစ်သိန်းတန် GSM ဖုန်း Sim Card ရောင်းချရာတွင် ကျပ်ငွေနှစ်သိန်း သတ်မှတ်ထားသော် လည်း ၀ယ်ယူသူများသည် Sim Card ၀ယ်မရမည် စိုးရိမ်သောကြောင့် ဈေးပိုမိုပေးကာ ၀ယ်ယူနေခြင်း ဖြစ်သည်။
“ရန်ကုန်မှာ ချပေးတဲ့ဖုန်းက ၉ ရက်နေ့မှာပြောလို့ရမယ်ဆိုလို့ ကျနော်က ၇ ရက်နေ့မှာဝယ်တယ်။ ၂သိန်း ဆိုပေမယ့်လည်း ၂ သိန်းနှစ်သောင်းပေးပြီးဝယ်လိုက်တယ်။ လိုချင်လို့ပါ။ နံပါတ်ရွေးတဲ့အတွက်လည်း (၁) သောင်း ထပ်ပေးရတယ်။ အားလုံးပေါင်းဆို ၂ သိန်းသုံးသောင်းကျပါတယ်”ဟု ၀ယ်ယူသုံးစွဲသူတစ်ဦးထံက သိရှိရသည်။
အဆိုပါဖုန်းများကိုဧပြီလ၇ရက်နေ့မှစတင်ရောင်းချလျက်ရှိပြီး ရောင်းအားကောင်းနေကြောင်းနှင့် ယခင် ၅ သိန်းဖုန်းများထက်ပိုမိုကာ ရောင်းရကြောင်း ဖုန်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။
“အခုလို ၀ယ်ယူမှု များနေတဲ့အတွက် ဖုန်းအရောင်းဆိုင်တစ်ချို့ဟာ သတ်မှတ် ထားတဲ့ ငွေကျပ် ၂ သိန်းထက် ပိုမိုကာ ကျပ် ၂ သောင်း ကနေ ၃ သောင်းအထိ ဈေးနှုန်းမြင့်တက် ရောင်းချတာဖြစ်တယ် ” ဟု ရန်ကုန်ရှိ ဖုန်းအရောင်းဆိုင်ဝန်ထမ်းတစ်ဦးကပြောသည်။
အဆိုပါ ဖုန်းများကို နံပါတ် ရွေးချယ် ၀ယ်ယူလိုလျှင်လည်း အပိုဆောင်း ကျပ်(၁) သောင်း ခန့်ထပ်ပေးကာ မိမိကြိုက်သည့် နံပါတ်ကို ရွေးချယ်ဝယ်ယူနိုင်ကြောင်းသိရှိရသည်။
လက်ရှိတွင် အချို့ဖုန်းဆိုင်များသည် ရန်ကုန်မြို့တွင် ချပေးသည့် ဖုန်းများသာမက နယ်တွင် ချပေးသည့် ဖုန်းများကိုလည်း ထည့်သွင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တွင်ချထားပေးသည့် ဖုန်းများသည် ဧပြီလ (၉)ရက်နေ့တွင် စတင်ကာအသုံးပြု၍ ရနေပြီဖြစ်ပြီး နယ်တွင်ချထားပေးသည့် ဖုန်းများသည် ရန်ကုန်တွင် မေလ (၅) ရက်နေ့ နောက်ပိုင်းမှသာ အသုံးပြု၍ ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၏ ထုတ်ပြန်ချက် အရသိရှိရသည်။
လက်ရှိတွင် ကျပ်နှစ်သိန်းတန် GSM ဖုန်း Sim Card ရောင်းချရာတွင် ကျပ်ငွေနှစ်သိန်း သတ်မှတ်ထားသော် လည်း ၀ယ်ယူသူများသည် Sim Card ၀ယ်မရမည် စိုးရိမ်သောကြောင့် ဈေးပိုမိုပေးကာ ၀ယ်ယူနေခြင်း ဖြစ်သည်။
“ရန်ကုန်မှာ ချပေးတဲ့ဖုန်းက ၉ ရက်နေ့မှာပြောလို့ရမယ်ဆိုလို့ ကျနော်က ၇ ရက်နေ့မှာဝယ်တယ်။ ၂သိန်း ဆိုပေမယ့်လည်း ၂ သိန်းနှစ်သောင်းပေးပြီးဝယ်လိုက်တယ်။ လိုချင်လို့ပါ။ နံပါတ်ရွေးတဲ့အတွက်လည်း (၁) သောင်း ထပ်ပေးရတယ်။ အားလုံးပေါင်းဆို ၂ သိန်းသုံးသောင်းကျပါတယ်”ဟု ၀ယ်ယူသုံးစွဲသူတစ်ဦးထံက သိရှိရသည်။
အဆိုပါဖုန်းများကိုဧပြီလ၇ရက်နေ့မှစတင်ရောင်းချလျက်ရှိပြီး ရောင်းအားကောင်းနေကြောင်းနှင့် ယခင် ၅ သိန်းဖုန်းများထက်ပိုမိုကာ ရောင်းရကြောင်း ဖုန်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။
“အခုလို ၀ယ်ယူမှု များနေတဲ့အတွက် ဖုန်းအရောင်းဆိုင်တစ်ချို့ဟာ သတ်မှတ် ထားတဲ့ ငွေကျပ် ၂ သိန်းထက် ပိုမိုကာ ကျပ် ၂ သောင်း ကနေ ၃ သောင်းအထိ ဈေးနှုန်းမြင့်တက် ရောင်းချတာဖြစ်တယ် ” ဟု ရန်ကုန်ရှိ ဖုန်းအရောင်းဆိုင်ဝန်ထမ်းတစ်ဦးကပြောသည်။
အဆိုပါ ဖုန်းများကို နံပါတ် ရွေးချယ် ၀ယ်ယူလိုလျှင်လည်း အပိုဆောင်း ကျပ်(၁) သောင်း ခန့်ထပ်ပေးကာ မိမိကြိုက်သည့် နံပါတ်ကို ရွေးချယ်ဝယ်ယူနိုင်ကြောင်းသိရှိရသည်။
လက်ရှိတွင် အချို့ဖုန်းဆိုင်များသည် ရန်ကုန်မြို့တွင် ချပေးသည့် ဖုန်းများသာမက နယ်တွင် ချပေးသည့် ဖုန်းများကိုလည်း ထည့်သွင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တွင်ချထားပေးသည့် ဖုန်းများသည် ဧပြီလ (၉)ရက်နေ့တွင် စတင်ကာအသုံးပြု၍ ရနေပြီဖြစ်ပြီး နယ်တွင်ချထားပေးသည့် ဖုန်းများသည် ရန်ကုန်တွင် မေလ (၅) ရက်နေ့ နောက်ပိုင်းမှသာ အသုံးပြု၍ ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၏ ထုတ်ပြန်ချက် အရသိရှိရသည်။
ထွန်းနေအောင်(မြစ်မခ)
ကျပ် နှစ်သိန်းတန်ဖုန်းကဒ်များအား ဈေးပိုပေးဝယ်ယူနေရ
Reviewed by သစ်ထူးလွင်
on
10:15
Rating:
24 comments:
ဝယ်လိုအားကများနေရင်ဒီလိုပါပဲ.
နောက်တော့လဲရိုးသွားလိမ့်မယ်..
ဟုတ်ပါတယ်။ နံပါတ်လှလှတွေဆိုပြီး ဈေးကိုမတရားအမြတ် တင်ပြီးရောင်းချနေကြပါသေးတယ်။ တချို့ဆိုရင် နံပါတ် ကောင်းရင် ၂ သိန်းတန်ဖုန်းကို ၃ သိန်း ၁ သောင်းလောက်ထိပေးပြီး ၀ယ်ယူနေကြရပါတယ်။ ဒါမျိုးတွေဟာ လုံးဝကိုမဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ သိရသလောက်ဆိုရင် ဆက်သွယ်ရေး/ဖုန်းကုမ္ပဏီကတောင် ရောင်းခိုင်းတယ်လို့ ဆိုပါတယ်။ ဒါမျိုးတွေကို စီစစ်ဆောင်ရွက်ပေးသင့်ပါတယ်။
ဈေးနှုန်းကို ထိန်းချုပ်ပေးမယ်ဆိုရင်တော့ အများပြည်သူတင်မက ရောင်းဝယ်သူပါ စိတ်ချမ်းသာမယ်ထင်ပါတယ်။
ဆိုင်တွေကိုသွားပြီး ဖုန်းဈေးသွားမေးကြည့်ပါတယ်... မေးတဲ့လူကို ထရိုက်တော့မယ် ပုံနဲ့ မ၀ယ်ရင်မမေးနဲ့ ဆိုတာမျိုးတွေ တွေ့နေရပါတယ်.. အမှန်တကယ်လိုချင်တာ စည်းကမ်းရှိပြီး အညှာအတာ ရှိတဲ့ ဒီမိုကရေစီပါ.. အမြတ်ကြီးစားပြီး လုပ်ချင်တာလုပ်တဲ့ ဒီမိုကရေစီမဟုတ်ပါဘူး..
အခုဝယ်..အခုဆက်မရတာဘာကြောင့်လည်း
ဘာတွေအားနည်းနေတာလည်း.....
အခုပဲ ဖုန်းရောင်းတဲ့ ဆိုင်က ပြန်လာတာ၊ သူငယ်ချင်းတစ်ယောက်ဝယ်တာ လိုက်သွားတာ၊ နှစ်သိန်းနှစ်သောင်းနဲ့ ပိုက်ဆံချေပြီးမှ ယူသွားတဲ့ဟန်းဆက်နဲ့ ထည့်ပြီး ငွေကဒ်ပါဖြည့်လည်းပြီးရော ဖုန်းကဆက်မရဘူး၊ ၄၂၀၀၄၄၄-- နံပါတ်က မဖွင့်သေးဘူးတဲ့ မနက်ဖြန်(တနင်္လာ)မှ သုံးရမယ်ပြောလို့ ဒေါကန်ပြီး ပြန်လာရတယ်ဗျာ
YTP က ဖုန်းကဒ်များကို လိုသလောက် မထုတ်ပေးနိုင်တာကြောင့်လည်း
ပါတယ်ဗျာ့..ဆိုင်တွေကို Order ပဲမှာထားခိုင်းတယ်..မှာတဲ့အထဲမှာမှ
အကုန်မရပါဘူး.နည်းနည်းပဲရတယ်.အဲ့ဒီအတွက် ဈေးကွက်မှာ ဈေးတတ်ကုန်
ပါတယ်..နှစ်သိန်းခြောက်သောင်းထိကို ဈေးတတ်ကုန်ပါတယ်..
ဝယ်လိုအားများလာတော့ ရောင်းအားကိုထိန်းပြီး ဈေးကိုင်တဲ့ သဘောပေါ့..
ဖုံးဆိုင်များမျှမျှတတလုပ်ကြပါ။
၂ သိန်းတန်ဖုန်းတွေ ဘယ်သူမှမ၀ယ်ပဲ သပိတ်မှောက်ရင် ၅ ထောင်တန် ဖုန်းတွေ ရလာမယ်လို့မျော်လင့်ပါတယ်။ ဒါပေမယ့် အခုတော့လည်း အလုအယက်ကို ပြေးဝယ်နေလို့လည်း.......
ငါးသိန်းတန်ဖုန်းတောင် အပိုပေးဝယ်တယ်ဆိုတော့ ငါထောင်နဲ့တော့ ရောင်းတော့မယ်မထင်ဘူး...
ဒါလည်းမတန်သေးဘူးဗျာ ဘယ်နိုင်ငံမှာမှမပေးရတဲ့ဈေးနုန်းလေ စင်ကာပူမှာဆို sim ကတ်တကတ်ကို ၅ဒေါ်လာ ၈ဒေါ်လာဆိုရတယ် မြန်မာငွေနဲ့တွက်ရင် ၃၂၅၀ နဲ့ ၅၂၀၀ ဆိုရတယ်လေဘယ်လောက်ကွာဟနေလဲဆိုတာမြန်မာ့ဆက်သွယ်ရေးကလူကြီးတွေနားလည်ဖို့ကောင်းပါတယ်
အော် နဲ နဲ လေး တောင် သီးမခံ နိုင် ကြပါလား ... ၂ သိန်း မရ မဝယ် နဲ့ပေါ့.. နံပါတ် က တော့ ကံ ဘဲ ... နံပါတ် ကောင်းမှ မှတ်ရ လွယ် တဲ့ ခေတ်မဟုတ်တော့ ပါ .. ဘယ် လောက် ခက် တဲ့ နံပါတ် ဖြစ် ဖြစ် ဖုန်း memory ထဲမှာ မှတ်ထားတာပါ ... လုံလောက် အောင် ထုပ် မပေးတာ .. ပင် ရင်းမှာ ဝယ် ရင် မရတာ တွေ ကတော့ လုပ် ကွက် တွေ ...
မြန်မာပြည် ပြည်သူတွေကဖုန်းငတ်နေကြတာကြာပါပြီဗျာ ဆက်သွယ်ရေးအတွက်လူတိုင်း ဖုန်းကိုင်ချင်ကြတာပါ ဒါကို ဆက်သွယ်ရေးက လူကြီးတွေနဲ့ကုမ္ပဏီတွေပေါင်းပြီးပြည်သူတွေကိုဂုတ်သွေးစုတ်နေကြတာ အမှန် ဆိုပြည်သူတွေဘ၀ကိုကြည့်ပေးသင့်ပါတယ်
မှုလတန်ဖိုးထက် ဘာကြောင့်များ သွားရသလဲဆိုတာ အတော်များများ သေချာ မသိကြဘူး။ ၀ယ်လိုအားမြင့်တာ ချည်းတစ်ခုတည်း ကြောင့်မဟုတ်ပါဘူး။ဇာတ်ရေလည်အောင် ရှင်းရရင် ... နဂိုမူလ ကြေငြာစဉ်တုန်းက ရန်ကုန်မှာဧပရယ် ၉ ရက်နေ့စရောင်း စသုံးရန်ဖြစ်ပါတယ်။သို့သော် ဧပရယ်လဆန်းကတည်းက Elite မှဆင်းကဒ်များ(421 ဖြင့်စသော) လက်သိတ်ထိုးကြိုတင်ရောင်းချပါတယ်။ လူတိုင်းကို မရောင်းပါဘူး။ အပြင်လူတွေ ပုလဲကွန်ဒို(အီလိုက်ရုံးချုပ်) ကို မေးရင် ၉ရက်နေ့မှ ရောင်းမယ်ပြောပါတယ်။ ဖုန်းဆိုင်တွေမှာတော့ ဈေးပိုပေးကာ ၀ယ်ရနေပါပြီ။ အဲတုန်းက ရတနာပုံ တက်လီပို က မရောင်းသေးပါဘူး။
ဧပရယ် ၆ရက်နေ့မှာ ရတနာပုံက (420 ဖြင့်စသော)ကဒ်များ လက်လီ လက်ကားစရောင်းပါတယ်။ လက်ကား(ကဒ် 100)ယူရင် ၁%(2000ကျပ်)လျော့ပေးပါတယ်။ သူတို့ အတွင်းလူတွေက အဲဒီနေ့ကတည်းက ရပါတယ်။ အပြင်လူ လက်ကားတွေက စနေနေ့(ဧပရယ် ၇ရက်)မှ ထုတ်ပေးပါတယ်။ ၈ရက် နေ့ရုံးပိတ်ရက်မို့ အရောင်းပိတ်ပါတယ်။ ဒါ့ကြောင့် စနေ တနင်္ဂနွေ နှစ်ရက် အပြင်မှာ ဆင်းကဒ်တွေ လွယ်လွယ်ဝယ်နိုင် ခဲ့ပါတယ်။ ဈေးကလည်း နှစ်သိန်းပါပဲ။ နောက်ဆုံးနံပါတ်ပူး လိုချင်ရင် ၁သောင်း ပိုပေးရပါတယ်။ အတော်များများက ၉ ရက်နေ့မှာ ဆက်သွယ်ရေးက ပေါပေါများများ ရောင်းပေးမယ် လွယ်လွယ် ၀ယ်လို့ရမယ် ထင်ခဲ့ကြပါတယ်။
၉ရက်နေ့ ရုံးဖွင့်တော့ အထက်ကညွှန်ကြားချက် ဆိုပြီး တစ်ယောက် တစ်ကဒ်သာ ရောင်းပေးမယ် လုပ်လာပါတော့တယ်။ လက်ကား မရောင်းတော့တဲ့ အတွက် ဆိုင်သမား တွေပက်လက် လန်ပါတော့တယ်။ ဒါပေမဲ့ အားလုံးကို လက်မကား တာတော့မဟုတ်ပါဘူး ။တက်လီပို့ အရောင်းက မမတွေကိုကပ်ပြီး “အဘကို ပြောပြီးပြီအမ” လို့ပြောလိုက်ရင် သူတို့ကလည်း လာပြောသူကို ကြည့်ပြီး အဘများစွာထဲက ဘယ်အဘ ဆိုတာ တန်းသိပါတယ်။ ထိုသူတွေကိုတော့ လက်ကား ပါတယ်။
အဲဒီကနေစလို့ သင်္ကြန်နဲ့ ရောရောင် ကာလရှည်ပိတ်ပြီး မှောင်ခိုကြတော့တာပဲ ။ အပြင်ဖုန်းဆိုင်တွေက ထိုအခွင့်ထူးခံ အဘလူ မှောင်ခိုသမား တွေဆီက ဈေးပိုပေးဝယ် လူထုကို ဈေးကြီးကြီး ရောင်း။ မဖြစ်မနေ လိုအပ်တဲ့ ပြည်သူပြည်သား တွေက အဆမတန် ပေးဝယ်ရတော့တာပဲ။
ဒါတောင် သင်္ကြန်အပြီး ပစည်းပြတ်သွားတယ်။ 20ရက်နေ့ကစလို့ ဈေးကွက်ထဲ ဂျီကဒ်တွေ ပြန်ဝင်လာတယ်။ ရွှေသမင် ဘယ်တာက ထွက်လဲ မေးစရာမလိုပါ။ ၂၃ရက်နေ့ထွက်မယ့် WCDMA ကဒ်တွေတောင်ပါသေး။ ဟေး ... ပျော်စရာကြီးပေါ့ကွယ် စနစ်ပြောင်းပြီ ဆိုတာ အိပ်မက်ပါ
ညဏ်တုံးလိုက်ပုံများပြောပါတယ် ဖုန်း မမြင်ဖူးတာကြနေတာပဲ စိတ်လေပါ့ ရွာသားတွေ ကြနေတာပဲ နော် နှိုင်ငံတကာကတော့ရီချင်မှာပဲ~~~~သူတို့ဆီမှာ မြန်မာငွေနဲ့သုံးလေး ငါထောင်ပဲတန်တဲ့ Sim Card တွေကို မြန်မာပြည်မှာသိန်း ချီ ပေး ပီး ၀ယ်ရတယ်လို့လေ စိတ်ညစ်ပါ့
လိုချင်တော့လဲ ခံပေါ့ကွာ ပီး မှ MPT ဘာဖစ် တယ် ညာဖစ်တယ် မပြောနဲ့မသိတာလဲမဟုတ် ၀ယ်တုန်းက၀ယ်ပီး ပီးမှ သောက်တင်းပြောနေတယ် ကျုပ်တို့ကတော့အတင်းလဲမပြောဝူး ၀ယ်လဲမ၀ယ်ဝူး စိတ်ကိုမ၀င်စားတာ တန်ရာတန်ကြေးပီးမှပဲဝယ်တော့မယ် ဗျာငါးထောင်တန်လေးအမြန် ထွက်လာပါစေဗျာ ဒါမှ လူတန်းစား မရွေး သုံးနှိုင်မှာ ဒါလေးကိုသာလူတိုင်းက ဆန္ဒပြ ထောက်ခံမယ်ဆို ငါးထောင်တန်ဖုန်းလဲ အနှေး နဲ့ အမြန် ထွက်လာမှာပါ နှစ်သိန်းတန်ဖုန်းကိုအလုအယှက်ဝယ်နေကြတုန်းဆိုရင်တော့ငါးထောင်တန်ဖုန်းကို ပြည်သူများ မျှော်လင့်မနေကြပါနဲ့တော့ ~~~~
ကိုအောင်စိုးဦးရေ..
စင်ကာပူက ၅ဒေါ်လာတန် sim ကတ်တွေကပြောဖို့အတွက် Main balance ပါတယ်နော်။ မြန်မာက ၂သိန်း၊၅သိန်း၊၁၅သိန်း၊တွေက ဟဲဟဲ တပြားမှကိုမပါတာ။
2သိန်းက Sim Card ကိုပြောတာလား
ဖုန်းကိုပြောတာလား မရှင်ဘူးဗျာ Sim Card ဆိုရင်တော့ 2 သိန်းတောင် ပေးရတယ် အမလေး
ကြည့်လည်းလုပ်ကြပါဦး သူများနိုင်ငံနဲ့ ဘာလို့ဒီလောက်တောင်ကွာ
ရသလဲ ပြည်သူတွေငတ်နေပြီ
ဘယ်နိုင်ငံမှsim card ဝယ်တာ ဖောင်ဖြည့်ရတယ်မကြားဘူး၊မမြင်မိဘူး။
မှတ်ပုံတင်လည်း ပြရတယ် တန်းစီရတယ်၊ထိုင်းနိုင်ငံမှာ လမ်းဘေးဆိုင်မှာ
တောင်ဝယ်လို့ရတယ်။အခု GSM ဖုန်းရောင်းကောင်းအောင်CDMA ဖုန်းလိုင်းတွေ ပျက်နေတယ် ဒါဘဲ။
၅ထောင်တန်မျှော်တယ်ပြောတယ်ပြောပြီး ၂သိန်းတန်လဲ ၀ယ်သူတွေတိုးနေတာပဲ။
ဆက်သွယ်ရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ရ လူချီးတွေနဲ့ စီးပွားသမားတွေ ပူပေါင်းပြီး ပြည်သူကို နှိပ်စက်ကြတာလေ။ မတန်တဆဈေးတွေနဲ့ လုပ်စားကြတာ၊ ဒါလား စီးပွားရေး တံခါးဖွင့်ဝါဒ၊ ဒီသောက်ကျင့်တွေ ဘယ်တော့မှ ပြင်ကြမှာလဲ မသိဘူး။
ဖြုတ်သင့်တဲ့ ၀န်ကြီးတွေထဲမှာ ဆက်သွယ်ရေးဝန်ကြီးလည်းပါတယ်။
နှစ်သိန်းဆိုရင်နှစ်သိန်းဘဲဖြစ်သင့်ပါတယ်။တိုးမယူသင့်ပါဘူး။
သတင်းကတော့ဝိုးတဝါးထွက်လာပြီးနောက်ပိုင်းမှာတော့
အေးသွားပြီးဈေးသက်သက်သာသာနဲ့စောင့်သုံးကြပေါ့
ဆက်သွယ်ရေးကိုကြီး အပြစ်ပြောမနေကြနဲ့အုံး။ မရမကလိုက်ဝယ်နေကြတာ ပြည်သူတွေပါ။ ဆက်သွယ်ရေးက တအိမ်တက်ဆင်းအတင်းလိုက်မရောင်းပါ။
နိုင်ငံတော် လူကြီးများခင်ဗျား ဒီမှာတော့ မြက်/ရိတ်တဲ့ ကုလား /ကုလားမ .. ဆိတ်ကျောင်းတဲ့ ကုလား/မ အ၀တ်လျှော်တဲ့ကုလား/မ က စ ဖုန်းကိုင်နိုင်တယ် ..ဒို့နိုင်က ဘာဖြစ်လို့ မကိုင်နိုင်သေးတာလည်းနော် .. ပြည်သူချစ်အောင်နေမယ်ဆိုရင် ပြည်သူကို စိတ်ချမ်းသာအောင် ပြည်သူ ကို ချမ်းသာအောင်လုပ်ပေးစေချင်တယ် ..
Post a Comment