ဂျာမဏီ တွင် အခြေစိုက်သော ကုမ္ပဏီကြီး တစ်ခုမှ ယနေ. အကြောင်းပြန်စာ ရောက်လာ သည်။ ရက်သတ္တပတ် သုံးပတ်မျှ ကြာမြင်.မည်. ၎င်း ၏ စီးပွားမိတ်ဖက်များအတွက် ကျေးဇူး တုံ.ပြန်သည်. အနေနှင်. မေတ္တာဖြင်. စီစဉ်ပေး သော ခရီးစဉ် (Incentive Tour) တစ်ခု ပတ်သတ်၍ အကြောင်းပြန်ခြင်းဖြစ်သည်။ ခရီးသည် အရေအတွက် ၈၀ ခန်. မြန်မာနှင်.ဗီယက်နမ် တစ်နိုင်ငံ မဟုတ် တစ်နိုင်ငံ သွားရောက် လည်ပတ်ရန်ဖြစ်သည်။ ထိုခရီးစဉ်နှင်. ပတ်သတ်၍ ဆွေးနွေးညှိနှိုင်း နေခဲ.သည်မှာ လွန်ခဲ. သော တစ်လလောက်ကတည်းက ဖြစ်ပြီး ယနေ. အကြောင်းပြန်သည် မှာ ယင်းအာမခံ ကုမ္ပဏီ၏ အမှုဆောင်အဖွဲ.သည် မြန်မာ နှင်. ဗီယက်နမ် နှစ်နိုင်ငံအနက် ဗီယက်နမ် ကို သွားရောက် လည်ပတ်ရန် ရွေးချယ်လိုက်သည်. အကြောင်းပင် ဖြစ်သည်။ ဗီယက်နမ် ကို ရွေးချယ်ရသည်. အကြောင်းအရင်းမှာ မြန်မာနိုင်ငံနှင်. ယှဉ်လိုက်လျှင် ခရီးစဉ်ဈေးနှုန်းများ အလွန်အမင်း သက်သာ သောကြောင်. ဖြစ်သည်ဟု ဆိုသည်။ ထို.ထက်ပို၍ လေးနက်သော အကြောင်းပြချက်မှာ “Value for Money” ဖြစ်သည်. ပေးရသည်. ပိုက်ဆံနှင်. ပြန်ရသော တန်ဖိုး ၊ ၀န်ဆောင်မှု အရည်အသွေး ၊ စိတ်ကျေနပ်မှု တို.တွင် ဗီယက်နမ် က မြန်မာ ထက် များစွာ သာသည် ဟူ၍ဖြစ်လေသည်။
အခြားနိုင်ငံများထက်ဈေးပို
မြန်မာနိုင်ငံရှိ ခရီးစဉ်ဈေးနှုန်းများသည် မလိုလား အပ်သော Transction Cost များကြောင်. ယခင်နှစ်များ ကတည်းက ပင် ဒေသတွင်း နိုင်ငံများနှင်. ယှဉ်ပါက များစွာကြီးမြင်.လျှက် ရှိနေခဲ.ပြီးဖြစ်သည်။ ဈေးနှုန်းများ ကြီးမြင်.သော် လည်း မြန်မာနိုင်ငံသည် နိုင်ငံခြားသား ခရီးသည်များ အတွက် ၀န်ဆောင်မှု အကောင်းဆုံးနိုင်ငံဟု နာမည်မကျော်ကြားခဲ. ၊ ခရီးသွားလုပ်ငန်းအတွက် အခြေခံအဆောက်အအုံ များ (Tourism Infracture) ပြည်.စုံကောင်းမွန် လွန်းသော နိုင်ငံ ဟူ၍လည်း နာမည်မကျော်ကြားခဲ. ၊ နိုင်ငံခြားသား ကမ္ဘာလှည်. ခရီးသည်များအတွက် လွယ်ကူ၍ အဆင်ပြေလွယ်ကူစွာ သွားလာနိုင် ၍ ပြည်ဝင်ခွင်. ရယူရာတွင် အလွယ်ကူဆုံးနိုင်ငံတစ်ခု ဟု မကျော်ကြားခဲ. ၊ အားမနာတမ်းပြောရလျှင် ၊ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးပွေလီ၍ ကမ္ဘာ.အလယ်တွင် နားလည်ရအခက်ခဲဆုံး နိုင်ငံ ဟူ၍သာ ကျော်ကြားခဲသည်။ ခရီးသွားလုပ်ငန်းကို အထောက်အပံ.ပေးသောအင်္ဂါရပ်များ (Tourism Facility) အပိုင်းကို ကြည်.လျှင်လည်း လွန်စွာအားနည်း သည်မှာ အားလုံးအသိ ပင်ဖြစ်သည်။၊ ခရီးသွားလုပ်ငန်းတွင် အသုံးပြုသော ကားများသည် အခြား နိုင်ငံများ မှ အသုံးပြုပြီးသော ကားဟောင်းများဖြစ်သည်။ ဟိုတယ်အများစုမှာ နိုင်ငံတကာအဆင်.အတန်းမမီကြ ၊ အထူးသဖြင်. သက်တမ်း ဆယ်စုနှစ်နှစ်စု ရှိလုနီးပါး ရန်ကုန်မြို.ရှိ ဟိုတယ်ကြီးအများစုမှာ အိုမင်းဟောင်းနွမ်းနေကြသည်။ အချို.ဟိုတယ်များ၏ နံရံများသည် အက်ကွဲနေကြသည်။ အချို. ဟိုတယ်များ၏ ပရိဘောဂများ သည် အရောင်ပြယ်လွင်.၍ပျက်စီးလုနီးပါးဖြစ် နေကြသည်။ သို.သော် ယင်းတို.သည် အခြားနိုင်ငံများထက် ပိုသောဈေးနှုန်းကို ယူထားကြသည်။
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ
ယခင် နှစ်များစွာကတည်းက ကြီးမြင်.ခဲ.သော မြန်မာနိုင်ငံ၏ ခရီးစဉ်ဈေးနှုန်းတို. သည် ယခု အခါ ဒေသတွင်း နိုင်ငံများ က ပျက်ရယ်ပြု သည်.အခြေအနေထိ ရောက်ရှိအောင် ထပ်မံမြင်.မားလျှက်ရှိနေလေသည်။ လွန်ခဲ.သည်. လ အနည်းငယ်ခန်.မှ စ၍ ဟိုတယ်အများအပြား၏ ခရီးသွားကုမ္ပဏီများ နှင်.ချုပ်ဆိုသော စာချုပ်များ တွင် အခန်းခများ၏ ဈေးနှုန်းသည် ၄၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်း အထိ မြင်.တက်လာကြသည်။ အချို. ဟိုတယ်ကြီးများသည် ယခုအချိန်ထိ ခရီးသွားကုမ္ပဏီများ နှင်.စာချုပ်ချုပ်ဆိုခြင်းမရှိပေ။ ရာသီအလိုက် စာချုပ်ချုပ်ဆို ၍ ဈေးနှုန်းသဘောတူထားရသော ခရီးသွား လုပ်ငန်းများသို. ဟိုတယ်အခန်းမရောင်းချင် သည်.သဘောကို အတိအလင်း သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ဖော်ပြလာကြသည်။
တစ်ချိန်က မြန်မာ. နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အခြေအနေများအရ ခရီးသွားလုပ်ငန်းများ ကိုသာလျှင် အဓိက မှီခိုအားထား ၍ ရှင်သန်ခဲ.ရသော ဟိုတယ်များသည် ၊ ယခု အစိုးရသစ်လက်ထက် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ၊ တိုးတက်လာမှု များကြောင်. ၊ တစ်ဟုန်ထိုး တက်ရိပ်ပြလာသော ကော်ပိုရိတ်ဈေးကွက် (Corporate Segment) ကို အားကိုးအားထားပြုလာကြသည်။ Corporate Segment အားမကောင်းခင် အချိန်က ခရီးသွားလုပ်ငန်းများ ကို “အခန်းသုံးပေးပါဦး” ဟု ဟိုတယ်များ၏ တောင်းဆိုသော လေသံများသည် ယခု အခါ “အခန်းမပေးနိုင်ဘူး” ဟု ငြင်းပယ် သော လေသံများအဖြစ်ရုတ်ချည်း ပြောင်းလဲသွားကြသည်။ ဟိုတယ်များ၏ ဈေးကွက်အပိုင်းအခြား အလိုက် အခန်းနေရာချထား မှုများတွင် (Rooms Allotment by Segment) ခရီးသွားကုမ္ပဏီများ အတွက် အရည်အတွက် အနည်းဆုံးသို. လျှော.ချထားကြပြီး ၊ ဟိုတယ်သို. တိုက်ရိုက်ဝင်ရောက်သော ဧည်.သည်များ (Walk in Guests) ၊ Online မှ တိုက်ရိုက်ဝယ်သော ဧည်.သည်များ နှင်. ကော်ပိုရိတ် ဈေးကွက် (Corporate Segment) မှ ဧည်.သည် များအတွက်သာ Allotment များများ ချန်ထားခြင်းများ ရှိလာကြသည်။ ခရီးသွားကုမ္ပဏီ များ မှ စာချုပ်ချုပ်ထားသောဈေးနှုန်းဖြင်. အခန်းလိုချင်လျှင် မရ သော်လည်း ၊ Online မှ တဆင်. အင်တာနက် ဈေးနှုန်းဖြင်. ၀ယ်လျှင် အခန်းရမည်ဖြစ်သည်အထိ ပြောလာကြသည်။ စာချုပ်ချုပ်ထားသော ဈေးနှင်. အင်တာနက်ဈေးနှုန်းမှာ ၁၀၀ ရာခိုင်နှုန်း သို.မဟုတ် နှစ်ဆခန်. ကွာသည်။ တစ်ချိန်က ခရီးသွားလုပ်ငန်းများ အတွက် ကိုင်းကျွန်းမှီ ၊ ကျွန်းကိုင်းမှီ အလုပ်လုပ်ခဲ.ကြသော ၊ အရင်းနှီးဆုံးမိတ်ဆွေများဟု ယုံကြည်ခဲ.သော ဟိုတယ်အများစုသည် လိုလျှင်ပေါင်း မလိုလျှင်မပေါင်းတော.သည်. Fair-Weather Friend များဖြစ်သွားပြီလား ဟုမေးစရာရှိလာပါတော.သည်။
ရေရှည်ဖွံ.ဖြိုးတိုးတက်မှု က အရေးအကြီးဆုံး
ဟိုတယ် တစ်လုံးအတွက် အဓိကရောင်းကုန်ဖြစ်သည်. အခန်းများသည် ယနေ. ဧည်.သည် မ၀င်၍မရောင်းရလျှင် ယင်းအခန်းများ ၏ ယနေ.၀င်ငွေ ဆုံးရှုံးမည် (Perishable ) ဖြစ်၍ ၊ Yield Management သို.မဟုတ် Revenue Management ဟုခေါ်သော ၊ ဟိုတယ်တွင်ရှိသည်. အခန်းအရေအတွက် ၊ ဧည်.သည် ၀င်ရောက်မှု အခြေအနေ ၊ ဈေးကွက်အပိုင်းအခြား ၊ အခန်းခဈေးနှုန်း စသည်. အချက်များ အပေါ်မူတည်၍ အမြတ်အစွန်းအများနိုင်ဆုံးများများ ရအောင် စွမ်းဆောင်သည်. စီမံခန်.ခွဲမှု ပညာသည် မရှိမဖြစ်လိုအပ် သည်မှာ အမှန်ပင်ဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါ ဟိုတယ်များသည် Yield Management ကို အကောင်းဆုံးအသုံးချနေသည် ယုံမှားသံသယ ဖြစ်စရာမလိုပေ။ ဟိုတယ် များအတွက် Yield Management ၏ အဓိကအချက် သည် မိမိရောင်းကုန်များ (အခန်းများ) ကို အသင်.တော်ဆုံးအချိန် (Right Time ) တွင် အသင်.တော်ဆုံး ၀ယ်သူ (Right Customer) အား အသင်.တော်ဆုံးသော ဈေးနှုန်း (Right Price ) နှင်. ရောင်းချခြင်းပင်ဖြစ်သည်။ Right Time ဆိုသည်မှာ ဈေးကွက်၏ ၀ယ်လိုအားအများဆုံးအချိန် ၊ Right Customer ဆိုသည်မှာ ဈေးနှုန်းအမြင်.ဆုံးပေးသောသူ ၊ Right Price ဆိုသည်မှာ အမြင်.ဆုံးသောဈေးနှုန်း ဟု ယေဘုယျ ယူဆနိုင်သော်လည်း ထိုထက်ပို၍ လေးနက်ပါသည်။ ယင်းဟိုတယ်တည်ရှိသော တိုင်းပြည် ၏ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အခြေအနေ ၊ ဈေးကွက်၏ လားရာ (Market Trend) ၊ စီးပွားဖက် များ နှင်. ပေါင်းသင်းဆက်ဆံရေး (Relationships) ၊ Industry တစ်ခုလုံး၏ ရေရှည်တိုးတက်မှု (Sustainability) စသည်အချက်များ ပေါ်တွင်မူတည်၍ ဈေးနှုန်း သတ်မှတ်ရသည်. အခါများလည်းရှိပါသည်။ အမြဲတမ်းဈေးနှုန်း တက်နေခြင်းမဟုတ်ဘဲ ဈေးနှုန်းများ ကို ချပေးရသည်. အခါများလည်းရှိပါသေးသည်။ ၀င်ငွေ (Revenue) အများ ဆုံးရရှိရန် စွမ်းဆောင် ကြခြင်း သည် ဟိုတယ် များ အတွက် ရပိုင်ခွင်. သို. လုပ်ပိုင်ခွင်. (Right) တစ်ခုဖြစ်သော်လည်း ကိုယ်ရဖို.တစ်ခုတည်း အတွက် ကြည်.နေလျှင် သင်.လျော်သည်ဟု မဆိုနိုင်ပေ။ Industry တစ်ခုလုံး၏ အကျိုးစီပွားကို လည်း ကြည်.ရန်လိုအပ်ပါသေးသည်။ မိမိလုပ်ငန်းအဖွဲ.အစည်းတွင် လုပ်ကိုင်နေသော ၀န်ထမ်းများ ၊ ဧည်.သည်များ ၊ ခရီးသွားကုမ္ပဏီကဲ.သို.သော စီးပွားဖက်များ စသဖြင.် ပါဝင်ပတ်သတ်သမျှ Stake Holders အားလုံး၏ အကျိုး ကိုကြည်.ရန်လိုအပ်ပါသေးသည်။ ဘယ်သူသေသေငတေမာ စိတ်ဓါတ်မျိုးဖြင်. ရေရှည်ဖွံ.ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်လာရန်မလွယ်ကူပေ။ မြန်မာပြည်ရှိဟိုတယ်များသည် အခွင်.အရေးလေး ရခိုက် ရှေ.နောက်မစဉ်းစားမဆင်ခြင် ၊ တစ်ညီတစ်ညွတ်တည်း ညာသံပေး၍ ဈေးတက်လိုက်ကြသည်မှာ ဒေသတွင်းနိုင်ငံများအပြင် ကမ္ဘာ.အလယ်တွင် ပျက်ရယ်ပြုချင်စရာဖြစ်နေလျှင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း မှာ အစကောင်းလိမ်.မည်မဟုတ်ပါချေ။
ခရီးသွားလုပ်ငန်းတွင် အစိုးရ၏ပါဝင်ပတ်သတ်မှု
တစ်ဖက်မှ ကြည်.လျှင် ဟိုတယ်လုပ်ငန်းရှင်များသည် စီးပွားရေးသမားများဖြစ်ရာ အမြတ်အစွန်းကို ကြည်.၍ အလုပ်လုပ်ကြသည် ဖြစ်သောကြောင်. ဈေးနှုန်းမြင်.တက် မှုများအတွက် ယင်းတို.ကိုချည်း အပြစ်တင်နေရန် မသင်.တော်ချေ။ အဓိကပြဿနာမှာ အခြေခံအဆောက်အအုံ မလုံလောက်မှုကြောင်.ဟု ဆိုလျှင်မှားလိမ်.မည်ဟုတ်ပါ။ စီးပွားရေးသမားများအနေနှင်. ၀ယ်လိုအားများ၍ ရောင်းကုန်နည်းလျှင် ဈေးနှုန်းတက်မည် မှာ ဓမ္မတာ တစ်ခုလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ ရှိ ဟိုတယ်များအတွက် ၀ယ်လိုအားနည်း၍ ရောင်းကုန်များ မစွံ (Over Capacity, Depressed Demand) ဖြစ်ခဲ.သော ကာလ ကုန်လွန်သွားပြီး ဖြစ်သည် မှာလည်း သိသာနေပေသည်။ ထို.ကြောင်. တိုးတက်လာ သော ၀ယ်လိုအား (Demand) များ ကိုဖြည်.ဆည်း နိုင်ရန်အတွက် ဟိုတယ်အများအပြား ပေါ်ပေါက်လာရန် လိုအပ်ပေသည်။ နိုင်ငံ၏ စီးပွားရေး ဖွံ.ဖြိုးတိုးတက် မှု အတွက် လွတ်လပ်သော စီးပွားရေး ဈေးကွက် (Liberal Economy) တွင် ဖြစ်ပေါ်လာသည်. ဈေးကွက် အတိုင်း လွတ်လပ်ခွင်.ပေး ရသည် ဆိုသော်လည်း ၊ အစိုးရ က တစ်ထောင်.တစ်နေရာ မှ ပါဝင် ပတ်သတ် ရေးသည်လည်း တစ်စိတ်တစ်ပိုင်း အရေးပါလှပါသည်။ ယခု ဖြစ်ပေါ်နေသည်. ဟိုတယ် အခန်းခများ ဈေးတက်ခြင်း ၊ ခရီးစဉ်ဈေးနှုန်းများ မြင်.တက်နေခြင်းတို.ကို အစိုးရအနေနှင်. အချိန်မီ ၀င်ရောက်ဖြေရှင်းပေးသင်. ၊ ပေးနိုင် ပါသည်။ ဒေသတစ်ခု၏ ခရီးသွားလုပ်ငန်း ဖွံ.ဖြိုးတိုးတက်ရန် အဓိက အရင်းအမြစ်ကြီး သုံးခု ဟု သတ်မှတ်ကြသည်. အေသုံးလုံး ဖွံဖြိုးတိုးတက်ရေး အတွက် (Accessibility (အဆင်ပြေလွယ်ကူချောမွေ.စွာ ၀င်ထွက်သွားလာနိုင်မှု) ၊ Accommodation ( စားသောက်နားခိုရန် နေရာထိုင်ခင်း ဟိုတယ် ၊ မိုတယ် ), Attraction (သဘာဝအလှအပ ၊ သွားရောက်လည်ပတ်ရန် ဒေသ ၊ အဆောက်အဦး ၊ ပြတိုက် စသည်)) အစိုးရ၏ အခန်းကဏ္ဍသည်မပါမဖြစ် အရေးကြီးပါသည်။ မြန်မာ နိုင်ငံတစ်ဝှမ်းလုံးရှိ မြို.ပေါင်း (၄၆) မြို.၌ ဟိုတယ်အလုံးပေါင်း (၆၉၁) လုံး ၊ အခန်းပေါင်း (၂၇၀၀၀) သာရှိ၍ နိုင်ငံသားခရီးသွား ဧည်.သည်များ သန်းနှင်.ချီ၍ တစ်ရှိန်ထိုး ၀င်ရောက်လာလျှင် အခန်းမလောက်ငှနိုင်သည်မှာ ဗေဒင်မေးစရာတောင်လိုမည် မဟုတ်ပါ။ ထိုကြောင်. ဒေသအသီးသီးတွင် ဟိုတယ် မိုတယ် အသစ်များ ၊ အများအပြား ပေါ်ထွက်လာရေးအတွက် လျင်အမြန် အကောင်အထည်ဖော် ရေး ၊ တစ်ချိန်တည်းမှာ အခြားအခြားသော Tourism Infracture များ ဖွံ.ဖြိုးရေးအတွက် ၀န်ကြီးဌာနများ အချင်းချင်း ညှိနှိုင်း၍ အလျင်အမြန် ဦးစားပေး ဆောင်ရွက်ရန်မှာ အစိုးရ၏ အလွန်အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်လေသည်။ ယခုအခါ နိုင်ငံ၏ လတ်တစ်လော အကျိုးမဖြစ်ထွန်းသေးသော ၀န်ကြီးဌာန အသီးသီး၏ စီမံကိန်းများစွာ ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သောကြောင်. ခရီးသွားလုပ်ငန်း အပါအ၀င် အမှန်တကယ် လိုအပ်သော ၊ တိုင်းပြည်အတွက် ၀င်ငွေရှာဖွေ ပေးနိုင်သော စီမံကိန်း များစွာ ကို စတင်သင်.ပြီ ဖြစ်ပါသည်။ ဥပမာ ကမ်းခြေဒေသများ တွင် လျှပ်စစ်မီး ရရှိအောင်ဆောင်ရွက်ပေးခြင်းဖြင်. မိမိကိုယ်ပိုင် မီးစက်ဖြင်. လျှပ်စစ်ဓါတ်အား သုံးစွဲနေရသော ယင်း ကမ်းခြေဒေသများ ရှိ ဟိုတယ်များ ၏ အပိုကုန်ကျစရိတ်ကို များစွာလျှော.ချနိုင်မည် ဖြစ်ပါသည်။ အကျိုးဆက်အားဖြင်. တည်းခိုခများ ၊ ခရီးစဉ်ဈေးနှုန်းများ လျော.ကျသွားနိုင်ပါသည်။ ထို.အတူ လေယာဉ်ကွင်းများကို နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက်ဆင်းသက်နိုင်အောင် အဆင်.မြှင်. တင်ပေးခြင်း အားဖြင်. နိုင်ငံခြားသား ခရီးသည်များ ၀င်ပေါက်တစ်ခုတည်းမှ စုပြုံဝင်ရောက်နေခြင်းကို ရှောင်လွှဲ နိုင်မည်ဖြစ်သည်။ အကျိုးဆက်အားဖြင်. ရန်ကုန်ကဲ. သို. အဓိကလေကြောင်း ၀င်ပေါက် ကို အခြေခံ၍ ရေးဆွဲ နေရ သော ခရီးစဉ်များ နေရာ တွင် အခြား ဒေသ များ ကိုအခြေခံ ၍ ရေးဆွဲသော ခရီးစဉ်များ ဖြင်. အစားထိုးနိုင်မည်ဖြစ်သည်။ ထိုအခါ ရန်ကုန် ရှိ ဟိုတယ်များ တွင် ဧည်.သည်များ စုပြုံနေခြင်း လည်း အထိုက်အလျောက် လျော.ကျသွားမည်ဖြစ်သည်။ ပုဂံ ၊ မန္တလေး ၊ နေပြည်တော် တို.တွင် နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်နိုင် ထွက်ခွာနိုင်ခဲ.လျှင် ၊ နိုင်ငံခြားသား ခရီးသည်များ သည် ထိုမှ တဆင်. အခြား မြန်မာပြည် အနှံ.အပြားသို. သွား နိုင်လျှင် ရန်ကုန် ကို မဖြစ်မနေ ၀င်ရခြင်း ၊ ညအိပ်ရခြင်း ၊ ရန်ကုန် မှ သာ ပြန်လည်ထွက်ခွာ ရခြင်း စသည်တို.ကို ရှောင်လွှဲ နိုင်မည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာ ပင် နှစ်ခါကုန်ကျသည်. သယ်ယူပို.ဆောင်ရေးစရိတ် ၊ ဟိုတယ်ခ ၊ စားစရိတ် စသည်တို. သက်သာသွားသော ကြောင်. ခရီးစဉ်ဈေးနှုန်းများ လည်း လျော.သွား နိုင်ပါသည်။ ပြည်တွင်လေကြောင်းလိုင်းများ အပေါ်ရိုက်ခတ်မှု ရှိနိုင်သော်လည်း ရေရှည် ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံးအတွက် ပိုမိုကောင်းမွန်နိုင်ပါသည်။ ထို.ကြောင်. တာဝန်ရှိသူများအနေဖြင်. စာရွက်ထဲတွင် ရေးသားထားသော မူဝါဒများ ၊ လုပ်ငန်းစဉ်များကို ယခုအချိန်တွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်သင်.နေပြီဖြစ်ပါသည်။ ဖြေးဖြေးနှေးနှေး သွားရန်အချိန် မဟုတ်တော.ပါ။၊ မြန်မာ.ခရီးသွားလုပ်ငန်း နာမည်မပျက်မီ အချိန်မီ အင်တိုက်အားတိုက် ဆောင်ရွက်သင်. ပါသည်။ တာဝန်ရှိသူများသည် ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရန် ဟူ၍ တစ်ပွဲနှင်.တစ်ပွဲ ရက် (၂၀) သာ ခြားသော Miss Tourism ရွေးချယ်ပွဲ နှင်. Miss Myanmar International ရွေးချယ်ပွဲများ ကို အားသွန်ခွန်စိုက် အင်တိုက်အားတိုက် ကျင်းပခဲ.ခြင်း အရှိန်ကို ဆက်လက်ထိန်းသိမ်း၍ အခြား ကဏ္ဍ နှင်. လုပ်ငန်းစဉ်များတွင် လည်း အရှိန်အဟုန် နှင်. အားကြိုးမာန်တက် ဆောင်ရွက်သင်.ပါသည်။
ပန်းကောင်းလေး အညွန်.မကျိုးစေဖို.
ယခုလို အကူးအပြောင်းကာလ (Transitional Period) သည် မြန်မာနိုင်ငံအတွက် အနည်းငယ်မျှ အမှားမခံနိုင်သော အချိန်ဖြစ်သည်။ ယခုဖြစ်နေသော ဟိုတယ်အခန်းမလုံလောက်မှု နှင်. ဈေးနှုန်းများမြင်.တက်မှု ပြဿနာသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ၊ ဟိုတယ်အုပ်စုကြီးများ ၀င်ရောက်လာလျှင် ပြေလည်သွားမည် ဖြစ်သော်လည်း ယင်းအချိန်သို. မရောက်မီမှာပင် မြန်မာ.ခရီးသွားလုပ်ငန်း၏ နာမည်ဂုဏ်သတင်း ညှိုးနွမ်းသွားဖွယ်ရာရှိပါသည်။ ယခုအချိန်သည် မြန်မာနိုင်ငံအနေဖြင်. မည်သည်.ကဏ္ဍတွင်မဆို ဂုဏ်သတင်းညှိုးနွမ်းရမည်. အချိန်မဟုတ်ပါ။ ကမ္ဘာအလယ်တွင် နာမည်ကောင်းတစ်ခု ရယူရန်အချိန်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် အပျိုဖြန်းလေး ဟုဆိုလျှင် ထိုအပျိုဖြန်းလေး ချောကြောင်း လှကြောင်း အကျင်.စာရိတ္တကောင်းမွန်ကြောင်း စသည်. ကောင်းခြင်းအဖြာဖြာနှင်. နာမည်ကောင်းဖြင်. ကျော်ကြားရန် လိုအပ်သည်။ ပွင်.ဖူးစအပျိုဖြုန်းလေး ပန်းကောင်းလေး အညွန်.မကျိုးဖို. ၊ နာမည်မပျက်ဖို. ကာကွယ်ရန်မှာ အစိုးရ အပါအ၀င် Stake Holders အားလုံး၏ တာဝန်ဖြစ်ပါသည်။ အထူးသဖြင်. နိုင်ငံခြားပိုင် ဟိုတယ်ကြီးများ၌ အလွန်အရေးကြီးသော ထိပ်တန်း စီမံခန်.ခွဲရေး တာဝန်ထမ်းဆောင်နေသူ မြန်မာနိုင်ငံသားများ အနေနှင်.လည်း မိမိမျက်နှာရရေးတစ်ခုတည်း မကြည်.မိရန် အထူးလိုအပ်ပါသည်။ အရိပ်နေနေ ၊ အခက်ချိုးချိုး ဆိုသလို နိုင်ငံခြားသားများမှ ကိုယ်.ဒေသ ကိုယ်ရေမြေပေါ်တွင် အကျိုးအမြတ်ကိုရယူသွားပြီး ၊ကိုယ်.နိုင်ငံသာ နစ်နာစေခဲ.ခြင်းမျိုးများကို အားပေးအားမြောက် မပြုမိစေရန် ရှောင်ရှားရမည်ဖြစ်ပါသည်။
ရွှေဥ ယူမလား ငန်းယူမလား
မီးခိုးမထွက်စက်ရုံ (Smokeless Industry) ဟုတင်စားခေါ်ဝေါ်ကြသည်. ခရီးသွားလုပ်ငန်း သည် နိုင်ငံတော်တော်များများတွင် နိုင်ငံ. ၀င်ငွေရှာဖွေပေး သည်. နေရာ၌ ထိပ်တန်းနေရာရှိကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။ သဘာဝဘေး အန္တရာယ်များ စွာကို ကိုယ်.နိုင်ငံထက် ကြုံတွေ.ခဲ.ရသော ဒေသတွင်း အိမ်နီးချင်း နိုင်ငံဖြစ်သည်. ထိုင်းနိုင်ငံ သည် ၂၀၁၁ အတွက် ခရီးသွားလုပ်ငန်းမှ စံချိန်တင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံခန်. ရရှိခဲ.သည်။ မြန်မာနိုင်ငံသည်လည်း ထိုင်းနိုင်ငံ ကဲ.သို. အခွင်.အရေးများ ရလာပါလိမ်.ဦးမည် ၊ ခရီးသွားလုပ်ငန်းမှ အမြတ်အစွန်းများစွာ ရရှိလာပါလိမ်.ဦးမည် ၊ အခွင်.အရေးသည် လက်တစ်ကမ်းတွင် သာ ရှိနေပါတော.သည်။ ယခုပင်လျှင် မြန်မာ.ခရီးသွားလုပ်ငန်းနှင်. ပတ်သတ်၍ သတင်းကောင်းများ လည်း ကြားလာရသည်။ ဟယ်လာရီကလင်တန် မြန်မာနိုငငံသို. လာရောက် အပြီး CNN က ကမ္ဘာပေါ်တွင် သွားရောက် လည်ပတ်ရန်အကောင်း ဆုံး တတိယ နေရာ၍ မြန်မာ ဟု ဖော်ပြခဲ.သည်။ Lonely Planet Magazine က ၂၀၁၂ ခုနှစ်အတွက် သွားရောက် လည်ပတ်ရန် အကောင်းဆုံး ၁၀ နိုင်ငံအနက် မြန်မာ နိုင်ငံကို ဒုတိယနေရာတွင် ဖော်ပြခဲ.သည်။ မြန်မာနိုင်ငံဟိုတယ်နှင်. ခရီးသွားဝန်ကြီးဌာနမှလည်း ယခုနှစ် ၂၀၁၂ တွင် ခရီးသည် ၁ သန်းကျော် ၀င်မည်ဟု ခန်.မှန်းထားသေးသည်။ တစ်ဖန် မြန်မာနိုင်ငံသို.လာရောက်သော နိုင်ငံခြားသား ခရီးသည်များအတွက် မကြာမီ E-Visa စတင်ထုတ်ပေးသွားမည်ဟု ကြားသိရသည်။ ခရီးစဉ်များ ဈေးနှုန်း ကြီးမြင်.လာမှု နှင်. ဟိုတယ်ခများ ဈေးတက်သည်. သတင်းကလွဲ၍ အားလုံး အားလုံး သတင်းကောင်းများချည်။ ဖြစ်ကြသည်။ ထို.ကြောင်. ခြုံငုံ၍ သုံးသပ်ရလျှင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း သည် မကြာမီ အချိန်အတွင်း ဖွံ.ဖြိုးတိုးတက်လာမည်မှာ ဧကန်မလွဲပင်ဖြစ်သည် ။ ဟိုတယ်များ အနေနှင်. ၊ သယ်ယူပို.ဆောင်ရေးလုပ်ငန်းများအနေနှင်. လည်း မိမိတို.၏ ဈးနှုန်းများ ကို မြှင်.တင်လိုက်ခြင်းဖြင်. ရရှိမည်. အကျိုးအမြတ် နှင်. ခရီးစဉ်တစ်ခုလုံး ဈေးနှုန်းမြင်.မားလွန်းသောကြောင်. ကိုယ်.နိုင်ငံကို မရွေးဘဲ အခြားနိုင်ငံများသို. သွားရောက်လည်ပတ်ရန် ရွေးချယ်လိုက်သောအခါ ဖြစ်ပေါ်လာမည်. Opportunity Cost နှစ်ခုအကြား မည်သည်. အရာကို ရွေးမည်နည်းဟု တွေးတွေးဆဆဖြင်. ချိန်ထိုးတတ်ရန် သာ လိုအပ်ပါတော.သည်။ ဥပမာဆောင်ရသော် မြန်မာ.ခရီးသွားလုပ်ငန်းသည် ရွှေဥ အုပေးမည်. ငန်းတစ်ကောင်ဖြစ်သည်။ ထို.ကြောင်. ရွှေဥအုပေးမည်. ငန်းကို တစ်နပ်စာချက် မစားမိရန် မြန်မာနိုင်ငံ ရှိ ဟိုတယ်များ အပါအ၀င် ၊ အခြား ကဏ္ဍအစုံမှ Supplier များနှင်. Tourism Industry တစ်ခုလုံး၏ Stake Holders များမှ အထူးဂရုပြုသင်.လှ ပေသည်။
ဇာနည်ဦး
၂၆ ၊ မတ်လ ၊ ၂၀၁၂
The Voice Weekly News Journal Vol 8-No-17

Reviewed by သစ်ထူးလွင်
on
05:23
Rating:
13 comments:
very nice article...
very nice , well written....
Yes, it's a good article, and please write more on the future to give knowledge to Myanmar tourism industry.
ကိုဇာနည်ဦးရေ ခင်းဗျားရဲ့ ဆောင်ပါးခေါ်မလား ဟော်တယ်နှင့်ခရီးသွားလုပ်
ငန်း (သို့ မဟုတ်) နိုင်ငံဘဏ်တာရှာဖွေရေး တစ်စိတ်တစ်ဒေသ ခေါ်မလား
ကျနော် အရမ်းသဘောကျ မှတ်တမ်းတင်အပ်ပါတယ်။တကယ်ဖြစ်သင့်တာက
အခုလက်ရှိနိုင်ငံတော်မှ လုပ်ပိုင်ခွင့်ရ အစိုးရ ၀န်ကြီးများ မိမိဌာနမှ နိုင်ငံတော်
အတွက် ဘယ်လိုဝင်ငွေများများရအောင် ဆောင်ရွက်မလဲ ဆိုတဲ့ ကေါင်မွန်
တဲ့ ရေရှည်အစီအစဉ်တွေ ရေးဆွဲချမှ အကေါင်အတည်ဖေါ်ရမဲ့ အချိန်ဖြစ်နေပါ
တယ် ရွေဥကိုချည်း တိုက်ရှိက်မယူလိုက်မိဘို့  ရွှေဥ ဥပေးနေသော ငန်း
ကိုမွေးမွေးဘို့ အချိန်ရောက်နေပြီဆိုတာ ကို ဤဆောင်းပါးကိုထောက်ခံရင်း
ဆန္ဒဖေါ်ထုတ်လိုက်ပါတယ်...
အလွန်ကောင်းမွန်တဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ မြန်မာပြည် ကတော့ strategic planning ခေါ်တဲ့ ရေရှည်စီမံကိန်းတွေ မှာ အားနည်းတာကတော့ အမှန်ပါပဲ။ ကြိုတင်တွေးခေါ်ပြင်ဆင် မှုတွေ အားနည်းတာကို သိရှိ လက်ခံကြပြီး တိုးတက်အောင် ကြိုးစားသင့်ပါတယ်။ မီးစဉ်ကြည့်ကလိုက်ကြစို့ဆိုတဲ့မူဝါဒတွေ နောင်ခါလာ နောင်ခါ ဈေးကွာ နောက်မှ ကြည့်ရှင်းကြတာပေါ့ဆိုတာတွေက နိုင်ငံတော် အဆင့် စီမံကိန်းတွေမှာ မဖြစ်သင့်တော့ပါ။ မူဝါဒတွေကလည်း ဘက်စုံကနေထောင့်စေ့အောင် စဉ်းစားမထားတော့ မူချ ပေးလိုက် အဆင်မပြေလိုက် ပြန်ပြင်လိုက်နဲ့ ပြည်သူတွေကတော့ အစမ်းသပ်ခံတွေဖြစ်နေပါတယ်။ မော်တော်ကားတင်သွင်းတဲ့ မူဝါဒကိုနမူနာကြည့်ပါ။ စကတည်းက ပြင်နေလိုက်တာ ဘယ်နှစ်ခါရှိမှန်း မသိလို့ သတင်းတွေဖတ်နေရင်းကကို အခု နောက်ဆုံးဘာဖြစ်နေပြီလဲကို မသိတော့ ပါ။ မူဝါဒတွေ တည်ငြိမ်ခိုင်မာဖို့ကလည်း နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အရင်းအနှီးတွေဖိတ်ခေါ်တဲ့နေရာမှ အဓိက ကျပါတယ်။
အခု ခရီးသွားလုပ်ငန်းဈေးကွက်မှာလည်း ၀ယ်လိုအားနဲ့ ရောင်းလိုအားမမျှတော့ ဈေးနှုန်းမြင့်လာ တာကတော့ Supply and Demand Theory အရ လူတွေ နားလည်ပေးနိုင်ပါတယ်။ အဓိက စိုးရိမ်မိတာက မြန်မာနိုင်ငံ ဟာ အခုအချိန်မှာ အရမ်းကိုစန်းပွင့်နေတဲ့ အပျိုမလေးနဲ့တူနေပါတယ်။ မိမိအရမ်းစန်းပွင့် လူချစ်လူခင်များ လူတိုင်းက မြန်မာ မြန်မာ ဖြစ်နေ တာကို ကောင်းကောင်း အသုံးမချပဲ လွဲမှားစွာ သုံးခဲ့မိလို့ နံမည်ပျက်သွားခဲ့ရင် အလကားပါကွာ ပြောသလောက်လည်း မဟုတ်ပါဘူးဖြစ်သွား ပါလိမ့်မယ်။ လူတိုင်း လွတ်လပ် ပွင့်လင်းစွာရေးသား ပြောဆို ခွင့်ရနေတဲ့ ပြင်ပကမ္ဘာကြီးမှာ သူတို့ စိတ်ထဲသိရှိ ခံစားရတာတွေကို လူတိုင်း ကောင်းကင်ပေါ်မှာ စိတ်တိုင်းကျ လွှင့်တင်ထားတဲ့ခေတ်မို့လို့ အဆင်မပြေဘူးလို့ တစ်ယောက်ယောက်က ရေးလိုက်ရင် အများကြီး အကျိုး သက်ရောက်သွားနိုင်ပါတယ်။
ဟိုတယ်အခန်းမလုံလောက်မှုနဲ့ လေဆိပ်ပြသနာ စတာတွေက တော့ နိုင်ငံတော် အဆင့်မှာ ပြည်တွင်း/ပ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရ မှာမို့ထားလိုက်ပါ။ တစ်ခု စိုးရိမ်မိတာက price discrimination (ဈေးနှုန်းအမျိုးမျိုးခွဲထားခြင်း) ကိစ္စပါ။ ကျွန်မတို့ပြည်ပမှာ ခရီးသွားတဲ့အခါ ခရီးတစ်ခုကို ရထားနဲ့ ကားနဲ့သွားကြတဲ့ အခါ သူတို့ ၅၀၀ ဆို ကိုယ်လည်း ၅၀၀ ပါပဲ။ ထမင်းတစ်ပွဲ သူတို့ ၁၀၀ ပေးရရင် ကိုယ်လည်း ၁၀၀ ပါပဲ။ ပြတိုက် တစ်ခုဝင်ရင် သူတို့ ၁၀ ဆို ကိုယ်လည်း ၁၀ ပါပဲ။ နိုင်ငံခြားသားမို့ ဘယ်နေရာမှ အပိုမပေးရပါ။ အခု မြန်မာပြည်မှာက ဟိုတယ် အခန်းတွေ ဆို နိုင်ငံခြားသားတစ်မျိုး မြန်မာတစ်မျိုး၊ ခရီးသွားရင်လည်း သူတို့ဆို ပိုတောင်းချင်တယ်။ ထမင်းဆိုင် ကလည်း Tourist guide နဲ့ ကော်မရှင် ခညှိပြီး နိုင်ငံခြားသားဆိုပို တောင်းကြတယ်။ ပြတိုက် ၀င်ခကလည်း နိုင်ငံခြားသားဆို နှုန်းတစ်မျိုး၊ နောက်ပြီး တစ်ချို့နေရာတွေမှာ ကင်မရာယူချင်ရင် ထပ်ပေးရပြန်ရော။ ကျွန်မက ခရီးသွားလုပ်ငန်းကမဟုတ်ပါ။ ဒါပေမယ့် နိုင်ငံခြား သားသူငယ်ချင်းတစ်ယောက်လာလည်လို့ သူနဲ့အတူ မြန်မာ ပြည်တလွှား ခရီးထွက်လိုက်မိပါတယ် ခွဲခြားဆက်ဆံခြင်းပေါင်းများစွာ စိတ်ကသိကအောက်ပေါင်း များစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းက ပုဂံသွားတာ ညောင်ဦး အ၀င်မှာ ကားရပ်ပြီးနိုင်ငံခြားသားမို့ မြို့အ၀င်မှာ ပိုက်ဆံပေး ရပါသေးတယ်။ ပြတိုက်တွေဝင်တော့လည်းပေး ဓါတ်ပုံရိုက်ချင်တော့လည်းပေးနဲ့ ပေးလို့ကို မဆုံးတော့ပါ။ (ပြတိုက်ဝင်ကြေးကတော့ ဘယ်နိုင်ငံမှာမှ မလကားမရလို့ ထားပါ) မြို့ဝင်ခနဲ့ ကင်မရာအတွက်ပေးရတာတော့ ထူးဆန်းနေပါတယ်။ ခုတော့မသိပါ။ အဆိုပါ အသေး အဖွဲပေါင်းများစွာကတော့ မိမိတို့ ပြည်သူပြည်သားများဘက် ကနေ ၀ိုင်းဝန်းပူးပေါင်းပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ကူညီဆောင်ရွက်ရမယ့် အချက်တွေဖြစ်ပါတယ်။ တစ်နပ်စား မကြံကြစေလိုပါ ...
Yes, I agree so, we need to look for future.
မြန်မာပြည်က တချို့ ကိုယ်ကျိုးသက်သက်ကြည့်တဲ့ အတ္တသမားတွေကတော့ ရွှေဥရမှာ မမြင်ဘဲ ငန်းကိုပဲသတ်စားချင်တေကြတာဗျို့ 
ဒီလိုစာတမ်းတွေကို သက်ဆိုင်ရာဟိုတယ်ဝန်ထမ်းတွေ...ခရီးသွားလုပ်ငန်းရှင်တွေ..အစိုးရဝန်ထမ်းတွေကို လိုက်ပြီးဝေငှသင့်တယ်..
ဟုတ်ပေမဲ့ သတီတော့ထားရပါလိမ့်မယ် ငွေရှာတာမှန်ပေမဲ့ service တွေအကုန်ပေးပီး မြူဆွယ်ရတာဆိုရင် ဟိုဟာလိုဖြစ်မှာစိုးပါတယ် လွှတ်တော်မှာ ဥပဒေတွေပ်ြင်တဲ့အခါ ဟိုဟာလုပ်ငန်းတွေဟိုတယ်တွေနဲ့ရောပီးကြီးထွားမလာအောင် ကျနော်တို့လဲ ဟိုအရှက်မရရလေအောင် လုပ်ပေးကြစေချင်ပါတယ် ဧည့်သည်တွေဆိုပေမဲ့ ၁၀၀ လာ၇င် ဟိုဒင်းကိုလမ်းကျုံ၇င်း၇ှာခိုင်းပီး ပြန်ဖောက်သယ်ချမဲ့အကောင်တွေ၅ယောက်တော့ပါမှာပဲ
ဥပဒေလေးဘာလေး နားလည်သူတွေ အကာအကွယ်လေးများ လုပ်ပေးကြပါအုံးခင်ဗျာ
ဝုန်းဒိုင်းနဲ့ ချမ်းသာလာတာနဲ့စာ၇င် ကြောက်တတ်သူပဲပြောပြာ မလိုချင်ပါဘူး မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြေး၂တက်တာပဲ ၇ချင်ပါတယ်
သတိထား၇မဲ့ခေတ်ကြီးမှာ ဆိုတော့......
ရေရှည်အတွက် အရမ်းကောင်းတဲ့ဆောင်းပါးဘဲ။အစိုးရအနေနဲ့ ပုဂ္ဂလိကဘလုပ်ငန်းရှင်တွေနဲ့ညှိနိုင်းပေးသင့်တယ်
very good article
အလွန်ကောင်းတဲ. အကြာင်းအရာပါ၊ မြန်မာလူမျိုးတွေကတော. စစ်အစိုး၇နှိပ်စက်ခဲ.လို.ကုန်ဈေးနှုန်းကြီးတဲ.ဒဏ်၊ ဈေးတက်တဲ.ဒဏ် ခံရလွန်းလို. အမာရွတ်တက်နေပါပြီ။ မနှစ်က ထိုင်းနဲ.ဖိလစ်ပိုင်ကtourist ၂ ယောက်နဲ.ဈေးဝယ်တာကူပြောပေးရင်း စကားပြောဖြစ်တယ် ၊ ”” ၇ှင်တို.နိုင်ငံမှာ ကုန်ဈေနှုန်း ဒီလောက်ကြီးတာ လူတွေတော.ဒုက္ခဘဲတဲ.၊””သူတို.ပြောမှဘဲ ..... သတိထားမိတယ် ... ကုန်ဈေးနှုန်းကို .....
လက်ရှိအာဏာယူထားသောစစ်အစိုးရတွေက
ငွေကိုကိုယ်စွမ်းကိုယ်စနဲ့ရှာဖွေစုဆောင်းနိုင်ခြင်း
မရှိခဲ့ပါ။တိုင်းပြည်ကိုအလွဲသုံးစားလုပ်ပြီး
ရခြင်းသာဖြစ်တယ်။အောက်သက်မကျေလာခဲ့ပါ။
အခြေခံမကောင်းဘူးလို့လည်းသတ်မှတ်လို့ရတယ်။
ဒါကြောင့်နိုင်ငံရဲ့စီးပွါးရေးပညာရေးစားဝတ်နေရေး
လူ့အခွင့်အရေးဆိုတာတွေကိုမည်သို့မည်ပုံ
ကိုယ်တွယ်ဖြေရှင်းရမလဲဆိုတဲ့နည်းနာကို
မတက်မြောက်လာခဲ့ပါ။စစ်သားဆိုတာ
စစ်တပ်သဘာဝအမိန့်ဆိုသောဝေါဟာရတခုတည်းသာ
ပိုင်ပိုင်နိုင်နိုင်ရှိကြသည်။
ဒါကြောင့်ခုလိုလေးတွေကိုဂျာနယ်တွေဆောင်းပါးတွေမှာပါ
တင်ပြခြင်းဖြင့်အားနည်းချက်နှင့်အားသာချက်..
လိုအပ်ချက်များစွာကို
သိမြင်နိုင်မည်ဖြစ်သည်။
Post a Comment