![]() |
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ
ခေတ္တတည်းခိုရာ ဟိုတယ်တွင် တွေ့မြင်ရစဉ်။ Photo: AFP |
ကြားဖြတ်ရွေးကောက်ပွဲ ကာလတွင် ကော့မှူး မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်တို့သည့် ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁နာရီခန့်တွင် နေပြည်တော် ရှိ သမ္မတ အိမ်တော် ၌ ဒုတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြကြောင်း The Voice Weekly သတင်းရင်းမြစ်များ ကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး ဦးသိန်းစိန် နှင့်တွေ့ဆုံပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၃နာရီခန့်တွင် ပြန်လည် ရောက်ရှိ ဖွယ်ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်က တစ်ဦးက ပြောကြားသည်။
ပထမဦးဆုံးအကြိမ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်တို့မှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သမ္မတ အိမ်တော်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညတွင် သူမ၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ်၌ လိုက်ပါ သတင်း ရယူခဲ့သော သတင်း မီဒီယာ များအား ၎င်း၏ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်၌ ဂုဏ်ပြု ညစာ စားပွဲဖြင့် ဧည့်ခံမည် ဖြစ်ကြောင်း သတင်း မီဒီယာ သမား များထံမှ သိရှိရသည်။
The Voice Weekly
နိုင်ငံတော် သမ္မတကြီး နှင့် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်မြောက် တွေ့ဆုံ
Reviewed by သစ်ထူးလွင်
on
16:26
Rating:

8 comments:
မီဒီယာ ဆိုတာကလည်းတိုင်းပြည်သူားတွေရဲ့ မျက်လုံးဘဲ။
့မြန်မာပြည် အေးချမ်းသာယာစွာ ကောင်းစားရေးကို ခေါင်းဆောင်နှစ်ဦး အတူတကွ လက်တွဲဖေါ်တောင်နိုင်ပါစေ။
သမ္မတကြီးနှင့်ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ
သမတကြီးနှင်ဒေါ်အောင်ဆန်းစုကြည်ကျမ်းမာပါစေ
သမ္မတကြီးနှင့်ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ
တိုင်းပြည်အတွက်ကောင်းမွန်သောတွေ့ဆုံပွဲဖြစ်ရန်မျှော်လင့်ပါသည်။
မင်္ဂလာသတင်းဖြစ်ပါစေ
မျှော်လင့်ချက်နဲစောင့်စားနေမယ်
တို့မြန်မာပြည်ကြီး အာရှမှာ နောက်ထပ်ကျားတစ်ကောင်ဖြစ်လာတော့မယ်။ မကြာမကြာတွေ့ဆုံသောအားဖြင့် အားကောင်းသောမောင်းနှင်အားဖြစ်ပြီး ကောင်းသောအလားအလာများစွာ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။
Post a Comment