ရန်ကုန်၊ ဧပြီ ၁၅
ရေကစားမဏ္ဍပ်များအနီး အရက်ဘီယာရောင်းချမှုများကို ရုပ်သံမီဒီယာများမှတစ်ဆင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရက တားမြစ်ထားသော်လည်း ရောင်းချမှုများ ရှိခဲ့ သည်။ အဆိုပါပစ္စည်းများကို ရေသန့်အအေး နှင့်ရော၍လည်းကောင်း၊ သီးသန့်လည်းကောင်း ရောင်းချနေသည့်အပြင် ကားများဖြင့်လှည့်လည် ရောင်းချခဲ့သည်။
”တားမြစ်ထားတယ် ဆိုပေမယ့် ရောင်းလို့ရပါတယ်။ ဈေးကောက် လာကောက်တာတော့ ရှိတယ်”ဟု ကန်တော်ကြီးပတ်လမ်းတွင် ဘီယာရောင်းချသူ တစ်ဦးက ပြော သည်။
အရက်ဘီယာ ရောင်းချသူများသည် ဈေးကောက်လာကောက်သူများကို အခြားပစ္စည်းများထက် နှစ်ဆခန့်ပိုပေးခဲ့ရကြောင်း ဈေးရောင်းချသူများထံမှ သိရသည်။
နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလတွင် အရက်ဘီယာရောင်းချမှုကို တားမြစ်ထားသော်လည်း ရောင်းချမှုများမှာ ရှိနေဆဲဖြစ်ပြီး သင်္ကြန်ကာလ၏ အရောင်းရဆုံး ကုန်ပစ္စည်း တစ်ခုလည်းဖြစ်သည်။ ထို့အပြင် မဏ္ဍပ်များတွင် အရက်ဘီယာနှင့် ပတ်သက်သော ကြော်ငြာပိုစတာများ ကပ်ခြင်းကို တားမြစ်ထားသော်လည်း အများဆုံးတွေ့ရှိ ခဲ့ရ သည်။
ကြည်ငြိမ်းသော် (ပေါ်ပြူလာဂျာနယ်)

တားမြစ်ထားသော်လည်း သင်္ကြန်တွင် အရက်ဘီယာဈေးကွက် အထမြောက်ခဲ့
Reviewed by သစ်ထူးလွင်
on
16:18
Rating:
5 comments:
ဒီလိုလူတွေလား ပြောမနေနဲ့
သူတို့က ပြောလေကဲလေမန်းလေပြဲလေပဲ
အမျိုးကောင်းသားတို့ သေရေကြိုက်ရင်လည်း
လီမစ်လေးနဲ့လုပ်ဖို့
ကျွန်တော်လည်း ရံဖန်၇ံခါ သူငယ်ချင်းတွေနှင့်
သောက်သည်။
အဲဒါလက်တွေ့ပဲ။ အမိန့်တခုထုတ်ပြန်တာ တာဝန်တရပ်အနေနဲ့လုပ်တာပဲရှိတယ်။ လိုက်နာတာ၊ မလိုက်နာတာ မသိချင်ဘူး၊ ငါထုတ်ပြန်ပြီးပြီ၊ ငါ့တာဝန်ပြီးပြီဆိုတဲ့သဘောမျိုးဆောင်နေတယ်။ အမိန့်ကလည်း မြို့တွင်းတောင်မသက်ရောက်ပါလား။ ဘယ်လောက်များ အာဏာစက်ရှိသလဲဆိုတာ၊ ကြားရတာရီစရာပဲ။ အဲဒါမျိုးတွေ ကြားရ၊ မြင်ရ၊ တွေ့ရတိုင်း ကိုဇာဂနာပြောခဲ့တဲ့ သတင်းစာကိုင်တိုင်းဓါတ်လိုက်တယ်ဆိုတဲ့ စကားရပ်ကိုသတိရတယ်။ ခုလဲ ဒါမျိုးပဲ၊ သတင်းစာထဲတော့ အရာရာချောမွေ့အောင်မြင်နေတာပဲ။ အပြင်လောကမှာတော့ ထူးမခြားနားသီချင်းပဲဆိုနေရတာ။ ဆိုရှယ်လစ်၊ စစ်အုပ်ချုပ်ရေး၊ ဒီမိုကရေစီ သတင်းစာထဲတာအမျိုးမျိုးပြောင်းလဲနေတာ။ ပြည်သူအတွက်ကတော့ မဲပြာပုဆိုးချည်းပဲ။ အဲဒီစနစ်တွေထဲ ဘယ်စနစ်အကောင်းဆုံးလဲမေးရင် ကျနော့်အဖြေကတော့ ခပ်ရှင်းရှင်းပဲ၊ ဘာစနစ်ပဲဖြစ်ဖြစ် ငွေ ၁၀၀၀ နဲ့ထမင်းတနပ်စားနေရတာကနေ ငွေ ၁၀၀၀ နဲ့ထမင်းနှစ်နပ်စားရတဲ့ စနစ်ပိုကောင်းတယ်လို့ဖြေမှာပဲ။
ရောင်းကြ သောက်ကြမှာပေါ့ ရောင်းနိုင် သောက်နိုင်အောင် သူတို့ပဲ အရက်ခွန်တွေ လျှော့ကောက်ထားတာာဟုတ်လား ...............
တားမြစ်တဲ့...အရာရှိကြီးက...အရူးဖြစ်တာပေါ့။ ဘာဥပဒေလဲ။
အသောက်ပျက်ရင် အသက်ပျောက်မဆိုးလို့နေမှာပေါ့.. သောက်ကြ သောက်ကြ.. :P
Post a Comment