တောင်ငူ ကြားဖြတ်ရွေးကောက်ပွဲ မြင်ကွင်းများ |
မန္တလေး၊ ဧပြီ ၁ ( 6 : 26 )
မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်သည့် မဟာအောင်မြေမြို့ နယ် မဲရုံပေါင်း ၇၉ ရုံတွင် မဲရုံ ၇၀ ၏ မဲများကိုရေတွက်ပြီးစီးခဲ့ပြီ ဖြစ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ မဲအပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ နေရာ၌ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲ မဲဆန္ဒနယ်၌ NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွား
ပုလဲ၊ ဧပြီ ၁ ( 6 : 05 PM )
စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့ နယ်ရှိ ညောင်တုန်း ကျေးရွာတွင် NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွားခဲ့ရာ ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်း ရယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ယမန် ( မတ်လ ၃၁ ) ရက်နေ့ညက ပုလဲမြို့ နယ် ညောင်တုန်းကျေးရွာရှိ ဗီဒီယို ရုံတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လုပ်ကြံ ရိုက်ကူးထားသော ဗီဒီယိုအား ပြသခဲ့ရာ NLD ပါတီဝင် လူငယ်များက သွားရောက် မပြသရန် တားမြစ်ခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NLD ပါတီဝင် လူငယ်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကာ ပြည်ခိုင်ဖြိုး ပါတီဝင် လူငယ်တစ်ဦးမှာ ဓါးထိုးခံရ၍ သေဆုံးခဲ့ကြောင်း The Voice Weekly သတင်းထောက်က ထပ်မံသတင်းပေးပို့သည်။
ဒဂုံဆိပ်ကမ်းတွင် NLDကအနိုင်သေချာဟုဆို
ရန်ကုန် ဧပြီ ၁ (6:10)
ဒဂုံဆိပ်ကမ်းမြို့နယ် NLDမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော
ယခုသတင်းရေးသားချိန် ၆ နာရီ ၁၁ မိနစ်အထိ ရပ်ကွက် နှစ်ခုနှင့် ရွာတစ်ရွာ တို့မှ ရလဒ်ကို မရသေးသော် လည်း ကျန် ကျေးရွာနှင့် ရပ်ကွက် ၁၃ ခုတွင် NLD က အနိုင်ရရှိထားပြီး မဲဆန္ဒနယ် တစ်ခုလုံးရှိ စုစုပေါင်း မဲ၏ ၆၅ ရာခိုင်နှုန်းကို ရထားပြီဖြစ်ရာ သေချာသွားပြီဖြစ်ကြောင်း ဒဂုံဆိပ်ကမ်း NLD ရုံးအဖွဲ့မှူး ဦးထွန်းဝက ဆိုသည်။
The Voice Weekly
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၅)
Reviewed by သစ်ထူးလွင်
on
18:54
Rating:
6 comments:
ခေါင်းဆောင်ပိုင်းတွေသောက်သုံးမကျတာနဲ့ အောက်ခြေကလူ
တွေ သေကုန်ကြပီ။ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းနေတယ်
ဆိုတာ သတိထားကြပါ။ လူငယ်အပေါင်းတို့။ ဘယ်ပါတီဝင်ဘဲဖြစ်
ဖြစ် လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့အနာဂါတ်ခေါင်းဆောင်တွေပါ
NLD ပါတီဝင်လူငယ်များ သည်းခံစိတ်များများမွေးပါ. ကြံ့ဖွတ်ပါတီ
ဝင် လူငယ်များ အမြန်မှန်မြန်မြန်ရအောင်ကြိုးစားပါ....
ကြွေးကြော်နေကြတာက.. ဒီမိုကရေစီ..လိုချင်တာလည်း. ဒီမိုကရေစီ.. လုပ်နေကြတာက မင်းမဲ့စရိုက်...
ဒါကြောင့် စစ်အုပ်ချုပ်ရေး အနှစ် (၂၀) ကြားခဲ့တာပေါ့..
cosy ပြောတာသဘာဝကျတယ် ဒီလိုဘဲဖြစ်ရမှာပေါ့
လူညစ်များနှင့်ပတ်သက်နေရတဲ့အချိန်တွေမှာသတိရှိကြပါ၊သားတို့စိတ်ထိန်းကြပါ။ညစ်စရာအကြောင်းအရာရသွားလိမ့်မယ်။
ဒါဟာ ဘယ်လိုမှငြင်းပယ်လို့မရတဲ့အမှန်တရားတွေပါ ကျွန်တော်တို့ပြည်သူတရပ်လုံးကတော့တိုင်းပြည်အတွက်တကယ်အလုပ်လုပ်နိုင်မယ့်ပါတီကို မှန်ကန်အောင်ရွေးချယ်နေကြပြီဆိုတာလက်ရှိအစိုးရတာဝန်ရှိသူတွေနားလည်သင့်ပြီးမိမိတို့ပါတီဝင်တွေရဲ့စိတ်ဓတ်တွေတွေကိုပြင်ဆင်ပြုပြင်ပေးနိုင်ပါစေလို့
good
Post a Comment