မိုးသက်လေပြင်းကျခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကို သတိထားရန်လို

မိုးသက်လေပြင်းကျခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကို သတိထားရန်လို
မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် တစ်ပတ်အတွင်း နေ့စဉ်မိုးရွာနိုင် ...

အောင်သူရ
ရန်ကုန်၊ ဧပြီ - ၉

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် နောက်တစ်ပတ်
အတွင်း နေ့စဉ်လိုလိုမိုးရွာသွန်းမှုဖြစ်နိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင် ကဧပြီ ၉ ရက်နံနက်တွင် ပြောသည်။

မိုးရွာခြင်းနှင့်အတူ မိုးတိမ်တောင်များကြောင့် မိုးထစ်ချုန်းခြင်း (နေရာကွက်၍ မိုးကြီးခြင်း) လေပြင်းတိုက်ခိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် သတိထားကြရန် ဦးထွန်းလွင်က သတိပေးပြောကြားသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးတိမ်တောင်များကြောင့် အင်းလေးဒေသ၊ ပြင်ဦးလွင်၊ မန္တလေး နှင့်မုံရွာဒေသတို့တွင် မိုးရွာသွန်း ခြင်း၊ မိုးသီးကြွေခြင်းနှင့် အချို့နေရာများ၌ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး အပျက်အစီးအချို့ရှိခဲ့သည်ဟု သတင်းရရှိသည်။

ထို့ကြောင့် ကချင်ပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အနောက်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးမြောက်ပိုင်းတို့တွင် ဧပြီ ၉ ရက်မှ ၁၀ ရက်အထိ မိုးရွာသွန်းနိုင်ခြေမှာ ၅၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းထိရှိပြီး ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ချင်းပြည်နယ်မြောက်ပိုင်းတို့၌ ရွာရန်ရာခိုင်နှုန်း ၅၀ မှ ၈၀ ထိရှိနိုင်သည်။

“အောက်ပိုင်းဒေသတွေကတော့ ဒီတစ်ရက်၊နှစ်ရက်ပဲ သတိထားရမှာ အထက်ပိုင်းနဲ့အလယ် ပိုင်းကတော့ မိုးတိမ်တောင် အန္တရာယ်ကို တစ်ပတ်လုံးသတိထား စေချင်တယ်”ဟု ဦးထွန်းလွင်က ဆိုသည်။ ထို့အပြင် မကြာမီကျရောက်တော့မည့် မိုးကြိုကာလဖြစ်သော ဧပြီ ၁၅ ရက်မှ မေလကုန်အတွင်း မြန်မာနိုင်ငံသို့ နှစ်စဉ်လိုလို မုန်တိုင်းဝင်ရောက်လေ့ရှိသဖြင့် မုန်တိုင်းအန္တရာယ်ကိုသတိထားရတော့မည်ဖြစ်သည်။
7Day News Journal
မိုးသက်လေပြင်းကျခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကို သတိထားရန်လို မိုးသက်လေပြင်းကျခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကို သတိထားရန်လို Reviewed by သစ်ထူးလွင် on 16:19 Rating: 5

No comments:

Powered by Blogger.