ပြည်တွင်းရေကြောင်းသင်္ဘောခ ဈေးနှုန်းတွေ ထပ်မံတိုးမြှင့်

ရန်ကုန်ကနေ ဧရာဝတီတိုင်း ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ
ပြေးဆွဲနေတဲ့ အစိုးရပိုင် ပြည်တွင်းရေကြောင်းသင်္ဘောခ ဈေးနှုန်းတွေကို ၄၀
ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအကြား ထပ်မံတိုးမြှင့်လိုက်ကြောင်း ဌာန
ကြေငြာချက်အရ သိရပါတယ်။

ရန်ကုန်-မော်ကျွန်း ရိုးရိုးတန်းလက်မှတ် ယခင် ကျပ် ၁၀၀၀ မှ ယခု ကျပ် ၁၄၀၀၊ ပထမတန်း ယခင် ကျပ် ၃၀၀၀ မှ ယခု ကျပ် ၅၀၀၀၊ ရန်ကုန်- လပွတ္တာ ရိုးရိုးတန်း ယခင် ကျပ် ၁၇၀၀မှ ယခု ကျပ် ၂၈၀၀၊ ပထမတန်း ယခင် ၅၁၃၀ မှ ယခု ကျပ် ၇၇၀၀ တိုးမြှင့်သတ်မှတ်ထားပါတယ်။

 ပြည်တွင်းရေကြောင်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ သြဂုတ်လ တုန်းကလည်း သင်္ဘောခတွေကို တိုးမြှင့်ခဲ့ပြီး အဲဒီအချိန်က ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် လက်ရှိ သင်္ဘောခတွေဟာ (၃) ဆ နီးပါးဖြစ်လာကြောင်း စုံစမ်းသိရပါတယ်။

ဒီဗွီဘီ
ပြည်တွင်းရေကြောင်းသင်္ဘောခ ဈေးနှုန်းတွေ ထပ်မံတိုးမြှင့် ပြည်တွင်းရေကြောင်းသင်္ဘောခ ဈေးနှုန်းတွေ ထပ်မံတိုးမြှင့် Reviewed by သစ်ထူးလွင် on 17:24 Rating: 5

4 comments:

twttaygn said...

တိုးတက်လာသော သဘောတွေ။ လူထုမှာတော့ ၀င်ငွေမတိုးတက်သေးပါ။

ကိုကို said...

လူကြီးမင်းများ
လက်မှတ်ခတက်တာကဟုတ်ပါပြီ။ကိုယ့်သဘောင်္ကိုယ်ကောင်းအောင်လည်းလုတ်အုံး။ပြီးတော့ကလိမ်ကကျစ်ဝန်ထမ်များလည်းမှတ်လောက်အောင်ထိထိရောက်ရောက်လုပ်ပါအုံး။

Sachitsanmaung said...

လက်မှတ် တစ် စောင် ၁၀၀၀ တောင် ခရီးသွား ဖို့  မနည်း စဉ်းစားနေရတဲ့  မရှိ ဆင်းရဲ တောသူ တောင်သားတွေ ခမျာ ..ခုတော့ ပို ဆိုး လာတော့မယ်....

iT tool said...

စီးပွားရေးဌာနတွေဆိုတာ စီးပွားရေးဆန်ဆန်လုပ်မှာပဲ။ အပြစ်ပြောစရာတွေဆိုရင် ပြောစရာတွေအများကြီးပဲ လိုအပ်ချက်တွေဆို၇င်လဲ ပြောမဆုံးပေါင်တောသုံးထောင်ပဲ အဲဒါကြောင့် အပြစ်တွေကို ပြောနေမဲ့အစား အပြုသဘောဆောင်တဲ့ နားလည်မှုတွေကို ပေးလိုက်ကြပါ။

Powered by Blogger.