Update 6:36 PM
မြောင်းမြို့နယ် ရွေးကောက်ပွဲတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုမဲရေတွက်မှုအခြေအနေ
များကို
ညနေ ၆း၃၀ နာရီအချိန်တွင် သိရှိရသည်မှာ မြို့ပေါ်မဲရေတွက်မှုကို
မသိရှိရသေးသော်လည်း ကျေးရွာအုပ်စုပေါင်း ၁၁၄ ခုအနက် မဲရေတွက်ပြီးသည့်
ကျေးရွာအုပ်စု ၃၀ တွင် NLD ကအနိုင်ရရှိထားပြီး ၄၊ ၅ ခုလောက်တွင်သာ
ရှုံးနိမ့်ကြောင်း မြောင်းမြမြို့ NLD အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်တစ်ခုကပြောသည်။
မြောင်းမြို့နယ် ရွေးကောက်ပွဲတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုမဲရေတွက်မှုအခြေအနေ
-----------------------------
Update 6:53 PM
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမှာ ၇၉ ရုံရှိသည့်အနက် ရေတွက်ပြီး မဲရုံ ၄၀ ကျော်တွင် NLD မှ အပြတ်အသတ်အနိုင်ရကြောင်းသတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမှာ ၇၉ ရုံရှိသည့်အနက် ရေတွက်ပြီး မဲရုံ ၄၀ ကျော်တွင် NLD မှ အပြတ်အသတ်အနိုင်ရကြောင်းသတင်းရရှိသည်။
-------------------------------
update: 7:01 PM
ပုသိမ်မြို့နယ် မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၂၂၂ ရုံအနက် မဲရုံ ၇၀ ကျော် ရေတွက်ပြီးဖြစ်ကာ NLD က ၁၀ ရုံခန့်သာ ရှုံးနေပြီး ကျန်နေရာများတွင် အသာရလျက်ရှိသည်။
ပုသိမ်မြို့နယ် မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၂၂၂ ရုံအနက် မဲရုံ ၇၀ ကျော် ရေတွက်ပြီးဖြစ်ကာ NLD က ၁၀ ရုံခန့်သာ ရှုံးနေပြီး ကျန်နေရာများတွင် အသာရလျက်ရှိသည်။
------------------------------
Update 7:18 PM
မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ရှိ
သော ရပ်ကွက် ၂၀ တွင် မဲရုံ ၆၈ ရုံရှိရာ ၅၉ ရုံတွင် NLD အနိုင်ရပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် NLD ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ မှ သတင်းထုတ်ပြန်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ရှိ
-----------------------------
Update 7:13 PM
ပြင်ဦးလွင်မြို့နယ်တွင် မဲရုံ ၁၉၉ ရုံရှိသည့်အနက် မဲရုံ ၈၀ ကျော်မှ စာရင်းများရောက်ရှိလာပြီဖြစ်ရာစ
စ်တပ်အခြေပြု
မဲရုံ ၆ ရုံ၊ ၇ ရုံမှ လွဲ၍ ကျန်မဲရုံများတွင် NLD
ပါတီမှနိုင်ခြေများနေသည်ဟု ဒေသခံများက ခန့်မှန်းနေကြသည်။ ကျန်မဲရုံများမှ
မဲစာရင်းများမှာ ဝေးလံခေါင်ဖျားသည့် ကျေးရွာများမှ
ကျန်ရှိနေသေးခြင်းဖြစ်သည်။
ပြင်ဦးလွင်မြို့နယ်တွင် မဲရုံ ၁၉၉ ရုံရှိသည့်အနက် မဲရုံ ၈၀ ကျော်မှ စာရင်းများရောက်ရှိလာပြီဖြစ်ရာစ
-----------------------------
Update 7:19 PM
စစ်ကိုင်းမြို့အတွင်းတွင် NLD ပါတီ ထောက်ခံသူများက မီးရှူးမီးပန်းများ ပစ်ဖောက်အောင်ပွဲခံလျက်ရှိပြီး မြို့အတွင်းတွင် ဆိုင်ကယ်များ ရာနှင့်ချီပြီး စီတန်းလှည့်လည်ကာ အောင်ပွဲခံလျက်ရှိသည်ဟု စစ်ကိုင်းမြို့ရောက် သတင်းထောက်မှ သတင်းပေးပို့သည်။

7Day News Journal
လာရောက်နှုတ်ဆက်အားပေးသူများ ဓာတ်ပုံ - ငြိမ်းငြိမ်းနိုင် |
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၈)
Reviewed by သစ်ထူးလွင်
on
19:41
Rating:
10 comments:
ပျော်စရာကောင်းသောနေ့လေ တစ်နေ့ပါ။ ဂုဏ်ယူပါသည် NLD
အကိုရေပျော်တယ်ဗျာအရမ်းရမ်းကိုပျော်တယ်ဗျို့..ပျော်စရာသတင်းလေးတွေတင်ပေးပါအုံးနော်ကျေးဇူးတင်ပါတယ်။။
မကွေးတိုင်း မြိုင် ရေစကြို သတင်း သိချင်ပါတယ်
ဒီလောက်ညစ်တဲ့ထဲကအနိုင်ရတဲ့အတွက်က၀မ်းသာကြည်နူးမိပါတယ်၊မဲပေးခဲ့တဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။စိုးရိမ်စိတ်တွေနဲ့စောင့်နေခဲ့ရတာပါ။
မဖြူဖြူသင်း ဂုဏ်ယူပါတယ်ခင်ဗျာ..
ဒါပဲလေ..
ဒီလီုဘဲဖြစ်ရမှာပေါ့..
ဒါအမှန်တရားပဲလေ..
အပျော်တွေ ကူးစက်တယ်ဗျို့........။
မင်္ဂလာတောင်ညွှန့်က ဘာသာခြားညီအကိုတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ....ကျွန်တော် ဒီနေ့ညနေဘက်ရောက်သွားတာ...အမေ ကိုအားပေးမှုက ထင်ထားတာထက်တောင်ပိုသေးတယ်....တစ်မြို့နယ်လုံး အောင်ပွဲတွေဆင်လို့ဗျာ...မြန်မာပြည်သူတွေ အချင်းချင်း ဒီလိုရိုင်းပင်းမှ လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာ...
ကိုရွှေမောင် ပြောသလိုပါပဲ မင်္ဂလာတောင်ညွန့်မှာ ဘာသာခြားတွေလည်း တက်ကြွစွာ ပါဝင်နေကြတာ တွေ့ရလို့ မြန်မာနိုင်ငံသားချင်းတွေ ပျော်နေကြတယ်ဆိုတဲ့ အသိစိတ်နဲ့ ကြည်နူးပီတိဖြစ်မိတယ်။
ဂုဏ်ယူပါတယ် မဖြူ ...........၀မ်းသာတယ် ...သတိယတယ်....
Post a Comment