ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွားရောက်ပြီး ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုး ကိုအားပေး


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းက ဦးနှောက်နှင့် အာရုံကြော ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုးကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲက သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ပါတယ်။ 

အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် စာဖြူစုကျေးရွာသူ မအိပပဖြိုဟာ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာ ခံစား နေရသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင် ပါတီစည်းရုံးရေးသွားရောက်စဉ် တွေ့ဆုံခဲ့ရာက တာဝန်ယူ ခွဲစိတ်ကုသဖို့ စီစဉ်ပေးခဲ့တာပါ။

 ဒေါ်အောင်ဆန်းစုကြည်က မအိပပဖြိုးအတွက် အစားအသောက်အချို့ ကိုလည်း သွားရောက်တွေ့ဆုံရင်း လှူဒါန်းခဲ့တာပါ။ တဆက်ထဲမှာလည်း မအိပပဖြိုးရဲ့ မိခင်နဲ့လည်းတွေ့ဆုံပြီး အားပေးစကားဆိုခဲ့သလို ခွဲစိတ်ဆရာဝန်တွေ သူနာပြုဆရာမတွေ နဲ့လည်း တွေ့ဆုံပါသေးတယ်ခင်ဗျာ။

ဘားမားဗီဂျေ


ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွားရောက်ပြီး ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုး ကိုအားပေး ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွားရောက်ပြီး  ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုး ကိုအားပေး Reviewed by သစ်ထူးလွင် on 16:41 Rating: 5

21 comments:

kaungkinn said...

အော် အမေ့လို စိတ်ဓာတ်..... အမေ့လို ကြင်နာတရား..... အမေ့လို ကိုယ်ချင်းစာမှု.....အမေ့လို အားလုံးကို တပြေးညီ ချစ်တတ်တဲ့စိတ် ရှိသူတွေ... မြန်မာနိုင်ငံမှာ များများ ရှိရင် ဘယ်လောက် ကောင်းလိုက်မလဲနော်... အမေစုကို အရမ်း လေးစားတယ်ဗျာ အရမ်းလဲ ချစ်တယ်...အမေစု ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

Unknown said...

အ မေ စု ကျန်း မာ ပါ စေ..........

လင်းသစ် said...

အင်း...
ကွာတယ် ကွာတယ်...
မိုးနဲ့မြေဆိုတာက
နှိုင်းရင် နီးနေသေးတယ်...
အဖြူစင်ဆုံး နှလုံးသားထဲကနေ
အလင်းလက်ဆုံး ပညာ ဥာဏ်နဲ့ ယှဉ်ပြီး လုပ်တဲ့ လုပ်ရပ်တွေ...

Anonymous said...

အမေသာဓုပါ...
ပြုပြုခဲ့တဲ့ကုသိုလ်ကအမေ့အတွက်
အညွန့်တလူလူဖြစ်ပါစေ..

zay mg said...

နှလုံးသားလှတဲ့ ငါ့တို.အမေ...
ဘေးရန်ကင်းဝေးပါစေ...

ကလေးလေးအမြန်ဆုံးသက်သာပျောက်ကင်းပါစေလို. ဆုတောင်းပေးပါတယ်ခင်ဗျာ။

saw said...

မွန်မြတ်တဲ့အလုပ်ပါပဲ မြန်မာပြည်သူပြည်သားတိုင်းဟာ ကိုယ်တတ်နိင်တဲ့အပိုင်းကနေ ဆင်းရဲတဲ့သူတွေကို ကူညီစေချင်တယ်.အမေ့ကို လေးစားပါတယ်.

Anonymous said...

အန်တီစုရဲစေတနာတွေကြောင့်မပပဖြိုးအမြန်ဆုံးကျမ္မာပါစေလိုဆုတောင်းပေးလိုက်ပါတယ်။

ye ye said...

အမေရယ်..
တကယ့်ကိုလေးစားဦးညွတ်ပါတယ်...။
ပြည်သူအပေါ်ထားတဲ့အမေ့ရဲမေတ္တာဟာအနှိုင်းမဲ့ပါ..။

Anonymous said...

သာဓု သာဓု သာဓုပါ ရှင်

saw said...

အမေစုကို အတုယူပြီး မြန်မာနိင်ငံသားတိုင်းက လိုအပ်တဲ့နေရာတွေမှာ အကူညီလိုအပ်နေတဲ.သူတွေကို တတ်နိင်သလောက်ကူညီကြမယ်ဆိုရင် မြန်မာနိင်ငံဟာပိုပြီးတိုးတက်လာလိမ်.မယ်.

saw said...

အမေ့ကိုအတုယူပြီး တို. အားလုံးကလည်း လိုအပ်တဲ.သူတွေကိုတတ်နိင်သလောက်ကူညီသင့်တယ်

kiki said...

ကျောသားရင်သား မခွဲခြားပဲ ပြည်သူတွေနဲ့ တသားထဲရှိနေတတ်တဲ့ ပြည်သူကို စာနာထောက်ထားတတ်တဲ့ ပြည်သူ့ခေါင်းဆောင်ဆိုတာ ကြာလေ ပိုထင်ရှားလာလေပဲ..။
မေတ္တာဆိုတာ အလျား အနံ မရှိပေမဲ့ အသွား အပြန် ရှိသတဲ့ ။
အမေစုရဲ့ မေတ္တာ စေတနာတွေ ပြန်လည် အကျိုးပေးပါစေ ။

la woon said...

ဒါမှ ဒိုအန်တီစု....

mad dog said...

ပြည်သူ့အေ၇း အလေးထားတဲ့ အန်တီ စု ကွ။

Unknown said...

သာဓု သာဓု သာဓု ပါ အမေ..........။

shwe thoungwa said...

အမေ့ရဲ့စေတနာတွေကကြာလေထင်ရှားလေပါဘဲ။ဟိုဟာတွေများ အမေ့ရဲ့ခြေဖ၀ါးအောက်ကမြေမှုန့်တစ်မှုန့်လောက်တောင်တန်ဖိုးမရှိပါလား--

shwe thoungwa said...

ကြားရသူတိုင်းသာဓုခေါ်နိုင်ပါစေ။

byeiktar(byeikchitthu) said...

အမေ ကျန်းမာပါစေ ။ သာဓု ခေါ်ပါတယ် အမေရယ်။

bear said...

အမေ လည်းကျန်းမာပါစေနော်

tapaungthi said...

စေတနာမေတ္တာတွေ့ရဲ့အကျိုး ဆထက်တပိုးခံစားရရှိပါစေအမေစု..။

ဒီမိုအောင် said...

အမေစီးတဲ့ဖိနပ်လေးဖြစ်ချင်တယ်ဗျာ(ဒါမှမဟုတ်)
အမေစီးဖို့ဖိနပ်လေးလုပ်ပေးချင်ပါတယ်.

Powered by Blogger.