ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၃)

လတ်တလော မဲရေတွက်မှု ရလဒ်များ

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ ၅၁ မိနစ်၊

မင်္ဂလာတောင်ညွန့် ရေတွင်းကုန်း မဲရုံ အမှတ် (၂) တွင်
ဒီချုပ် ၉၉၄ မဲ၊ ကြံ့ခိုင်ရေး ၄၆ မဲ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၈မဲ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ၆မဲ၊ မြန်မာအမျိုးသား ကွန်ဂရက် ၂ မဲ၊ ရရှိ၍ ဒီချုပ်မှ ဒေါ်ဖြူဖြူသင်း အများဆုံးဖြင့် အနိုင်ရလျှက်ရှိသည်။

လောင်းလုံမြို့နယ် ပန်းတဉ်းအင်းရွာ ဒီချုပ် ၇၁၀ မဲ၊ ကြံ့ခိုင်ရေး ၅၃ မဲ၊ ပယ်မဲ ၃၂မဲ၊ ရရှိသည်ဟု သိရှိရသည်။

မန္တလေး မဟာအောင်မြေ ရဲမွန်တောင်ရပ်ကွက် မဲရုံ အမှတ် (၃) တွင် ကြံ့ခိုင်ရေး ၆၃ မဲ ဒီချုပ် ၇၅၂ မဲ၊ အန်ဒီအက်ဖ် ၇ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၁ မဲ၊ တစည ၁၁ မဲ၊ တသီးပုဂ္ဂလ ဦးညွန့်ဦး ၆ မဲ၊ တသီးပုဂ္ဂလ ဦးကျော်ကျော် ၆ မဲ၊ တသီးပုဂ္ဂလ ဦးစိန်လှ ၁ မဲ၊ ပယ်မဲ ၅၁ မဲတို့ဖြစ်သည်။

မန္တလေးတွင်ပင် ရဲမွန်တောင် အမှတ် (၂) မဲရုံ၌ ကြံ့ခိုင်ရေး ၁၁၅ မဲ၊ ဒီချုပ် ၈၁၆ မဲ၊ အန်ဒီအက်ဖ် ၉ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၇ မဲ၊ တစည ၁၇ မဲ၊ တသီးပုဂ္ဂလ ဦးကျော်ကျော် ၂ မဲ၊ ဦးညွန့်ဦး ၁ မဲ၊ ပယ်မဲ ၃၃ မဲတို့ဖြစ်သည်။
ယင်း ရပ်ကွက် (၃) ရပ်ကွက်အနက် စင်္ကြာနွယ်စင် မဟာမြိုင် ၁၊ ၂ တွင်အပြတ်အသတ်နိုင်သည်ဟု သိရသည်။ ဒေးအရှေ့ ရပ်ကွက်တွင်လည်း အနိုင်ရရှိကြောင်း သတင်းပေးပို့သည်။

မော်လမြိုင်မြို့တွင် ဈေးချိုရပ်ကွက်မှလွဲလျှင် ကျိုက္ဖနဲ အမှတ် (၂) ၊ ပျဉ်ထောင်တန်း၊ ၀တ်သစ် ရွှေမြိုင်သီရိနှင့် အောက်ကျင်း ၊ ထန်းပင်ကုန်း ရပ်ကွက်များတွင် ၁၀ဆနီးပါး အသာဖြင့် ဒီချုပ်က ကြံ့ခိုင်ရေးကို အနိုင်ရရှိလျှက်ရှိသည် ။


ဒေါ်အောင်ဆန်းစုကြည် နိုင်ရန် သေချာပြီ

လတ်တလော မဲရေတွက်မှု ရလဒ်များ

ဧပြီ ၁ ရက်၊ ညနေ ၅နာရီ ၉မိနစ်

ကော့မှူးမြို့နယ်တွင် ယခုအချိန်ထိ ရေတွက်ရရှိသည့် ရလဒ်များကို ထောက်ချင့်၍ ဒေါ်အောင်ဆန်းစုကြည် နိုင်ရန် သေချာသွားပြီဟု ဒီချုပ်မှ ခန့်မှန်းထားသည်။

မိတ္ထီလာမြို့နယ် ဆိုင်းတန်းရပ်ကွက် ဒီချုပ် ၂၇၇၊ ကြံ့ခိုင်ရေး ၃၂၊ ဒေါ်မြင့်မြင့်အေး ၄၊

မိတ္ထီလာမြို့နယ် နန်းတော်ကုန်း ရပ်ကွက် ဒီချုပ် ၃၆၅ ၊ ကြံ့ခိုင်ရေး ၈၈၊ ဒေါ်မြင့်မြင့်အေး ၂၁၊ ဦးဝင်းဇော် ၇ မဲ တို့ဖြစ်သည်။

မန္တလေး၊ မဟာအောင်မြေ မဟာအောင်မြေ မြို့နယ် ဦးအုန်းကြိုင် မဲ ၅၀၀ ၊ ၆၀၀ ရသည့်အချိန်တွင် ကြံ့ခိုင်ရေးမှ ၅၀၊ ၆၀ သာရရှိသည်ဟု လတ်တလော ရေတွက်မှုများအရ သိရသည်။ ပြင်ဦးလွင်တွင်လည်း ဒီချုပ်ကိုယ်စားလှယ် ဦးကျော်သီဟက အလားတူ ၁၀ ဆ၀န်းကျင် အသာရနေသည်ဟု သိရသည်။


Yangon Press International

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၃) ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၃) Reviewed by သစ်ထူးလွင် on 18:33 Rating: 5

10 comments:

ဧနဒီ said...

ဒီလိုပဲဖြစ်ရမယ်ဗျာ။ ကိုသစ်ရေ...ကျေးဇူးတွေတင်ပြီးရင်းတင်ရင်းပါပဲဗျာ။

မန်းလေးသား said...

တို့မန္တလေးကွ ဟေးးး ဟေးးး....အမေစုနိုင်ပြီကွ.. ဟားးဟားး

ု said...

ဝမ်းသာလွန်းလို.ဘာပြောရမှန်းတောင်မသိတော.ဘူး။စောင့်ကြည့်နေရင်းနဲ.ပဲ့။

အရှိအတိုင်း said...

တစ်ကယ်ထိုက်ထိုက်တန်တန် မဲရတဲ့အတွက် ၀မ်းသာပါတယ်...နိုင်ငံ့ကောင်းကျိုး သယ်ပိုးနိုင်ပါစေ....

အရှိအတိုင်း said...

ဖြစ်သင့်တာတွေ တော့ ဖြစ်နေပါပြီ...

y said...

ကိုသစ်ထူးလွင်ကို အရမ်းကျေးဇူးတင်ပါတယ်
မိုးလင်းကတည်းက ရွေးကောက်ပွဲသတင်းကိုပဲ ထိုင်ဖတ်ပြီးစောင့်ကြည့်နေတာပါ။
ဒီချုပ်ရဲ့ ရလဒ်ကတော့ အားတက်စရာပါ၊
ဆက်ပြီး သတင်းတွေကို စောင့်မျှော်နေပါတယ်။

tkm said...

ပျော်တယ်ကွာ....

Anonymous said...

ဟေးး ဟုတ်တယ်ကွ... ကော်မရှင်က တရားမျှတတယ်ကွ... ဟားး ဟား
ကော်မရှင်တွေက အရမ်းတော်တယ်ဗျ...
ကော်မရှင်က...အရမ်းအလုပ်လုပ်တယ်ဗျ...ဒါတောင်မှ မဲစာရင်းကျန်သွားတဲ့သူတွေရှိသေးလို့..နောက်မို့ရင်... ၁၀၀% ကျော်သွားမှာ..ဟား

Anonymous said...

ဝမ်းသာလွန်းလို့မျက်ရည်တောင်ကျတယ်..အမေရယ်.
အားလုံးချစ်တဲ့တို့အမေ.
ထာဝရအောင်မြင်ပါစေ..
သက်ကျော်ရာကျော်ရှည်ပါစေ.
ကျန်းမာပါစေ..

အမေ့သား said...

ကျေးဇူးအများကြီးတင်ပါတယ် ကိုသစ်ခင်ဗျား......
ဆက်ပီးတင်ပေးပါဦး ..မနက်ကတည်းကထိုင်ဖတ်နေတာ....
ဝမ်းသာအားရဖြစ်ပီး မျက်ရည်တောင်ဝဲမိပါတယ်......
NLD ၄၈ နေရာလုံး နိုင်ပါစေလို့ ဆုတောင်းပါတယ် ..ဗျာ...

Powered by Blogger.