သို့
ဝန်ကြီးရှင့်၂၀၁၂ခုနှစ်မတ်လတွင်ကျင်းပခဲ့သောတက္ကသိုလ်ဝင်စာမေးပွဲတွင်ရန်ကုန်တိုင်းဒေသကြီးတွင်ဖြေဆိုရသောရူပဗေဒမေးခွန်းပုစ္ဆာနံပါတ်၁၄တွင်မေး ထားသောမေးခွန်း၂ခုသည်အောက်ပါအတိုင်းဖြစ်ပါသည်။
Question
1. How can it be known that cathode rays are electrically charged particles?
2. How do the walls of the cathode ray tube show a green fluorescence?
၎င်းမေးခွန်း၂ခု၏အမှတ်ပေးစည်းမျဉ်းမှအဖြေများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
By placing a horse shoe magnet across the tube, the path of the cathode rays is deflected downward. When the poles of the magnet are reversed the path is deflected upward. The deflection shows that the cathode rays are charge.
နှင့်နောက်တစ်ပုဒ်အတွက်အမှတ်ပေးစည်းမျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
When the pressure reaches 0.01 mm Hg the positive Colum and the negative glow disappear. ဟုဖြေထားပါသည်။
၎င်းအဖြေ၂ခုအတွက်ရမှတ်မှာ(၅)မှတ်ဖြစ်ပါသည်။အမှတ်ပေးစည်းမျဉ်းတွင်ပါသောပထမအဖြေသည်ယေဘုယမကျပါသံလိုက်စက်ကွင်းတခုတည်းသာညွှန်းပါသည်။
၎င်းမေးခွန်း၂ခုကိုဤသိုဖြေလျှင်လည်းရပါသည်။
Cathode rays are deflected by an electric field as well as magnetic field. Therefore it can be know that they are electrically charged particles ဟုဖြေလျှင်ပို၍ယေဘုယကျပါသည်။
စည်မျဉ်းမှဒုတိယအဖြေမှာလုံးဝလွဲချော်နေသည်။
အဖြေမှန်မှာ-
The walls of the cathode ray tube show a green fluorescence because the invisible ray from the Cathode, striking the wall of the tube. သာဖြစ်ပါသည်။
အမှတ်ပေးစည်မျဉ်းမှအဖြေများလွဲချော်နေပါသည်ကိုစာစစ်အဖွဲခေါင်းဆောင်များမှမှားနေကြောင်းပြင်ပေးပါဟုရန်ကုန်တက္ကသိုလ်ပါမောက္ခ(ရူပဗေဒဌာန)ဌာနမှုး Dr.၀င်ဝင်းသာအားအကြိမ်ကြိမ်ပြောကြားသော်လည်း၊Dr. ၀င်ဝင်းသာသည်အမှား ကိုကိုင်ထားပြီးလုံးဝပြင်ခွင့်မပေးပါ။အကြိမ်ကြိမ်သာငြင်းဆန်နေပါသည်။
ထိုအတွက်ကြောင့်အမှန်ကိုဖြေလာသောကျောင်းသား/သူများသည် ၅မှတ်နစ်နာနေပါသည်။ အမှတ်မရပဲဖြစ်နေပါသည်။ကလေးများမျက်နှာကိုထောက်ရှု့သောအားဖြင့်စာစစ် နေသောဆရာမများမှတောင်းပန်နေကြသော်လည်းDr.၀င်ဝင်းသာသည်လုံးဝဘူးခံ ပြီးအမှားကိုသာဆွဲကိုင်နေပါသောကြောင့်၅မှတ်ကွာဟမူ့ဖြင့်ကလေးများဘ၀ပျက် ကြမည်ဖြစ်ပါသည်။ထိုသို့မဖြစ်ရအောင်ဝန်ကြီးအနေဖြင့်အမြန်ဆုံးကူညီဖြေရှင်းပေး ပါစာစစ်ပြီးသွားလျှင်ဖြေရှင်းရန်အခက်တွေ့နိုင်သောကြောင့်အမြန်ဆုံးဆောင်ရွက် ပေးစေလိုပါကြောင်းကျောင်းသား/သူများကိုယ်စား၊ကျောင်းသားမိဘတွေကိုယ်စားတိုက်တွန်းလိုက်ရပါသည်ရှင့်။
ဝန်ကြီးရှင့်၂၀၁၂ခုနှစ်မတ်လတွင်ကျင်းပခဲ့သောတက္ကသိုလ်ဝင်စာမေးပွဲတွင်ရန်ကုန်တိုင်းဒေသကြီးတွင်ဖြေဆိုရသောရူပဗေဒမေးခွန်းပုစ္ဆာနံပါတ်၁၄တွင်မေး ထားသောမေးခွန်း၂ခုသည်အောက်ပါအတိုင်းဖြစ်ပါသည်။
Question
1. How can it be known that cathode rays are electrically charged particles?
2. How do the walls of the cathode ray tube show a green fluorescence?
၎င်းမေးခွန်း၂ခု၏အမှတ်ပေးစည်းမျဉ်းမှအဖြေများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
By placing a horse shoe magnet across the tube, the path of the cathode rays is deflected downward. When the poles of the magnet are reversed the path is deflected upward. The deflection shows that the cathode rays are charge.
နှင့်နောက်တစ်ပုဒ်အတွက်အမှတ်ပေးစည်းမျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
When the pressure reaches 0.01 mm Hg the positive Colum and the negative glow disappear. ဟုဖြေထားပါသည်။
၎င်းအဖြေ၂ခုအတွက်ရမှတ်မှာ(၅)မှတ်ဖြစ်ပါသည်။အမှတ်ပေးစည်းမျဉ်းတွင်ပါသောပထမအဖြေသည်ယေဘုယမကျပါသံလိုက်စက်ကွင်းတခုတည်းသာညွှန်းပါသည်။
၎င်းမေးခွန်း၂ခုကိုဤသိုဖြေလျှင်လည်းရပါသည်။
Cathode rays are deflected by an electric field as well as magnetic field. Therefore it can be know that they are electrically charged particles ဟုဖြေလျှင်ပို၍ယေဘုယကျပါသည်။
စည်မျဉ်းမှဒုတိယအဖြေမှာလုံးဝလွဲချော်နေသည်။
အဖြေမှန်မှာ-
The walls of the cathode ray tube show a green fluorescence because the invisible ray from the Cathode, striking the wall of the tube. သာဖြစ်ပါသည်။
အမှတ်ပေးစည်မျဉ်းမှအဖြေများလွဲချော်နေပါသည်ကိုစာစစ်အဖွဲခေါင်းဆောင်များမှမှားနေကြောင်းပြင်ပေးပါဟုရန်ကုန်တက္ကသိုလ်ပါမောက္ခ(ရူပဗေဒဌာန)ဌာနမှုး Dr.၀င်ဝင်းသာအားအကြိမ်ကြိမ်ပြောကြားသော်လည်း၊Dr. ၀င်ဝင်းသာသည်အမှား ကိုကိုင်ထားပြီးလုံးဝပြင်ခွင့်မပေးပါ။အကြိမ်ကြိမ်သာငြင်းဆန်နေပါသည်။
ထိုအတွက်ကြောင့်အမှန်ကိုဖြေလာသောကျောင်းသား/သူများသည် ၅မှတ်နစ်နာနေပါသည်။ အမှတ်မရပဲဖြစ်နေပါသည်။ကလေးများမျက်နှာကိုထောက်ရှု့သောအားဖြင့်စာစစ် နေသောဆရာမများမှတောင်းပန်နေကြသော်လည်းDr.၀င်ဝင်းသာသည်လုံးဝဘူးခံ ပြီးအမှားကိုသာဆွဲကိုင်နေပါသောကြောင့်၅မှတ်ကွာဟမူ့ဖြင့်ကလေးများဘ၀ပျက် ကြမည်ဖြစ်ပါသည်။ထိုသို့မဖြစ်ရအောင်ဝန်ကြီးအနေဖြင့်အမြန်ဆုံးကူညီဖြေရှင်းပေး ပါစာစစ်ပြီးသွားလျှင်ဖြေရှင်းရန်အခက်တွေ့နိုင်သောကြောင့်အမြန်ဆုံးဆောင်ရွက် ပေးစေလိုပါကြောင်းကျောင်းသား/သူများကိုယ်စား၊ကျောင်းသားမိဘတွေကိုယ်စားတိုက်တွန်းလိုက်ရပါသည်ရှင့်။
ပညာရေးဝန်ကြီး ထံသို့  တာဝန်သိ ဆရာမတဦးမှ အိပ်ဖွင့်ပေးစာ
Reviewed by သစ်ထူးလွင်
on
09:26
Rating:
52 comments:
ကောင်းတယ်ဆရာမရေ ဒါမျိုးလေးတွေထောက်ပြပေးပြီးကျောင်းသားတွေဘက်ကရှိပေးတာ။
ဆရာမရဲ့တာဝန်သိတဲ့စိတ်က ပြည်သူ့ဝန်ထမ်းအားလုံးအတွက် လေးစားအတုယူဖွယ် ကောင်းလှပါတယ်... ဆရာမလို တာဝန်ကိုလေးစားပြီး စေတနာကောင်း တဲ့ဝန်ထမ်းမျိုး တိုင်းပြည်အတွက် အများကြီးလိုအပ်ပါတယ်...
ဥပမာတစ်ခု။ ။မေးခွန်ကရှင်းလင်းအောင်မမေးခြင်း
မေးခွန်းရှင်းအောင်မမေးသည့်အတွက်ဖြေသော အခါ
မှန်သော်လည်းပုံသေနည်းကိုသာ စွဲကိုင်ထားခြင်း
မေးခွန်းက။ ။ပေါင်းခြင်း 2 သည်မည်သို့ရရှိသနည်း?
1+1+0=2 ဆိုလျှင်မှားသည်
စာစစ်တဲ့သူကလည်း 1+1=2 လို့ဆိုရင် အမှန်ပေးမယ်ဆိုတာပဲသိထားတာ
ေ-ာက်ရူး၊ ဒေါက်တာဘွဲ့ကို ဘယ်လို ခိုးထားတာလဲ။ အလွဲမှန်း သူများသိသွားလို့ ရှက်ရမ်းရမ်းပြီး မပြင်ခိုင်းတာလား။ ဒီလိုလူမျိုးကို ဒီလိုနေရာမှာ ဒီလိုရာထူးပေးထားတာ နိုင်ငံတော် အတွက် များစွာ နစ်နာလှပါတယ်။
ဆရာမရေ ဂုဏ်ယူပါတယ်ခင်ဗျာ... ဆရာမလိုစေတနာမျိုး ဆရာမတိုင်းထားနိင်ပါစေ... နောက်ပြီး Dr.ဝင်းဝင်းသာဟာ စာစစ်ဆရာတွေက အဖြဟာမှားပါတယ်ဆိုပြီး တင်ပြတာတောင်မှ မပြင်ပေးတာဟာ သူကိုယ်တိုင်က မသိလို့ ဒါမှမဟုတ် လက်အောက်ငယ်သားတွေက အမှားထောက်ပြတာကို ရှက်ပြီးမပြင်တာလဲဖြစ်နိုင်ပါတယ်.. နောက်တစ်ချက်ကတော့ သူ့ကျူရှင်မှာ သူသင်ခဲ့တဲ့အတိုင်း သူ့ကျောင်းသားတွေ အမှတ်ရအောင် ငြင်းဆန်နေတာပါ...
အမှားကို အမှားလို့ မဝန်ခံတာ သိက္ခာကျမှာ ဆိုးလို့လား ဒေါ်ဝင်းဝင်းသာ။
မမှားသော ရှေ့နေ၊ မသေသော ဆေးသမားတဲ့။ လူဆိုတာ အမှားနဲ့ ကင်းတဲ့လူမရှိပါဘူး။ ဝန်ခံဖို့ မရှက်ပါနဲ့။ ကျောင်းသားတွေ အတွက် အမှတ် ၁မှတ်ဟာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာ ဒေါ်ဝင်းဝင်းသာ ကိုယ်ချင်းစာပေးပါ။
အမှတ် ၁မှတ်က တစ်ဘဝလုံးစာအတွက် အဆုံးအဖြတ်ပေးသွားတာပါ။
ဒေါ်ဝင်းဝင်းသာရဲ့ သွေးသားတစ်ယောက်ယောက်သာ ဒီစာမေးပွဲမှာ ပါခဲ့ မယ်ဆိုရင်ကော.......ဒီလိုပဲ ဘူးခံပြီး ငြင်းနေမှာပဲလား မေးချင်ပါတယ်။
ဟေ ပညာရေးဌာနမှုးကြီးက စာအရမ်းတက်လို့ အမှားကို အမှန်ပေး အမှန်ကို အမှားပေး ၂၀၁၂ လိဒ်တက်စ် ပညာရေးစနှစ်လုပ်မလို့နေမှာပေါ့ အံ့ဖွယ်သုတပါလားနော်
ဒီလိုတင်ပြပေးတဲ့ဆရာမကို ကျေးဇူးတင်ပါတယ်လေးစားပါတယ် အမှန်တရားအတွက်တင်ပြပေးတဲ့ဒီလိုဆရာမတွေများလာရင်ပညာရေးရဲ့အားနည်းချက်တွေကောင်းလာနိုင်ပါတယ် ရာထူးကြီးကြီးယူထားပြီး ကိုယ်မှားတာကိုမှားမှန်းဝန်မခံနိုင်တဲ့လူကြီးဆိုတဲ့ပုဂ္ဂိုလ်တွေ ကိုဒီလိုပုံစံနဲ့တိုက်ဖျက်ရပါမယ် ဒါတွေဟာတိုင်းပြည်အတွက်အရေးကြီးတဲ့ကိစ္စတွေပါပဲ။
နောက်ပြီးသူလဲ မိုးဟေကို လိုလုပ်လို့မကောင်းတော့ နာမည်ကြီးဖို့ လုပ်မိလုပ်ရာ လုပ်တာလားမှမသိတာ ဒိခောတ်ကပြောလို့ရတာမှမဟုတ်တာ မိုးဟေကိုက မော်ဒန်အိုး ဆိုတော့ ဖော်တယ်လုပ်တော့ နာမည်ကြီးသွာတယ် ဒီဌာနမှုးလဲ ပညာရေးကဆိုတော့ နာမည်ကြီးအောင် ညာချလိုက်တာနေမှာပေါ့ ဒါမှလုသိများလာမှာလေ ဂျာနယ်သီတင်းထဲပါနည်းလား
ဆရာမရေ ဆရာမကိုယ်တိုင်မေးခွန်းကိုသေချာဖတ်မိရဲ့လားဗျ။ မေးခွန်းက၂ခုလုံး Howနဲ့မေးထားတာ။ဆရာမအဖြေက why နဲ့မေးတာကိုဖြေထားသလိုပဲ။ ပထမမေးခွန်းရဲ့အဖြေကတော့ပါမောက္ခဆရာမကြီးဖြေထားတာကပိုပြီးသဘာဝကျသလိုပဲဗျ။ဘယ်လိုသိနိုင်မလဲလို့မေးတာကိုး။ဆရာမတို့textbookမှာတော့ဘယ်လိုရေးထားလဲကျနော်မသိပါဘူး။ကျနော့်အနေနဲ့ဖြေရမယ်ဆိုရင် နံပါတ်(၁)မေးခွန်းအတွက် ဒီလိုလေးဖြေရင်ကလေးတွေအတွက်လဲပိုအဆင်ပြေမယ်ထင်ပါတယ်။ cathode rays travel in straight lines in the absence of electric and magnetic fields. However these rays are deflected towards the positive end in electric field. Hence it was concluded that the rays constitute negatively charged particles and are known as electrons. These rays are also deflected in magnetic field. ဆရာမကြီးအဖြေကပိုသဘာဝကျပါတယ်။ဒါပေမယ့်ဆယ်တန်းကလေးအတွက်အဲလိုဖြေဖို့ text bookစာအုပ်ထဲမှာမရေးထားဘူး ဆရာကလဲသင်မထားဘူးဆိုရင် သူ့အနေနဲ့စဉ်းစားတတ်မယ်မထင်ဘူး။ဒုတိယအဖြေကတော့ ၂ယောက်လုံးရဲ့အဖြေတွေပေါင်းဖြေရင်တော့ပိုကောင်းတာပေါ့။ ကျွန်တော်ကတော့ ဆရာမကြီးဖြေထားတာရော ဆရာမဖြေထားတာရော ပေါင်းဖြေစေချင်ပါတယ်။ဒီလိုပေါ့
When the pressure of air in the tube is reduced to .001 mm of mercury and a high voltage is applied to the electrodes, the emission of light by air stops. But the phenomenon of fluorescence is observed in which the walls of the discharge tube at the end opposite to the cathode begin to glow with a greenish light. It is now deduced that some invisible rays were formed at the cathode, which on striking the glass tube emitted a green light.
တစ်ကယ်တော့မေးခွန်းက How နဲ့မေးထားတာဆရာမရေ Why နဲ့မေးထားတာမဟုတ်ဘူး။ကျွန်တော်ကတော့ ပါမောက္ခဆရာမကြီးရဲ့အဖြေက မှန်တယ်လို့ယူဆပါတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ်မမှန်ဘူးထင်တာကို ပြောရဲတဲ့သတ္တိရှိတဲ့ဆရာမကိုလည်းလေးစားပါတယ်။ကျွန်တော်လည်း တက္ကသိုလ်ဆရာတစ်ယောက်ပါပဲ။ရူပဗေဒကတော့မဟုတ်ဘူး။ကျွန်တော်တို့ရဲ့ပညာရေးလောကကို ကောင်းသထက်ကောင်းဖို့ ကျွန်တော်တို့ဝိုင်းကြိုးစားကြတာပေါ့။
ဟာဟာ ဒေါက်တာလား။ မိတ်အင်ဘားမားလား။ မြန်မာပြည်ကို စော်ကားခြင်းမဟုတ်။ ဒေါက်တာဖြစ်ပြီးမိမိအမှားဝန်ခံတတ်စေရန် လေ့ကျင့်ပေးရန်လိုကြောင်း ထောက်ပြခြင်းသာ။
ကျေးဇူးပါဆရာမ၊ ၀န်ကြီးနားလည်ရင် ပြင်ပေးမယ်လို့မျှော်လင့်ပါတယ်၊
နိုင်ငံတော်အတွက် ပြည်သူ့မဲတစ်မဲဟာ တန်ဖိုးမဖြတ်နိုင်သလို၊
(၁၀)တန်းကျောင်းသားအတွက် ရမှတ် (၁)မှတ်ဟာ ဘ၀တစ်ခုလုံးနဲ့ရင်းရမှာပါ၊ အမှားသိရင် အမှန်ကို ချက်ချင်းပြင်ဖို့ ၀န်မလေးပါနဲ့ ၀န်ကြီး။
အဲဒီဘ၀င်မြင့်ရောဂါစွဲကပ်နေတဲ့၊ဘ၀င်ရူးဒောက်တါ ၀င်ဝင်းသာ ဟာ၊လောကမှာ
ငါသာအသိဆုံး၊ငါအတတ်ဆုံး၊ငါ့လောက်သိသူဘယ်သူမှမရှိဘူးလို့ကိုယ့်ကိုယ်ကို
ထုတ်ဖေါ်ကြေငြာရဲတဲ့အမြှောက်ကြိုက်ကြီးဦးဇေါ်မဉ်းနဲ့ဘယ်လိုအမျိုးတော်လဲမသိ
ဘူးနော်။
နိုင်ငံတကာမှာလဲ ဒီလိုဘဲ မှားတတ်ကြသလားဗျ။ အမှန်ကိုထောက်ပြပါသော်လည်း တစ်စုံတ၇ာကြောင့်လွှဲမှား၇ပါသည်လို့ ၀န်ခံ၇င်တော်သေးတယ်။ အခုလိုငြင်းဆန်လိုက်ခြင်းသာမှန်လျှင် မြန်မာပြည်ပညာေ၇းက ထင်တာထက်ကို အဆများစွာ ပျက်စီးနေပြီလို့ကောက်ချက်ချလို့၇ပါပြီ။ အဆင်း၇ဲဆုံးနိုင်ငံက ပညာေ၇း ကမ္ဘာအဆင့်အနိမ့်ဆုံးမှာ၇ှိနေမယ်ဆို၇င်လည်း သဘာဝတော့အကျသား။ ။
Dr.၀င်းဝင်းသာရေ ပညာတတ်ဆိုတာ မှားရင်လည်း အမှားကိုဝန်ခံရဲရတယ်။ တလွဲမာနထားတာ မကောင်းပါဘူး။ မမှားဘူးဆိုရင်လဲ မမှားတဲ့အကြောင်း ကျိုးကြောင်းပြပြီးရှင်းပြပေါ့။ ခုတော့ ကိုယ့်ရဲ့ တလွဲမာနကြောင့် ကျောင်းသားသူငယ်တွေ သက်သက်နစ်နာရဦးမယ်။ သိပ်ပြီး အတ္တမကြီးပါနဲ့။
ဒါကတော့ဖြစ်သင့်တယ် ဆယ်တန်းဆိုတာ ပညာသင်ကြားနေတဲ့လူငယ်တစ်ယောက်ဘဝအတွက် တော်တော်လေးကိုအရေးပါတဲ့အချိုးအကွေ့ပဲ ... တစ်ချို့လူငယ်တွေအတွက် ဆယ်တန်းအမှတ်က သူတို့ဘဝကိုအများကြီးသက်ရောက်သွားတာတွေ့ဖူးတယ် ....ပညာရှိသတိဖြစ်ခဲဆိုသလို ပါမောက္ခ(ဌါနမှုး) ကဒီအမှားကိုသေချာဖြေရှင်းပေးသင့်တယ် .....
ချစ်သောကျောင်းဆရာမ...။
သင် ဘာကိုနားလည်ပါသနည်း။မှားသည်မှန်သည်ငါတို့အလုပ်မဟုတ် ငါတို့အလုပ်သည် ပါမစ်နှင့် လုပ်ပိုင်ခွင့်ခံစားခွင့်နှင့်အခြားခြားသော အခွင့်ထူးများကိုသာမျော်ခိုးခြင်းဖြစ်သည်..။သင်တင်ပြလိုက်သော ဌာနမှုးကလဲ ဒေါက်တာဘွဲ့သာယူထားတာပါ..သိပ်မသိလောက်ဘူးထင်ပါသည်။ဒါကြောင့်အမှားကိုအမှန်ထောက်ပြခြင်းသည် ရည်းစားလူလုအူနု ကျွဲခတ်ဆိုသလို အရှက်ကြီးရှက်ပြီး သင့်အား ပြည်နှင်ဒဏ်ပေးနိုင်ပါသည်။သင်မသိလျှင်မှတ်ပါ။အရည်အချင်းသည် ပါးစပ်မှလာသောစကားဖြစ်သော်လဲ အရေအတွက်သည်သာ မျက်မြင်သက်သေဖြစ်ပါသည်....
အမှတ်ပေးစည်းမျဉ်း အဖြေ2ခုက အဆင်.ရှိတယ်။
ဆရာမအဖြေက သာမန် နှင်.ေယ်ဘူယ် ကျတယ်။
အထင်ပါ။မှားသွားရင် တောင်းပန်ပါတယ်။
B.E (Electronics)
M.I.T
ဘယ်လိုလုပ်ရင် ဖြစ်တာလဲ..ဘာကြောင့် ဖြစ်ရတာလဲ
တာဝန်ယူစိတ်မရှိသူတွေ.. မလုပ်၊ မရှုပ်၊ မပြုတ်တွေ နေရာရနေရင် တိုင်းပြည် အင်မတန် နစ်နာလှပါတယ်။ ဒီလောက်ကြောက်တတ်ပြီး၊ ကိုယ့်နေရာတည်မြဲရေးကိုသာ ကြည့်တတ်သူတွေ တနည်းအားဖြင့် တာဝန်ယူစိတ်၊ ခေါင်းဆောင်စိတ်မရှိသူတွေကို ဦးစီးဦးဆောင်ပြုရတဲ့ နေရာတွေမှာ လုံးဝ မထားသင့်ပါဘူး။
ယနေ့ လူငယ်တွေနဲ့ သူတိုရဲ့ ပညာရေးအဆင့်အတန်းဟာ အနာဂတ် နိုင်ငံတော်အတွက် အဓိကအရေးပါတဲ့ သော့ချက်ပါ။ ဒီနေ့လူငယ်တွေ အရည်အချင်း မရှိဘူးဆိုရင်၊ အရည်အချင်းတွေ တောက်ပြောင်ခွင့် မရှိရင်.. အနာဂတ်မြန်မာနိုင်ငံတော်ကြီးဟာ ဖွတ်ကြားတွေအုပ်ချုပ်ပြီး ဖွတ်ကြားတွေကပဲ ထောက်ခံတဲ့ ဖွတ်နိုင်ငံကြီးဖြစ်လာမှာ အသေအချာပဲ။
သက်ဆိုင်ရာက အရေးယူဆောင်ရွက်မယ်ဆိုရင်လဲ အချိန်နဲ့တစ်ပြေးညီ လမ်းညွှန်မှုပေးသင့်ပါတယ်..။ လက်ရှိအနေအထားအရ ရန်ကုန်တက္ကသိုလ်မှာ အနည်းဆုံး ၇၀%လောက်တော့ ပြီးနေလောက်ပါပြီ..။
ဒီကိစ္စကအမှန်တကယ်ဆိုရင်..အမြန်ဆုံးညှိနိုင်းသင့်ပါတယ်.ဖြေဆိုသူ.ကျောင်းသားလေးတွေရဲ့ဘ၀နဲ့ပါတ်သက်ပါတယ်...ပါမောက္ခရဲ့မာနဟာ..သူတပါးသားသမီးလေးတွေရဲ့ဘ၀ကိုဖျက်စီးသလိုဖြစ်ခဲ့ရင်..အခုဘ၀မှာရော..သံသရာမှာပါ..မကောင်းပါဘူး..ဌာနမှုး လည်းပညာတတ်တယောက်ဘဲလေ. .ဒီလောက်အထိသဘောထားဆိုးမယ်မထင်ပါဘူး..
တက္ကသိုလ် ကဆရာဆရာမတွေဟာ..ရှေးယခင်ကတည်းက..သီလ.သမာဓိ.ပညာ အရာမှာ..လေးစားစံတင်ထားရတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါတယ်..
အဆင်ပြေပါစလို့ဆန္နပြုပါတယ်..
BRAVO for your Brave Heart teacher !!!!!!!
စာစစ်စေတမန်
စာစစ်စေတမန် ငြင်းလို့ မရလို့ လာရပြန်….
စာစစ်ခေါ်သံ.. ကြားရလေမှ နိုးထလာသည်မာန်…
မလာ..မဖြစ်ပြန်… စာစစ်ရန်..
ငြင်းကြခုံကြ စစ်ကြရပေဦးတော့ အမှန် ….
မရွှင်ဘူး….. နှစ်ကူး စာစစ်တမန်…(ဗေပိုတူးပိုတူပို တူးပို့တူးတဲ့တယ်)
(Dများရယ် အလျှံပယ် ထွက်ပြန်….
ဟိုဆရာမရယ် တကယ်ကို အငြင်း(ပြင်း)သန်…
ဒီနှစ်စစ်ရန် ဟိုနှစ်စစ်ရန်…
နောင်နှစ်မှာ တဖန် ထပ်ခါခေါ်မယ် အမှန်)၂
မလာ မဖြစ်ပြန်.. စာစစ်ရန်
ငြင်းကြခုံကြ စစ်ကြရပေဦးတော့ အမှန် ….
မရွှင်ဘူး….. နှစ်ကူး စာစစ်တမန်…(ဗေပိုတူးပိုတူပို တူးပို့တူးတဲ့တယ်)
မေးခွန်းနံပတ်(၁)အတွက်ဆရာမအဖြေဟာမှန်ပါတယ်။ဒါပေမဲ့
မေးခွန်း(၂)အတွက် ပါမောက္ခDr.၀င်းဝင်းသန်းရဲ့အဖြေကပိုမိုသင့်လျှော်မှန်ကန်ပါတယ်။ဘာကြောင့်လဲဆိုရင် ဗို့အား1000Vထက်ပိုမယ်ဆိုရင် Tube ထဲကpressure အပေါ်မှီပြီး cathod ray ထွက်ပါမယ်။pressure 0.01mmရဲ့အထက်မှာcathod ray မထွက်ပါဘူး။0.01mm နဲ့ ဒီထက်နိမ့်တဲ့ဖိအားမှာသာ cathod ray ထွက်ပေါ်တာကြောင့်ပါ။မေးတဲ့မေးခွန်းက ဘာ့ကြောင့်ဖန်ပြွန်နံရံမှာgreen fluorescenceကိုပြသလဲ လို့မေးထားတာကြောင့် cathode ray ထွက်ပေါ်လာတာကြောင့် ဖန်ပြွန်နံရံမှာအစိမ်းရောင်တောက်ပမှုဖြစ်ပေါ်လာတာကိုး
ဒါကြောင့် ပါမောက္ခအဖြေကပိုမိုသင့်လျှော်ပါကြောင်း။
ရူပဗေဒဘာသာရပ်သင်ဆရာတစ်ဦး
၁၀တန်းစာမေးပွဲ ဆိုတာအနာဂတ်ရဲ့သားကောင်းသမီးကောင်း တွေကိုမွေးထုတ်တဲ့ အရေးပါတဲ့ မြန်မာပြည်ရဲ့ အဆင့်တခုဖြစ်ပါတယ်။ဒီအဆင့်မှာ ကျောင်းသူ၊ကျောင်းသား တွေရဲ့ဘ၀ အတွက်အရေးပါလို့ သတိထားရပါမယ်၊တဦးတယောက် ကဆုံးဖြတ်တာ မဖြစ်သင့်ဘူးဆိုတာ ပါချူပ်တစ်ယောက် အနေနဲ့သိထားသင့်ပါတယ်၊ မိမိဂုဏ်နဲ့ သားကောင်းသမီးကောင်းတို့ရဲ့အနာဂတ် ကိုယှဉ်ကြည့်ပါရန်။ ဒီမိုကရေစီ နိုင်ငံ ကိုချီတက်ရာမယ် ဌာနတွင်းမှာလည်း ပညာရှင်တွေ ၀ိုင်းဝန်းပြီး စဉ်းစားဆုံးဖြတ် ကြပါရန်( ဒီမိုကရေစီနည်းကျကျ) တောင်းဆိုအပ်ပါတယ်။
တကယ်တော်တဲ့ဆရာမပဲ။
အထက်ဆရာမကိုမကြောက်မရွံ့ပဲခုလို
အမှန်တရားဘက်ကရပ်တည်ပေးတာ
လေးစားပါတယ်။
ဆရာမများလည်းကြီးနိုင်ငယ်ညှင်းကြောက်နေရသောကြောင့်
ခုလိုပဲဖွင့်ချပေးပါ။
ကျေးဇူးတင်တယ်။
ဒေါက်တာဘွဲ့ရကြီးက ဒီလောက်တောင် ရှော်ရသလား။ ကမ္ဘာ့အလယ်မှာ ရှက်စရာကောင်းပါ့။ ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်။ နိုင်ငံခြားကလူတွေသာ သိလို့ကတော့ မြန်မာ့ပညာရေး ခေါင်းတောင်ဖော်နိုင်မှာမဟုတ်ပါ။
ဆ၇ာမတွေ မနှစ်က အမှတ်စစ်ခတွေ မတိုးဘဲ လမ်းစ၇ိတ်တောင် မ၇ကြလို. ဒီနှစ်ဖြစ်သလိုဘဲ တာဝန်ကြေစစ် ကြတော.မယ်လို.ကြား၇ပါတယ် ၊ မနှစ် ကစာစစ်အပြီး ပြောကြတာ ---
ကျေးဇူးပါဆရာမ။ လေးစားပါတယ်ဆရာမ။
တကယ်တန်ဘိုးထားလေးစားထိုက်တဲ့ ကျောင်းသားတွေရဲ့ ဘ၀နောင်ရေးအတွက်ပါ ထည့်င်္စးစားပေးတဲ့ အာစရိယမည်ထိုက်သောဆရာမပါပဲ... ဌာနမှူး Dr စုတ်ကိုပြောတာမဟုတ်ပါ...
ဟေ့...ငါလဲ Physics နဲ့ ဘွဲ့ ရလာတာကွ....ငါ့Classmates တွေ ပါမောက္ခဖြစ်နေတာရှိတယ်...I never heart this name , who ????
May be their relative or keeping.
ကလေးအများစုရဲ.ဘ၀နဲ.ဆိုင်တဲ.အရေးမို့ သေချာဆွေးနွေးအဖြေရှာကြပါ ဆရာမတိုရေ..
ဆရာမအခုလိုရေးတာကလည်းတခြားလူတွေမနစ်နာစေချင်တဲ့ စေတနာအရင်းခံနဲ့ရေးတယ်လို့ယူဆတဲ့အတွက် လေးစားပါတယ်
ဆရာမရေ ဆရာမကိုယ်တိုင်မေးခွန်းကိုသေချာဖတ်မိရဲ့လားဗျ။ မေးခွန်းက၂ခုလုံး Howနဲ့မေးထားတာ။ဆရာမအဖြေက why နဲ့မေးတာကိုဖြေထားသလိုပဲ။ ပထမမေးခွန်းရဲ့အဖြေကတော့ပါမောက္ခဆရာမကြီးဖြေထားတာကပိုပြီးသဘာဝကျသလိုပဲဗျ။ဘယ်လိုသိနိုင်မလဲလို့မေးတာကိုး။ဆရာမတို့textbookမှာတော့ဘယ်လိုရေးထားလဲကျနော်မသိပါဘူး။ကျနော့်အနေနဲ့ဖြေရမယ်ဆိုရင် နံပါတ်(၁)မေးခွန်းအတွက် ဒီလိုလေးဖြေရင်ကလေးတွေအတွက်လဲပိုအဆင်ပြေမယ်ထင်ပါတယ်။ cathode rays travel in straight lines in the absence of electric and magnetic fields. However these rays are deflected towards the positive end in electric field. Hence it was concluded that the rays constitute negatively charged particles and are known as electrons. These rays are also deflected in magnetic field. ဆရာမကြီးအဖြေကပိုသဘာဝကျပါတယ်။ဒါပေမယ့်ဆယ်တန်းကလေးအတွက်အဲလိုဖြေဖို့ text bookစာအုပ်ထဲမှာမရေးထားဘူး ဆရာကလဲသင်မထားဘူးဆိုရင် သူ့အနေနဲ့စဉ်းစားတတ်မယ်မထင်ဘူး။ဒုတိယအဖြေကတော့ ၂ယောက်လုံးရဲ့အဖြေတွေပေါင်းဖြေရင်တော့ပိုကောင်းတာပေါ့။ ကျွန်တော်ကတော့ ဆရာမကြီးဖြေထားတာရော ဆရာမဖြေထားတာရော ပေါင်းဖြေစေချင်ပါတယ်။ဒီလိုပေါ့
When the pressure of air in the tube is reduced to .001 mm of mercury and a high voltage is applied to the electrodes, the emission of light by air stops. But the phenomenon of fluorescence is observed in which the walls of the discharge tube at the end opposite to the cathode begin to glow with a greenish light. It is now deduced that some invisible rays were formed at the cathode, which on striking the glass tube emitted a green light.
တစ်ကယ်တော့မေးခွန်းက How နဲ့မေးထားတာဆရာမရေ Why နဲ့မေးထားတာမဟုတ်ဘူး။ကျွန်တော်ကတော့ ပါမောက္ခဆရာမကြီးရဲ့အဖြေက မှန်တယ်လို့ယူဆပါတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ်မမှန်ဘူးထင်တာကို ပြောရဲတဲ့သတ္တိရှိတဲ့ဆရာမကိုလည်းလေးစားပါတယ်။ကျွန်တော်လည်း တက္ကသိုလ်ဆရာတစ်ယောက်ပါပဲ။ကျွန်တော်တို့ရဲ့ပညာရေးလောကကို ကောင်းသထက်ကောင်းဖို့ ကျွန်တော်တို့ဝိုင်းကြိုးစားကြတာပေါ့။
ကျနော် လည်း physicsဌာနက ဆရာတစ်ယောက်ပါ။ မေးခွန်းက how ပါ။ not why ပါ။ marking scheme က ပါမောက္ခ တစ်ယောက်တည်း ဆွဲထားတာမဟုတ်ပါ။ ပြည်နယ်နဲ့တိုင်းအသီးသီး ကိုယ်စားပြု သက်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခ ၁၁ဦးလုံး စာမစစ်မီ နေပြည်တော် ၀န်ကြီးရုံးမှာ board of study ထိုင်ပြီးမှ ညှိနှိုင်းရေးဆွဲထားတာလို့ သိထားပါတယ်။ အပေါ်က ပုဂ္ဂိုလ်များ ၀ိုင်းထောပနာပေးနေ ကြတာ စိတ်မကောင်းစရာပါ။ ဌာနမှူးက ပြည်တွင်းဖြစ် PhD ဖြစ်ပေမယ့် အဲဒီ PhD တွေကို နိုင်ငံခြားပြန် ပါရဂူဘွဲ့ရ ဆရာကြီးများက မွေးထုတ်ထားတာပါ။ လက်ရှိ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှာ နိုင်ငံခြား Doctorate တွေ အများကြီးပါ၊ ထင်ရာကို စွတ်ရွတ်ပြီး ၀ိုင်းမသမကြပါနဲ့။ တင်သင့်တယ်ထင်လို့ တင်ပေးတဲ့ ဆရာမကို လေးစားပါတယ်။
ဆ၇ာမမှားတယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ပါမောက္ခ(ရူပဗေဒဌာန)ဌာနမှုး Dr.၀င်ဝင်းသာ က ဘာကြောင့်မှားတယ်ဆိုတာ ရန်ကုန်တက္ကသိုလ်ပါမောက္ခ(ရူပဗေဒဌာန)ဌာနမှုး Dr.၀င်ဝင်းသာ က ပြန်ပြီးရှင်းပြပေါ့..ဖင်ပိတ်ပြီးဘာလိုဇွတ်ငြင်းနေတာလဲ၊။မှန်ရင်လဲမှန်းကြောင်း၊မှားရင်လဲနှားကြောင်း အဖြေကရှိနေရမှာပဲ..
ပညာရှင်များအပိုင်းဖြစ်ပါသည်။ နားမလည်သူများဝင်မပါသင့်ပါ။ တင်ရဲသောဆရာမကို လေးစားပါသည်။ သို့သော် သေချာစေချင်ပါသည်။
ကျွန်တော်တို့ပညာရေးဌာနရဲ့ ဂုဏ်သိက်ခါနှင့်ဆိုင်ပါသည်။
အားလုံး ရိုးသား၊ ရဲရင့်၊ ယဉ်ကျေးကြစေချင်ပါသည်။
comment ပေးသူတွေ ပညာရပ်ကိစ္စ ဖြစ်တဲ့ အတွက် နားလည် မှ ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် .. ပညာပိုင်း ဘယ်သူအမြင် ကိုကြိုက်တယ် မကြိုက်ဘူးဆိုတာ ဆွေးနွေးနိုင်ပါတယ်..
paukhlange ပြောတာ ကျနော် ထောက်ခံပါတယ်။ မေးခွန်းနှစ်ခုစလုံးက How နဲ့ မေးထားတာပါ။ ဆရာမရဲ့ အဖြေတွေက Why ကိုဖြေတဲ့အဖြေတွေပါ။ ပထမမေးခွန်းရဲ့ အဖြေဆိုရင် ပိုသိသာပါတယ်။ ဒုတိယအဖြေကတော့ မပြည့်စုံပေမယ့် လက်ခံနိုင်လောက်တဲ့ အဖြေပါ။ ဒါပေမယ့် ပိုပြီးပြည့်စုံသွားအောင် paukhlange ပြောသလို ပေါင်းလိုက်တာ ပိုကောင်းပါလိမ့်မယ်။ ဘာပဲပြောပြော ကိုယ်မှန်တယ်ထင်တာကို အခုလို ထုတ်ပြောရဲတဲ့ ဆရာ၊ ဆရာမတွေ ဝန်ထမ်းတွေ များလာမှ တိုင်းပြည်ရဲ့ ပြဿနာတွေကို အများက ဝိုင်းဝန်းဆွေးနွေး အကြံပြုနိုင် ပွင့်လင်းမြင်သာမှုတွေ ရှိလာနိုင်မှာမို့ ကြိုဆိုပါတယ်။
မြန်မာ လူမျိုးတွေ စိတ်ဓာတ် အဆိုးအကောင်း အကျိုးအကြောင်း မခွဲခြားဘူး .. ထင်ရာစွတ်ပြော မိုက်ရိုင်း နင်းငံပြောဖိုလောက်ပဲ သိတယ် .. သိတဲ့ တတ်တဲ့သူတွေ ဘာပြောထားသလဲ မဖတ်ဘူး သေချာ မလေ့လာဘူး.. ငါတစ်ခုမေးမယ် အခု ဆရာမကြီး မှားလား ဆရာမ မှားလားဝေဖန်နေကြရအောင် မင်းတို့ အဆင့်တွေ ဘယ်လောက် ရှိကြလိုလဲ.. အဆင့်ရှိတဲ့သူတွေ နားလည်တဲ့သူတွေ ရေးထားတာတွေ တွေ့လား ဖတ်မိကြလား..
မင်းတို တော်တော် စော်ကား ကြတဲ့ကောင်တွေ .. PHD ဆိုတာ လဲ အလကား ရထားတာ မဟုတ်ဘူးကွ... မင်းတိုကွာ ပညာသင် ဆရာမ တောင် မချန်ဘူး ထင်တာ စွတ်ပြောကြတယ်.. ဘာပဲဖြစ်ဖြစ် ကိုယ်မြင်တဲ့ အပိုင်းလေးတွေ တင်ပြပေးတဲ့ ဆရာမ ကိုတော့ လေးစားပါတယ်.. ဒါပေမဲ့ သေချာလေ့လာပါ.. အတွေ့အကြုံ ရှိသူတွေနဲ့ တိုင်ပင်ပါ... ကိုယ်လုပ်လိုက်တဲ့ ကိစ တစ်ခုဟာ အဓိပာယ် ရှိနေပါစေ.. Comment ရေးတဲ့ ကောင်တွေ စာသေချာဖတ်ကွာ .. တွေ့လား paukhlange .. နဲ့ ကျန်တဲ့ ဆရာတွေ ထောက်ပြထားတာ .. မင်းတို ဦးနှောက်ရှိရင် သေချာ စဉ်းစား.. မြန်မာ လူမျိုး အလကားရရင် အကုန်လိုချင်တယ် ကိုယ် ကိုယ်တိုင် ဘယ်တောမှ မစဘူး သူများ က စလုပ်ရင် မြှောက်ပေးတယ်.. သောက်ကျင့်ကို မကောင်းဘူး... စိတ်ဓာတ်ရော စည်းကမ်းက ဟိုး ငရဲ ကြီး ၈ ထပ် ရဲ့ အောက်က အထပ်မှာ..
Richard ပြောတဲ့..
ပညာရှင်များအပိုင်းဖြစ်ပါသည်။နားမလည်သူများဝင်
မပါသင့်ပါ။...ဆိုတာကိုသဘောတူပါတယ်.ပြည်နယ်နဲ့
တိုင်းအသီးသီးကိုယ်စားပြုသက်ဆိုင်ရာတက္ကသိုလ်
ပါမောက္ခ ၁၀ဦးလုံး စာမစစ်မီညှိနှိုင်းစဉ်ကတည်းက
မပြေလည်ခဲ့တဲ့ပြသနာဖြစ်ပုံရပါတယ်..။
အရင်ကဆရာကြီးဒေါက်တာစိန်ထွန်းနေရာကိုဝင်ယူထား
ရပေမယ့် ၀ါ နဲ့သမ္ဘာက ကျန်တဲ့တက္ကသိုလ်ကပါမောက္ခတွေနဲ့ မတိမ်းမယိမ်းဆိုတော့ဒီလိုပြသနာဖြစ်ရတာပေါ့ဗျာ..။အဓိကကတော့ပညာရေးလောကမှာကြုံတွေ့နေရတဲ့ခါးဆက်ပြတ်မှု ပြသနာကြောင့်ပါ..။အကောင်းဆုံးကတော့သက်ရှိထင်ရှားရှိသေးပြီး ရူပဗေဒဘာသာရပ်အပေါ်သံယောဇဉ်ကြီးရှာကြတဲ့
ဆရာကြီးဒေါက်တာတင်အောင်တို့ဆရာကြီး ဒေါက်တာထွန်းခင်တို့ဆရာကြီးဦးအောင်ပိတ်အင်တို့ဆရာကြီးဦးတင်ဦးလှိုင်တို့ တစ်ဦးဦးရဲ့လမ်းညွှန်မှုကိုခံယူသင့်တယ်..။
ဒါနဲ့ စကားမစပ် အပေါ်ကကွန်မန့်တွေထဲက zawgyiiရဲ့စာစစ်စေတမန်သီချင်းစာသားလေးကိုတော့
သဘောကျသဗျာ...။
နောက်ပြီးKoTOEဆိုတဲ့လူကိုလဲအကြံပေးချင်တယ်..။ပါမောက္ခတွေနဲ့တောင်သူငယ်ချင်းဖြစ်နေတာ..ကပြားအင်္ဂလိပ်စာတွေ
ရေးမနေပါနဲ့..စာလုံးပေါင်းလဲမမှန်ဘူး..t နဲ့d မတော်တဆမှားရအောင်လဲkeyboardမှာတစ်တန်းစီပါ..။
ရူပဗေဒသမားတွေသိက္ခာကျလို့ပါ..။
နံပါတ်(၁)မေးခွန်းက How can it be known that cathode rays are electrically charged particles?
Cathode rays (ဓာတ်မရောင်ခြည်) မှာ လျှပ်စစ်ဓာတ်ဆောင်သောအမှုန်များ(electrically charged particles) ပါဝင်ကြောင်း ဘယ်လိုသိနိုင်သလဲ ။ ဆိုပြီးမေးထားတာ။
လျှပ်စစ်ဓာတ်ဆိုတာက ဓာတ်ဖို(Positive charge)နဲ့ ဓာတ်မ(Negative charge) ဆိုပြီးနှစ်မျိုးရှိတာမဟုတ်လား။ Cathode rays ဆိုတာက အလွန်မြင့်တဲ့ နှုံးနဲ့ရွေ့ရှားနေတဲ့ Electron(ဓာတ်မအမှုန်)
များရဲ့စီးကြောင်းပါ။ ဒါကြောင့် ကက်သုတ်ရောင်ခြည်ဟာဖြောင့်တန်းစွာသွားပါတယ်။
အဲဒါပေမဲ့ သံလိုက်စက်ကွင်း သို့မဟုတ် လျှပ်စစ်စက်ကွင်း အတွင်းမှာတော့ လမ်းကြောင်းပြောင်း သွားပါတယ်။
မေးထားတဲ့မေးခွန်းက တက္ကသိုလ်ဝင်တန်း(ယခင်အခေါ် ၁၀တန်း)စာမေးပွဲမေးခွန်း အလွယ်ဆုံးနဲ့ လုပ်ဆောင်ရလွယ်ကူဆုံးစမ်းသပ်ချက်ကိုသုံးပြီးတိကျတဲ့အဖြေကိုပေးရမှာမဟုတ်လား။
လျှပ်စစ်စက်ကွင်းနဲ့ စမ်းသပ်ချက်လုပ်ဆောင်ရတာမလွယ်ဘူးလေ။ ဒါကြောင့် သံလိုက်စက်ကွင်းကိုသုံးတဲ့စမ်းသပ်ချက်ကို ပါမောက္ခက ညွှန်ပြတာ ။ မြင်းခွာပုံသံလိုက်ကို ကက်သုတ်ဖန်ပြွန်အပေါ်ကနေကန့်လန့်ဖြတ်အနေအထားနဲ့ ခွပီးထားလိုက်ရင် ကက်သုတ်ရောင်ခြည်ဟာ အောက်ဘက်ကိုလမ်းကြောင်းပြောင်းသွားမယ်။နောက်သံလိုက်ဝင်ရိုးစွန်းပြောင်းပြန်ဖြစ်အောင်ထားလိုက်တဲ့အခါ
ကက်သုတ်ရောင်ခြည်ဟာ အပေါ်ဘက်ကိုလမ်းကြောင်းပြောင်းမယ်။သင်ရိုးမှာပါတဲ့Fleming ၏လက်ဝဲစည်းမျဉ်း( Fleming's left-hand rule) ကိုသုံးလိုက်ရင် လျှပ်စစ်ဓာတ်မဆိုတာပါအတိအကျပြောနိုင်တာမို့ ပါမောက္ခဆရာမကြီးရဲ့အဖြေက အလွန်သင့်မြတ်လှကြောင်းပါ။တိုင်ကြားထားသောဆရာမနှင့် ဗဟုသုလိုလားသူများ
ရူပဗေဒပြဌာန်းစာအုပ်စာမျက်နှာ ၂၈၀-၂၈၁ မှာပုံနှင့်တကွအတိအကျရှင်းထားတာမို့ ပြန်လည်လေ့လာနိုင်ပါသည်။
၂ ။ဒုတိယမေးခွန်းက How do the walls of the cathode ray tube show a green fluorescence?
“ကက်သုတ်ရောင်ခြည်ဖန်ပြွန်နံရံမှာ အစိမ်းရောင်တောက်ပမှု ဘယ်လိုပြသလဲ” လို့မေးထားတာပါ။
ကက်သုတ်ရောင်ခြည်(Cathode ray ) ဟာ ဖန်ပြွန်နံရံကိုရိုက်ခတ်လို့ အစိမ်းရောင်တောက်ပမှု(greenfluorescence)
ကိုပြတာပါ။ဆရာမလေးက ဒီလိုလေးဖြေပြီး ဒါအမှန်လို့ ယူပြီးစောဒကတက်နေပြန်တယ်။
မတိကျသေးဘူးလေ။ ကက်သုတ်ရောင်ခြည်ဆိုတာလျှပ်စစ်ဓာတ်ဖိုလျှပ်ငုတ်(Anode) နဲ့ လျှပ်စစ်ဓာတ်မလျှပ်ငုတ်
(Cathode) အကြား ဗို့အား1000Vထက်ကြီးတဲ့ high voltage ကို အသုံးပြုမှ Cathode မျက်နှာပြင်ကနေ အမြန်နှုံးမြင့်Electronတွေထုတ်လွှတ်တာ။ အဲဒီအီလက်ထရွန်တွေက အလွန်မြင့်တဲ့သွားနှုံး(high speed)နဲ့ ရွေ့လျားမှ cathode ray ဖြစ်မှာ ၊ ဒါကြောင့် ကက်သုတ်ရောင်ခြည်ဖန်ပြွန်အတွင်း လေဖိအားအလွန်နည်းဖို့လိုအပ်ပါတယ်။
high voltage ကို အသုံးပြုပြီထား ဖန်ပြွန်အတွင်းက လေဖိအား အလိုက် ဒီလိုပြောင်းလဲပါတယ်။
ဖန်ပြွန်အတွင်းဖိအား 20mmHgမှာ ပထမဆုံး “ခရမ်းရောင်streamer“ တွေထွက်ပေါ်ပါတယ်။
ဖိအား 5 mmHg မှာ တခါ ဖိအား 0.05mmHg မှာတခါ ဖန်ပြွန်အတွင်းပြောင်းလဲမှုများ(ပန်းရောင် positive column , Negative glow တွေနဲ့ dark space )ဖြစ်ပေါ်ပြီး
အဲ ဖန်ပြွန်အတွင်းဖိအား 0.01mmHg နဲ့ ဒီထက်နိမ့်တဲ့ ဖိအားရောက်မှ Cathode မျက်နှာပြင်ကနေ သွားနှုံးအလွန်မြင့်
တဲ့ အီလက်ထရွန်တွေထွက်လာပြီး မမြင်နိုင်တဲ့ရောင်ခြည်ဖြစ်သွားရော။ဒီရောင်ခြည်ဟာ Cathode ကနေထွက်လာတာကြောင့် Cathode ray လို့ Crookes ဆိုတဲ့ပုဂ္ဂိုလ်က အမည်ပေးခဲ့တာ။ အဲဒီအခြေအနေမှာဖန်ပြွန်အတွင်းpositive column နဲ့ Negative glow တွေ ပျောက်ကွယ်သွားပြီးCrookes dark space ဆိုတဲ့အမှောင်နေရာလပ်ဘဲ့ကျန်ရှိပြီး ဖန်ပြွန်နံရံမှာ အစိမ်းရောင် နဲ့တောက်ပနေတာတွေ့ရမှာဖြစ်တယ်။
ဆရာမလေးဖြေထားတဲ့ The walls of the cathode ray tube show a green fluorescence because the invisible ray from the Cathode, striking the wall of the tube. ဟာ တိကျတဲ့အဖြေမဟုတ်ဘူးဆိုတာသေခြာပါတယ်။တကယ်ဆို ဒီမေးခွန်းဟာ“ ကက်သုတ်ရောင်ခြည် ဘယ်လိုထွက်သလဲ ” ဆိုတဲ့ မေးခွန်းနဲ့တူတူပါ ။
ရူပဗေဒပြဌာန်းစာအုပ်စာမျက်နှာ ၂၇၈-၂၇၉ မှာပုံနှင့်တကွအတိအကျရှင်းထားတာမို့ ပြန်လည်လေ့လာနိုင်ပါသည်။
ဒါကြောင့် ပါမောက္ခ ဆရာမကြီးရဲ့ အဖြေက ပိုမို သင့်လျှော်မှန်ကန် ပါကြောင်း ။
လွင့်မောင်မောင်။
ဒီထဲမှာပဲမှတ်ချက်တွေပေးမနေနဲ့ ဘယ်လိုကူညီနိုင်မလဲစဉ်းစားပီးတော့ ကူညီကြလေ ဒီထဲမှာပဲမှတ်ချက်ပေးနေလို့ကတော့ နင်တို့စကားတွေ လေထဲ ပျောက်သွားမယ် ဘာမှအရာမထင်ဘူး ပုဆိုးခြုံထဲက လက်သီးပုန်းပြသလိုပဲ အလကားပဲ ခုကျွန်မဆိုသိရတာနဲ့ ပညာရေးဝန်ကြီး လို့လိပ်မူပြီးထပ်ပို့လိုက်ပီ
အဲလိုကူညီကြလေ ကူညီချင်ရင်
တိုင်းပြည်အတွက် လူတော်လူကောင်းတွေ မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ် ၀င်တန်း စာမေးပွဲအတွက် မေးခွန်းထုတ်တာတွေ key answer တွေဟာ တိတိကျကျ မှန်မှန်ကန်ကန်ဖြစ်နေဖို့လိုအပ်တယ်ထင်ပါတယ်။ တကယ့် ပညာတတ် လူချွန်လူကောင်းတွေ မွေးထုတ်မယ်လို့ ရည်မှန်းချက် ထားတယ်ဆိုရင် ပညာရေးက တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေ ကိုယ်တိုင် စိစစ် လေ့လာသင့်တယ်လို့ ဆိုချင်ပါတယ်
သက်ဆိုင်ရာ ပညာရှင်များ ဖြေရှင်းရမဲ့ ပြဿနာ ဖြစ်ပါသည်။ ဘယ်သူမှန်လဲ ဘယ်သူမှားလဲဆိုတာကို ပညာရှင်များက အဆုံးအဖြတ်ပေးစေလိုပါသည်။ ရူပဗေဒဘာသာရပ်ဆိုင်ရာ နားမလည်သူများ ၀င်ပါ ၀င်ဖွကုန်ရင် ဆိုးသထက် ဆိုးလာပါလိမ့်မည်။ နားမလည်သည့်အရာကို တစ်ဘက်သတ် မဘေ၀န်သင့် ဟု ထင်မြင်မိပါသည်။
Richard ပြောတဲ့..
ပညာရှင်များအပိုင်းဖြစ်ပါသည်။နားမလည်သူများဝင်
မပါသင့်ပါ။...ဆိုတာကိုသဘောတူပါတယ်.ပြည်နယ်နဲ့
တိုင်းအသီးသီးကိုယ်စားပြုသက်ဆိုင်ရာတက္ကသိုလ်
ပါမောက္ခ ၁၀ဦးလုံး စာမစစ်မီညှိနှိုင်းစဉ်ကတည်းက
မပြေလည်ခဲ့တဲ့ပြသနာဖြစ်ပုံရပါတယ်..။
အရင်ကဆရာကြီးဒေါက်တာစိန်ထွန်းနေရာကိုဝင်ယူထား
ရပေမယ့် ၀ါ နဲ့သမ္ဘာက ကျန်တဲ့တက္ကသိုလ်ကပါမောက္ခတွေနဲ့ မတိမ်းမယိမ်းဆိုတော့ဒီလိုပြသနာဖြစ်ရတာပေါ့ဗျာ..။
အဓိကကတော့ပညာရေးလောကမှာကြုံတွေ့နေရတဲ့
ခါးဆက်ပြတ်မှု ပြသနာကြောင့်ပါ..။အကောင်းဆုံးကတော့သက်ရှိထင်ရှားရှိသေးပြီးရူပဗေဒဘာသာရပ်အပေါ်သံယောဇဉ်ကြီးရှာကြတဲ့ ဆရာကြီးဒေါက်တာတင်အောင်တို့ဆရာကြီး ဒေါက်တာ
ထွန်းခင်တို့ဆရာကြီးဦးအောင်ပိတ်အင်တို့ဆရာကြီး
ဦးတင်ဦးလှိုင်တို့ တစ်ဦးဦးရဲ့လမ်းညွှန်မှုကိုခံယူသင့်တယ်..။
ဒါနဲ့ စကားမစပ် အပေါ်ကကွန်မန့်တွေထဲက zawgyiiရဲ့စာစစ်စေတမန်သီချင်းစာသားလေးကိုတော့
သဘောကျသဗျာ...။နောက်ပြီးKoTOEဆိုတဲ့လူကိုလဲ
အကြံပေးချင်တယ်..ပါမောက္ခတွေနဲ့တောင်သူငယ်ချင်း
ဖြစ်နေတာ..ကပြားအင်္ဂလိပ်စာတွေရေးမနေပါနဲ့.
စာလုံးပေါင်းလဲမမှန်ဘူး..tနဲ့dမတော်တဆမှားရအောင်လဲ
keyboardမှာတစ်တန်းစီပါ။ရူပဗေဒသမားတွေသိက္ခာကျလို့ပါ.။
ကျွန်တော်က ဘာဆရာမှမဟုတ်ဘူး။ ကျွန်တော့အမြင်ကို နားလည်မိသလောက်လေး ၀င်ပြောချင်လို့...
ကိုပေါက်လှငယ် ရေးထားတာ သဘောတူတယ်။
ကျွန်တော့အမြင်မှာ ပါမောက္ခအဖြေ မမှားပါဘူး။ သဘောတရားပါတယ်။
ဆရာမလေး ဖြေပြထားတဲ့ အဖြေတွေကလည်း မမှားပါဘူး။ ဒါပေမယ့် မေးခွန်းရဲ့ဆိုလိုရင်းဆီ ကွက်တိမရောက်ပါဘူး။
1. How can it be known that cathode rays are electrically charged particles?
(၁) ကက်သုတ်ရောင်ခြည်တွေဟာ electrically charged particles ဖြစ်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ..
ပါမောက္ခ= မြင်းခွာပုံလျှပ်စစ်သံလိုက်နဲ့ စမ်းသပ်တဲ့အခါမှာ သံလိုက်ဝန်ရိုးစွန်းတွေအတိုင်း အလင်းရောင်လမ်းကြောင်းတွေ အပေါ်အောက် ကွေးညွတ်တာကို တွေ့နိုင်တယ်။ အဲဒီ အလင်းယိုင်၊ ကွေးညွတ်မှုကို ကြည့်ခြင်းဖြင့် သိနိုင်တယ်လို့ဖြေတယ်။
ဆရာမ= ကက်သုတ်ရောင်ခြည်တန်းဟာ လျှပ်စစ်သံလိုက်စက်ကွင်းကြောင့် အလင်းယိုင် ကွေးညွှတ်မှု ဖြစ်ရတယ်။ ဒါကို ကြည့်ခြင်းဖြင့် electrically charged particles ဖြစ်တာကို သိနိုင်တယ်။
2. How do the walls of the cathode ray tube show a green fluorescence?
(၂) ကက်သုတ်ရောင်ခြည်ပြွန် ရဲ့နံရံ အစိမ်းရောင် ဘယ်လို တောက်ဖြာသလဲ။
အဲဒီအဖြေမှာ ဆရာမလေး ဖြေထားတာ မပြည့်စုံသလိုထင်မိတယ်။ ဒါပေမယ့်လည်း ၂မှတ်လောက်ပဲပေးတာဆိုတော့..
ဒါနဲ့ပါတ်သက်ပြီး ဒီလင့်ခ်မှာ http://www.tutorvista.com/content/science/science-i/structure-atom/search-particles-electrons.php ကြည့်ပြီး ပါမောက္ခကြီးလည်း မမှားဘူးဆိုတာ သိနိုင်တယ်။
ထိန်းသိမ်း ပြီး မင့်ကြပါ...
မေးခွန်း(၁)
How can it be known that cathode rays are electrically charged particles?
Cathode rays ဆိုတာ လျှပ်စစ်ဓာတ်ဆောင်အမှုန်တွေ ဖြစ်ကြောင်း ဘယ်လိုနည်းအားဖြင့် သိနိုင်မလဲ လို့ မေထားတာဖြစ်ပါတယ်။ ဒါကြောင့် သိနိုင်မယ့် နည်းလမ်းကိုဖြေပေးရမှာပါ။ ဒီနေရာမှာ ဆရာမရဲ့ ဖော်ပြထားတဲ့ အဖြေမှန်ဆိုတာက သိနိုင်မယ့်နည်းလမ်းကို ဖြေထားတာပြည့်စုံမှန်ကန်မှု မတွေ့ရပါ။
အမှတ်ပေးစည်းမျဉ်းရေးဆွဲရာမှာ သက်ဆိုင်ရာပါမောက္ခများဟာ ပြဌာန်းစာအုပ်ကိုသာအခြခံ ရေးဆွဲကြောင်း တရားဝင်ပြောကြားချက်များကို ဆရာဆရာမများအားလုံး သိထားပြီးဖြစ်မှာပါ။
ခု ဆရာမက အဖြေမှန်ဟုဆိုထားသော အဖြေမှာ လက်တွေ့လုပ်ဆောင်ချက်မှ ရလဒ်ကို ကောက်ချက်ဆွဲထားသော text ထဲမှ စာသားလေးသာ ဖြစ်နေပါတယ်။ တစ်ခု ပြောချင်တာက ဆရာမရဲ့အဖြေများဟာ သင်ရိုးကုန်စာအုပ်များမှ အဖြေများသာ ဖြစ်ကြောင်းကို သိနိုင်ပါတယ်။
သင်ရိုးကုန်စာအုပ်များမှ အဖြေတစ်ချို့ဟာ မှားနေတာတွေ့ရပါတယ်။
ခုဖြစ်ရပ်မှာလည်း ပြဌာန်းစာအုပ်ကိုအခြေပြု အဖြေရှာခြင်းမဟုတ်ဘဲ သင်ရိုးကုန်စာအုပ်မှ အဖြေကို အမှန်ဟု လှေနံဓားထစ်မှတ်ကာ ကျားကျားမီးယပ် လုပ်နေခြင်းသာဖြစ်ပါတယ်။ ဒါကိုသိစေချင်လို့ ပြဌာန်းစာအုပ်ကို ပြန်လည်ဖတ်နိုင်စေရန် link တစ်ခုပေးလိုက်ပါတယ်။
အဖြေမှန်မှာ အမှတ်ပေးစည်းမျဉ်း(text book)ထဲမှ အတိုင်းသာ ဖြစ်ပါတယ်။
By placing a horse shoe magnet across the tube, the path of the cathode rays is deflected downward. When the poles of the magnet are reversed the path is deflected upward. The deflection shows that the cathode rays are charge.
မေးခွန်း(၂)
How do the walls of the cathode ray tube show a green fluorescence?
Cathode ray tube ရဲ့ နံရံမှာ အစိမ်းရောင် တောက်ပခြင်းဟာ ဘယ်လိုဖြစ်ပေါ်လာသလဲလို့ မေးထားတာ ဖြစ်ပါတယ်။
ဒီမေးခွန်းက Exercise No.19 မှ မေးခွန်းကို why do the walls of the cathode ray tube show a green fluorescence? အစား How do the walls of the cathode ray tube show a green fluorescence? နဲ့ ပြောင်းမေးထားတာဖြစ်ပါတယ်။
ဒါက ဆရာမ သိသိသာသာကို လွဲသွားတာပါ။ ဆရာမ စကားအရ
“အဖြေမှန်မှာ-
The walls of the cathode ray tube show a green fluorescence because the invisible ray from the cathode, striking the wall of the tube သာဖြစ်ပါသည်။ ” တဲ့။
ဆရာမကိုယ်တိုင်ပြန်စဉ်းစားပါ။ ဆရာမထင်တဲ့ အဖြေဟာ cathode မှ မမြင်နိုင်သော ရောင်ခြည်တန်းများ tube ရဲ့ နံရံကို လာရိုက်သောကြောင့်လို့ ဖြစ်နေပါတယ်။ မေးတာက ဘယ်လိုထွက်ပေါ်တာလဲလို့ မေးတာပါ။ ဘာကြောင့်ထွက်တာလဲမဟုတ်ပါ။ ဆရာမထင်တဲ့ အဖြေက why အတွက်သာ မှန်ပါတယ်။
ဒီမှာလည်း အဖြေမှန်ဟာ အမှတ်ပေးစည်းမျဉ်း (text) ထဲက အဖြေသာ အမှန်ဖြစ်ကြောင်းသိနိုင်ပါတယ်။
When the pressure reaches 0.01 mm Hg the positive Colum and the negative glow disappear. At this stage the Crookes dark space extends to fill the whole of the whole of the tube and the walls of the tube show a green fluorescence.
ဆရာမရဲ့ အဖြေများဟာ သင်ရိုးကုန်စာအုပ်တစ်ခုမှ အဖြေများဖြစ်နေတာကိုလည်း ကျနော်တင်ပြထားတဲ့ link မှာ scan ဖတ်၍ဖော်ပြထားပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာက မေးခွန်းက ပြဌာန်းစာအုပ်ကိုသာ အခြေခံမေးပြီး ရေးဆွဲထားတာမို့ အမှတ်ပေးစည်းမျဉ်းထဲမှာ အဖြေဆိုတာလည်း ပြဌာန်းစာအုပ်ကိုသာ အခြေခံ ရေးဆွဲခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား ကျောင်းသူများကိုသင်ကြားရာမှာ text book ကိုအဓိက ကိုးကားပြီး သင်ကြားသင့်ပါတယ်။ မိမိကအမှားကို သင်ခဲ့ရင် တကယ်နစ်နာတာက ကျောင်းသားများသာ ဖြစ်ပါတယ်။ စာမေးပွဲဖြေဆိုမယ့် ကျောင်းသားများကလည်း ပြဌာန်းစာအုပ်ကို ကိုးကား၍ သာဖြေဆိုသင့်ပါတယ်။
ပိုမိုပြည့်စုံစေရန်ရည်ရွယ်၍ ပြဌာန်းစာုအုပ်ကို ကျော်လွန်ကာ ဖြေဆိုရန် မသင့်ကြောင်း အကြံပြုလိုပါတယ်။ ခုကိစ္စမှာ ဘာမသိ ညာမသိ ပုဂ္ဂိုလ်များ ၀ိုင်းပြီး ထင်ရာမြင်ရာထောပတာပြုကြတာ စိတ်မကောင်းစရာပါ။ ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့် ရှိသလို မိမိအမှားရဲ့ အကျိုးဆက်ကိုလည်း မိမိတာဝန်ယူရပါမယ်။ ဒီစာကို တင်ပေးတဲ့ ဆရာမနဲ့ စိတ်ဝင်တစား ၀ိုင်းဆွေးနွေးတဲ့ မိတ်ဆွေများအားလုံးကို လေးစားပါတယ်ခင်ဗျာ။
http://www.facebook.com/groups/myanmarphysicsnetwork/doc/411836138844041/
ဇော်မျိုးလှိုင်
ရူပဗေဒဌာန
ဒဂုံတက္ကသိုလ်။
လမင်းငယ်ခင်ဗျား.. ဒီလိုနေရာမှာ ကွန်မန့်ပေးတယ်ဆိုတာဟာလည်း check & balance လုပ်ခြင်းတစ်မျိုးပါပဲ။ ဒီလိုနေရာမှာ အမှန်တွေရှိသလို အမှားတွေလည်း ရှိနေနိုင်ပါတယ်။ တကယ်လို့ အမှားတွေရှိခဲ့ရင် ဒီ ကွန်မန့်တွေကပဲ အမှန်ဆီရောက်အောင် တွန်းပို့ပြင်ဆင်သွားတာပါ။ စာဖတ်သူတွေ အနေနဲ့လည်း ရှုထောင့်အစုံက သိမြင်ခွင့်ရတဲ့အတွက် မှားသည်.. မှန်သည်၊ တရားသည်.. မတရားသည်.. စတာတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက် ချသွားပါလိမ့်မယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ။ ကွန်မန့် ၀င်ရောက်ရေးသားသူတွေမှာ အကြောင်းအရာ တစ်ခုခုအတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ အချိန်ကုန်ခံပြီး ရေးပေးသူတွေရှိနိုင်သလို ၀င်ပြီးအာတဲ့ လူတွေလည်း ရှိနေနိုင်တာပါပဲ။ စာဖတ်သူကသာ သင့်၏ မသင့်၏ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။ ဒီလိုကွန်မန့်တွေမှာ ကြားရ.. မြင်ရတာတွေဟာ လူထုရဲ့အသံစစ်စစ်ပါ။ ဒါတွေကို လွှတ်တော်အပါအ၀င် အစိုးရကလည်း စနစ်တကျ စောင့်ကြည့်လေ့လာနေတာပါ။ ဥပမာ နိုင်ငံတော် သမ္မတရဲ့ အကြံပေးကအစ လွှတ်တော်အမတ်တွေအထိ ဒီလိုကွန့်မန့်တွေရဲ့အသံကို လေ့လာသူတွေထဲမှာ ပါပါတယ်။ ဆိုလိုတာက ဒီလို ကွန်မန့်တွေရေးနေခြင်းဟာ ပုဆိုးခြုံထဲက လက်သီးပြတဲ့လုပ်ရပ်မျိုး မဟုတ်ဘူးဆိုတာ.. လမင်းငယ်ကို သိစေချင်ပါတယ်.. တကယ်တမ်း ကွန်မန့်ပေးသူက ဘယ်လိုနာမည်တွေပြောင်းပြီးပေးပေး သူဘယ်သူလည်းဆိုတာ သိချင်သပဆို လွယ်လွယ်လေးပါ။ ဟုတ်မဟုတ် ပညာရှင်တွေကို မေးကြည့်ပါ။ နည်းပညာခေတ်ကြီးမှာ ကိုယ့်နောက်ကျောကိုတောင် ပြန်ယုံလို့မရပါဘူး။ အရာရာဟာ ကျဉ်းမြောင်းသွားပါပြီး။ ဒါပေမယ့် ၀င်အော်နေကြသူတွေကလည်း ဒါတွေကို သိရက်နဲ့ အော်ဖို့လိုအပ်တယ်ထင်လို့ ၀င်အော်ကြတာပါ။ ဒါကတော့ အကောင်းမြင်တဲ့ဖက်က ဆွေးနွေးကြည့်တာပါ။
နိုင်ငံတော်အဆင့် စာမေးပွဲမှာ ဒီလိုပြသနာတွေဖြစ်နေတာ လူကြားလို့မကောင်းပါဘူး။ နိုင်ငံတကာမှာအရှက်ရစရာပါ။ ဒီပြသနာရဲအစဟာ အထက်နဲ့အောက်ပူးပေါင်းဆောင်ရွက်မှုနည်းတာကိုဖေါ်ပြနေတာပါ။ ပညာရေးဝန်ထမ်းအချင်းချင်း အထက်အောက် အပြန်အလှန် လေးစားမှုရှိရှိနဲ့ လုပ်ကြရင်ဘာပြသနာမှမတက်ပါဘူး။ ဌာနမှူးတွေအပါအ၀င် ပညာရေးဌာနကအကြီးအကဲတွေက မာန်လေးတွေနဲနဲလျှော့ရင်ကောင်းမယ်။ လုပ်သက်ကြောင့်သာ ရာထူးတွေငယ်နေပေမဲ့ professors နဲ့ဌာနမှူးတွေထက်ပညာရည်ပြည့်ဝတဲ့ ဆရာဆရာမတွေအများရှိနေတယ်ဆိုတာ သိစေချင်တယ်။ ဆိုဒ်မှာတင်ပေးတဲ့ ဆရာမရဲစေတနာနဲ့ တင်ရဲတဲ့ လုပ်ရပ်ကိုတော့ အသိအမှတ်ပြုကျေးဇူတင်ပါတယ်။ ဒီလိုနည်းနဲ့ဘဲ ကျွန်တော်တို့ကျောင်းတွင်းဒီမိုကရေစီကိုဖော်ဆောင်ရမှာ ဆရာဆရာမများနှင့် ကျောင်းသားအားလုံးရဲတာဝန်ပါ။ ဂုဏ်ယူပါတယ် ဆရာမ။
မန္တလေးတိုင်း ရူပဗေဒမေခွန်းမှာလဲ object ကို between focal length ကြားမှာ ထားတဲ့အခါ ပေါ်လာတဲ့ ပုံကို ဆွဲပြပါလို့ မေးထားတယ်။ ကျောင်းသား/သူ အချို့  ရောထွေးနေကြတယ်။ ကျွန်တော်လဲ ဇဝေဇဝါဖြစ်နေတယ်။ within focal length ဆိုရင်ပိုမှန်မလားလို့ ။ အင်္ဂလိပ်စာ တတ်ကျွမ်းတဲ့သူများ ရှင်းပြပေးကြပါဦး။ focal length = the distance between the focus and center of lens.
Post a Comment