မြန်မာပြည်မှာဝှက်ထားခဲ့တဲ့ ဗြိတိသျှတိုက်လေယာဉ်တွေ ပြန်ဖေါ်မယ်

မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာချိန်မှာ
ဒီလေယာဉ် တွေကို မြှုပ်ထားခဲ့တာပါ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံက ဗြိတိသျှစစ်တပ်တွေ ဆုတ်ခွာစဉ် မြန်မာနိုင်ငံ မှာ မြှုပ်ဝှက်ထားခဲ့တဲ့ ဗြိတိသျှ Spitfire တိုက်လေယဉ် အစင်း၂၀ ကို မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ပြန်လည် တူးဖေါ်ဖို့ သဘောတူ ခဲ့တယ်လို့ ဗြိတိသျှ အရာရှိတွေက ပြောပါတယ်။

၁၉၄၅ ခုနှစ်က မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာ ချိန်မှာ ဆုတ်ခွာနေတဲ့ ဗြိတိသျှစစ်တပ်က ဂျပန်တွေ ရသွားပြီး အသုံးချမှာ ၊ ဒါမှမဟုတ် ဖျက်ဆီးလိုက် မှာကို စိုးရိမ်လို့ Spitfire တိုက်လေယဉ် အစင်း ၂၀ ကို မြှုပ်ထားခဲ့တာပါ။အဲဒီလေယာဉ်တွေဟာ ဆင်တောင် မဆင်ရသေးတဲ့ လေယာဉ်တွေ ဖြစ်ပြီး အစိတ်အပိုင်း တွေကို သေတ္တာကြီးတွေနဲ့ ထည့်ပြီး မြှုပ်ထားခဲ့တာလို့ သိရပါတယ်။စစ်ပြီးလို့ ဂျပန်တွေ လက်နက်ချပြီးတဲ့ နောက်မှာလဲ လေယာဉ်တွေ ဝှက်ထားခဲ့တာကို မေ့နေခဲ့ကြသလို၊ ဒီနောက်မှာလဲ မြန်မာနိုင်ငံမှာ ရာစုနှစ်တဝက်လောက် စစ်တပ် အုပ်ချုပ်မှု အောက်ကို ရောက်နေခဲ့ လို့ တူးဖေါ်ခွင့်မရခဲ့ပါဘူး။

Spitfire တိုက်လေယဉ်တွေဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေက ဂျာမန်တိုက်လေယာဉ်တွေကို ယှဉ်ရာမှာ အနိုင်ရတဲ့ အောင်မြင်တဲ့ တိုက်လေယာဉ်တွေ အဖြစ် ကျော်ကြားပြီး ဂျာမဏီကို အံတုနိုင်တဲ့ အတွက် ဗြိတိသျှတို့ရဲ့ အမျိုးသားရေး လက္ခဏာတခု ဖြစ်လာခဲ့ပါတယ်။

အခု လောလောဆယ်မှာ ပျံသန်းနိုင်လောက်အောင် အခြေအနေ ရှိနေတဲ့ Spitfire တိုက်လေယဉ် တကမ္ဘာလုံးမှာ ၃၅ စင်းလောက်ဘဲ ရှိတယ်လို့ ယူဆရပါတယ်။အခုလို လေယာဉ်တွေ ပြန်လည်တူးဖေါ်ရေးနဲ့ နောက်ပြီး လေကြောင်း ပျံသန်းမှု သမိုင်းမှာ အရေးပါဆုံးဖြစ်တဲ့ Spitfire တိုက်လေယာဉ်တွေ ပြန်လည် တပ်ဆင်ရေး လုပ်ငန်းတွေ ဟာ မြန်မာအစိုးရနဲ့ အတူ လုပ်ကိုင် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း တခု ဖြစ်လိမ့်မယ်လို့ မျှော့်လင့်ကြောင်း ဗြိတိသျှ အရာရှိတဦးက ပြောပါတယ်။

ဒီကိစ္စကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ ဒီကိစ္စကို ထုတ်ဖေါ်ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဘီဘီစီ
မြန်မာပြည်မှာဝှက်ထားခဲ့တဲ့ ဗြိတိသျှတိုက်လေယာဉ်တွေ ပြန်ဖေါ်မယ် မြန်မာပြည်မှာဝှက်ထားခဲ့တဲ့ ဗြိတိသျှတိုက်လေယာဉ်တွေ ပြန်ဖေါ်မယ် Reviewed by သစ်ထူးလွင် on 10:47 Rating: 5

14 comments:

Anonymous said...

စိတ်ဝင်စားစရာဘဲ

wayratkhun said...

ကြိုဆိုပါတယ်

HtetNWin said...

ခုမှအသဲအသန်..ကြည့်ရတာ တရုတ်က နေရာစုံ မြေတူးစက်တွေနဲ့လိုက်တူးနေတော့ ပါသွားမှာစိုးရိမ်နေတာဖြစ်မယ်..ဒီကောင်တွေ ကောင်းတဲ့ကောင်တွေမဟုတ်ဘူး..သတိကြီးစွာဆက်ဆံသင့်တယ်။နောက်ပြီး မြန်မာပြည်အတွက် ကူညီတာလဲမဟုတ်..သူ့အပိုင်လိုလိုဘာလိုလို လာတူးယူတာ..တော်တော်စော်ကားတဲ့ကောင်တွေ။ဒါကြောင့် စစ်ပြီးခေတ်မှာ လေယာဉ်စက်ရုံတွေဘာတွေ တည်မယ် အသံကြားတာ။

Anonymous said...

စစ်ပြီးလို့ ဂျပန်တွေ လက်နက်ချပြီးတဲ့ နောက်မှာလဲ လေယာဉ်တွေ ဝှက်ထားခဲ့တာကို မေ့နေခဲ့ကြသလို၊
အဲဒီစကားကို သံသယရှိပါတယ် လုံးဝမယုံကြည်ပါဘူး
အဲဒါမေ့ရမယ့်ကိစ္စမဟုတ်လောက်ပါဘူး တစ်ခြားကိစ္စတွေတော့ရှိလောက်ပါမယ်
ပြန်လည်ရှာဖွေတူးဖေါ်တဲ့လုပ်ငန်းလုပ်ရင် အစိုးရအနေနဲ့ မျက်ခြေမပျက် သေချာစောင့်ကြည့်ဖို့အရေးကြီးပါတယ်

zaw said...

ယုံကြည်စရာမရှိဘူး လုပ်မယ်ဆိုလဲ သေသေချာချာ လုပ်မှဖြစ်မှာပါ အရာရာတိုင်းအလျော့ပေးပြီး မဆုံးဖြတ်ပါနဲ့

♥အချစ်ပါတီ...♥ said...

တခုခုတော့ တခုခုပဲ........

bloodyBurma said...

သမ္မတကြီးခင်များ

victoria and albert museumပြတိုက်ထဲက မြန်မာ့နန်းတွင်းသုံးပစ္စည်းတွေကိုကောပြန်မတောင်းမိဘူးလား?

loverprayko said...

bloody burma ပြောတာမှန်တယ်ပြန်တောင်းပါမြန်မာ့ရှေးဟောင်းအမွေတွေကိုပြန်တောင်ပါ

loverprayko said...

ြုပန်တောင်းပါမြန်မာ့အမွေတွေကိုပြန်တောင်းပါ

pyaponthu said...

တရုတ်လိုတော့မလုပ်နဲ့မြေကြီးတူးပြီး မြေကြီးထဲကထွက်တဲ့သံယဇာတတွေပါသွားအုံးမယ်။သူတို့လည်းတယုတ်ကိုအားကျနေပြီးထင်တယ်။မြန်မာပြည်ကဘယ်နေရာတူးတူးအဖိုးတန်တွေထွက်တယ်။အစိုးရနဲ့ပူးပေါင်းဆောင်ရွက်သင့်တယ်။တရုတ်လိုမလွတ်ထားသင့်ဘူး။မြန်မာ့မြေကြီးက ရွှေဘဲ။သတိ

Love & Peace said...

အခု ရေးတဲ့သူတွေထဲမှာ အင်္ဂလိပ်ခေတ်၊ဂျပန်ခေတ်မှီတဲ့သူများပါပါရဲ့လား။ မပါရင် မှီတဲ့အဖိုးအဖွားတွေကို မေးကြည့်ကြပါ။ အင်္ဂလိပ်၊ဂျပန်ခေတ် ကိုမကောင်းဘူးလို့ပြောတဲ့လူ တယောက်မှမရှိဘူး။ အားလုံး လွမ်းတဲ့လူ၊တတဲ့လူဘဲရှိတယ်။ဂျပန်ခေတ်က ယောင်္ကျားပီပီ ကိုယ့်အပြစ်ဝန်ခံတဲသူဆို မသတ်ဘူး၊ဂုဏ်ပြုတယ်၊အိမ်တံခါး ဖွင့်အိပ်လို့ ရတယ်၊ သူခိုးမရှိဘူး။ အင်္ဂလိပ်ခေတ်က ပညာရေးအဆင့်က ၄တန်းအောင်လက်မှတ်ရှိရင် ကျောင်းဆရာအလုပ်ရတယ်၊ရှစ်တန်းအောင်လက်မှတ်ဆိုရင် ရုံးအုပ် ရတယ်၊ဆယ်တန်းအောင်ရင် ၀န်ထောက်တန်းဖြစ်တယ်။
စစ်အစိုးရက ၅၈ ကတဲက အုပ်ချုပ်လာတာ၊ သူတို့နဲ့အဆင်မပြေခဲ့တော့ ဘာမှညှိ လို့မရတာနေမှာပေါ့၊
မယုံရမှာက #(တရုပ်)#၊ တိုင်းပြည်ကော၊လူမျိုးကော၊မြေအောက်သယံဇာတကော ကုန်ပြီ။ အကြွေးတောင်တင်အောင်လုပ်ထားလိုက်သေးတယ်။အထက်မြန်မာပြည်လဲသိမ်းပြီးပြီ၊အောက်မြန်မာပြည်လဲ စိမ့်ဝင်နေပြီ။ ဒို့မြန်မာမင်းများ ထီးနန်းစိုက်ခဲ့ကြတဲ့ ရတနာပုံမြို့တော်ကြီးလဲ (လုတို့ဝတို့)မြို့ဖြစ်နေပြီ၊
တကယ်သတိရှိရမဲ့နေရာမှာ သတိအမှန်ရှိကြပါတော့ အမျိုးကောင်း မျိုးချစ်လူငယသွေးသစ်အပေါင်းတို့...........

pyaponthu said...

အထက်မြန်မာပြည်မှာ တရုတ်တွေထင်တိုင်းကြဲနေတာ မြန်မာလူဝင်မှု့ဌါနတွေ ပြန်စစ်ဆေးသင့်တယ်။မြန်မာပြည်ရဲ့စီးပွားရေးနယ်မြေကိုနိုင်ငံခြားသားတရုတ်စစ်(မြန်မာမှတ်ပုံတင်)ချူပ်ကိုင်ပြီးနေတာမန္တလေးတင်မကပါဘူးမြန်မာပြည်တပြည်လုံးပါဘဲ။ဘာလို့စစစ ကအဲ့ဒါမသိယောင်ဆောင်မနေကြပါနဲ့တရုတ်မျိုလို့ကုန်နေဘီ

KO NAING said...

ဥရောပနိုင်ငံများထက်တရုတ်|ကုလားစတဲ့အာရှနိုင်ငံများကိုပိုသတိထားရမှာပါ။ နိုင်ငံကသူတို့ကြောင့်ပိုနစ်နေသလိုဘဲ။

ကိုတင်မောင် said...

အင်္ဂလိပ်တွေကိုမြုပ်ထားခဲ့တဲ့သူတို့ရဲ့စစ်သင်းချိုင်းတွေမှာများရှိနေမလားမသိဘူးနော်...မသိသာသောနေရာ၊အန္နရာယ်ကင်းသောနေရာဆိုတော့ဖြစ်နိုင်ခြေလေးများရှိမလားလို့

Powered by Blogger.