ဧပြီ ၂၈၊ ၂၀၁၂ (YPI) - ဆိုင်းဆွတ်
မြစ်ကြီးနား မြို့ အကျဲကျေးရွာ တွင် ညမိုးချုပ် လက်နှိပ်ဓာတ်မီးကိုင်ဆောင်ပြီး အပြင်ထွက်သူများ
ကို စစ်တပ်က သေနတ်ဖြင့် ပစ်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
စစ်တပ်က ယမန်နေ့က အမိန့်ထုတ်လိုက်သည်။
“ ညဘက် ကိုယ့်ကိုသူများက မတွေ့နိုင်တဲ့ လက်နှိပ်ဓာတ်မီးကို မကိုင်ဖို့
အခုအုပ်ချုပ်ရေးမှူးက ပြောထားတယ်။ ဖယောင်းတိုင်ဆိုရင် ကိုယ့်ကို သူများတွေ
မြင်နိုင်တယ်လေ လုံခြုံရေးအရ လက်နိုပ်ဓာတ်မီးကို မကိုင်ဖို့ ကိုင်ရင်
သေနတ်နဲ့ ပစ်မယ်လို့ ပြောထားတယ်” ဟု အကျဲကျေးရွာမှ ဘုန်းတော်ကြီးတစ်ပါးကပြောသည်။
၂၆ ရက် ည ၉နာရီ ခွဲ ခန့်က အကျဲ ကချင်နှစ်ချင်း ဘုရာကျောင်းအတွင် ခလရ
၂၁ မှ အကျဲ ကျေးရွာ တွင် လုံခြုံရေး လာချထားသော စစ်သား တစ်ဦးက
ယင်းဘုရားကျောင်းတွင် လူငယ်များ ဘုရာသီချင်းလေ့ကျင့်နေချိန်တွင်
ဝင်ရောက်နာထောင်နေစဉ် ယင်းစစ်သားကိုင်ဆောင်လာသော သေနတ်မှ ကျည်ဆံ
မတော်တန်ဆ ထွက်သွားပြီး ဘုရာကျောင်း ကြမ်းပြင်ကိုထိမှန်ခဲ့သည်။
၂၇ ရက် မနက် ၂ နာရီ တွင်အကျဲရွာမှ မြန်မာစစ်တပ်နှင့် ကေအိုင်အို တို့ အကြား
တိုက်ခိုက်မူများဖြစ်ပွားခဲ့ ပြီးနောက် မနက်တွင် အကျဲစစ်တပ်
အနီး လက်ပစ်ဗုံးသုံးလုံး နှင့် ရှဒေါင် ကျေးရွာတွင်လက်ပစ်ဗုံးတစ်လုံးတွေရှိခဲ့သည်။
ထို့သို့ မငြိမ်မသက်မူကြောင့် ရွာအတွင်း ညဘက် လက်နိပ်ဓာတ်မီး ကိုင်ဆောင်ပြီး
အပြင် မထွက်ရ ညဘက်အပြင်ထွက်လျှင် မီးထုတ် နှင့် ဖယောင်းတိုင်းများကိုသာ
ကိုင်ဆောင်ပြီးထွက်ရှိရမည်ဟု အမိန့်ထုတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ။
Yangon Press International

ညအချိန်လက်နှိပ်ဓါတ်မီးကိုင်ဆောင်လျှင် သေနတ်ဖြင့်ပစ်မည်
Reviewed by သစ်ထူးလွင်
on
21:15
Rating:
8 comments:
ကျွဲ နှစ်ကောင် ခတ်တဲ့အထဲ ပြည်သူတွေတော့ မြေစာပင် ဖြစ်နေပြီကွယ်
ဘေးရန် ခတ်သိမ်း ကင်းငြိမ်း နိုင်ကြပါစေ
တစ်မြေထဲနေ ညီအစ်ကို အချင်းချင်း မြွေပါးကင်းပါးရှောင်ဖို့ ဓာတ်မီးဆောင်ရင်တောင် မရှောင်ဘူး ဆိုရင် ဘာကိုကာကွယ်စောင့်ရှောက်နေတာလဲလို့ မေးလို့ရမလား လွှတ်တော်ထဲမှ လူကြီးမင်းများတို့။
khin သို့......။
ဆိုလိုရင်းကိုမရှင်းဘူးနဲ့တူတယ်..။ ဓါတ်မီးထိုးသွားရင် ကိုင်တဲ့သူဘယ်သူဆိုတာ တစ်ဖက်ကမမြင်ရဘူးလေ.....။ ဒါ့ကြောင့် မီးတုတ်နဲ့ ဖယောင်းတိုင် ကိုင်ဆောင်ပြီးထွက်ကြဖို့
အမိန့်ထုတ်တဲ့သဘောပါ..။ အရေးပေါ်ကာလမှာရန်/ငါကွဲအောင်
လုပ်တဲ့သဘောပါ။ ဝေဖန်ချင်ရင် စာကိုလိပ်ပတ်လည်အောင်
ဖတ်သင့်တယ်...။
လျှပ်စစ်မီးလဲမပေး ဓါတ်မီးကိုင်တော့လည်း သေနတ်နဲ့ပစ်မယ်ဆိုတော့...အဲဒါ...လေ ဥပဒီးလားကွာ..
ဒါဆိုရင် သေနတ်ပဲကိုင်ကြတော့ဗျာ
kogyikyaw ပြောသလိုပဲ ရန်/ငါ ခွဲလို့ရအောင် အမိန့်ထုတ်တဲ့ သဘောပါ... အရေးပေါ်ကာလမှာ ဒီလိုမျိုးအမိန့်က လိုအပ်ရင် ထုတ်ရတာပါပဲ... နားလည်ပေးကြပါ
အော်.... ရှေးခေတ်ပြန်ရောက်သွားသလိုပဲနော်...
ဖစ်မှဖစ်ရလေတယ်ကွယ်...................
ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံကြီးမှာ ဗျာ ဖယောင်းတိုင်သုံးရမယ်တဲ့။ ရီချင်လိုက်တာဗျာ
Post a Comment