ဦးခင်ညွန့် ကို အင်တာဗျူးခဲ့တဲ့ ဦးမြင့်ရွှေ (ဓါတ်ပုံ-မြင့်ရွှေ Facebook) |
ကိုထွေး DVB ၁၁ ဧပြီ ၂၀၁၂
၂၀၀၃ ခု ဒီပဲယင်းအကြမ်းဖက်မှုဖြစ်စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ လူလွှတ်ခဲ့တယ်လို့ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း
ဧပြီ ၈ ရက်နေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာပါ ဦးခင်ညွန့်အကြောင်း ဆောင်းပါးတခုမှာ ဒီပဲယင်း လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တယ်ဖို့ လူလွှတ်လိုက်တယ်လို့ ဦးခင်ညွန့်က ပြောဆိုတယ်ဆိုပြီး ရေးသားခဲ့ပါတယ်။
အဲဒီဆောင်းပါးအပေါ် ဒုရဲမှူးကြီးဝင်းနိုင် အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဦးခင်ညွန်အနေနဲ့ ဘန်ကောက်ပို့စ်ကို အင်တာဗျူးပေးခဲ့ခြင်း မရှိဘူးလို့ ဒီကနေ့ ရှင်းလင်းပြောဆိုခဲ့တာပါ။
အဲဒီဆောင်းပါးကို ပြည်ပအခြေစိုက် ဦးမြင့်ရွှေနဲ့ Songpol Kaopatumtip တို့ ပူးပေါင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို တာဝန်ခံတဲ့ ဘန်ကောက်ပိုစ်သတင်းစာရဲ့ အချပ်ပို Spectrum ကဏ္ဍ အယ်ဒီတာက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရတာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ငြင်းဆိုလိုက်ပါတယ်။
ဒီဆောင်းပါးကို ရေးသားရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ Songpol Kaopatumtip ကိုလည်း ဒီဗွီဘီက မေးမြန်းရာမှာ ဦးမြင့်ရွှေ ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဦးခင်ညွန့်အိမ်မှာ အင်တာဗျူးပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
“မတ်လလယ်လောက်မှာ အင်တာဗျူးခဲ့တာပါ။ အသေချာတော့ မမှတ်မိတော့ပါဘူး။”
ဦးခင်ညွန့်ဟာလည်း ဒီဆောင်းပါးအကြောင်း အင်တာနက်နဲ့ မီဒီယာတွေမှာ ပါရှိပြီးတဲ့နောက် တိုက်တိုက်ဆိုင်ဆိုင် သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့တဲ့အတွက် ဆက်သွယ်မေးမြန်းဖို့ ခက်ခဲနေပါတယ်။
၂၀၀၃ ခုနှစ် မေ ၃၀ ရက်ညက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စည်းရုံးရေးယာဉ်တန်းကို အမည်မသိ သူတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ လူတချို့ သေပျောက်ဒဏ်ရာရခဲ့သလို တပ်မတော်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုက်ခိုက်ခံရသူတွေကို အရေးယူထောင်ချခဲ့ပါတယ်။
ဦးခင်ညွန့် အင်တာဗျူးမပေးဘူးဆိုသည့် ပြောကြားချက် ဘန်ကောက်ပို့စ် ငြင်းဆို
Reviewed by သစ်ထူးလွင်
on
06:14
Rating:
29 comments:
အသံဖိုင်တင်လိုက်ရင် ပွဲသိမ်းတဲ့ဟာကို တင်ပြလိုက်
သတိကြီးကြီးနဲ့ ရှေ့ကို သွားရမယ့် အချိန်ပါ။ " ထိုင်းကတော့ ဝင်ဖွနေပြီ "
အဲဒီဦးမြင့်ရွှေ (ဆွေ)(ကနေဒါဂျပု)ဆိုတာဟာ ကနေဒါနိုင်ငံ တိုရန်တိုမြို့ မှာ သံတော်ဆင့်သတင်းစာထုတ်ပြီး၊ ခင်ညွန့် တို့ ခေတ်ကောင်းစဉ်ကာလမှာ၊ ပြန်ကြားရေး ဝန် ပု စပွန်စာနဲ့ ဗမာပြည်ပြန်သွားခဲ့ပါသေးတယ်။
ပြန်လာပြီးသတင်းစာပြန်ထုတ်တော့ ဒီကဘယ်သူမှအားမပေးတော့လို့ ၊ ဘယ်ရောက်လို့ ဘယ်ပေါက်နေတယ်ဆိုတာ၊ ဒီကဘယ်သူမှမသိကြတော့ပါ။
ယ္ခု့ ဒီသတင်းမှာ ဒီလူပါ ပါဝင်ပတ်သက်နေရင်၊ သတိထား ဆင်ချင်သုံးသပ့်ကြစေလိုပါတယ်။ သတင်းအမှန်ကို၊ သမိုင်းအမှန်တခုအတွက်မှတ်တမ်းတင်နိုင်ဘို့ သိပ့်ကိုအရေးကြီးပါတယ်။
မမှန်ကန်တဲ့လုပ့်ကြံရေးသာပြောဆိုမှု့ ဟာ၊ လူထုကိုလိမ်ရာရောက်ပါတယ်။
ဘန်ကောက်ပိုစ်အနေနှင့် ဒီသတင်းရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်မှု့ တွေအပေါ် တာဝန်ယူဖြေရှင်းစေချင်ပါတယ်။
ဘယ်သူကဝင်ပြီးမွှေသွားလဲ၊ ဆိုတာရှင်းရှင်းလင်းလင်းရှိအောင်၊ ဖေါ်ထုတ်ဆောင်ရွက်စေချင်ပါတယ်။
ထိုင်းကိုသတိအများကြီးထားသင့်တယ်..........
အဲဒီထိုင်းက ...မြန်မာ့သယံဇာတတွေကိုအားကိုးပြီး ကောင်းစားနေတာဆိုတော့လေ..
မြန်မာပြည်စီးပွားရေးတွေပွင့်ပြီး ...သူတို့ ဆီသယံဇာတတွေ ဈေးပေါပေါနဲ့
မရောက်လာတော့မှာကိုတော်တော်စိုးရိမ်နေကြတယ်.....
ဒါတောင်မှ .... ညံ့ဖျင်းတဲ့ထိုင်းလူမျိုးတွေက မြန်မာလူမျိုးဆိုရင် သူတို့ ရဲ့ 
အခိုင်းအစေလူမျိုးလိုသဘောထားကြတယ်....အခုလည်း ရနောင်းမှာ မြန်မာတွေကို ယာဉ်မောင်းလိုင်စင်လုပ်ပေးလို့  ဆိုပြီး taxi သမားတွေ အုံ့ကနေလိုက်ဋ္ဌကတာ (ဗမာတွေယာဉ်မောင်းလိုင်စင်လုပ်ပေးလို့ထိုင်းတွေဘာရသလဲ)ဆိုတဲ့ခေါင်းစဉ်နဲ့လေ........
မြန်မာတွေကိုယ့်ပစ္စည်းနဲ့ကိုယ်အလုပ်အကျွေးပြုရတဲ့ဘဝမှ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ..........
ကိုလူချော............
ထိုင်းနိုင်ငံ(ရနောင်းမြို့)
ရူပ်နေတာပဲ.ဒီဇတ်လမ်းက သန်းရွှေသေမှအေးမယ်.
အခုသတင်းဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ သတင်းပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ်။ တိုင်းပြည်မှာ တခြားလုပ်စရာတွေ အများကြီး ရှိနေပြီး လက်ရှိသွားနေတဲ့ လမ်းကြောင်းကလည်း အမျိုးသားညီညွတ်ရေး၊ ရင်ကြားစေ့ရေးပါ။ ဒေါ်စုကလည်း သူ့အပေါ် ရန်ညှိုးထား နှိပ်စက်ခဲ့တာတွေကို ခေါင်းထဲမှာတောင် မထားတော့ဘူးလို့ ပြောထားတာ ခဏခဏပါပဲ။ ဘာလို့ ခုလို သတင်းထဲ ပါလာရတာလဲ စဉ်းစားလို့ကို မရပါ။
မှန်ပါသည်။
အစိုးရက တစ်မျိုးပြောလိုက် မီဒီယာက ဖွလိုက် ဘယ်ဟာယုံရမှာတုန်း မင်းတို့ကိုအမျိုးမျိုးလျှောက်ပြောနေတာ၊မီဒီယာကပြောရင်သေချာမှပြော ပြောပြီးရင်တာဝန်ယူ၊မဟုတ်ရင်တရားစွဲ ထောင်ချ။အဲဒါမှ ငါတို့ပြည်သူတွေကဘယ်သူပြောတာယုံရမယ်ဆိုတာသိမယ်။အခုတော့မင်းတို့ဟာက ပြောချင်ရာပြော ဟုတ်တာရောမဟုတ်တာရော။အစိုးရက လိမ်လိုက် မီဒီယာက လျှောက်ပြောလိုက်နဲ့ ဘာမှန်းကိုမသိတော့ဘူး
ဦးခင်ညွန့်မှန်ရာကိုသတ္တိရှိရှိတင်ပြ
မကြောက်ပါနဲ့။ပြည်သူတွေရှိတယ်။
မတရားမှုဆိုတာသိနေရင်ပြည်သူနဲ့တွဲပြီး
စစ်အာဏာရှင်များကိုဆန့်ကျင်ကြ။
အစိုးရကလိမ်လိုက် မီဒီယာကဖွလိုက်နဲ့ သတင်းအမှန်ကိုသိချင်လိုက်တာ
969 ပြောတာမှန်တယ်ငြင်းနေရင်ကသံဖိုင်တင်လိုက်ပေါ့၊မဟုတ်ရင်ဘန်ကောက်ပို့စ်မရိုးသားဘူး။
အင်တာဗျူးတာနဲ့ ဒီတိုင်း အလာပ၊ သလာပပြောတာ တခြားစီပါ။ ဒီအတိုင်း ဟိုရောက်ဒီရောက် ပြောကြတဲ့စကားကို သတင်းစာ စောင်ရေတက်စေဖို့ အင်တာဗျူးဆိုပြီး လုပ်ချလိုက်တယ်လို့ထင်တယ်။
အင်တာဗျူးဆိုရင် အနည်းဆုံး အသံဖမ်းစက်တော့ မဖြစ်မနေ အသုံးပြုရမှာပဲ။ အသံဖိုင် တင်လိုက်လေ။
ဘာမှမကြာသေးတဲ့ ရက်ပိုင်းလေးကို..
“မတ်လလယ်လောက်မှာ အင်တာဗျူးခဲ့တာပါ။ အသေချာတော့ မမှတ်မိတော့ပါဘူး။” ဆိုတာ အဓိပါယ်မရှိဘူး။ ပြောရရင် ဒီကိစ္စ ဘယ်ဖက်ကမှမမှန်ဘူး..
ဦးခင်ညွန့်ကလည်း.. ပြောတော့ပြောခဲ့တယ်။ အင်တာဗျူးအနေနဲ့မဟုတ်ဘူး။ မိတ်ဆွေအဖြစ် စကားဝိုင်းမှာ။
သတင်းထောက်ကလည်း ဒါကို တေးမှတ်ထားပြီး အင်တာဗျူးလိုလို ရောချလိုက်တယ်လို့ ထင်တယ်။
ဦးမြင့်ရွှေနဲ့ Songpol Kaopatumtip တို့ ပူးပေါင်းရေးသားသည်.. ဆိုတော့ ဒါလည်း လွဲနေတာပဲ။ ဦးမြင့်ရွှေက သူကြားဖူးတာကို ထိုင်းကောင်ကို ပြော.. ထိုင်းကောင်က ဖွဖို့ အကွက်ရပြီးဆိုပြီး လုပ်လိုက်တာလို့ ထင်တယ်။ ဒီသတင်းလေးကို နှစ်ယောက်ရေးရတယ်ဆိုတာ Logic အရ လွဲနေတယ်။
ဘန်ကောက်ပို့စ်သတင်းစာက...နာမည်ကြီးပါ။ သိက္ခာအရေးကြီးပါတယ်။
ဒီကိစ္စကို...သူတို့အနေနဲ့အပြီးထိဖြေရှင်းသင့်ပါတယ်...ဒီလောက်နဲ့မရပါဘူး။
မှားတဲ့သူဝန်ခံရမဲ့ကိစ္စပါ။ လက်ရှိမြန်မာနိုင်ငံအတွက်အကျိုးမပြုတဲ့သတင်း။(မှတ်ချက်--ဘာမှအကျိုးမရှိတဲ့...အရှုပ်ထုတ်သတင်းဘဲ။)
နွား ကွဲရင် ကျားဆွဲလိမ့်မယ်၊ ဘာသဘောနဲ့ ဒီသတင်းဖြစ်လာရသလဲဆိုတာ အရင်စမ်းစစ်ကြပါ၊ ယနေကျွှန်တော်တို နိုင်ငံရဲ့ပြောင်းလဲခြင်းရှိနေချိန် မှာ ဒီသတင်းဟာရွှာဆူအောင် လုပ်တာဆိုရင် နိုင်ငံအတွက် လုံးဝမဖြစ်သင့်ခြင်းဘဲ၊ ညီနောင်တို့ သတိနဲ့ ထင်မြင်ချက်တွေ ရေးကြပါ
လူထုကလဲ သတင်းမှန် ကိုသာသိချင်ပါသည်။သမိုင်းဖြစ်၇ပ်မှန်များအတွက်လိမ်လည်မှု သည်တနေ့ အဖြေမှန်ပေါ်ပေါက်လာပါကလိမ်သူသည် တသက်မျက်နှာမပြ၇ဲသောလူလိမ်အဖြစ် သမိုင်းကဒဏ်ခတ် ပါ လိမ့် မယ်။
မြန်မာ နိုင်ငံရဲ့ ကြီးပွားတိုးတက် မှု ဟာ စ လုံး ရယ် ထိုင်းရယ် ကို ဒါရိုက် အကျိုးသက်ေ၇ာက်စေပါတယ်။ ကောင်းကျိုးထက် မကောင်းကျိုးက ပိုများတယ်။ ဒါကြောင့် ထိုင်းက တော့ တနည်းနည်း နဲ့ ပတ်မကြီး ဖောက်ဖို့ ကြိုးစားမှာပဲ။ ညီ အကို များ အားလုံး နိုင်ငံရေး သတိ အပြည့် ရှိပြီး နိုင်ငံ မျက်နှာ ကိုပဲ ကြည့်ပါ။
ဒို့ပြည်သူတွေသိပြီးသားပါ။
တရားခံဘယ်သူဆိုတာ
အမေစုနဲ့အတိုက်ခံလုပ်နေတာ
အမေစုကိုဆန့်ကျင်နေတာ
ဒီစစ်အစိုးရတွေပဲရှိတယ်။
ဦးသန်းရွေဆိုတာဦးခင်ညွန့်မပြောလည်း
ဒီပဲရင်းလုပ်ကြံမှုစဖြစ်တဲ့နေ့ကတည်းကသိလိုက်ပြီ
ထမင်းစားပြီးအသက်ရှင်နေသူတိုင်းကသိပါတယ်။
အမေစုကိုယ်တိုင်လည်းသိခဲ့တယ်။
ကမ္ဘာကအသိမှတ်ပြုထားတဲ့အမေစုလိုလူကို
သာမန်လူသားတယောက်ကအမုန်းပွါးပြီးမလုပ်ကြံဘူး။
ပြည်သူတွေထဲမှာလည်းအမေစုကိုမုန်းတဲ့သူမရှိဘူး။
ဘာလို့လဲသူကပြည်သူကိုနာကျင်မှုမလုပ်ထားဘူး။
အမေစုကသူတော်ကောင်းပါ။
မေတ္တာပေးပြီးဦးသန်းရွေကိုအနိုင်ယူသွားမှာကြည့်နေ..
ဦးသန်းရွေကြီးတနေ့ဝတ်လည်မှာပါ။
တူသောအကျိုးပေးလိမ့်မယ်။
သူ့မြေးကိုသတ်မဲ့သူပေါ်လာမယ်ဆိုတာပဲ...
ပြည်သူတို့အဝေးကြီးမစဉ်းစားနေနဲ့...
သွေးထွက်အောင်မှန်တယ်ဒီသတင်းက
ပြီးခဲ့တာပြီးပီ ရှေ့ဘာလုပ်မယ်ဆိုတာအရေးကြီးတယ် ပြန်တူးရင်မကုန်ဘူး
စစ်တပ်ထဲဝင်ရမှာ သေမလောက်ကြောက်ခဲ့တဲ့ကျွန်တော်၊ "ယ" နဲ့ တိုက်ရင် ရှေ့တန်းကဝင် တိုက်မယ်ဗျာ.......။
ဒိကိစကဥိးခင်ညွန်ကမှန်မှန်ကန်ကန်ပြည်သူတွေကိုပြောပြစေချင်ပါတယ့်. တကယ်မြန်မာပြည်သူတွေရဲ့အရေးကိုအလေးထားတယ်ဆိုရင်ပေါ့. ကာယံကံရှင်ကပြောတယ်မပြောဘူးဆိုတာသိရင်. ပြည်သူတွေအနေနဲ့ကျေနပ်ပါတယ့် ဘေးကလူတွေပြောတာကိုမယုံကြည်ပါဘူး.
ကဲကြည့်ကြရအောင်။ ဘယ်သူက မိုးလုံးပြည့်မုသာဝါသာပြောသလဲ။
ဒီမိုကရေစီနဲ့လိုက်လျှောက်ဖို့ကြိုးစားနေပြီလို့ကမ္ဘာကစောင့်ကြည့်
နေတဲ့အချိန်မှာဒီလိုမျိုးတွေဖြစ်လာမှာပါ။အဆိုတခုကြားဖူးတယ်၊အလင်းရောင်လိုချင်လို့တံခါးဖွင့်ရင်ခြင်နဲ့ယင်အနည်းနဲ့အများ ၀င်မယ်တဲ့၊ဟုတ်တယ်မဟုတ်ဖူးဆိုတာသက်ဆိုင်ရာတာဝန်ရှိပု ဂ္ဂိုလ်များနှင့်သိသောသူများကသတင်းအမှန်ကိုဖွင့်ချစေလိုပါ တယ် ၊ခွေးဟောင်တိုင်းလည်းထမကြည့်နဲ့လို့ပြောပေမဲ့၊ဒါပေမဲ့ ကျွန်တော်လည်းအမှန်အတိုင်းသိချင်ပါတယ်ခင်ဗျာ
ဘယ်လိုဘဲဖြစ်ဖြစ်ထိုင်း ကိုမယုံဘူး။ဘာဖြစ်လို့လဲဆိုတော့ထိုင်းတွေဟာ မြန်မာတွေကိုနားကြည်းနေကြတယ်။အပေါ်ယံဘဲကောင်းတယ်။ထိုင်းမှာနေပြီး အတွင်းကြကြနေသူတွေ ပိုသိပါလိမ့်မယ်ထိုင်းဘယ်လောက်ယုတ်မာလဲဆိုတော့မြန်မာတွေ နာဂစ်မုန်တိုင်းထိတုန်းက ထိုင်းကပို့တဲ့ပေါင်မှန့်တွေ ဟာdate out တဲ့ပေါင်မှန့်တွေပါ။ခုတော့အဲ့ဒီဝန်ကြီးချူပ်မရှိတော့ပါဘူး၊အဲ့ဒီတုန်းကထိုင်းဝန်ကြီးချူပ် ဟာ မြန်မာပြည်ကိုသူတို့ဘယ်တော့မှမကြေဘူး၊သူတို့နိုင်ငံက ပစ်ရမဲ့အပုပ်အသိုးဘဲပေးမယ်လို့ မလေးရှား ရှိစတားသတင်းစာ ကရေးထားတာ ကိုယ်တိုင်ဖတ်ဖူးခဲ့လို့ ထိုင်းကိုဘယ်တော့မှ မယုံဘူး။ပြည်ပ ကပြောဆိုရေးသားချက်တွေကိုသိပ်အရေးမထားဘဲ ကိုယ့်ပြည်တိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုတာကြိုးစားသင့်တယ်။နွားကွဲ ကျားကိုက်သွားလိမ့်မယ်။
သတင်မမှန်ဘူးဆိုရင်တရာစွဲကြ မှန်တယ်ဆိုရင်သန်ရွှေနှင့် သူနောက်လိုက်တွေကိုထောင်းထဲပိုကြတော
မကောင်းဘူးလား
ထိုင်းက ဘန်ကောက်ပို့စ်သတင်းစာအနေနဲ့ ဒီသတင်းတွေကို ဒီအချိန်မှာ မဖော်ပြသင့်ဘူးလို့ ထင်မြင်ပါတယ်။ စိတ်အနှောက်အယှက်ဖြစ်ရတယ်ဗျာ။
အားလုံးဟာချိတ်ဆက် နွှယ်ရှက်နေသည်ဟု့ယူဆရသောကြောင့်
အဓိက အရေးအကြီးဆုံး လူဟာ နံပါတ်(1) ခေါင်းဆောင်ပဲဖြစ်မှာ
ပါ တကယ်တော့ သူသာလျှင် နိုင်ငံတစ်ခုလုံး အတွက် တာဝန်အရှိဆုံး သူ ဖြစ်မှာပါ။
Copy from journalist U Myint Shwe’s claim via his facebook (see detail in FB)
အစကတော့ ကျနော့်ပါတနာ Songpol တောင်းဆိုထားတဲ့အတိုင်းဆက်စောင့်ပေးဦးမလို့ ပါဘဲ။
ဒါပေမဲ့ဒီလိုဆက်စောင့်ပေးနေယင်ကျနော့်ကိုထိခိုက်တာထက် ဒုလ္လဘ၀တ်နေတဲ့ ဦးခင်ညွန့် တရားအားထုတ်ရာမှာစိတ်အနှောက်အယှက်ဖြစ်နေယင် ကိုယ့်မှာအပြစ်ဖြစ်နေမှာကို
တွေးမိလို့  – သင်္ကြန်ပြီးတဲ့အထိ – ဆိုင်းမနေတော့ဘဲ ပြောပါတော့မယ်။ ဦးခင်ညွန့် နဲ့ တွေ့ ဆုံ ခဏ်းဟာအင်္ဂလိပ်လို ရေးတာမို့ နိုင်ငံခြားပရိဿတ်ပါနားလည်အောင်အင်္ဂလိပ်လိုဘဲဆက်ရေးပါမယ်။
…………………………………………………………………………………
In summary, he means that “U KN saved Daw Su” is his own research and some descriptions are edited by Bkok post .
In the end he concludes as “Again, notice it! These are MY WORDS, NOT HIS.”
Myint Shwe
http://www.facebook.com/myint.shwe
အမေစု..ပြောတဲ့..အတိုင်းလုပ်ကြပါ...အမေစု..ခုထိဘာမှအဲအကြောင်းတွေကိုမပြောဘူး..ပြောစရာလဲလိုမှမလိုတာပဲ..တရားဥပေးစိုးမိုးပြီဆိုတဲ့..အချိန်
ရောက်ရင်..သူ့အလိုလို့ပြီသွားပါလိမ့်မယ်..ခုကတော့.။.ဒီတရာဥပေးစိုးမိုးရေးကိုပဲံ..
အရာရာကိုသီးခံစောင့်ဆိုင်ပြီ..ရအောင်လုပ်ရမဲ့..အချိန်လို့ထင်ပါတယ်..
တရားဥပဒေဆိုတာ အမြဲတမ်း စိုးမိုးနေတာပါ မုသားပြောရင်တော့
အကုသိုလ် ပဲ သူ့အသက်သက်ရင်လည်း အကုသိုလ်ပဲ အကုသိုလ်
ဆိုတာ နောက်ကလိုက် တဲ့ သဘောရှိတယ် လွတ်အောင်ပြေးပေတော့ အေး မှီလာပြီဆိုရင်တော့ တရားဥပဒေအရပဲပေါ့ ။
ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ
Post a Comment