“ သာဓုပါဗျာ “ သံချပ်အဖွဲ့ လှည့်လည်ဖျော်ဖြေ

“ သာဓုပါဗျာ “ သံချပ်အဖွဲ့ သည် ပြည်လမ်းရှိ Air Bagan မဏ္ဍပ်တွင် ယနေ့စတင်သံချပ်ထိုးဖျော်ဖြေခဲ့သ
ည်။ “ ခေါ်တဲ့လူတွေဆီက ပိုက်ဆံရတာ မရတာ အဓိကမဟုတ်ဘူး။ ဖျော်ဖြေရဖို့ အဓိကပဲ ”ဟု သံချပ်အဖွဲ့ ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒါရိုက်တာ ကုသိုလ်ကပြောသည်။ ၎င်း သံချပ်အဖွဲ့သည် Air Bagan မဏ္ဍပ် အပြင် Sky Net ၊ Lucky 7 ၊Naing Group မဏ္ဍပ်များသို့ လည်းဖိတ်ခေါ်ထား၍ သွားရောက်ဖျော်ဖြေမည်ဟု ၎င်းကပြောသည်။ “ သာဓုပါဗျာ “ သံချပ်အဖွဲ့ သည်မေတ္တာ၊ဗေလုဝ၊ ကုသိုလ်တို့ ဦးဆောင်ကာ အဖွဲ့ ၀င် ၅၀ ဖြင့် ဖွဲ့စည်း ထားသည်။
Popular Myanmar News Journal
“ သာဓုပါဗျာ “ သံချပ်အဖွဲ့ လှည့်လည်ဖျော်ဖြေ “ သာဓုပါဗျာ “ သံချပ်အဖွဲ့ လှည့်လည်ဖျော်ဖြေ Reviewed by သစ်ထူးလွင် on 16:46 Rating: 5

13 comments:

Anonymous said...

ပျော်စရာကြီးနော် . . နောက်နှစ်ကျရင်လည်း သံချပ်အဖွဲ့ များများ ပေါ်ထွက်လာပါစေလို့  . .

Anonymous said...

ဒီလူတွေတအားနောက်ကျတယ်...လုပ်ရမှာအစောကတည်းကပါ...
အနုပညာရှင်တွေကို လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါလို့...
မိမိလုပ်နိုင်တာကို အချိန်မရွေး နေရာမေ၇ွး ပရောဂမရွေးလုပ်နိုင်ရမှာပါ..
အခုလို သံချပ်အဖွဲ့လုပ်ပီးတော့...နိုင်ငံတော်တ၀ှမ်းမှာ မြင်တာသိတာ
ကြုံတွေ့တာအားလုံး...သူတို့လုပ်နိုင်ပါတယ်...မေတ္တာ..ကုသိုလ်..
ဗေလုဝ...အားလုံး....ဒီအချိန်ဟာသူတို့ကာလ...ဒါမြန်မာ..
ဒါမြန်မာ...နှစ်သစ်မှာ အမြင်သစ်နဲ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ..

Anonymous said...

အရင်လို stage တွေမှာ လိုက်ပြိုင် တဲ့ အဖြစ်မျိုး ပြန်ရစေချင်တယ်ဗျာ။ ဒါမှ ခုခေတ်လူငယ်တွေ မျက်စိပွင့် နားပွင့် ဖြစ်မှာ။

pyechatthu said...

အနှစ် ၃၀ လောက် ဝေး ခဲ ၇ လို ပြန် ဆုံ ချင် အား ပေး ချင် လိုက် တာ.... ကောင်း သော ပြု ပြင် စေ ချင် သော သံချပ် များ ပေါ် ထွက် လာ ပါ စေ လို ဆု တောင်း လျက်...

မောင်မောင် said...

ခုလိုသတင်းတွေဖတ်၇တော့ ဗမာပြည်ကို ပြန်လာချင်တယ်ဗျာ..

ဦးစားကြီး said...

လာချင်ရင် လာပေါ့ဗျာ

ep said...

အေးချမ်းသော နှစ်သစ်အခါ ဖြစ်ပါစေဗျား !!!!!!!!!!!!

pyaponthu said...

သံချပ်တွေ ပြန်ပေါ်လာတာ သိပ်ကောင်းတာဘဲ။အဲ့ဒါကမ္ဘာမှာမရှိသေးတဲ့ တုမရတဲ့မြန်မာတို့ရဲ့ ချစ်စရာနဲ့ပျော်စရာကောင်းတဲ့ရိုးရာတခုဘဲ။

kyaw said...

good

Anonymous said...

ကောင်းလေးစွ... သားဓုဗျာ... အဆိုးတွေကို မီးမောင်းထိုးပြ၍ အကောင်းတွေကိုလည်း ဆက်လက်ကောင်းအောင် ပံ့ပိုးပေးနိုင်ကြပါစေ..

itintinwin said...

မနေ့က Sky Net ဖွင့်ကြည့်မိတော့ တန်းတိုးနာဘဲ-
ကောင်းလိုက်တာ ထိမိ အောင် သံချပ် ကို ရေးတဲ့လူရော တိုက်တဲ့လူရော ချီးကျူးမိပါတယ်- မကြားရတာနှစ်ချီနေပြီဆိုတော့အခုလိုပြန်ကြားလိုက်ရတာအရသာတော်တော်ရှိတာ-:)
နောင်နှစ်တွေမှာလည်းအားမာန်အပြည့်နဲ့ဆက်လက်ဆင်နွှဲနိုင်အောင်ကြိုးစားပါအုံး-အားလုံးကျန်းမာရေးဂရုစိုက်ကြပါလို့... ရွှင်လန်းချမ်းမြေ့ပါစေ

itintinwin said...

မနေ့ညနေက Sky Net ကို ရောက်တာနောက်ကျတယ်နော်-
ဒါပေမဲ့ စောင့်ရကြိုး နပ်ပါတယ်- ဦးအရိုင်းကလည်းအင်အားဖြည့်ပေးလိုက်တော့-ဘာပြောကောင်းမလဲ.. ဆုတော်ငွေတွေကလိမ့်ပြီးဝင်လာတာပေါ့-အရမ်းအားရကျေနပ်မိပါတယ်-
ခွေထွက်ရင်တော့ကောင်းမယ်နော်-ဘယ်တော့မဆိုပြန်ကြည့်လို့ရတာပေါ့ရှင်-
မှန်တာတွေကိုစင်ပေါ်ကနေရောအင်တာ နက်ပေါ်ကနေပါ ပြောပြဆိုပြလိုက်တော့ကောင်းမှကောင်းဘဲ-Sky Net့ အမျှော်အမြင်ကြီးပါပေတယ်-သူကစနစ်ကျတဲ့ကယ်တင်ရှင်ဘဲ-အိမ်မှာနေပြီးမြန်မာပြည်အနှံ့သင်္ကြန်လိုက်ကြည့်နေရသလိုပါဘဲ-ကျေးဇူးတင်ပါတယ်-
လေးစားပါတယ်- နောင်နှစ်မှာပြန်ဆုံချင်ပါတယ်-အားလုံးကျန်းမာပါစေ-အစစအရာရာအဆင်ပြေတိုးတက်ကြပါစေလို့

*** ဟိုဘက်ကမ်းကမီးထိန်ထိန်.....အိမ်....ဒီဘက်ကမ်းကမီး... ကျွန်တော်တို့နေတဲ့အိမ်... :)))

alexander vampire said...

နည်းနည်းတော့ပြောချင်ပါတယ်ဗျာ၊ခိုင်လုံတဲ့ သတင်း၇ပ်ကွက်ကလာတာလေးတစ်ခုပေါ့။သာဓုပါဗျာသံချပ်အဖွဲ့ ကသင်္ကြန်မှာ ဆုကြေးတော်တော်ကိုရလိုက်ပါတယ်၊ဒါပေမဲ့ အပျက်အဖွဲ့ ကတော့ငါး၇က်ပေါင်းမှာ တစ်ယောက်ကို(၉၀၀၀၀)လောက်ပဲရတယ်လို့ ပြောပါတယ်၊
အဲသတင်းကသေချာတယ်နော်။ခိုင်လုံတဲ့ သတင်းရပ်ကွက်ကပါ၊
ကိုကြီးဗေတို့ နည်းနည်းလောက်ဆီတော့ထပ်ပေးသင့်ပါတယ်လေ၊
ညီတူမျှတူပေါ့ ၊အမှားပါရင်ခွင့်လွတ်ပါ၊

Powered by Blogger.