ရန်ကုန်၊ ဧပြီ ၇
ကုန်ထုတ် လုပ်ငန်းများ အတွက် အရေးကြီးဆုံး ဖြစ်သော လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့်သာ ရရှိသည့် အတွက် ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန်များ အတွင်းရှိ စက်ရုံများ ကုန်ထုတ်လုပ်စရိတ် ၆ ဆခန့် မြင့်တက် သွားကြောင်း စက်မှုလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
လှိုင်သာယာမြို့နယ် စက်မှုဇုန် အပါအဝင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များသည် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ တစ်ရက်လျှင် ၆ နာရီသာ လျှပ်စစ်မီး ရရှိတော့သည့် အတွက် စက်ရုံ အလုပ်ရုံများသည် ဒီဇယ်ဆီကို သုံးစွဲကာ အင်ဂျင်မော်တာဖြင့် လုပ်ငန်းလည်ပတ်လျက် ရှိကြောင်း၊ လုပ်ငန်းသုံး လျှပ်စစ်မီး မီတာ တစ်ယူနစ် ကုန်ကျစရိတ်သည် ၅ဝ ကျပ်ခန့် ကုန်ကျပြီး လက်ရှိ စက်ရုံများ အသုံးပြုနေသည့် ဒီဇယ်ဆီသုံး မီတာ တစ်ယူနစ် ကုန်ကျစရိတ်သည် ၃၀ဝ ကျပ်ထိ မြင့်တက်သွားကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။
"စက်မလည်လဲ အလုပ်သမားခ ပေးနေရတော့ စရိတ်ကြေအောင် လုပ်နေရတာဘဲ။ တွက်ခြေမကိုက်တဲ့ စက်ရုံတွေကတော့ ရပ်ထားရတယ်။ ကုန်ထုတ်လုပ်မှု စရိတ်မြင့်ရင် ကုန်ပစ္စည်းလည်း ဈေးမြင့် ရောင်းရမှာပဲ။ ၂၀၁၁ ခုနှစ်ကလွဲရင် ကျန်တဲ့နှစ်တွေက နှစ်တိုင်း ရင်ဆိုင်နေရတာပဲ" ဟု ၄င်းက ဆိုသည်။
လျှပ်စစ်မီး အချိန်ပိုင်းဖြင့် ပေးသည့် နောက်ပိုင်းတွင် အချိန်ပြည့် အေးခဲ လုပ်ဆောင် နေရသော ရေထွက်ကုန် အအေးခန်း စက်ရုံများ၏ ကုန်ထုတ်လုပ်မှု အပိုင်းများ၌ လျော့ချ ထုတ်လုပ်ခြင်းများ လုပ်ဆောင်လာရာ ပုံမှန် လျှပ်စစ်မီး ရချိန်တွင် ကုန်ပစ္စည်း ၃ တန်ခန့် ထုတ်လုပ်သည့် အအေးခန်း စက်ရုံသည် လျှပ်စစ်မီး အကန့်အသတ်ဖြင့် ရချိန်တွင် ၁ တန်ခန့်သာ ထုတ်လုပ်နိုင်တော့ကြောင်း ဒေါပုံမြို့ နယ် အတွင်းရှိ ပြည်ပပို့ ရေထွက်ကုန် အအေးခန်း စက်ရုံ လုပ်ငန်းရှင် ဒေါ်တိုးန္ဒာတင်က ပြောကြားသည်။
"မီးမလာတော့ အအေးခန်း စက်ရုံတွေ အဆင် မပြေကြဘူး။ အအေးခန်းက ရပ်ထားလို့ မရတော့ မီးစက်မောင်း လုပ်ရတယ်။ အခု ကုန်ကျစရိတ်က အရမ်းမြင့်သွားတယ်။ ကိုယ့်ရေခဲကလည်း ခဲမယ့်အချိန် မီးမလာတော့ ရေခဲပါ ဝယ်သုံး နေရတယ်။ မီးပျက်ပြီး နောက်ပိုင်း ရေခဲဈေးက ထပ်မြင့်သွားတယ်" ဟု ၄င်းက ဆိုသည်။
အလားတူ ဆီစက် လုပ်ငန်းများ၌ ဆီတစ်ပိသာ၏ ထုတ်လုပ်မှု စရိတ်သည် ပုံမှန် ၃၅ ကျပ်မှ ၉ဝ ကျပ်ထိ မြင့်တက် သုံးစွဲလာရကြောင်း၊ အဆိုပါ လျှပ်စစ်မီး ရရှိမှုနှင့် ကုန်တင်ယာဉ် တန်ပို သတ်မှတ်ချက်များကြောင့် သင်္ကြန် ကာလအပြီး နောက်ပိုင်းတွင် ဆီတစ်ပိသာ ပေါက်ဈေးသည် ၁၅ဝ ကျပ်ခန့်ထိ မြင့်တက်လာမည့် အခြေအနေ ရှိကြောင်း ရွှေပြည်သာ စက်မှုဇုန်ရှိ ဧရာဝတီ မြေပဲဆီ စက်လုပ်ငန်းရှင် ဦးခင်စိုးက ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သုံးစွဲသူ များပြားလာခြင်းကြောင့် လျှပ်စစ်ဓါတ်အား လိုအပ်ချက်များ မြင့်အားလာပြီး ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်မှာ ယခင်နှစ်ထက် မဂ္ဂါဝပ် ၂၀ဝ ခန့် ပိုမို များပြားလာကာ သုံးစွဲမှု မဂ္ဂါဝပ် ၈၀ဝ အထိ ဖြစ်လာကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
The Voice Weekly

လျှပ်စစ်မီး ဖြတ်တောက်မှု ကုန်ထုတ် လုပ်စရိတ် ခြောက်ဆခန့် မြင့်တက်
Reviewed by သစ်ထူးလွင်
on
19:27
Rating:
18 comments:
သည်းခံပေးကြပါ၊ ပြား ၈၀ အစိုးရက လျှပ်စစ်မီးတွေပိုနေလို့ ရောင်းစားနေရပါ တယ်
နေပြည်တော် လျှပ်စစ်သုံးစွဲမှု ၃ ပုံ ၁ ပုံ က မလိုအပ်ဘဲ သုံးနေတာပါ ။ အခြား လိုအပ်တဲ.နေရာတွေမှာ သုံးရမှာ .....----
ဘာမှ မလိုတဲ့နေပြည်တော်ကိုတော့ အချိန်ပြည့်ပေးတယ်
တစ်ကယ်လိုတဲ့၇န်ကုန်ကိုတေ့မပေးဘူး။ အဲဒါကို ဟို အ၇ူးက လျှပ်စစ်က ပိုတောင်ပိုသေးတယ်တဲ့။ တော်တော်တုန်းတဲ့ ဦးနောက်တွေ ။ သူ့အဖေတွေကို ပေးမယ် ရောင်းစားမယ် ဒါပဲသိတယ်။ ပြည်သူလူထု ဘယ်လောက်ဒုက္ခရောက်လဲ မစဉ်း
စားဘူး။
မြန်မာနိုင်ငံ နာမည်ပြောင်းလိုက်ပြီ...အရှေ့တောင်အာရှ နာမည်ချင်းဆင်သွားအောင်လို့ အင်ဒိုနီးရှား ၊ မလေးရှား..ပြီးတော့ မြန်မာပြောင်းလိုက်တဲ့ နိုင်ငံနာမည်က ရေမီးရှား ဖြစ်ပါတယ်..။
အပျော့ဂိုဏ်းကတိုင်းပြည်တိုးတက်အောင်ပြုပြင်ပြောင်းလဲရေးတွေ
လုပ်နေတာကို အမာဂိုဏ်းက ဖျက်လိုဖျက်ဆီးလုပ်နေပုံရတယ်။
မနှစ်ကနွေရာသီမှာ အချိန်ပြည့်နီးပါးမီးလာတယ်။
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားလိုက်ရလို့ ၊မကြေနပ်ကြဘူး ထင်ပါတယ်။
အမာဂိုဏ်းသားတို့ ရဲ့ အဖျက်လုပ်ငန်းကို
သမတ နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ တို့ ၊ဒီအတိုင်း
ထိုင်ကြည့်နေကြတော့မှာလား။
အော်သနားစ၇ာ ပြည်သူတွေ၇ယ် ခေါင်းဆောင်တွေက လျှပ်စစ်မီး၊ သဘာဝဓာတ်ငွေ့တွေ ပိုလို့ေ၇ာင်းစားသတဲ့ လုပ်ငန်းရှင်တွေက လျှပ်စစ်မီးမ၇လို့ ထုတ်ကုန်၆ဆတက်သတဲ့ဗျာ ကောင်းကြေ၇ာ
နိုင်ငံတစ်နိုင်ငံမှာ လျှပ်စစ်မီးဟာအဓိကလိုအပ်ချက်ဘဲ၊ဒါတွေခဏခဏပြတ်တောက်နေမယ်ဆိုရင်တိုင်းပြည်ဘယ်လိုလုပ်ပြီးတိုးတက်နိုင်မှာလဲ၊အိမ်နီးချင်းထိုင်းနိုင်ငံတစ်စက္ကန်တောင်မီးမပြတ်ဘူး၊မလေးရှား၊စကာင်္ပူတို့လည်းအတူတူဘဲလျှပ်စစ်မီးမပျက်ရရှိနေလို့ သူတို့နိုင်ငံမှာစီးပွားရေုးလုပ်ငန်းစက်ရုံတွေ၊မိုးပျံလျှပ်စစ်ရထားတွေ၊မြေအောက်ရထားတွေ၊ဘဏ်ကဒ်ငွေသွင်းငွေထုတ်လုပ်ငန်းတွေ စသဖြင့်ပေါ့သူများနိုင်ငံဖံွ့ဖြိုးတိုးတက်နေတာဟာ အဓိကလျှပ်စစ်မီးဘဲ ၊သူတို့နိုင်ငံမှာဆို ကုန်ဈေးနုန်းကအတက်အကျမရှိဘူး ငွေကြေးနဲ့ကုန်ပစ္စည်းတွေဝယ်ရတာလဲဈေးနုန်းသက်သာတယ် ၊တို့နိုင်ငံကတော့မီးမရလို့ဒီဇယ်နဲ့သုံးရလို့ကုန်ဈေးနန်းတွေကတက်အုံးမှာ ကြည့်လုပ်ကြပါအုံး ပြည်သူတွေဒုက္ခတော့ရောက်ကုန်တော့မှာဘဲ
သူ့မှတပါးအခြားနာလည်သူမရှိဆိုသူရဲ့ဖြေရှင်းချက်လေးကြားချင်ပါသည်။နေ့စဉ်နဲ့အမျှပို၍ပိုလျှပ်စစ်သုးံစွဲမှု ပမာဏမြုင့်မားလာကိုမသိရော့လေသလား။မသိချင်ယောင်ဆောင်နေတာလား။ခလေးအတွေးနဲ့တွေးကြည့်ခဲ့ပါသလား။ပြည်သူပိုင်တဲ့သယံဇာတပပြည်သူတွေခံစားမရှိတော့ဘူးလား။ကိုယ်ကျိုးသာကြည့်ပြီးတိုင်းပပြည်ကိုလက်ညိုးထိုးရောင်းစားနေတာလား။ကျွန်တော်တို့နိုင်ငံကမကြာမှီတိုးတက်လာတော့ဖြစ်လို့ နောင်လိုအပ်လာမည့်လျှပ်စစ်စွမ်းအားပမာဏအတွက်(future plan)တွေထည့်စဉ်းစားပြီးပြီလား။နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဘို့ ရေ နဲ့ လျှပ်စစ်ကအဓိကပါ။
ဦးဇော်မင်းပြောတော. လျှပ်စစ်တွေက ပိုလျှံ နေတာဆိုနော..........
ခေတ်မှီဖွင့်ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဖြစ်ပေါ်လာရေး ဆိုတာ ဘာကိုပြောကြတာလဲဟင်...။ မသိလို့နော်။ သိတဲ့သူရှိရင်ရှင်းပြကြပါဦး။
ပုံ/ ငဘ
စိတ်ကုန်နေပြီ မနှစ်ကဘယ်က မီးတွေနဲ့ပေးနေတာလဲ
ပိုလို့ နိုင်ငံခြားကို ရောင်းစားနေတာဆို
အရှည်ကြီးမရေးတော့ဘူး။လက်ညောင်းတယ်။
ဇော်မင်း..ဆင်း။
N L D နိုင်တာ့  မကျေနပ်လို့  ပညာပြတဲ့အနေနဲ မီးတွေဖြတ်တာပဲဖြစ်ရမယ် ရတဲ့နည်းနဲယုတ်မာတာနေမှာပေါ့
ဝန်ကြီးဦးဇော်မင်း အလုပ်က နှုတ်ထွက်ပေးပါ။
တိုင်းပြည်ကို မီးမှန်အောင်မလုပ်နိုင်ရင် လုပ်နိုင်တဲ့ ၀န်ကြီးတက်ပါလိမ့်မယ်။ ဘာတွေ၊ ဘယ်လိုအကြောင်းပြပြ အဓိက က တာဝန်အရှိဆုံးဝန်ကြီးမှာ အရည်အချင်း မရှိလို့ဆိုတာ သေချာတယ်။
ဝန်ကြီးနေရာနဲ့ လုံးဝ မထိုက်တန်တဲ့အတွက်..
ဝန်ကြီးဦးဇော်မင်း နှုတ်ထွက်ပေးပါ။
ဝန်ကြီးဦးဇော်မင်း နှုတ်ထွက်ပေးပါ။
ဇော်မင်း ဘာပြောမလဲလို့ သိချင်ပါတယ် ။ တကယ်တော့ ဘာမှ ပြောဖို့ မလိုတော့ပါ ။ Sorry နော်လို့ ပြောပြီး ၇ာထူးကသာထွက်ပါတော့ ။ ၇ှက်တတ်ကြတယ် ဆို၇င်ပေါ့ ။
အဟိ.. မန္တလေးက မြို့တော်ဝန်ပြောင်းပြီးကတည်းက...ဒါမျိုးတွေဆက်တိုက်ဆိုသလိုဖြစ်နေတယ်.
ရှင်ကြီးကျားထက်ဆိုးဆိုတာဒါမျိုးနေမယ်.
အထက် က ကွန်မန့်ရေးသူတွေကိုအားနာလိုက်တာ
သူတို့တွေက ဘယ်လောက် ပြော ပြော မကြားမသိနားလည်နိုင် စွမ်းမရှိတဲ့လူတွေလေ။မ၇ှက်တတ်တဲ့သူတွေပေါ့ ။မြန်မာပြည် မှာ အရှက်မ၇ှိဆုံး လူတွေက ၀န် ကြီးတွေပဲ။
ရေမီးရှား နိုင်ငံက ဇော်မင်း အမြန်ရာထူးနှုတ်ထွက်ပေးရန် တောင်းဆိုချင်ပါတယ်။
Post a Comment