တက္ကသိုလ်ဝင်စားမေးပွဲတွင်စာဖြေကဒ်ဖိုးကောက်ခံမှု စစ်ဆေးပေးစေလို

ဧပြီလ ၇ ရက်နေ့ ၂၀၁၂

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်မြို့နယ်တွင်းရှိ အင်ပင်မြို့အ.ထ.ကစာစစ်ဌာနတွင် ၂၀၁၂ ခုနှစ်မတ်လတွင်ကျင်ပပြုလုပ်ခဲ့သောတက္ကသိုလ်ဝင်စားမေးပွဲတွင်စာဖြေကဒ်များ
ကိုတစ်ကဒ်လျှင် (၃၀၀၀) သုံးထောင်ကျပ်နုန်းဖြင့်ထုတ်ယူရပါသည်။

ထိုစာဖြေဌာနတွင်ဖြေဆိုရသောကျောင်းသားအများစု၏မိဘများသည်ကျေးလက်နေ
စီးပွားရေးမပြည့်စုံသောမိဘများဖြစ်ပါသည်။စာဖြေခွင့်တခုရရန်ရုန်းကန်ပြီငွေကြေးကို
ရှာဖွေကြရပါသည်။

ထိုတန်ဖိုးကြီးစွာရှာဖွေရသောငွေကြေးများကိုသက်ဆိုင်ရာ ကျောင်းတိုးတက်ရေး
အတွက်မသုံးပဲကျောင်းအုပ်ဆရာကြီးဦးသိန်းအောင်နှင့်ငွေကြေးကိုင်တွယ်အသုံးပြုသော
သူ့တို့မှကိုယ်ကျိုးအတွက်အသုံးပြုကြသည်။

 နှစ်အဆက်ဆက်ထိုကဲ့ပြုလုပ်လာကြပြီ(၈)နှစ်လုံးလုံးစာရင်းရှင်းတမ်းဟုမရှိခဲ့ပါ။
 ကျောင်းသားမိဘများမှရုံကန်ရှာဖွေရသောငွေကြေးများကျောင်းတိုးတက်ရေးအတွက်
မသုံးပဲကိုယ်ကျိုးအတွက်သုံးစွဲနေသောထိုစာစစ်ဌာနကိုသက်ဆိုင်ရာ
အကြီးအကဲများလာရောက်စစ်ဆေးပေးစေလိုပါသဖြင့် တင်ပြအပ်ပါသည်။

ထိုဒေသရှိစာဖြေဆိုရသောကျောင်းသာ
းမိဘတစ်ဦး
Myanmar News Now
တက္ကသိုလ်ဝင်စားမေးပွဲတွင်စာဖြေကဒ်ဖိုးကောက်ခံမှု စစ်ဆေးပေးစေလို တက္ကသိုလ်ဝင်စားမေးပွဲတွင်စာဖြေကဒ်ဖိုးကောက်ခံမှု စစ်ဆေးပေးစေလို Reviewed by သစ်ထူးလွင် on 02:56 Rating: 5

1 comment:

ဧ၇ာထွန်း said...

ဒီလိုအကျင့်ပျက်ဝန်းထမ်းတွေ၇ှိနေသေ၇ွ့တော့ မြန်မာပြည်ပညာေ၇းကောင်းလာမှာမဟုတ်တော့အကောင်ဆုံးကတော့ အကျင့်ပျက်ဝန်ထမ်းတွေအားလုံး မယ်၇ှားပေးချင်ပါတယ် နိုင်ငံတော့်၇ဲ့အမှိုက်တွေဖြစ်နေလို့ပါ

Powered by Blogger.