သီပေါမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းခြင်းကို အာဏာပိုင်များ ခြိမ်းခြောက်နှောက်ယှက်

“သီပေါမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့ (ခွဲ) ဥက္ကဋ္ဌတို့က ခြိမ်းခြောက်နှောက်ယှက်ခြင်း။”

                     ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စာရေးဆရာအသင်းကို ဖွဲ့စည်းပုံစည်းမျဉ်းလုပ်ထုံးလုပ်နည်းနှင့်အညီ ဧပြီလ၂၅ ရက်နံနက် ၁၀ နာရီက သီပေါစာပေရုံး၌ အောင်မြင်ထမြောက်စွာ ဖွဲ့စည်းနိုင်ပြီး မြို့နယ်စာရေးဆရာအသင်း ဆိုင်းဘုတ်ကိုလည်း အသင်းရုံး၌ စိုက်ထူခဲ့ကြသည်။

                    ထိုကဲ့သို့ အသင်းဖွဲ့စည်းပြီး နာရီဝက်ခန့်အကြာ၌ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် မောင်က အသင်း၏ ဥက္ကဋ္ဌ ၊အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ၄င်း၏ရုံးခန်းသို့ အမိန့်အာဏာဖြင့် ဆင့်ခေါ်ပြီး မြို့နယ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့(ခွဲ) ဥက္ကဋ္ဌ ဦးသာလှိုင်၏ အကြောင်းကြား စေခိုင်းချက်အရဟုဆိုကာ စာနယ်ဇင်းဆိုင်ရာစာရွက်စာတမ်းများကို အသေးစိတ်စစ်ဆေးခြင်း၊ အခြားပုဂ္ဂိုလ်ရေးရာများ စုံစမ်း မေးမြန်းခြင်း၊ မြို့နယ် ဗွီဒီယိုအဖွဲ့ဥက္ကဋ္ဌဆိုသူနှင့် ထိပ်တိုက်တွေ့ဆုံ၍ ဖြေရှင်းခိုင်းစေခြင်း စသည်များကို
အချိန် ၂ နာရီခန့်ကြာအောင် ခေါ်ယူစစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ပါသည်။

                    ယင်းလုပ်ရပ်နှင့်ပက်သက်၍ အမိန့်အာဏာဖြင့်ဆင့်ခေါ်ပြီး စစ်ဆေးဟန့်တားနှောက်ယှက် ခြင်းများကြောင့် စာရေးဆရာများနှင့် စာပေလောကတစ်ခုလုံးအတွက် စာပေမလုံခြုံမှု၊ ဘ၀နှင့်ခံယူချက် လုံခြုံစိတ်ချရမှု မရှိခြင်းများအပေါ် အရေးယူဆောင်ရွက်ဖြေရှင်းပေးပါရန် သီပေါမြို့နယ် စာရေးဆရာအသင်းက သက်ဆိုင်ရာများထံ တရားဝင်တင်ပြတိုင်ကြားထားကြောင်းသိရသည်။


Myanmar News Now
သီပေါမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းခြင်းကို အာဏာပိုင်များ ခြိမ်းခြောက်နှောက်ယှက် သီပေါမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းခြင်းကို အာဏာပိုင်များ ခြိမ်းခြောက်နှောက်ယှက် Reviewed by သစ်ထူးလွင် on 05:44 Rating: 5

4 comments:

devil said...

မြို့နယ်အထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရဲ့ အမိန့်အရ လို့ပြောရအောင် မြို့နယ်အထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်နဲ့ ဒီအဖွဲ့က ဘာဆိုင်လို့လဲ။ အဲဒီ ဥက္ကဌဆိုတဲ့သူကိုတွေ့ဖူးပါတယ်။ ကြောင်တောင်တောင်ပါ။ ပြီးတော့ ...............( ငွေပေးလိုက်ပါ။ အဆင်ပြေသွားလိမ့်မယ်။)

mad dog said...

ပညာတတ် တဲ့လူကို ပညာမတတ်လူက မနာလိုဖြစ်တယ် ဆိုတာ ဒါမျိုးပေါ့။

Lion King said...

အဲဒီအုပ်ချုပ်ရေးမှူးက စာပေကို လေ့လာလိုက်စားမြတ်နိုးတဲ့သူ မဟုတ်ဘူးလို့ ထင်တယ်။ ဗဟုသုတလည်း အားနည်းပုံရတယ်။ ခေတ်ပြောင်းနေတာကို မသိတာလား။ မသိချင်ယောင် ဆောင်နေတာလား။ အာဏာယစ်မူးနေတာလား။ ငွေလိုချင်လို့လား။ စာရေးဆရာတွေဆီက ငွေယူချင်တဲ့သူဆိုရင် ရူးနေလို့ဖြစ်ရမယ်။ ဌာနဆိုင်ရာတွေမှာ စစ်တပ်ကနေ မဆီမဆိုင်ဝင်လာပြီး ရာထူးကြီးကြီးယူပြီး အခွင့်အရေးယူ။ အာဏာပြ၊ အမြန်ဆုံးချမ်းသာအောင် မဟုတ်တာ၊ မတရားတာမှန်သမျှအကုန်လုပ်။ ၀န်ထမ်းလောကကိုဖျက်ဆီး။ သက်ဆိုင်ရာဌာနက ငယ်မွေးခြံပေါက်တွေက ရာထူးမတိုးတော့ဘဲ ပင်စင်ယူရ။ သူတို့က တတ်သလားဆိုတော့လဲ လက်မှတ်တော့ ထိုးတတ်တယ်။ အမေစုရေ လွှတ်တော်ရောက်ရင် စစ်တပ်ကလူတွေ အရပ်ဖက်ဌာနတွေကို မလွှဲပေးဖို့ အရေးဆိုပေးပါ။

Anonymous said...

နယ်တွေမှာက အရင်သောက်ချိုးက နဲနဲမှကို မပြောင်းသေးဘူး။ လူတွေကလည်း စားဝတ်နေရေးပဲ လုံးပမ်းနေရတော့ သတင်းအချက်အလက် လေ့လာမှုနဲ့ နိုင်ငံရေးအသိအမြင် နည်းပါးကြတယ်။ အများစုက ငုံ့ခံနေရဆဲပါပဲ..။

Powered by Blogger.