ရန်ကုန်၊ ဧပြီ ၆
မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော
ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အချို့၌ ဖြစ်ပွားခဲ့သည့်
ဆန္ဒမဲလက်မှတ်ပေါ်တွင် ဖယောင်းများ သုတ်ထားသည့် ကိစ္စကို ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲဝင်
နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများ ထံမှ သိရသည်။
ဆန္ဒမဲ
လက်မှတ်များပေါ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ဆန္ဒပြုရမည့်
နေရာများတွင် ဖယောင်းများ သုတ်လိမ်းထားခြင်းကို အရေးယူပေးပါရန် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက တိုင်ကြားလာသည့် အတွက် ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးသွားရန်
ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ ဧပြီလ ၄ ရက်နေ့
ရက်စွဲပါစာဖြင့် ညွှန်ကြားခဲ့ကြောင်း ကြားဖြတ် ရွေးကောက်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ
ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်း
ဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကော့မှူးမြို့နယ်၊
မရမ်းကုန်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်များ၌
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများနှင့် လွှတ်တော်
ကိုယ်စားလောင်းများကို စတင်ခေါ်ယူ မေးမြန်းသွားမည် ဖြစ်ပြီး အထက်ပါ ကိစ္စ
ဟုတ်မှန်ခြင်း ရှိပါက မည့်သည့် ရပ်ကွက် ကျေးရွာ အုပ်စုတွင် ဖြစ်ခဲ့သည်ကို
မေးမြန်း၍ ၎င်းမဲရုံများရှိ ဆန္ဒမဲများကို ပြန်လည် ဖွင့်ဖောက် စစ်ဆေးသွားရန်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်တွင် ပါရှိသည်။
အဆိုပါ မြို့နယ်များမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော
ကိုယ်စားလှယ်လောင်းများအား သက်ဆိုင်ရာ မြို့နယ် ကော်မရှင်ရုံးများသို့
ဧပြီလ ၁၀ ရက်နေ့ (အင်္ဂါနေ့) နံနက် ၁၀ နာရီ အရောက် စေလွှတ်ပေးပါရန်
နိုင်ငံရေးပါတီများသို့ အကြောင်းကြား ထားကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။
The Voice Weekly
မဲပြားပေါ်တွင် ဖယောင်းသုတ်ခြင်း ကိစ္စအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးမည်
Reviewed by
သစ်ထူးလွင်
on
20:54
Rating:
5
11 comments:
စစ်ဆေးမနေပါနဲ့ကွာ၊ မင်းတို့စစ်လို့ပေါ်ခဲ့တဲ့တာကော ရှိရဲ့လား
"ရွှေအကြာင်း ဖယောင်းသက်သေ" တဲ့လေ... ရွှေမဲတွေမို့ ရွှေစစ် မစစ် စမ်းလေရော့သလားနော်...ရွှေကောင်းစစ်လို့ ရွှေဒေါင်းခြစ်ခဲ့ကြပြီလေ...
လုပ်မနေပါနဲ.ကွာ...အပို အလုပ်တွေ...စစ်လဲ မင်းတို. လုတွေပဲလုပ်တာ...ပြောသေးတယ်...ဖယောင်းသုတ်တာ 2010 တုန်းက မရှိဘူးတဲ. ..ဘယ်ရှိမှာလဲ အဲတုန်းက NLD မှဝင်မပြိုင်တာ....ဟုတ်တယ်မလား...ပြိုင်ရင်မင်းတို. လုပ်ဦးမှာပဲ ....မင်းတို. 2015 လဲ ရှုံးဦးမှာပဲ....
အပိုအလုပ်တွေ
အလကား ထိေ၇ာက်အောင်အေ၇းယူနိုင်တာလဲမဟုတ်ဘဲ
နဲ့ အပိုတွေလုပ်နေတယ် ဒီလာက်ထင်၇ှားနေတာကို ပြီး၇င်
အဖျား၇ှူးသွားအုံးမယ်
ဖြစ်ဖြစ် ခြင်းမစစ်ဘဲ အခုချိန်မှဆိုတော့ လဲပြီးလောက်ရောပေါ့ ဗမာပြည်ကတော့ ကဘာမှာ အထူးအဆန်းတွေကြီးဘဲ နိင်ငံတကာကအထူးစောင့်ကြည့်နေရတယ်ဆိုတာဟုတ်လောက်တယ် သူတို့ ဆီမှာနည်းယူပြီးမလုပ်နိင်အောင်လို့ ။ထွက်သမျှသဘာဝဓါတ်ငွေ့ ၊လျှပ်စစ်တွေပိုလျှံနေလို့ နိင်ငံခြားရောင်း ပြည်သူတွေကမှောင်ထဲမှာ ဖယောင်းတိုင်ထွန်းပြီး မီးသွှေးနဲ့ ထမင်းဟင်းချက် မီးကြွင်းမီးကျန်ကနေမီးလောင်ရင် ပိုက်ဆံကုန်ထောင်ထဲဝင် သူ့ တို့ အပြစ်မရှိဘူး မြန်မာပြည်မှာလူလာဖြစ်တဲ့သူအပြစ်ဘဲ အံဖွယ်မကုန်နိင်တဲ့
ဗမာပြည်က အထူးအဆန်းတွေ
မင်းတို့စစ်မယ်လို့ပြောတာနဲ့ဟိုကကြိုတင်ဖြောက်လိုက်ပါပီကွာ
စစ်တာလဲစစ် ၊ ပြီး၇င် အေ၇းယူနိုင်အောင်လဲ လုပ်ကြပါ ။ သက်သေခံတွေကိုတော့ ဖျောက်လို့ မ၇ဘူးထင်တယ် ။ အားလုံးက ချိတ်ပိတ်ထား ပြီးသား ။ အဲဒါကိုမှ ထပ်ပြီး ဖျောက်ဖျက်တယ် ဆို၇င် သက်သေခံ ပစ်စည်း ဖျောက်ဖျက်မှုနဲ့ အေ၇းထပ်ယူလို့၇တယ်။ အောက်ကနေ မျက်နှာ၇မလားဆိုပြီး မဟုတ်တာလုပ်တဲ့ကောင်တွေ ၊ အခုတော့ မျက်နှာမ၇ ခြေထောက်၇တော့မှာပေါ့ ၊
အဓိကတရားခံကတော့...ကြံ့ဖွံ့ CECထဲကဘဲဖြစ်မှာပါ...
ဘာလို့ လဲဆိုတော့...တစ်နေရာထဲဖြစ်တာမဟုတ်ပဲ
နေရာအနှံ့ အပြားမှာ...တစ်ပုံစံထဲဖြစ်ခဲ့တာရယ်
ကျေးရွာမဲရုံတွေမှာလဲဖြစ်နေတာရယ်...ကြောင့်ပါ၊
ကြံ့ဖွံ့ တွေဟာဦးနှောက်ရှိတဲ့သူတွေမဟုတ်ဘူး
အထူးသဖြင့်...တောကြံ့တွေ
အခွင့်အရေးလေးနဲနဲလေးရ...ခိုင်းတာလုပ်တယ်
စာမှကောင်းကောင်းမတတ်တာ...ရှူးတိုက်ရင်ကိုက်မှာဘဲ။
ဖြစ်နေတုန်းကတော့မစစ်ဆေးပါလား။မည်သူ.ကိုများ
မကောင်းကြံအုံးမှာပါလိမ့်ဗျာ။
အံ့ဖွယ်သုတပဲ . . .
Post a Comment