မ၀ါဝါအောင်မှ သူမ၏ ဖြစ်စဉ်အားပြောပြနေစဉ် |
တန်ဆောင်မုန်းလဆုတ် (၈) ရက် ၂၀၁၀ ခုနှစ်က မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြ ၏ ငွေကြေးခြိမ်းခြောက်တောင်းဆိုမှုကိုခံရသော အမျိုးသမီးတစ်ယောက်အကြောင်း ……….
မဝါဝါခိုင်သည် ငွေကြေးအရင်းအနှီး မရှိသောကြောင့် ကာယလုပ်အားကိုသာ တစ်နေ့တာ စားဝတ်နေရေးဖြေရှင်းဖို့အတွက် ကြိုးစားရုန်းကန်နေရသော လက်လုပ်လက်စားအမျိုးသမီးတစ်ဦးဖြစ်သည်။ လက်လုပ်လက်စားဖြစ်သောကြောင့် တောထဲတွင် အလေ့ကျ ပေါက်ရောက်လျှက်ရှိသော ဇီးဖြူသီး နှစ်ပြည်ခန့် ကို ခူးယူကာ ရောင်းချရန်အတွက် ပြုလုပ်ခဲ့ပါသည်။
၎င်းကိစ္စရပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြ မှသိသောအခါ မဝါဝါအောင်ကို ခေါ်ယူကာ ဇီးဖြူသီး ခူးယူမှုမှာ သစ်တောခုတ်မှု ဥပဒေ (၆၁) အရ အစစ်ဆေးအမေးမြန်းမရှိပဲ ထောင်ချ၍ ရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါသည်။ထို့နောက် ၎င်း ကိစ္စအားပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေချင်လျှင် ဒါဏ်ငွေ အားလုံးအတွက် (၄၀၀၀၀) လေးသောင်းကျပ်ပေးရမည်ဟု ခြိမ်းခြောက်ကာ တောင်းဆိုခဲ့ပါသည်။
မဝါဝါခိုင်ကလည်း လက်လုပ်လက်စားဖြစ်သောကြောင့် ထိုမျှများပြားလှသော ငွေကြေးကိုမတတ်နိုင်ပါ မရောင်းရသေးသောဇီးဖြူသီး နှစ်ပြည်ကိုတော့ ပြန်လည်သိမ်းယူချင်ယူပါဟု ငိုယိုကာတောင်းပန်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူး ဦးအောင်မြ မှ ဒါဏ်ငွေ မဆောင်လျှင် ဝမ်းတွင်း ရုံးသို့ပို့ပြီး ထောင်ချမည်ဟု ခြိမ်းခြောက်သောကြောင့် သူမနေဖြင့် ငွေတိုး (၂၀ ကျပ်တိုး) ဖြင့် ချေးယူပြီး ဒါဏ်ငွေကိုပေးဆောင်ခဲ့ရပါသည်။
သူမသည် လက်လုပ်လက်စား ဖြစ်သောကြောင့် မနက်ခင်း ၆ နာရီခွဲမှ နေ့ခင်း ၁ နာရီအထိ တစ်မနက်ခင်း အချိန်ပိုင်းလုပ်အားခ အဖြစ် (၆၀၀) ကျပ်သာ ရရှိပါသည်။ တစ်နေကုန် မနက်ခင်း ၆ နာရီခွဲမှ ည ၇ နာရီအထိ အလုပ်လုပ်ပါမှ (၁၂၀၀) ကျပ်သာ ရရှိသောကြောင့် ချေးယူထားသော အကြွေးကို ယနေ့အချိန်ထိ ကျေလည်အောင်ဆပ်နိုင်ခြင်းမရှိပဲ များပြားလှသော အတိုးနှုန်းများထဲမှ ရုန်းမထွက်နိုင်ပဲ ရှိလှပါသည်။
ယနေ့လို ကုန်ဈေးနှုန်းများ ကြီးမြင့်နေသော ကာလတွင် သူမတို့လို လက်လုပ်လက်စားများအနေဖြင့် ထိုအကြွေးကို မည်သို့ဆပ်လို့ဆပ်ရမှန်းမသိပါဟုရင်ဖွင့်ပြောဆိုခဲ့ပါသည်။ ရိုးသားလှသော ကျေးရွာသူကျေးရွာသားများအပေါ် အာဏာသုံးကာ အနိုင်ထက်ပြုမူခြင်းသည် ယနေ့ကာလလို ဒီမိုကရေစီစနစ်ဖြင့်ပြောင်းလဲ အုပ်ချုပ်နေသော အရပ်သားအစိုးရတစ်ရပ်အနေဖြင့် ထိရောက်စွာကိုင်တွယ်ဖြေရှင်းသင့် ပေသည်။ ကျေးရွာသူကျေးရွာသားများမှလည်း အုပ်ချုပ်ရေးမှုးအား ပြောင်းလဲခန့်အပ်ပေးရန် မျှော်လင့်တောင်းတနေကြသည်။
Myanmar News Now
ဇီးဖြူသီး နှစ်ပြည် ဒဏ်ငွေကျပ်လေးသောင်း
Reviewed by သစ်ထူးလွင်
on
03:07
Rating:
36 comments:
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြ မှန်တာမမှန်တာတော့မသိဘူး မီဒီယာ တေ ကိုတော့ဂရု့စိုက်အုန်းနော် ....မီဒီယာဆိုလို့ ခင်ဗျားကို ဆဲတယ်ထင်နေအုန်းမယ်.....မထင်ရင်တော့ခင်ဗျား နည်းနည်းပါးပါး ရေးတတ်ဖတ်တတ်ပါလိမ့်မယ်......ဦးအောင်မြ ခင်ဗျား လစ်သွားအုန်းမယ်နော် .....အာဏာသိပ်မပြနဲ့ ၇ပ်ကျေးလောာက်နဲ့.....ကိုယ့်သေတွင်းကိုယ် တူးသလိုဖြစ်နေမယ်...
ကဲမဝါဝါအောင် လိပ်စာ မှတ်ပုံတင်နံပါတ် လွှဲရမည့်ဘဏ်ကို ပို့ပေးစေချင်ပါတယ်ကိုသစ် အဲဒီလောက်ကတော့ ကျွန်တော်ခုဖုန်းဆက်ပြီး ငွေလွှဲခိုင်းလိုက်ပါ့မယ်။
ကိုသစ်ရေ ဘယ်လိုကူညီပေးရမလဲဗျာ့
့ 
သနားပါတယ် လိပ်စာလေးသိပါရစေ
ကျွန်တော်က စ လုးံမှာပါ
ကိုသစ်ရေ ဘယ်လိုကူညီပေးရမလဲဗျာ့
့ 
သနားပါတယ် လိပ်စာလေးသိပါရစေ
ကျွန်တော်က စ လုးံမှာပါ
တော်တော်ကိုမိုက်ရိုက်လိုက်ကြတာ..ဦးနှောက်မရှိတဲ့ လူပဲ..စာနာစိတ်မရှိတဲ့ သူသူပဲ...လူကမွေးပြီးခွေးချေးပါနေတဲ့ အကောင်...ကျွန်တော်လဲဝိုင်းဝန်းကူညီချင်ပါတယ်....လိပ်စာလေးရေးပေးပါ.......
မက်ရိုင်းလိုက်တာ.....ချစ်တီး ခတ်ကိုပြန်သွားနေတာလား....အောင်မြ....ဘာမှနာမလည်တဲ့သူတွေကို...မင်းတိုကဥပဒေတွေအမျိုးမျိုးတက်..ပီရင်ချိန်းချောက်......အဓိအဖြစ်အပြက်အမှန်တကယ်စိုရင်...အထက်က kyar ပြောသလို့ ပဲမှတ်ပုံတင်နံပက်နဲ့ ...နေရပ်လိပ်စာသာပေးပို့ လိုက်ပါ..ကူညီချင်ပါတယ်....စာနာစိတ်နဲ့ ပါ......အောင်မြရေးမင်းတိုခေတ်ကုန်တော့မယ်နော်...အခုဒီမိုကရေစီးးလမ်းပေါ်ကိုအမေစုလျှောက်လမ်းနေပီနော်.........
ဟုတ်ပါ့ဗျာ..... ကူညီလို့ရမယ့် လိပ်စာလေး ရရင်တော့ကောင်းမယ်...pls..
kyar >> Thanks for your kindness behalf of Ma War War Aung . ပြီးတော့ ဥပဒေအ၇ ခြိမ်းခြောက် ငွေတောင်းမှု၊ အာဏာ အလွဲသုံးစားမှု မြောက်၊ မမြောက် သိချင်ပါတယ် ။ တ၇ားစွဲဖို့ သင့်ပါတယ်။ တချို့သူတွေအတွက်က ငွေ ၄-၅ သောင်း ဟာ တစ်ဘ၀လုံး ၇ှာတာတောင် မ၇နိုင်ပါ။
ရုပ်ရှင်မင်းသမီးက သူတစ်ပါးကိုပါးရိုက်တော့ ဒဏ်ငွေ ၁၀၀၀ ကျပ်တဲ့ ဇီးဖြူသီးလေး နှစ်ပြည်လောက်ယူတာကို ၄၀၀၀၀ကျပ်ဆိုတော့ မင်းသမီးကို အမိန့် ချတဲ့ တရားသူကြီးနဲ့  ရပ်ကျေးမှုး ကို လဲပြီးနေရာပေးရမလို ဖြစ်နေပြီ ...
ဒီလိုမျိုးလူမဆန်တဲ့...ရပ်ရွာလူကြီးတွေ...တောရွာတွေမှာအခုထိရှိနေတုန်းဘဲ...ကျနော်ကိုယ်တိုင်ကြုံဖူးတယ်...ဘာဖြစ်လို့လူတွေရဲ့စိတ်ဓာတ်တွေနောက်ဆုတ်ကုန်ရတာလဲဗျာ.....သမ္မတကြီး ဘယ်လို ဖြေရှင်းမလဲဗျာ.... ကျနော်တို့ဒေသမှာခုချိန်ထိ ရပ်ရွာလူကြီးက. မြို့နယ်က. ခရိုင်က အကြောင်းအမျိုးမျိုးပြငွေကောက်ခံတာရှိနေတုန်းဘဲ...
သစ်ပင်ခုတ်တာလဲ မဟုတ်ထင်းခုတ်တာလဲ မဟုတ်၊အသီးခူးစားတာ မင်းအဖေ တွေလို သစ်ပင်ကိုအမြစ်ကနေ တူးပြီးရောင်းစားတာမဟုတ်ဘူး။
မိုက်မဲသောလုပ်ရပ် ဖြစ်ပါသည် မြန်မာဓလေ့အရ မရှိခဲ့ဘူးပါ..။ အလေ့ကျအပင်ကို ဘယ်နှစ်ကြိမ် ရေးလောင်းပေါင်းသင်ဘူးပါသလဲ ဘယ်နှစ်ကြိမ် မြေဆီကြွေးဖူးပါသလဲ ရပ်ကျေးလူကြီးရယ်။ သူမှာလဲ ၀င်ငွေက ပိန်နေလို့နေမှာပေါ့နော်
သူတပါးမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရတဲ့ထမင်းကို စားနိုင်ကြတဲ့သူတွေ.. ၀ဋ်ဆိုတာ နောက်ဘ၀ မကူးပါဘူး....
သနားလိုက်တာ
Hi ko thit, Can i get Ma wah wah aung contact no. and address ?, i just want to help her. Pls send to my email address : yehtun07@gmail.com.Thanks.
@kyar .. အခုလို သူတပါးဒုက္ခရောက်နေတုန်း ကူညီတာကို အများကြီး ဝမ်းသာပါတယ်။ ဂုဏ်လဲယူပါတယ်။ ပြည်တွင်းထဲမှာ အဲ.လိုဒုက္ခရောက်နေတဲ.သူတွေ တစ်ပုံကြီးပါ။ အခုလိုဖေါ်ပြပေးတဲ. မီဒီယာကိုလဲ ကျေးဇူးတင်ပါတယ်။
ဒီသတင်ဟာ ကျွန်တော့်အတွက်တော့ ဒေါသလည်းထွက် သနားလည်းသနား ကြက်သီးမွှေးညှင်းလည်း ထ စေတယ်ဗျာ ..
ဘာလို့လဲဆိုတော့
(၁) ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတဲ့ လောဘဇောသမားရဲ့ မတရားအနိုင်ကျင့်မှုက လူမဆန်လွန်းလို့ ဒေါသထွက်ရတယ်။ ဒီလိုလူမျိုးကို ဆက်ပြီးလွှတ်ထားရင် ဒါမျိုးဆက်ပြီးဖြစ်နေမယ့်အပြင် အခြားလူတွေကိုလည်း ပညာပေးအနေနဲ့ ထိထိရောက်ရောက်အရေးယူသင့်တယ်။
(၂) ကျေးရွာသူ၊ ရွာသားအများစုတွေဟာ ဆင်းရဲတယ်၊ ဆင်းရဲတော့ ပညာမတတ် အသိမကြွယ်၊ ပညာမတတ် အသိမကြွယ်တော့ နားလှည့် ပါးရိုက်ဆိုသလိုခံကြရတယ်။ တောသူ၊ တောင်သားတွေရဲ့စိတ်နှလုံးတွေဟာ ဖြူစင်ဖေါ်ရွေကြလိုက်တာ မသိသိ၊ သိသိ ဧည့်သည်လာရင်တောင် ကျွေးမွေးချင်ကြတယ်။ ဒီလိုလူတွေအတွက် အရမ်းသနားဖို့ကောင်းပါတယ်။
(၃) ဒီလို မတရား အနိုင်ကျင့်မှု ရက်စက်မှုတွေ ခံရတဲ့ သနားစရာ စာနာစရာတွေ တွေ့ကြုံလာရပြီဆိုရင် ၀ိုင်းဝန်းဖေးမ၊ သနားစနာထောက်ထားတတ်တဲ့ အကြင်နာ၊မေတ္တာတရားတွေလွှမ်းခြုံတဲ့ မြန်မာလူမျိုးတွေ တွေ့ရတော့ ၀မ်းသာမိတဲ့အပြင် ကြက်သီးများတောင် ထ မိပါရဲ့ဗျာ။
အားလုံးကို ရင်ထဲက လေးစားမိပါရဲ့ဗျာ။
ဒီလို ဖြစ်ရပ်မျိုးတွေက နေရာတိုင်းမှာ ပုံစံမရိုးရအောင် ရှိနေဆဲဖြစ်ပါတယ်... မီဒီယာလွတ်လပ်ခွင့်ရလာတဲ့အချိန်မှာ ဖော်ပြပေးတဲ့ မီဒီယာတွေကို ကျေးဇူးတင်ရမယ်... မတရားမှုတွေကို များများဖော်ထုတ်ပေးကြပါ.. ဒါမှလဲ တစ်ကမ္ဘာလုံးသိပြီး ကူညီနိုင်တာရှိရင် ကူညီလို့ ရမယ်.. အကျင့်ပျက် အာဏာရူးတွေကိုလဲ လူသိရှင်ကြား ဖော်ထုတ်ရာကျမယ်.. များများ ဖော်ပြပေးစေလိုပါတယ်... ( shaeyaesatlay@gmail.com)
ကျေးရွာအုပ်ချုပ်ရေးမှုး-ဥဒမြ...(ဥပဒေရှိတာမှန်ပါတယ်) ဒါပေမဲ့စာမတတ်၊ဆင်းရဲတဲ့ရွာသူရွာသားတွေကိုစောင့်ရှောက်မှပေါ့။ သူမ...မှားပြီးတောထဲ...ဝင်မိရင်လဲ...ဆူဆဲရင်တော်ရောပေါ့...ဘာ့ကြောင့်ဒဏ်ငွေဆောင်ခိုင်းတာလဲ။
မင်းစောက်ရူးဘဲ...ဘယ်သူ့အားကိုးနဲ့မိုက်တာလဲ...ခွေးလောက်မှ...အသိဥာဏ်မရှိတဲ့ကောင်။ ဒီဘဲကိုမြန်မြန်ဖြုတ်ပြစ်ပါ။ သက်ဆိုင်ရာလူကြီး...များအား...လေးစားစွာတောင်းဆိုပါတယ်။
ကိုသစ်ရေ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ၂ နှစ်ကဖြစ်နေပေမဲ့ ခုထိ အဲဒီအကြွေးရှိနေသေးမှာပါ။ ကျွန်တော် မှတ်ပုံတင်နံပါတ် ငွေလွှဲဘဏ်လာကြည့်တာပါ။ မနက်ဖြန်ထိ ကျွန်တော်လာကြည့်ပါအုံးမယ်။
၇ွာလူကြီးပါးပိတ်၇ိုက်ပီး တစ်ထောင်ပစ်ပေးလိုက်ပြီးတာဘဲ။ ။
ကိုသစ်..
ကူညီချင်ပါတယ်ခင်ဗျာ။ ကူညီလို့ရမယ့်နည်းနဲ့ လိပ်စာရှိရင် ကွန်ယက်မှ သေချာလေး လုပ်ပေးပါ။
ဒီလိုအဆင်မပြေတဲ့သူတွေကို များများကူညီဖို့ လိုပါတယ်။ ကျနော်တို့တွေ လည်း ရုန်းကန်နေရပေမယ့် ဒီလိုအခြေအနေတွေကူညီဖို့ဆိုရင် စလုံးက မြန်မာတွေက အဆင်သင့်ပဲဖြစ်မှာပါ။
စိတ်မကောင်းစရာ ဒီလိုအဖြစ်တွေ အမြန်ဆုံး ပပျောက်ပါစေ...
ကိုသစ်ရေ ဘယ်လိုကူညီပေးနိုင်မယ် ဆိုတာလေး ကုသိုလ်ပြုပေးပါ ခင်ဗျာ..
လေးစားစွာဖြင့်
သြော်ဒီလိုနွားတွေလဲရှိသေးတာပဲနော် သူ့ပထွေးတွေသစ်တောတစ်တောလုံးပြောင်အောင်ခုတ်နေတာ တော့ ဒီကောင်တွေ အသံတောင်မထွက်ပါလားဟေ့
မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြ ခင်ဗျား ဗျာဘယ်လို လူလဲဟ လူရောဟုတ်လားမသိဘူး ကိုယ့်ကို ကိုယ်လဲပြန်ကြည့်အုံး အမှီး ပေါက်နေလားလို့ ခင်ဗျား မိုလို့ တောင်းရက်တယ်
အော် အာဏာ အာဏာ ကျွန်တော်တို့တိုင်းပြည်ကြီးတော်တော်ပျက်ဆီးနေပြီဗျာ မြန်မာနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသား သဘာဝပေါက်နေတဲ့အပင်ကအသီးခူးတာ အပြစ်လို့ဆိုရင် သူပထွေးတွေ သစ်တောတတောလုံးကုန်အောင်ခုတ်နေကြတာ ကိုတော့ဘာပြောမလဲဗျာ နေရာတော်တော်များများမှာမတရားမှုတွေဘဲတွေ့နေရတယ် ဒီအမှုတကယ်ဖြစ်မဖြစ်လေ့လာပြီးအဲဒီအောင်မြဆိုတဲ့ကောင်ကိုတရားစွဲသင့်တယ်ဗျာ
ဇီးဖြူသီး၂ပြီက ဒဏ်ငွေကျပ်လေးသောင်းဆိုတော့ တိုင်းပြည်ရဲ့ သယံဇာတတွေခိုးယူနေတဲ့ အဝီဇိ ဂျိုးကပ်မဲ့ကောင်တွေကိုရော လတ်တလောအရေးယူနိုင်မဲ့ဥပဒေကဘယ်လိုချမှတ်ထားပါသလဲ ကိုသစ်ရေ........
အဲဒီအကြွေးရှိနေသေးမှာပါ။
ကူညီလို့ရမယ့် လိပ်စာလေး ရရင်တော့ကောင်းမယ်
i want help her
pls my e mail to her IC and BANK NAME
kokomg770@gmail.com
ရွာကသြူီ့ကီးတွေတော်တော်ဆိုးနေပါလား
အပြောလွယ် အဟုတ်ကခက် အခက်အခဲရှိတွေရှိနေမှာပါ ကျွန်ဒီနေ့လာကြည့်ပါတယ်။ဘာပဲဖြစ်ဖြစ်ကြုံတိုင်းလာကြည့်ပါမယ်။
ကိုသစ် လိပ်စာလေးပြောပေးပါဗျာ
ဘုရား ဘုရား ... လုပ်ရက် လိုက်ထှာ....
စာနာဖေးမ တတ် တဲ. kyar & နေကြာရိုး တို. ကို လေး စား ပါ သည်......
မတရားမလုပ်ကြပါနဲ့
လေးသောင်းတောင် ဒဏ်ငွေဆောင်ပြီးမှပဲ နောက်ထပ်တစ်ထောင်လောက် တိုးဆောင်လိုက်ပြီး အဲဒီအုပ်ချုပ်ရေးမှုးကို ပါးရိုက်လိုက်ရမှာ ....
Kyar >> I really appriciate you for kind willing to help her . Ko Thit >>> Please , provide her detail for those who willing to help her , if you can . Thank you for all.
ကိုသစ် ကျွန်တောဒီနေ့ရောက်ပါတယ်။
Post a Comment