မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်
လွှတ်တော်တရပ်လုံးက ဂုဏ်ပြုချီးမြှင့်ထားတဲ့ ၂၀၀၈ ခုနှစ် (Congressional
Gold Medal) လွှတ်တော်ရဲ့ရွှေတံဆိပ်ဆုကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ
အခမ်းအနားနဲ့
ပေးအပ်မှာ ဖြစ်တယ်လို့ အောက်လွှတ်တော် အမတ် Nancy Pelosi ရုံးက ဒီကနေ့
ပြောပါတယ်။
ဒီအခမ်းအနားအတွက် အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရုံးက စီစဉ်ဆောင်ရွက်မှာ
ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အခမ်းအနား တက်ရောက်ဖို့ ရှိမရှိ
ဆိုတာကိုတော့ တရားဝင် မထုတ်ပြန်သေးပါဘူး။
ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ကိုယ်စားလှယ်တွေကို ပြည်သူတွေက ရွေးချယ် တင်မြှောက်ခဲ့တာဟာ မြန်မာပြည်ရဲ့အနာဂတ် ပိုပြီးကောင်းမွန်လာဖို့ အဆင့်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ အောက်လွှတ်တော်အမတ် Ms. Nancy Pelosi ရဲ့ မြန်မာ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးမှာ သမ္မတ အိုဘားမား အစိုးရရဲ့ ၀ိုင်းဝန်း ကြိုးပမ်းအားထုတ်မှုတွေကိုလည်း လွှတ်တော်အနေနဲ့ အသိအမှတ်ပြုကြောင်း ရေးသားထားပါတယ်။
မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲ တကယ်လိုလားတယ် ဆိုတာကို ပြသတဲ့အနေနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ သတင်းမီဒီယာနဲ့ အင်တာနက်သုံးစွဲမှုမှာ အကန့်အသတ်တွေကို အဆုံးသတ်ဖို့နဲ့ တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် တိုက်ပွဲတွေ ရပ်ဆိုင်းဖို့၊ စစ်မှန်တဲ့ ပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စတဲ့အချက်တွေကို အောက်လွှတ်တော် အမတ် Nancy Pelosi က ကြေညာချက်မှာ တိုက်တွန်းသွားပါတယ်။
RFA

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆု ဇွန်လမှာ ပေးအပ်မည်
Reviewed by သစ်ထူးလွင်
on
04:49
Rating:
14 comments:
အန်တီစုရေ ဆုတံဆိပ်တွေ ထားစရာနေရာကောရှိသေးရဲ့လားဗျ။
လက်ရှိခေါင်းဆောင်ကြီးတွေကိုလဲ နည်းနည်းပါးပါးခွဲဝေပေးလိုက်
ပါလားဗျာ။သူတို့ခမျာ ဘယ်သူကမှ အသိအမှတ်ပြုမခံရရှာဘူး။
ဝါးလုံးခေါင်းထဲက လမင်းကြီးတွေလိုဖြစ်နေရှာတာပါဗျာ။
အမေ....အမေ့ အစားကြည်နူးလိုက်တာဗျာ...ကျွန်တော်တို့ တောင်သူလယ်သမားတွေအတွက်..အမေကူညီပါ....အမေကူညီမှ....ကျွန်တော်တို့ နိုင်ငံတိုးတက်မှာ..ဖွံ့ ဖြိုးမှာဆိုတာသားစိတ်ထဲမှာယုံကြည်နေပါတယ်
အဖိုးတန်ကျောက်အစစ်မို့
ရွှေ ဆင့်ပြီး ကွပ်ကြတာ
ဂုဏ်ယူပါတယ်.. အမေ
ပတ္တမြားမှန်ရင်.... နွံနစ်ရိုးထုံးစံ မရှိပါဘူး အမေ။
အမေတွက်သားတိုဂုဏ်ယူပါတယ်
ကြားရတာ နားဝမှာ ပျားသကာလိုပါပဲ
ဂုဏ်ယူပါတယ်အမေ
ဂုဏ်ယူပါတယ်အမေ..ထိုက်တန်လို့ရတာပါ.ဆုချီးမြှင့်မည့် ပုဂ္ဂုလ်များ အမေမွေးနေ့က ဇွန်19 ဆိုတော့ အဲဒီနေ့လေးလာချီမြှင့်ရင် အမေစုအတွက်
မွေးနေ့လက်ဆောင်များဖြစ်မလားလို့ပါ.အမေ ဒီထက်မက ဂုဏ်ပြုဆုများနှင့်အောင်မြင်တဲ့ ရလဒ်များဆွတ်ခူးနိုင်ပါစေ.ကျန်းမာပါစေ.ဘေးအန္တာရယ်များလည်းဝေးကွာပါ စေ.2015 အတွက် ဓိတ်ဓါတ်ကောင်းသောပြည်သူများအမေအတွက် ၀န်းရံလျက်ပါ.
နိုင်ငံတော်သမတကြီးဦးသိန်းစိန်နဲဒေါ်အောင်ဆန်းစုကြည်တို
ရင်းနှီးပွင်လင်းစွာတွေဆုံမှုကစပြီးဖြစ်ပေါ်လာတဲအကျိုးကြောင့်ကျွန်တော်
တိုနိုင်ငံဟာသိသာထင်ရှားစွာပြောင်းလဲလာတဲအတွက်ဒေါ်အောင်
ဆန်းစုကြည်ကိုအခုလိုဆုပေးတာဖြစ်ပါတယ် ဒါကြောင်နိုင်ငံတော်သမတကြီးကိုလည်းကျေးဇူးတင်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကျေးဇူးတင်ပါတယ်
ဟဟ ငါတို့အမေကတော့ နွံမနစ်ဘူး ဟိုပြောင်ကြီးကတော့ဘယ်သူမှအသိအမှတ်ပြုမခံရဘူးဟေ့ သနားလိုက်တာ
Congratulation ... မေမေစု ... Gold Medal ... မေမေစု... မြန်မာပြည်၏ မီးရှုးတန်ဆောင် မေမေစု ... ပြည်ထောင်စု၏ လမ်းပြကြယ် မေမေစု ... ပြည်သူ့အချစ်တော် မေမေစု ... အားလုံးအတွက် အားလုံးက ဂုဏ်ယူနေပါမည် ...
အမေ ရယ်....ဒီရက်တွေအတွင်းမှာ အလုပ်လုပ် ရင်းနဲ့ အမေ အကြောင်း တွေးမိတိုင်း အားတက်ခဲ့ရပါတယ် အမေ...ကျေးဇူးပါပဲ အမေ ....ကျွန်တော်တို့ တိုင်းပြည်အတွက်
အမေ သမီးတို့ချစ်တဲ့ အမေ။ သက်တော်ရာကျော်ရှည်ပါစေ အမေ။
သို့ 
ချစ်ခင်လေးစားရပါသောအမေစု
"သင့်အပေါ်သို့ ကောင်းချီးမင်္ဂလာအဖြာဖြာကျရောက်ပါစေ"
နိုင်ငံရပ်ခြားက သူငယ်ချင်တွေကို တို့နိုင်ငံမှာလည်းဒီလိုတွေတိုးတက်နေပြီးလို့ ကြွားချင်လှပြီးအမေရယ်
Post a Comment