ရန်ကုန်တိုင်းဒေသကြီးတွင်
လျှပ်စစ်သုံးစွဲမှုလုံလောက်စေရန် အနည်းဆုံး မဂ္ဂါဝပ်(၈၀၀)လိုအပ်ကြောင်း
လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့(အင်ဂျင်နီယာ ဌာန)လက်ထောက်အင်ဂျင်နီယာချုပ် ဦးသန့်ဇင်က ဆိုသည်။
“အခုချိန်ထိတော့ ဘာမှအကြောင်းကြားထားတာမျိုးမရှိ သေးပါဘူး။
ရန်ကုန်တိုင်းဒေသကြီးမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မဂ္ဂါဝပ်က
သိသိသာသာတိုးလာတယ်။ ၂၀၁၂ ခုနှစ်မှာဆိုရင် (၇၄၅) မဂ္ဂါဝပ်ထိ တိုးလာတယ်။
တကယ်တမ်း လိုအပ်ချက် ဆိုရင် မဂ္ဂါဝပ် (၈၀၀)လောက် အနည်းဆုံးလိုအပ်ပါတယ်”ဟု
၎င်းက ပြောသည်။
၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၁ ခုနှစ်က လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ
(၆၉၀) မဂ္ဂါဝပ်သာရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လျှပ်စစ်သုံးစွဲမှုပမာဏ
(၇၄၅)မဂ္ဂါဝပ်ထိ တိုးမြင့်လာခဲ့ကြောင်းသိရှိရသည် ။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်
လျှပ်စစ်ဓာတ်အားသုံးစွဲမှုများပိုမိုများပြားလာခြင်းကြောင့်
တရုတ်နိုင်ငံသို့ ရောင်းချ ထားသည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၀၀)
အားပြန်လည်ဝယ်ယူပြီး ပြည်သူများအတွက် ဖြည့်ဆည်း ဖြန့်ဝေပေးရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး
ဦးဥာဏ်ထွန်း ဦးကဧပြီလ(၂၅)ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်နှစ်များကထက် ယခုနှစ်တွင်
လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုမိုများပြား လာခြင်းကြောင့်
လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို မျှတသုံးစွဲရခြင်းဖြစ်သည့်အတွက်
အလှည့်ကျဓာတ်အားပေး စနစ်ကို သုံးစွဲခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုစနစ်ကို ကျော်လွှားနိုင်ရန်အတွက် လတ်တလောတွင် စက်မှုဇုန်များသို့ဖြန့်ဝေထားသည့် လျှပ်စစ်ဓာတ်အားကို လျော့ချ ၍ ပြည်သူများသုံးစွဲနိုင်ရန်အတွက်ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ နောင်ဖွံ့ဖြိုးတိုးတက်လာမည့်ကာ လတွင်လည်း စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်များနှင့်အဆောက်အအုံများအတွက်
ထပ်မံလိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို ထပ်မံတိုးတက် ထုတ်လုပ်နိုင်မည့်
ဓာတ်အားပေးစက်ရုံများကို ထပ်မံတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင်လိုအပ် လျက်ရှိသည့်လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုနှင် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ဆောင်မှုအပေါ်တွင် စာရးဆရာကြည်မင်းက ယခုကဲ့သို့ထင်မြင်ချက် ပေးခဲ့သည် ။
“ဒါက သဘာဝကျပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က ရောင်းထားပြီးသွားပြီကို။
အမှန်က မရောင်းခင်ကတည်းက စဉ်းစားရမှာ။ အခုကိုယ်က ပြန်ဝယ်တယ်ဆိုတော့
သူတို့ကတောင်မြတ်ချင်မြတ်အုံးမှာ။ ဒါပေမယ့်လည်း ပြည်သူတွေ
လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ ဆိုတော့ ဒါက မှန်ကန် သောလုပ်ရပ်ပါ။
မရောင်းခင်ကတည်းက စဉ်းစားခဲ့ရင် ပိုကောင်းတာပေါ့။ ငွေရတာတစ်ခုတည်းကို
ကြည့်ပြီးလုပ်ခဲ့တာဆိုတော့”ဟု စာရေးဆရာ ဦးကြည်မင်းက ပြောသည်။
ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
ရန်ကုန်တိုင်းတွင် လျှပ်စစ်မီးလုံလောက်စေရန် အနည်းဆုံး မဂ္ဂါဝပ်(၈၀၀) လိုအပ်နေ
Reviewed by သစ်ထူးလွင်
on
05:07
Rating:
6 comments:
အခုလက်ရှိမီးစက်နဲ့commentsရေးနေတာ
မနက်မိုးမလင်းခင် ဘယ်ချိန်ကပျက်နေတာလဲတော့မသိလိုက်ဘူး
နိုးလာတော့ မီးမလာတာပဲသိတယ် အခုစံတော်ချိန်၁၀.၀၀နာရီရှိပြီး
ပေါ်မလာသေးဘူး..ဓါတ်ဆီတစ်ဂါလံထည့်ထားတယ်ကုန်ပြီးနဲ့တူတယ်
မေ့နေတာ မကြည့်ရသေးဘူး သွားပြီးတာ့တာ..
"စက်မှုဇုန်တွေကို ဖြန့်ဝေပေးတဲ့ လျှပ်စစ် ဓါတ်အားကို လျှော့ချပြီး ပြည်သူများသုံးစွဲနိုင်ရန် ဖြန့်ဝေပေးလျှက် ရှိပါကြောင်း"....ဒီလိုနဲ့ပဲ စက်မှုဇုန်တွေက မီးမလာလို့ မီးစက်နဲ့ ကုန်ပစ္စည်းတွေထုတ်ရပါတယ် ဆိုပြီး "ကုန်ဈေးနှုန်းတွေတက်"...ထိပြန်ပြီ "အောက်ခြေလူတန်းစားတွေ"...သြော် ဒီဝဋ်တွေကနေ ဘယ်တော့ များမှ လွတ်နိုင်မလဲ?
ရန်ကုန်အတွက် 100MW ပြန်ဝယ်မယ်ဆိုတော. ကျန်တဲ.တိုင်း၊ပြည်နယ်တွေက
ငါတို.ကလူတွေမဟုတ်ဘူးလား။ မြန်မာတနိုင်ငံလုံးစာအကုန် ပြန်ဝယ်။
မ၀ယ်နိုင်ရင် ဘာမှမ၀ယ်နဲ.။ ငါတို.လည်း အခွန်ဆောင်ပြည်သူတွေကွ။
မီးမလာပေမယ့်မီတာခကတော့လျော့မသွားပါလား။မီးဆိုဘာလဲလို့မေးရမလ
ိုဖြစ်နေပြီ။မိုးလင်းလဲမလာ။မအိပ်တဲ့အထိလဲမလာ။
ဘယ်အချိန်လာသွားမှန်းတောင်မသိလိုက်ဘူး။မီတာခတော့ဒီအတိုင်းဘဲ။
ပြောတော့လဲလျှပ်စစ်တွေပိုလို့သူများနိုင်ငံကိုရောင်းတာဆို။
ဟိုဘက်ကမ်းကမီးထိန်ထိန်တရုပ်ကြီးတို့အိမ်ဖြစ်နေပြီ။်ဒီဘက်ကမ်းကမီးမှောင်မှောင်
မြန်မာတို့အိမ်ပေါ့။
ညညမီးမလာလို့အိပ်မ၇ဘူး။
မနက်ကျရင်အလုပ်လုပ်ရ..ညတချိန်လုံးအိပ်ခွင့်မပေးတာ
ကျန်းမာရေးထိခိုက်ကုန်ပြီ။
ဆရာဝန်တခါသွား၂သောင်း။နှလုံးရောဂါလည်းရှိတယ်။
ကျမတို့ပြည်သူတွေအတွက်အရာရာနစ်နာဆုံးရှုံးမှုတွေပဲ
ပေးနေတာလား။နေပြည်တော်မှာညညသရဲတွေအတွက်
လင်းထိန်နေအောင်မီးထွန်းထားတယ်။
နိုင်ငံတော်လူကြီးတွေလုပ်ငန်းတွေအိမ်တွေမှာမီးတွေမတရားသုံးနေတာ
လျော့ပေး..လူကြီးအိမ်တွေကိုလည်းအလှည့်ကျမီးပေး..
ဒါမှမျှတမှာပေါ့...မှတ်ထားလေ..နိုင်ငံတိုင်းလူဦးရေတိုးနေသည်နှင့်အမျ
မီးသုံးစွဲရေးလည်းတနှစ်ထက်တနှစ်တိုးမှာပဲ..
တရုတ်ကိုရောင်းတာတွေပြန်သိမ်း..
ကိုယ့်တိုင်းပြည်တခုလုံးမီးပေး.
မီးကိုဖျက်ချင်ရင်နေ့ဖြတ်လူနေအိမ်တွေကိုလောလော
ဆယ်ညကိုမဖြတ်ပါနဲ့
ကျန်းမာရေးထိခိုက်ပြီး၁၀တန်းကျောင်းသားများ
စာကျက်မရအိပ်ေ၇းပျက်နေလို့
တယုတ်ကိုရောင်းထားတာက ဘယ်လောက်ကြာမှသက်တန်းစေ့မှာလဲ။
Post a Comment