မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ
စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင်
မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော်
ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ မိမိရဲ့လူတွေကို စေလွှတ်ခဲ့ကြောင်း၊ မိမိလူတွေက သူ့ကို အနီးကဘေးကင်းရာ တပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ထောက်လှမ်းရေးနဲ့ သံရုံးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။
" ကျွန်တော် သိသလောက်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ဒီပဲယင်းနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အချိန်ခါမှာ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ခေါ်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပြီးတော့ တားပါတယ်ခင်ဗျ။ ထောက်လှမ်းရေး ၁၆ ကတပ်မှူး ဗိုလ်မှူးမိုးသူက ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး အဲဒီအစီအစဉ်ရှိတယ် ဆိုတဲ့ဟာကို သွားတားတာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒီပဲယင်းရယ်၊ ဒါမှမဟုတ် ဒီပဲယင်းကို မသွားဖြစ်ရင် စစ်ကိုင်းတံတားမှာ လုပ်ဖို့၊ အခုလက်ရှိ သံရုံးမှာ ရှိတဲ့သံမှူးက သူက အဲဒီအချိန်တုန်းက အင်းဝ တံတား၊ စစ်ကိုင်းတံတားမှာ သူတပ်ခွဲမှူးနဲ့ တာဝန်ကျပါတယ်။ ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်"
ဒီပဲယင်း တိုက်ခိုက်မှုမှာ သေဆုံးသူ အရေအတွက်ကို အစိုးရကအခုထိ မကြေညာခဲ့ပေမဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အဆိုအရ သေဆုံးသူ လူ ၅၀ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဦးခင်ညွန့်က မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညီမငယ်သဖွယ် သဘောထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားမှု အပေါ်မှာလည်း နှစ်သက်လေးစားမိကြောင်း၊ မိမိအနေနဲ့ အရွယ်စုံ၊ အမျိုးစုံ အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့တဲ့ မှတ်တမ်းတွေ ရှိပါကြောင်း၊ ဒါပေမဲ့ တချို့အခြေအနေတွေဟာ ရင့်ကျက်လာဖို့ အချိန်ယူရကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်နဲ့အတူ ပူးတွဲပြီး တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အောင်အောင်မြင်မြင် ထူထောင်နိုင်ပါစေလို့ ဆုတောင်းပါကြောင်း ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
RFA
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ မိမိရဲ့လူတွေကို စေလွှတ်ခဲ့ကြောင်း၊ မိမိလူတွေက သူ့ကို အနီးကဘေးကင်းရာ တပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ထောက်လှမ်းရေးနဲ့ သံရုံးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။
" ကျွန်တော် သိသလောက်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ဒီပဲယင်းနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အချိန်ခါမှာ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ခေါ်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပြီးတော့ တားပါတယ်ခင်ဗျ။ ထောက်လှမ်းရေး ၁၆ ကတပ်မှူး ဗိုလ်မှူးမိုးသူက ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး အဲဒီအစီအစဉ်ရှိတယ် ဆိုတဲ့ဟာကို သွားတားတာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒီပဲယင်းရယ်၊ ဒါမှမဟုတ် ဒီပဲယင်းကို မသွားဖြစ်ရင် စစ်ကိုင်းတံတားမှာ လုပ်ဖို့၊ အခုလက်ရှိ သံရုံးမှာ ရှိတဲ့သံမှူးက သူက အဲဒီအချိန်တုန်းက အင်းဝ တံတား၊ စစ်ကိုင်းတံတားမှာ သူတပ်ခွဲမှူးနဲ့ တာဝန်ကျပါတယ်။ ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်"
ဒီပဲယင်း တိုက်ခိုက်မှုမှာ သေဆုံးသူ အရေအတွက်ကို အစိုးရကအခုထိ မကြေညာခဲ့ပေမဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အဆိုအရ သေဆုံးသူ လူ ၅၀ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဦးခင်ညွန့်က မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညီမငယ်သဖွယ် သဘောထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားမှု အပေါ်မှာလည်း နှစ်သက်လေးစားမိကြောင်း၊ မိမိအနေနဲ့ အရွယ်စုံ၊ အမျိုးစုံ အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့တဲ့ မှတ်တမ်းတွေ ရှိပါကြောင်း၊ ဒါပေမဲ့ တချို့အခြေအနေတွေဟာ ရင့်ကျက်လာဖို့ အချိန်ယူရကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်နဲ့အတူ ပူးတွဲပြီး တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အောင်အောင်မြင်မြင် ထူထောင်နိုင်ပါစေလို့ ဆုတောင်းပါကြောင်း ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို
Reviewed by သစ်ထူးလွင်
on
10:26
Rating:
80 comments:
ဟုတ်ပါ့မလားဗျာ ခုချိန်ကြမှ ဒီစကားပြောတာ
ဦးခင်ညွန့် ကဒီလိုပြောပြီဆိုရင်၊ Bangkok Post အနေနဲ့ ကာယ ကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတည်ပြုချက်ရယူသင့်ပါတယ်။ မှန်တယ်ဆိုရင်တော့တရားဥပဒေစိုးမိုးချိန်တန်ပြီ။
ဦးခင်ညွန့် ခင်ဗျားသတ်လို့သေခဲ့၇တဲံ့ ကျောင်းသား၊သူတွေ၊ ၇ဟန်း၇ှင် ပြည်တွေ မနည်းဘူးနော် သတ်တယ်မသတ်ဘူးဆိုတာ ဦးခင်ညွန့်အသိဆုံးပါ သေခဲ့၇တဲ့ သူတွေက ဦးခင်ညွန့်ကို ခွင့်လွတ်မယ်ထင်လား ဒါတွေဟာနှစ်တွေဘယ်လောက်ကြာမေ့ပျောက်သွားမှာမဟုတ်သလို ၇င့်ကျက်လာမှာမဟုတ်တာ ဦးခင်ညွန့်သိစေချင်ပါတယ်
ကြံဖွတ်ဆိုတာ အဲဒီကတည်းက လူမိုက်တွေပေါ့။ သူတို့ကိုယ်တိုင်ကြိုတင်ကြံစည်ပြီးမှ ဒီပဲယင်း အရေးခင်းဖြစ်တာ အဲဒီကတည်းက ဗြောင်လိမ်လာသော လူတွေကိုရိုက်ရဲ သတ်ရဲသော အဖွဲ့အစည်းအဖြစ် မုံရွာမှာထင်ရှားခဲ့တာပေါ့။
တကယ်လားဗျာ....လေးစားပါတယ်
လေးစားပါတယ် လေးခင်ညွန့်..။
တော်တော်အကြံပတ်ဆက်ယုတ်မာတဲ့သန်းေ၇ွှ
ခင်ညွန့်တို့လဲအကျယ်ချုပ်ဖမ်းတာတို့လုပ်တာပဲ ဒီ
အကြံပတ်စပ်တဲ့သန်ေ၇ွှကိုနိုင်ငံတကာခုန်၇ုံးကနေတ
၇ားစွဲ၇မယ် သူတို့တ၇ုပ်ကိုပြေးတော့မယ်ကြားတယ်
အဲ့ေ၇ှာက်မျိုးတွေပါမလွတ်စေနဲ့။
The Real Stories are coming ! ! !
Please charge to military regime...
ခင်ညွှန့်ကောင်းတဲ့အချက်တွေအများကြီးပါ...ဒါပေမဲ့ထာဝရအကြီးဆုံး၊အဆိုးဆုံးအချက်က...သူ့ကြောင့်(သန်းရွှေ)နှစ်-၂၀ အာဏာမြဲခဲ့တာပါဘဲ။
သူ့ကြောင့်လူတော်၊လူကောင်းတွေသေခဲ့၊ဘဝပျက်ခဲ့၊တာလဲအများကြီးပါဘဲ။
ဗိုလ်ချုပ်ကြိးဟောင်းဦးခင်ညွန့်ကို အမေစု ကိုယ်စားအများကြိး ကျေးဇူးတင်ပါသည်ခင်ဗျား။
Now ,people from all over the world can know what the real thing is happening at Depe yin.AND Who arrange this
အဲဒါ ပြော တာ ပေါ့ .. လူ ကို တစ်ဖက်သတ်နဲ့ ဘဲ မကြည့် နဲ့  လို့ 
Real thing is occur now.
MR PRESIDENT,
This is time to take action on DEPELYIN criminals with necessary evidences as THE CLEAN GOVERNMENT.
သန်းေ၇ွ၇ဲ့နိုင်ငံတော်လုပ်ကြံမှုကြီးကို ထောက်လှမ်းေ၇းအကြီးကဲနဲ့ ၀န်ကြီးချုပ်ဟောင်းက ဖော်ထုတ်လိုက်ပြီ။ ။
ခင်ညွန့်၊မင်းကိုယ်မင်းလိပ်ပြာလုံရင်ကိုယ်လုပ်ခဲ့တဲ့အပြစ်များစွာကို
ဝန်ခံလိုက်စမ်းပါ။
အခုလိုကယ်တင်ရှင်စကားအရင်လာမပြောနဲ့။
အဲဒါလူကောင်းစိတ်ကောင်းမပာုတ်ဘူး၊
မင်းသိထားတာတွေအများကြိးပဲ၊ဖွင့်ချပစ်လိုက်စမ်းပါ။
ဦးအောင်လင်းထွတ်ကဘာဖြစ်လို့အခုမှထုတ်ပြောရတာလဲ ။
အဓိက တရာခံအစစ်က သန်းရွှေဖြစ်နေတာကိုး ဒီလောက်ထိရုပ်မာပက်ဆက်တယ်ကွာ ......ဒီကိစနဲပတ်သတ်ပြီး သန်းရွှေ နဲ တကွပါဝင်သူအားလုံးကိုတရားစွဲပြီးသေဒဏ်ချသင့်တယ်ကွာ သေသွားတဲ ၅၀ က လူတွေပါ ပုရွတ်ဆိပ် တွေမဟုတ်ပါဘူး....လူရုပ်မာကြီး သန်းရွှေ ..မင်းအလှည်ရောက်သင့်ပြီး
ဟုတ်ပမလားကွယ်၊ အဲဒီအချိန်တုန်းက မင်းလဲဒီပုတ်ထဲကပဲပါပဲ။ ကိုယ်တိုင်ထိ ပြီဆိုဒီလို အသံတွေထွက်လာ တော့တာပါပဲ။
အဘဦးခင်ညွန့်ခင်ဗျာ ကျွန်တော်သိသလောက် အဘလို တိုင်းပြည်အပေါ်ကောင်းအောင်လုပ်ခဲတဲ သူပေါ် ဦးသန်းရွှေက အဘတပည့်တွေမကောင်းတာနဲ အဘကိုထောင်ချခဲသလို သူတပည့်တွေ ယခုထိလည်း မကောင်းသေးပါဘူး အခုထိ ထောင်မချအလုပ် မထုတ်သေးဘဲ
ရာထူးတွေပေးထားတယ် တကယ်တော့ အဘကို ဦးသန်းေ၇ွှ တော်တော်ကြေက်ပုံရတယ် ပညာလေး နဲနဲလောက်ပြန်ပေးလိုက်ပါ
ဒါဆိုရင် ဒီပဲရင်းလုပ်ကြံမှုကြီးက အမှန်ဖြစ်တယ်လို့ ၀န်ခံလိုက်တာဘဲ...
နိုင်ငံတကာတရားရုံးကိုတင်ရင် ဦးခင်ညွှန့် သက်သေထွက်ပေးမှာလားလို့
မေးချင်တယ်... ဖော်ကောင်အနေနဲ့ ..
စစ်အစိုးရတွေ အခုအချိန်ကောင်းမှာ ၀န်ချတောင်းပန်လိုက်ရင်
ပြည်သူလူထုကခွင့်လွှတ်မှာလား...
ဒါကြောင့် အမိန့်ဖီဆန်မှုနဲ့ သောက်မြင်ကပ်ပြီး ဗိုလ်သန်းရွှေက ဖြုတ်ထုတ်သတ် လုပ်တာခံလိုက်ရတာ။ ဦးခင်ညွှန့်အနေနဲ့ ဆက်ပြီး အသက်ရှည်ရှည် နေချင်သေးတယ်ဆိုရင် အစိုးရ လျှိုဝှက်ချက်တွေကို ထုတ်ဖော်မပြောဆိုဖို့ လိုအပ်တယ်ဆိုတာ သတိထားပါ။ လက်ရှိအစိုးရပေါ် ဗိုလ်သန်းရွှေက အမိန်ပေးလို့ရနေတာ အရင်စစ်အစိုးရက ခေါင်းဆောင်တွေ လက်ရှိအစိုးရမှာ ပါဝင်ပတ်သက်နေတာတွေက သတိထားစရာပါ။ အရင်စစ်အစိုးရ ခေါင်းဆောင်တွေက သူတို့မကောင်းခဲ့တာတွေကို ထုတ်ဖော်ပြောဆိုတာမျိုးကို မလိုလားတာ အသေချာပဲ အပြောဆိုသတိထားပါ။ ဒေါ်စုကလဲ သူကိုကယ်ခဲ့လို့ ကျေးဇူတင်လိမ့်မယ်လို့ မထင်နဲ့စစ်ခေါင်းဆောင်တွေဆို အသေရရ အရှင်ရရ နိုင်ငံတကာစစ်ခုံးရုံးတင်ပြီး အသေသတ်ချင်နေတာ မှားလိမ့်မယ်။
အင်.. ဘယ်လိုတွေပါလိမ့်.. ဖြစ်နိုင်ရင်လည်း ဖြစ်နိုင်ပါတယ်.. ဦးခင်ညွှန့်ကြီးကတော့ ထူးတဲ့ပုဂ္ဂိလ်တစ်ဦးဖြစ်နေလို့ပါပဲ...
အခုမှပြောတာ ယုံဘူး
ဟုတ်မှလဲ လုပ်ပါ...မောင်ခင်ညွှန့်ရယ်
အဲကိစ္စကအမှန်ဗျ။ အဲဖြစ်ရပ်မှာပါတဲ့အခုအရပ်ဖက်ရောက်နေတဲ့
ဗိုလ်မှူးတစ်ယောက်ပြောပြတာ။စောက်ဦးနှောဏ်မရှိတဲ.ခြေလျှင်တပ်က
ခွေးကောင်တွေကတကယ်လုပ်ဖို.ကြံတာ။ကြိုးကိုင်တဲ.သူတွေကလည်း
အများသိကြတဲ့အတိုင်းအောင်သောင်းတို.ကြီးမိုက်ကြီးတွေလူတစ်စုပဲ။
ထောက်လှမ်းရေးကအမေစုကိုဝင်ကယ်ထုပ်သွားရတာ။
ဘယ်အချိန်မှ အတိအကျသိရမှာလည်း အဲဒီ သမိုင်းကိုလေ..
လေးစားသွားပြီး ဦးခင်ညွန့် ရေ . . ဘ၀မှာ မကောင်းတာတွေ ဘယ်လောက်ပဲ လုပ်ခဲ့ပါစေ အခုလို လူလေးစားလောက်တဲ့ ကောင်းတဲ့ အချက်ကလေး တစ်ချက်က ဦးခင်ညွန့် ရဲ့ သမိုင်းမှာ လှပစွာ ကျန်ခဲ့မှာပါ . . ကိုယ့်သွေးသား မျိုးဆက်တွေအတွက် ချခဲ့တဲ့ အနာဂတ် မျိုးစေ့ကောင်းလေးတစ်ခုဆိုတာ သမိုင်းတွင်သွားပါပြီ . . ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သတ်သမျှ ကမ္ဘာတွင်မဲ့ သမိုင်းစာမျက်နှာ တစ်ချို့ မှာ ဦးခင်ညွန့်  ပါသွားခဲ့ပြီပေါ့ . . ဗိုလ်ချုပ်တုန်းကလည်း အခုလို ကယ်ထုတ်ပေးမဲ့သူ ရှိခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲနော် . .
သာလို့ပဲ ကူးကူး၊ မသာလို့ပဲ ကူးကူး
ခုတော့ ဒီမိုကရေစီဘက်တော်သားလို့ပဲပြောရမှာပေါ့နော်။
ဘာပဲဖြစ်ဖြစ် ဒီပဲယင်းမှာ စစ်တပ်ကနောက်ခံပြု ရမ်းကားခဲ့တယ်ဆိုတာ ဗူးပေါ်သလို ပေါ်နေတာကြာပါပြီ။
ခုတော့ အတွင်းစကားတွေက ပိုပြီးသေချာစေတာပေါ့။
if this news is the true,i am respect to u khin nyunt
ဒါဆို ဒီပဲယင်း ရဲစခန်းကလဲ စိတ်မချရဘူး ဆိုတော့ သဘောပေါ့နော်...
ဒေါ်အောင်ဆန်းစုကြည် ကို ဝိုင်းရိုက်ကြလို့  ကြားထဲက အသက်ပေး ကာကွယ်သွားတဲ့ သူတွေ ဆီက ဘာသံမှ မကြားရသေးဘူး...
ရဲစခန်း ရောက်မှ သွားခေါ်ခိုင်းတဲ့ ဦးခင်ညွှန့် ဆီက အသံစထွက် လာပါလား ဗျ...
ဘဘဗိုလ်ချုပ်ကြီး( ဟောင်း )ဦးခင်ညွှန်. ရဲ. စိတ်ထားမြင်.မြတ်မှု ကို ငယ်စဉ်ထဲက ယနေ.တိုင် လေးစားလျှက်ပါ။ သူငယ်ချင်းများ ၊ မိတ်ဆွေများ နဲ.ဆွေမျိုးများအပေါ် ထားခဲ.တဲ. စိတ်ဓာတ် ဟာလည်း အတုယူသင်.ပါတယ်။
ဘဘဗိုလ်ချုပ်ကြီး သက်တော်ရာကျော်ရှည်စွာဖြင်. ဗုဒ်ဓ သာသနာ ကို ပိုမို ကျယ်ပြန်.အောင် အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ပါစေ။
ဦးခင်ညွန့်ကို အရမ်းကျေးဇူးတင်ပါတယ်
လက်သည်ကတော.၇ာဇ၀တ်သားတွေနဲ.ကြံဖွတ်တွေပါ..
ကိုခင်ပြောတာဟုတ်မဟုတ်တော.မသိဘူး၊တဖက်က၇ိုက်ခိုင်း၊တဖက်ကကယ်ပြသလားမှမသိ.အမေစုကိုပုံစံပေးတဲ.သဘောပေါ.။.ထောက်တွေကလည်းအ၇မ်းလည်လို.ချီးသင်.ခဲ.ကြတာ။ပြည်သူ.အကျိုးလုပ်လို.မှမဟုတ်။
သွားစမ်းပါ။....
ဒီလူသတ်မှုတနေ.တော.ပေါ်မှာပါ။
ဦခင်ညွန့်ခင်ဗျား.ခင်ဗျားလဲသန်းရွှေရဲ့ယုတ်မာမူ့တွေခံခဲ့ရတာပဲ.
ခုအချိန်မှာ.ဘာမှငဲ့နေစရာမလိုဘူး..
သန်းရွှေယုတ်မာတာမှန်သမျှဖေါ်ထုပ်သင့်ပါတယ်.
ခင်ဗျားဟာ.အားလုံးကိုအသိဆုံးသူတစ်ယောက်ပါ.
ဒီသတင်းသာမှန်ရင် ဒီပဲရင်း တရားခံဟာဘယ်သူလဲဆိုတာဖေါ်ပြလိုက်တာပါ။ပြီးခဲ့တာတွေပြီးခဲ့ပေမဲ့ အားလုံးကအဓိတရားခံကိုသိချင်နေကြတာပါ။ဖေါါ်ထုတ်သင့်ပြီးနောက် သင်ပုန်းချေကြရင်းနဲံ့ မကောင်းမှုမှန်သမျှ စိတ်ကွယ်ရာမရှိကြောင်းသင်ခန်းစာပေးသင့်ပါသည်။
ဒါဆိုရင်တ၇ားခံကဦးသန်းရွေပေါ့။
သူ့ကိုကလဲ့စားချေတဲ့အနေနဲ့
နိုင်ငံခြားလာရင်ပြန်လုပ်ကြံမယ်။
အဖိုးကြီးheart ထိသွားစေရမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့ပါတယ် ဆိုပြီး ဗိုလ်ခင်ညွန် မျက်နှာပန်းလုပ် ပြောဆိုသွားပုံကို လက်မခံနိုင်ပါဘူး။ အာဏာရှိစဉ်အချိန်မှာ အာဏာအလွဲသုံးစားလုပ်ပြီး ဖမ်းဆီးညှင်းပန်း နိပ်စက် သတ်ဖြတ်ခဲ့တာ သူ အမိန့် ၊ သူတာဝန်ပေးချက်တွေ အများကြီးရှိပါတယ်။ အာဏာကို ခုတုန်းလုပ်ပြီး စစ်ထောက်လှမ်းရေးတွေ အတိုက်အခံကျောင်းသား ပြည်သူတွေကို နိပ်စက်ခဲ့တာ ယနေ့ အထိထောင်တွေထဲမှာ သမိုင်းတွေရှိပါတယ်။ တိုင်သူပြည်သားအားလုံးရဲ့ အသက်အိုးအိမ် ကို ကာကွယ်စောင့်ရှောက်ရမှာ ဘယ်သူတာဝန်လဲ။ အကာအကွယ်ပေးရမှာက သူတာဝန်ပါ။ အခမဲ့ ကယ်တင်ခဲတာ မဟုတ်ပါဘူး။ နိုင်ငံ လစာနှင့် အာဏာကိုယူထားတဲ့ဝန်ထမ်းတွေ အားလုံး လူထုအပေါ် သစ္စာရှိရမှာပါ။ သန်းရွှေအပေါ်သစ္စာရှိ အာဏာရှင်နှင့် ပေါင်းပြီး အာဏာမျှဝေ ယူခဲ့ကြတာ ခင်ညွန်နှင့် စစ်ထောက်လှမ်းရေးတွေ ပါတယ်။ စစ်ကျွန် စစ် ထောက်လှမ်းရေးတွေက တိုင်ပြည် ကို အလုပ်အကျွေးမပြုခဲ့ပဲ သန်းရွှေအမိန့်ကိုသာ နာခံပြီး တိုင်ပြည်အပေါ် သွေဖီခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီပဲယင်း နိုင်ငံတော် အကြမ်းဖက်လုပ်ကြံမှု့ ကြီးကို ခင်ညွန်က အမှန်တကယ် ကယ်တင်နိုင်ခဲ့တယ်ဆိုရင် စစ်ထောက်လှမ်းတွေက ဒီအမှု့ ကို သိသိနဲ့ ထိမ်ချန် လျှိုဝှက် ခဲ့သူတွေ ဖြစ်လို့  သူတို့ မှာပါ အပြစ်မကင်းပါဘူး။ တာဝန်မကျေသူ ဘဝကနေ တာဝန်ကျေသူဖြစ်အောင် ပြည်သူနှင့် အမှန်တကယ်ပူပေါင်းပြီး ဒီအဖြစ်မှန်ကို ဖွင့်ဟဖို့ လုပ်သင့်ပါတယ်။ အာဏာရှင်စနစ်ကို နောက်လာမည့် ကိုယ့်မျိုးဆက်တွေ လက်ထဲ မရောက်အောင် အစွမ်းကုန် လုပ်ဆောင်ဖို့  ပြည်သူကို အသက်နဲ့ ပေးကာကွယ်ဖို့  ကျန်ရှိနေသေးတဲ့ ဘဝကို တိုင်ပြည်အတွက် အလုပ်အကျွေးပြုဖို့ တိုက်တွန်းပါတယ်။ ဦးအောင်လင်းထွတ်ကို အပြည့်အဝ ယုံကြည်ပါတယ်။
ရေဦး ရဲစခန်း ကနေကယ်ထုတ်သွားတာပါ။ရေဦး ရဲစခန်းမှာ ဒေါ်စု အမှုဖွင့်ပါသေးတယ်။ စခန်းက လက်မခံပါ။ ခေါင်း မှာ ဒဏ်ရာ ရထားလို့ ရေဦး ဆေးရုံမှာပဲ ဆေးထည့်ပါသေးတယ်။
စစ်ခုံရုံးက မြန်မာပြည်အတွက်မရှိတာလား မသိချင်ယောင်ဆောင်တာလား?
ဒုတိယကမ္ဘာစစ်ကျန် နာဇီတွေတောင်မှအခုထိစစ်ဆေးနေသေးတာ
ကုလသမ္မဂ အဖွဲ့ဝင်တွေထဲမှာ မြန်မာပြည်ပါတာတော့ဟုတ်ပါတယ်နော်
ခင်ညွန့် လည်းအာဏာ၇ူးတစ်ယောက်ပါ သူ့လက်ထက်မှာ သူ့၇ဲ့
ထောက်လှမ်းေ၇းတွေ ကျောင်းသားတွေ ပြည်သူတွေကို နည်းမျိုးစုံနဲ့
နှိပ်စက် သတ်ဖြတ် ထောင်ချခဲ့တာ သူမပြုတ်သေးဘူးဆိုယင် ဒါတွေ
ဆက်လုပ်နေဦးမှာ လူပေါင်း ၅ဝ လောက် သေဆုံးခဲ့တဲ့ စစ်တပ်၇ဲ့
သတ်ဖြတ်ခဲ့တာသူတို့အချင်းချင်းအာဏာလု လာတ်စား အဝေမတဲ့ဖြစ်ပြီး ထောင် နန်းစံ တော့မှ ဖော်ကောင်လာလုပ်တာ သူလုပ်ထားတဲ့ အပြစ်တွေကို လျှော်ချင်တာလား အခုတော့ စစ်တပ်ဘက်ပြန်သွားလို့ မ၇တော့ ပြည်သူ့ဘက်တော်သားယောင်
သူတော်ကောင်းယောင်ဆောင်နေတာ ဒီလို လူမျိုးတွေ အများကြီးပါ
ဒီစကားကို ပြောတာသိပ်ဆန်းပါတယ်၊ သန်းရွှေ ကိုအသေသတ်တာလား?
သူတော်တဲ့အကြောင်း သူတော်ကောင်းဖြစ်ကြောင်းသက်သေပြချင်တာလား၊
ထောက်လှမ်းရေးကျင့်ထောက်လှမ်းရေးကြံကြံနေတာလား ? မင်းအောင်လှိုင်ကို
အာဏာ သိမ်းခိုင်းနေတာလား? အောင်လင်းထွဋ္ဌ် နဲ့ခင်ညွန့်..ဘာတွေလဲ?
ခင်ညွန့်ကိုဖမ်းရင်ထပ်ဖမ်း၊ သန်းရွှေ တို့တတွေခုံရုံးတက်ရင်တက်..
ခွေး မင်းအောင်လိုင် အာဏာသိမ်းရင်သိမ်း...လောလောဆယ်တော့ ပြည်သူ
မတွက်ကောင်းကွက် မမြင်လှပါ..ထောက်လှမ်းရေးတွေကို သတိထားပါ
...ကြောက်စရာ စကား အခုအခြေအနေကို ပျက်ပျားစေမဲ့စကား ၊ရှုပ်ထွေးစေတဲ့စကား ကို ထောက်လှမ်းရေး (သူလဲလူသတ်သမား)ကြီးက
သူထက် လူပိုသတ်ခဲ့တဲ့ စစ်ခွေးအိုကြီး အကြောင်း ဖော်လိုက်ပါပြီခင်ဗျား....2015 ခုမှာ NLD ကိုမဲပေးချင်ပါသေးတယ် ...ဒါတွေနဲ့ပြည်ဖျက်ဖို့ မလုပ်ပါနဲ့ စစ်ခွေးအိုတစုရယ်...
တကယ်တော့ အဒီလောက ရောက်သွားရင် လူကောင်း လုပ်ချင်တောင် လုပ်လိုမလွယ်ဘူးဆိုတာ သိထားသင့်ပါတယ်။ လူကောင်း လုပ်ချင်တိုင်း လုပ်လိုရမယ်လိုများ ထင်နေသလား။ အဒီလောကကြီးမှာ။ ဗိုလ်ချုပ်မှူးကြီး စောမောင် (သူပြောခဲတဲ့လေ စစ်သားဆိုတာ အချိန်တန်းရင် စစ်တန်းလျားကို ပြန်ရမယ်ဆိုပြီး တကယ်လည်း သူပြန်ချင်ခဲ့တာဘဲ) သူ ပြန်လိုရခဲ့လိုလား စဉ်းစားကြည့်။သင့်ပါတယ်။
အခုလိုအမေစုကို ကယ်တင်ခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်ကိုလည်း ကျေးဇူးတင်ပါတယ် နောက်နောင်ကို အမေစုတွက် လုံခြုံရေးကိုလည်းကြပ်ကြပ်မတ်မတ်ဆောင်ရွက်ပေးစေချင်ပါတယ်။ကျွန်တော်တို့ရဲ့ဖခင်ကြီးဖြစ်ခဲ့ ဗိုလ်ချုပ်အောင်ဆန်းလိုတော့ အဖြစ်မခံနိုင်ပါဘူး။ အဲဒီအတွက် အမေစုနားမှာရှိနေတဲ့သူတွေရယ် အမေစုကိုချစ်တဲံ့သူတွေရယ်အားလုံးမှာ တာဝန်ရှိပါတယ်။
အမှန်တရားဆိုတာဖုံးကွယ်လို့မရဘူးဆိုတာသက်သေပြလိုက်ရအောင်....
ဦးလေးဥိးခင်ညွန့် ရေ အခုမှတော့ လာပြောမနေနဲ့ ခင်ဗျားလည်းဒီပုတ်ထဲကဒီပဲပါဘဲ။သတိတော့ ထားကြဟေ့ ကျားသေကြီးကိုအသက်သွင်းမိသလိုဖြစ်နေပါ့မယ်ဗျာ။
အဲ့ဒီစကားမှန်မမှန်တော့ သေချာမသိပါဘူး။ ဦးအောင်လင်းထွဋ်ကတော့ အဲ့ဒီအကြောင်းကို နာဂစ်မုန်တိုင်းပြီးထဲက ဖွင့်ထုတ်ခဲ့တာပါ။ ဒီပဲယင်း ကိစ္စကြောင့် ဦးခင်ညွန့်ကို သန်းရွှေက အမျက်တော်ရှခဲ့တာဆိုပဲ။ ထောက်လှမ်းရေးတွေလဲ အဲ့ဒါကြောင့် မျိုးဖြုတ်ခံခဲ့ရတာပါတဲ့။ သူတို့ကလဲ ကျောင်းသားတွေ အပေါ်မိုက်ရိုင်းခဲ့ကြတာကိုး။ သူတို့ဖြစ်တော့ ဘယ်သူမှ ဂရုမစိုက်တော့ဘူးပေါ့။ ကြားခဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ ဘယ်ကမှ အစထပ်မထွက်လာတဲ့သတင်း တစ်ပုဒ်အဖြစ်ပြီးသွားခဲ့တာပါ။ ခုတော့ ဦးခင်ညွန့်ကိုယ်တိုင် ဆွဲထုတ်လိုက်တာဆိုတော့ ဘယ်ခြေလှမ်းပြီး ဘယ်ကိုလျှောက်တယ်ဆိုတာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။ တို့ကတော့ စောင့်ကြည့်ချင်သေးတယ်။
ဖြစ်နိုင်ပါတယ်။အရင်တုံးကထုတ်ပြောခဲ့ရင်သူလဲအသက်နဲ့ကိုယ်အိုးစားကွဲသွားမှာပေါ့။ဒါတောင်နောက်ဆုံအဖမ်းခံလိုက်ရသေးတာပဲ။အခုကတော့စစ်အစိုးရလုပ်ချင်သလိုလုပ်လို့မရတဲ့အချိန်ဖြစ်သွားပြီလေ။ဒါကြောင့်ပြောတာနေမှာပါ။
ဘာကြောင်ပဲပြောပြော လုံးဝလုံးဝ မယုံဘူး ဒင်းလဲ ရက်စက်ခဲ့တဲ့သူပဲ ဘာတွေ ဆင်ကြံကြံနေလဲမှ မသိတာ အမှန်တကယ်စိတ် ထားမှန်ရင်နိုင်ငံတကာစစ်ခုံရုံး မှာတရာဆွဲပေးပါလား?
ဘာကြောင်ပဲပြောပြော လုံးဝလုံးဝ မယုံဘူး ဒင်းလဲ ရက်စက်ခဲ့တဲ့သူပဲ ဘာတွေ ဆင်ကြံကြံနေလဲမှ မသိတာ အမှန်တကယ်စိတ် ထားမှန်ရင်နိုင်ငံတကာစစ်ခုံရုံး မှာတရာဆွဲပေးပါလား?
ကိုခင်ညွန်ရေ့။ခင်ဗျားပြန်လာတာ
ကောင်းကျိုးထက်၊ဆိုးကျိုးက ပိုများလိမ့်မယ်ဗျို့။
For the future of the country ,you should stay away from Politics.
ကျွန်တောတို့ အခြေခံဥပဒေကို လာမည့် ၁၁ လပိုင်းမှာပြင်ပါမယ်။များပြာတဲ့ ပြည်သူတွေရဲ့ဝေဒနာတွေဟာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း ခံစားတာတွေနဲ့တစ်ထပ်တည်းဖြစ်ပါတယ်။ ၁၂ လပိုင်းမှာ ဦးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်နှတ်ဆက်ပါမယ်။ ၁ ၊ ၁ ၊ ၂၀၁၃ မှာ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးအရ နှီုင်ငံ၏ဖြစ်ပျက်သမျှတွေကို သုံးသတ်ရွေးထုတ်ပြီး အရေးကြီးတဲ့ အနာကိုဖန်ရည်ဆေးပါလိမ့်မယ်။အဲဒီမှာ ဦးခင်ညွန့်က ဘယ်ပိုးဘယ်အရွက်နဲ့သတ်ရမယ်ဆိုတာ ဝင်ရောက်ကူညီပါလိမ့်မယ်။ဒါကြောင့် ပြည်သူတွေရဲ့ဝေဒနာတွေကိုလည်း ဖြေရှင်းရာတထပ်တည်းကြနေတာကို တစ်တိုင်းပြည်လုံးအုံးအုံး ကျွက်ကျွက်အားပေးပါလိမ့်မယ်။ခုတော့သီးခံနေတာ အကောင်းဆုံးဖြစ်ပါတယ်။လူသတ်သမားအားမည်သူမျှပြန်မသတ်ပါဘူး (ဥပဒေက)သတ်ပါလိမ့်မယ်။ကျုပ်တို့သိတာထက် သူပိုသိပါတယ်။ရှေ့က ကျူးကျူးမနေကြပါနဲ့ တောင်းပန်ပါတယ်။
lwanaymie ဆိုတဲ့သူ ပြောတာလက်ခံတယ်။ ဦးခင်ညွန့်ဟာ ကောင်းကွက်လေးတွေတချို့တော့ရှိချင်ရှိမှာပေါ့။ ဒါပေမဲ့ လူတော်လူကောင်းတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ပြီး အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ပူးပေါင်းလုပ်ခဲ့သူတစ်ယောက်ဆိုတာမမေ့ကြပါနဲ့။
ဒီအချိန်မှာ ဦးခင်ညွန့်ဟာ သူ့ကိုထောင်ထဲထည့်ခဲ့တဲ့ ဦးသန်းရွှေကို လက်စားချေတဲ့အနေနဲ့ လူတိုင်းသံသယ၀င်ခဲ့တဲ့အချက်ကို အတည်ပြုပြီး ၀ှက်ဖဲတပ်ချပ်ကို ထုတ်ပြလိုက်တာပါပဲ..။ ဦးခင်ညွန့်သာ တိုင်းပြည်ကိုစေတနာရှိတယ် ဒါမှမဟုတ် ဦးသန်းရွှေကို တုန့်ပြန်ချင်တယ်ဆိုရင် ..အဲဒီတုန်းက အမိန့်ပေးသူက ဘယ်သူ စီစဉ်သူကဘယ်သူ ဆိုတာတွေနဲ့ နောက်ပိုင်း အတွင်းစည်းထဲက ဒီပဲယင်းကိစ္စအတွက် ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကို အတိအကျ ချပြဖို့ကြိုးစားမှာပဲ..။
အဲဒီအချိန်ကျရင် ဦးသန်းရွှေကလည်း အစိုးရအဖွဲ့ထဲမှာ ကျန်ရှိနေတဲ့ အမေစုအပေါ် မကောင်းမြင်တဲ့ သဘောထားတင်းမာသူ တပည့်ရင်းတချို့နဲ့ တိုင်းပြည်ကို မွှေနှောက်ဖို့ ကြိုးစားဦးမှာပါပဲ။ အထက်ကို အရမ်းလေးစားရိုကျိုးခဲ့တဲ့ ဦးမင်းအောင်လှိုင်တစ်ယောက်လုံး ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတာကိုလည်း ပြည်သူတွေသတိရကြပါဦး...။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ နိုင်ငံအာဏာသိမ်းသူတွေအားလုံးက စစ်တပ်က ကာချုပ်တွေချည်းပါပဲ..။ ဒီသတင်းက တိုင်းပြည်အတွက် ကောင်းကျိုးပြုမယ့်သတင်းမဟုတ်တာတော့သေချာတယ်..။
အဲဒီလို ကျားအိုကြီးနှစ်ကောင်အားပြိုင်ပွဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်အေးချမ်းတိုးတက်ရေးကို မထိခိုက်ဖို့အတွက် ပြည်သူလူထုကကော ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ကပါ ပါးပါးနပ်နပ် လှည့်ပတ်ရှောင်ကွင်းနိုင်ဖို့လိုပါတယ်။
လူဆိုတာ ပတ်ဝန်းကျင်နဲ့ အသက်အရွယ်အားလျော်စွာ ပြောင်းလဲတတ်တဲ့ သဘောတရားရှိတဲ့ သတ္တ၀ါတစ်မျိုးပဲ။ အမြဲတမ်း ဆိုးနေမယ်၊ အမြဲတမ်း ကောင်းနေမယ်လို့တော့ ဘယ်သူကမှ ဘယ်သူ့ကို အာမခံချက် မပေးနိုင်ပါဘူး။ တစ်ချိန်က ဖခင်သတ်ခဲ့တဲ့ အဇာတသတ်တောင်မှ သင်္ဂါယနာတင် သာသနာ့ဒါယကာကြီး ဖြစ်သွားပါသေးတယ်။ ဦးခင်ညွန့်နဲ့ ပတ်သက်ပြီး အပြစ် ကို အပြစ်လိုပဲ သဘောထားပြီး၊ ကောင်းတဲ့ အချက်ကလေးတွေကိုလည်း ကောင်းတဲ့ အလျောက် ရှုမြင်ပြီး လက်ကမ်းကြိုဆိုသင့်ပါတယ်။ ဒီအချိန်မှာ အားလုံးအတွက် အပြုသဘောဆောင်သင့်တဲ့ အချိန်ပါ။
လူဆိုတာ ပတ်ဝန်းကျင်နဲ့ အသက်အရွယ်အားလျော်စွာ ပြောင်းလဲတတ်တဲ့ သဘောတရားရှိတဲ့ သတ္တ၀ါတစ်မျိုးပဲ။ အမြဲတမ်း ဆိုးနေမယ်၊ အမြဲတမ်း ကောင်းနေမယ်လို့တော့ ဘယ်သူကမှ ဘယ်သူ့ကို အာမခံချက် မပေးနိုင်ပါဘူး။ တစ်ချိန်က ဖခင်သတ်ခဲ့တဲ့ အဇာတသတ်တောင်မှ သင်္ဂါယနာတင် သာသနာ့ဒါယကာကြီး ဖြစ်သွားပါသေးတယ်။ ဦးခင်ညွန့်နဲ့ ပတ်သက်ပြီး အပြစ် ကို အပြစ်လိုပဲ သဘောထားပြီး၊ ကောင်းတဲ့ အချက်ကလေးတွေကိုလည်း ကောင်းတဲ့ အလျောက် ရှုမြင်ပြီး လက်ကမ်းကြိုဆိုသင့်ပါတယ်။ ဒီအချိန်မှာ အားလုံးအတွက် အပြုသဘောဆောင်သင့်တဲ့ အချိန်ပါ။
ဦးခင်ညွန့် လူတွေရှေ့ထွက်မလာပါနဲ့တော့ ပြည်သူတွေစိတ်ဝမ်းမကွဲစေချင်လို့ပါ။
(Thai ရှပ်နီ၊ရှပ်ဝါ။ Pakistanအလီဘူတို၊....)
သူပြောတာ မှန်လောက်ပါတယ်။ ဦးခင်ညွန့် က အရမ်းခေါင်းပါးတယ်။ အန်တီစု ကို ဒီပဲရင်းမှာ အစဖျောက် တာ ဖြစ်နိုင်တယ်။ ဥဏ်မရှိတဲ့သူတွေအလုပ်ပေါ့။ ဥဏ်ရှိတဲ့သူက ပါးပါးလေးနဲ့လက်တလုံးခြားလုပ်သွားတာ။ ရှင်းရှင်းပြောရင် ဦးသန်းရွှေကြီး က ရုပ်မာတတ်တဲ့စိတ်မရှိရင် လူဖြောင့်တစ်ယောက်ဖြစ်နိုင်ပါတယ်။သူမကျေနပ်ရင် မကျေနပ်တာကို ထုတ်ပြောမဲ့လူမျိုးဖြစ်နိုင်တယ်။ ရှေ့မှာတေြာ့ပုံးပြီး နောက်မှာ တော့ ဓားနဲ့ထိုးဖို့ကြံနိုင်လောက်အောင် ဥဏ်မကောင်းပါဘူး။ ဦးခင်ညွန့် ကတော့ အကုန်လုံးကို ပါးပါးလေးနဲ့ကြည့်နေပြီး သူသာမယ်ထင်ရင် ၀င်အုပ်နိုင်တဲ့ ဥဏ်ပြေးတဲ့သူမျိုးပါ။ဒီအချိန် မှ ဒီသတင်းကိုပြောတယ်ဆိုထဲက စဉ်းစားကြည့်လေ။ သူသာတကယ် သူ့အကြိုးအတွက်မကြည့်ရင် အဲ့ဒီ ဒီပဲရင်း ဖြစ်တုန်း က သူလဲမပြုတ်သေပါဘူး။ တစ်ခုခု လုပ်နိုင်တယ်လေ။ အန်တီစု တစ်ခုခု ဖြစ်ရင် ကမ္ဘာနေမှာမဟုတ်ဘူး ပြီးတော့ ရှင်းရခက်တဲ့ပြဿနာတွေကိုသူက မြင်နေလို့ ငတုံးအလုပ်ကိုမလုပ်တာ။ ဘယ်လိုဘဲပြောပြော သူတို့အားလုံး ဒီပုတ်ထဲ က ဒီပဲတွေကြီးဘဲ။ လူမသိအောင်ဥဏ်ရှိရှိ ညာတတ်တာတဲ့ လူသိအောင်ညာတာဥဏ်မမှီဘဲ ညာတာဘဲကွာတယ်။
စစစ အမှုကိစ္စ အကြောင်းဘာဖြစ်လို့မပါတော့တာလဲ။သိချင်ပါတယ်
တကယ်လို့ လက်ကမ်းကြိုဆိုကြမယ်ဆိုရင် တချိန်က ဗိုလ်ချုပ်ကြီး ဟာ ဘီလူးခေါင်းဆောင်းထားတဲ့ သူတော်ကောင်းပဲ ဖြစ်မှာပါ
သူတို့ရဲ့ သွားရာလမ်းက မလှပယုံသာမက လူ့ပြည်ပြန်လာဖို့ကို မလွယ်လှဘူး.......။
ဦးခင်ညွန့် ကိုကောင်းတာတွေလုပ်ခဲ့သလို ဆိုးတာတွေလုပ်ခဲ့တယ်ဆိုတာကိုလဲ လက်ခံပါတယ် ဒါပေမဲ့သူလုပ်ခဲ့တဲ့အထဲမှာ လူပြောများလောက်အောင် ဆိုးဆိုးဝါးဝါး လုပ်ခဲတာတော့သိပ်မတွေခဲ့ပါဘူး တပ်မတော်အရာရှိ့တော်တော်များများမှာ ဦးခင်ညွန့်ကိုလက်ခံတဲ့သူ ဟာ ၆၀%ကျော်လောက်ရှိမယ်ထင်ပါတယ် ဦးခင်ညွန့်ကောင်းကွက်တစ်ခုကိုထောက်ပြပါမယ် knu နဲ့ငြိမ်းချမ်းရေးယူဖို့ရန်ကုန်မှာ စကားပြောချိန်က ဦးခင်ညွန့်နဲ့ ဗိုလ်မြတို့ စကားပြောခဲ့တဲ့ vdo ခွေကျွန်တော်မှာရှိပါတယ် အလင့်သင့်ရင်ဆိုက်တစ်ခုကိုတင်ပေးပါမယ် အဲဒီမှာဦးခင်ညွန့်ပြောခဲတာတွေကတကယ်ကိုတန်ဖို့းရှိပြီးငြိမ်းချမ်းရေးရပြီးထင်ခဲ့တာပါ အဲဒီနောက် ဘယ်လိုပြသာနာတွေဖြစ်လဲတော့ မသိတော့ပါဘူး ငြိမ်းချမ်းရေးလဲပြက် ဦးခင်ညွန့်လဲအဖမ်းခံရတော့တာပါပဲ အဲဒါတွေက ဦးခင်ညွန့်နိုင်ငံတော်ပေါ်မှာစေတနာထားခဲ့တဲ့သာဒကတွေပါကြည့်ဖူးသူတွေသိမှာပါ ဗိုလ်မြနဲ့ဦးခင်ညွန် ဖထီးနဲ့ဖိုးထော် တို့ရဲ့vdo ကိုတင်ပေးလို့ရရင်တင်ပေးပါအုံးမယ်
ဒါဆို ကျွန်တော် ကြား ထား တာ နဲ့ တစ်ကယ် ဖြစ် တာ နဲ့ အတူ တူ ပဲ ပေါ့ . ကျွန်တော် အသိတွေ က လည်း ပြော ဘူးတ ယ်
ဦး ခင်ညွန့် ကယ် လိုက်တယ် ဆိုတာကို ပေါ့
ကောင်း ပါတယ်. ကျေး ဇူး တင်ပါတယ်
အခု လို လုပ် ကြံမှု ကို တော့ တရား စွဲသင့်တယ် .
ပစ်မှု ဆိုတာ အို ဟောင်း သွား တာ မဟုတ် ဘူး ဆို တာ သက်သေ ပြသင့်တယ် လို့ ယုံကြည်တယ် လုပ်လိုက် ကြပါ ဗျာ
ဘာရည်ရွယ်ချက်နဲ့ အခုလိုပြောသလဲဆိုတာ စဉ်းစားစရာပါ။ သူမပြောလို့ကော ဘာဖြစ်သွားမှာလဲ လို့တွေးနေမိတယ်။ ဦးခင်ညွန့်ဟာ အင်မတန်ပါးရည် နပ်ရည်ရှိတဲ့ သူတစ်ယောက်ပါ။ အလကားနေတော့ အကွက်မရွှေ့ဘူးလောက်ဘူးလို့ထင်ပါတယ်။ ခွင့်လွှတ်နိုင်သူတွေ ခွင့်လွှတ်၊ မေ့ဖျောက်နိုင်သူတွေ မေ့ဖျောက်ကြပေမယ့် ကျမက သူ့ကို ခုထိမယုံကြည်သေးဘူးဖြစ်နေတယ်။ သူလွတ်လာချိန်ကစလို့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာမှန်သမျှတော့ ကျမတို့ ကြိုဆိုရမယ်။ ဒါပေမယ့် စောင့်လဲကြည့်ရဦးမယ်။ ကြားထဲက အန်တီစုကိုပဲ ကျမသနားတယ်။
ကယ်တင်တာက ခုမှ ကယ်တာလား.. အော်.. ဦးခင်ညွှန့်တို့ သဘောထားကြီးချက်ကတော့ ယုံရက်စရာ တစ်ကွက်မှ မရှိဘူး။
ဒီပဲယင်းမှာ သေခဲ့ရတဲ့ လူက အားလုံးပေါင်း (၇၀) ကျော်ရှိတယ်
လို့ သိရပါတယ်။ အမေစုကိုယ်တိုင် အခုလက်ရှိအချိန်ထိ စာရေးလို့ရတဲ့ ပိုက်ဆံနဲ့ အဲဒီမိသားစုတွေကို တတ်နိုင်သလောက်ထောက်ပံ့ပေးနေတယ်ဆိုတာ ဦးဥဏ်ဝင်းက ထုတ်ဖော်ပြောဘူးပါတယ်။ ဒါပေမယ့် ဒီအကြောင်းတွေကို မေ့ပစ်လိုက်ပါမယ်လို့
အတိအလင်း ပြောကြားထားပါတယ်၊ဒါပေမဲ့ ပြင်လို့မရနိုင်တာ
က သမိုင်းပါ။ တတိုင်းပြည်လုံးရဲ့ ဆန္ဒအရ ကတော့ ဘယ်လိုမှ
မေ့ပျောက်ဖို့မဖြစ်နိုင်ပါဘူး။ သမိုင်းဝင်လုပ်ကြံမှုကြီးပါ။ ပြည်သူ
တွေက မေ့ထားလိမ့်မယ်လို့တော့ ယောင်လို့တောင် အိပ်မက်မမက်လိုက်ကြပါနဲ့။အခြေအနေအရ မေ့ထားရတဲ့သဘောပါ။သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ပါဝင်ပတ်သက်ခဲ့ကြသူများအားလုံးကို သတိပေးလိုက်ပါရစေ။
ဒေါ်အောင်ဆန်းစုကြည်ကို တကယ်တမ်းကယ်တင်ခဲ့တဲ့လူတွေက
အဲဒီအဖြစ်အပျက်တုန်းက အမေစုကို ကာကွယ်ရင်း အသေခံသွားခဲ့ကြတဲ့ ပြည်သူတွေပါ။
ဦးခင်ညွန့် ခု သင်္ခဏ်းစီးနေပြီလို့ သိရပါတယ်။ မနိုင်းကောင်းပေမဲ့ အင်ဂုလိမာလ မထေရ်ကြီးလည်း ဆရာကိုကြောက်တော့ သူခိုင်းတာတွေလုပ်ခဲ့ရတယ်။(လက်ညှိုးတွေလိုက်ဖြတ်ပေးခဲ့ရတယ်။)ခုလည်း ဦးခင်ညွန့်ရေ ... ဒေါ်ကြိုင်ကြိုင်ကိုကြောက်လို့၊ဥိးသန်းရွှေကိုကြောက်လို့...စတဲ့အကြောင်းတွေကြောင့် လူတွေသတ်မိန့်ပေးခဲ့ပေမဲ့ ဒီပဲရင်းမှာ ကျွန်တော်မပါရိုးအမှန်ပါ လို့သာ ပြည်သူကိုတိုင်တည်ပြီး သစ္စာဆိုလိုက်ပါလားဗျာ..။ခင်ဗျားရဲ့စကားဟာ အင်မတန်တန်ဖိုးတက်သွားမှာလို့ ပြောလိုပါတယ်..။
အဲကိစ္စကအမှန်ဗျ။ အဲဖြစ်ရပ်မှာပါတဲ့အခုအရပ်ဖက်ရောက်နေတဲ့
ဗိုလ်မှူးတစ်ယောက်ပြောပြတာ။စောက်ဦးနှောဏ်မရှိတဲ.ခြေလျှင်တပ်က
ခွေးကောင်တွေကတကယ်လုပ်ဖို.ကြံတာ။ကြိုးကိုင်တဲ.သူတွေကလည်း
အများသိကြတဲ့အတိုင်းအောင်သောင်းတို.ကြီးမိုက်ကြီးတွေလူတစ်စုပဲ။
ထောက်လှမ်းရေးကအမေစုကိုဝင်ကယ်ထုပ်သွားရတာ။
(i understand it is done by PAKKU Military are changed as like monk)
ဘယ်သူကစစ်မေးလို့ အဲလိုဝန်ခံတာလဲ
မဟုတ်၇င် ဒီလူကြီး ဘာဝင်၇ွှတ်ချင်လို့ ကျားကွက်ခင်းနေလဲမသီဘူးနော်
neglect လုပ်ထားလိုက်ကြ၇င် ပိုကောင်းမယ်ထင်တယ်
အင်း ကောင်းပါတယ်
အဘ ဦးခင်ညွန်က သူတော်ကောင်းပါ
အမေ စုနဲလက်တွဲပီးနိုင်ငံ့တော်အတွက်လုပ်၇င်ဲမြန်မာနိုင်ငံကပိုပီး
တိုးတက်မှာပါ...................
အမေစုနဲလက်တွဲပီး2015 မှာေ၇ွးကောက်ပွဲမှာ လက်တွဲ၇ှင်ပြိုင်သင်ပါတယ်............
ဘုမသိဘမသိနဲ့..ဟိုကဘူးသီးမှအရီးလာတော်ပြတာတွေကိုအဟုတ်မှတ်ပြီးတက်ရေးကြတဲ့လူတွေစိတ်ပျက်စရာ.ဒီမိုကရေဆီရေစီးနဲ့တကျော့ပြန်ဝင်လာချင်တဲ့အဖိုးကြီးခင်ဗျားနားသင့်ပြီ.နားလက်ဆနဲ့
တကယ့်ကို သက်စွန့်ဆံဖျား ၀င်ကယ်လိုက်တဲ့ ထောက်လှမ်းရေးတွေပဲနော်။ သူပြောတာ သတိထားပြီး ဖတ်ကြည့်လိုက်ကြပါအုံး။
ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်" တဲ့။
ရဲစခန်းရောက်ပြီးမှ ခေါ်သွားတာပါ။ သတ်ပွဲမှာ တကယ် ကယ်ထုတ်သွားတာ ပြည်သူတွေပါ။
ဒီသတင်းကိုကြားပြီးမှ သနားစရာကောင်းတဲ့ အမေစုကို ပိုပြီးလေးစားသွားပြီ.
ရဲစခန်းရောက်မ ဖမ်းရအောင်ခေါသွားတာပါ.ကယ်တာကဒေါအောင်ဆန်းစုကြည်ကိုမဟုတ်ပါဘူး။သူနဲ့သူ့ရဲ့အာဏာရူးပေါက်ဖော်တွေကိုကယ်တာပါ။အမေစုတာတစ်ခုခုဖြစ်သွားရင်သူတို့ကိုthe whole world က၀ိုင်းအစော်ခံရမှာစိုးလို့ပါ
ဒီ ဒီပဲယင်း အဖြစ်အပျက်နဲ့ ပါတ်သက်ပြီး ငါတို့ ဒီပဲယင်းသားတွေကပိုလို့ 
ခံစားရပါတယ်။ နအဖ ကသေဆုံးသူ ၄ ဦးလို့ ကြေငြာပါတယ်။
အမှန်တကယ် သေဆုံးသူ ၇၀ ၀န်းကျင်ပါ။ရက်စက်မှုကတော့ ရှားမှုရှားပါ။
ဒဏ်ရာရပြီး အသက်ရှင်ကျန်ရစ်သူ ရှိကြလား။အလောင်းတွေကိုကော ပိုင်ရှင်
လက်ပြန်ရောက်လား။ ပြေးနိုင်လို့ လွတ်လာတဲ့ သူ ၃ယောက်ကို ပုဂံ ရွာက
တောင်သူလယ်သမားပုံပြောင်းပြီး မုံရွာဘက်ပြန်ပို့ ပေးရတယ်လို့  ပုဂံ ရွာကသူငယ်ချင်းတွေကပြောကြတယ်။ တို့ ရွာက ငါတွေ့ ကြုံ့ တဲ့ ကို.....ဆိုခုချိန်ထိ ဒီပဲယင်းအရေးအခင်းနဲ့ ပါတ်သက်
ရင်တခွန်းတောင်မပြောရဲဘူး။ သေဆုံးသူတွေကို ညချင်းပဲ စစ်ကားတွေနဲ့ 
နမခ ဘက်ကိုသယ်သွားတယ်။နောက်ပြီး ဘယ်လိုလုပ်ပစ်တယ်ဆိုတယတော့ မသိနိုင်တော့ဘူး။ ဒီပဲယင်း ရဲစခန်းကနေ ကယ်ထုတ်သွားတာမဟုတ်ပါဘူး။ ကိုနွေမင်းလွင် ပြောတဲ့ 
ရေဦးရဲစခန်းကနေ ကယ်ထုတ်သွားတာ အမှန်ပါ။
ဘကြီးခင်ရေ.....ဘကြီအောင် လိုပုံပြောကောင်းတယ်နော်...နောက်ဆို TVအစီစဉ်မှာ မောင်ညီမလေးတို့ရေလို့လုပ်နော်....အခုတော့ ဘကြီးကနှစ်ကောင်စားပြီးကင်းဝင်ဖို့ ဆင်ကြံကြံတာကိုကလေးတောင်သိပါတယ်ပြည်သူတွေလဲခံရပါများလို့ရိုးနေပြီ.အေးဆေးနားပါတော့ဗျာ ၀င်မရှုပ်ချင်ပါနဲ့တော့...ခင်ဗျားကြီးဦးနှောက်ကောင်းလွန်းလို့ကျုပ်တို့နိုင်ငံပညာရေးစုတ်ပြတ်သတ်ခဲ့ရတယ်ဆိုရင်ဘာပြောချင်လဲ..
အိမ်တအိမ်မှာတောင် သားသမီးချင်းတူတာမဟုတ်ဘူး၊ ကောင်းတာရော ဆိုးတာပါရှိနေတာ၊ မိဘတွေလဲ ချော့တန်ချော့၊ ခြောက်တန်ခြောက် လုပ်ရတာပဲ။ ကိုယ်အိမ်ကိုယ်ဘဲ ဘာအသံမှမထွက်အောင် ထိန်းကြည့်အုံး။ အပြစ်လိုက်ပြောပြီးဝေဖန်တဲ့ခေတ်ကုန်ပြီ။ အကြိုးပြုလေးတွေ ရေးကြပါဗျာ။
ကြယ်ပြာရဲ့ သဘောထားလေးကောင်းပါတယ်။ဒီပဲယင်းကိစ္စကိုကြားတိုင်းခံပြင်းစိတ်ဖြစ်မိပါတယ်။ဒါပေမဲ့ အတုံ့အလှဲ့လက်တုံ့ပြန်ဖို့ထက် ပိုပြီးအရေးကြီးတာကို အမေစုတို့ လုပ်ဆောင်ကြမှာပါ။ဘဘဦးတင်ဦးကတော့"ဟဲ ဟဲဟဲ "အသံထွက်အောင်ရယ်မောရင်း မဟုတ်ကြောင်းပြောသွားပါတယ်။ရည်ရွယ်ချက်ရှိရှိနဲ့ ဖွလိုက်တာပါ။
သန်ရွှေကအကြံပေး....
ခင်ညွန်.ကလက်တွေ......ခင်ညွန်ကြောင့်ဘဝပျက်သူတွေဒုနင်ဒေးပါ
Post a Comment