တောင်ဥက္ကလာပ ဟေမ၀န်ဈေး မီးလောင်ကျွမ်းမှု မြင်ကွင်း (ရုပ်/သံ)


တောင်ဥက္ကလာပ (၁၀) ရပ်ကွက်၊ မေတ္တာလမ်းပေါ်မှာရှိတဲ့ ဟေမ၀န်ဈေးမှာ ဧပြီလ (၁၀)
ရက်နေ့ နံနက် ၁ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ ဈေးထဲမှာရှိတဲ့ ဈေးရုံ ၂၄
 ရုံမှာ ရုံ(၂၀) မီးလောင်ကျွမ်းခံခဲရပါတယ်။

 ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့တွေအားလုံးနီးပါလာရောက်တာဝန်ထမ်းဆောင်
 နေပါတယ်။ မီးသတ်ကားအင်အား (၃၀) ကျော်လောက်နဲ့ အထောက်အကူပြုယာဉ်တွေလည်းလာရောက်ငြိမ်းသတ်နေတာကိုတွေ့ရပါတယ်။
ဒီဗွီဘီ
တောင်ဥက္ကလာပ ဟေမ၀န်ဈေး မီးလောင်ကျွမ်းမှု မြင်ကွင်း (ရုပ်/သံ) တောင်ဥက္ကလာပ ဟေမ၀န်ဈေး မီးလောင်ကျွမ်းမှု မြင်ကွင်း (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 09:17 Rating: 5

8 comments:

Ar Ga said...

မီးဘေးသင့်သူတွေအားလုံးအတွက် စိတ်မကောင်းစ၇ာပါဗျာ ။ ပြီးတော့ မီးသတ်တပ်ဖွဲ့၇ဲ့ စွမ်းဆောင်၇ည်ကို လဲ မေးခွန်းထုတ်စ၇ာပါ ။ လောင်စာကုန်မှ ငြိမ်းတာမျိုးက မဖြစ်သင့်ပါ ။ အခု မြင်၇သလောက် မီးသတ်သမားတွေမှာ ဘာ Equipment မှ မ၇ှိပါ ။ မီးသတ်သမားတွေမှာ အနည်းဆုံးတော့ မီးခံ ၀တ်စုံ ( Bunker Suit) , အပူခံ ဦးထုတ်နဲ့ အပူခံ မျက်နှာကာမှန် ( Helmet with Face Shield ) , ကျောပိုးလေဘူး ( Self- Contained Breathing Appratus), အပူခံ လည်၇ှည် ဖိနပ် ( Fireman Safety Shoe) တွေပါ၇ပါမယ်။ မီးသတ်သမား တစ်ဦးချင်း၇ဲ့ ဘေးအန်တ၇ာယ် ကာကွယ် ပေး၇ုံသာမက မီးကို အဲဒီ အကူအညီနဲ့ အနီးနား ကပ်ပြီး ငြိမ်းလို့ ၇လို့ အဖွဲ့လိုက် စွမ်းဆောင်၇ည် အ၇မ်းတိုးတက်စေပါတယ်။ အခုနည်းစနစ်က ဘာ Equipment မှာမ၇ှိတော့ မီးကို အနီးကပ် ငြိမ်းလို့ မ၇လို့ အဝေးကေ၇ဖြန်းနေ၇ပြီး လောင်စာကုန်မှ ငြိမ်းသွားတာ ၊ မီးသတ်လုပ်နိုင်တာက ဘေးကို မကူးစက်ဘို့လောက်ဘဲ တားနိုင်တာ သဘာဝ မကျပါ ။ မီးကို အနီးကပ်တိုက်၇ိုက် ငြိမ်းသတ်နိုင်၇ပါမယ် ။ ဒါမှ ဆုံး၇ှုံးမှု သက်သာမှာပါ ။ မီးသတ်မှာ နိုင်ငံတကာက လှုထားတဲ့ အထက်ဖော်ပြပါ Equipment တွေ၇ှိပါတယ် ။ အလှပြထားဖို့ မဟုတ်ပါ ။ ထိထိေ၇ာက်ေ၇ာက် အသုံးချနိုင်ဖို့လိုပါတယ်။ သိပ်မဝေးတဲ့ အနာဂါတ်မှာ စွမ်းဆောင်၇ည် ပြည့်ဝတဲ့ မီးသတ်တပ်ဖွဲ့ ဖြစ်ပြီး ပြည်သူတွေ၇ဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် တွေကို ထိထိေ၇ာက်ေ၇ာက် ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Topsidon21 said...

ဈေးအဟောင်းတွေတစ်ခုပြီးတစ်ခုမီးလောင်ကျွမ်းနေတာသံသယဖြစ်စရာပါ..

လောကပါလ said...

မြန်မာနိုင်ငံကဈေးတွေမီးခဏခဏလောင်တာ အစိုးရမှာအဓိကတာဝန်ရှိပါတယ်။သူတို့မီးမှန်အောင်ပေးလို့ရရက်နဲ့မပေးတာ။ီးကသူလာချင်တဲ့အချိန်လာတော့မီးခလုတ်တွေကိုပိတ်ခဲ့မှန်းမသိမိန်းချခဲ့မှန်းမသိ။ဇော်မင်းဘာလုပ်နေလဲ

oakkar said...

မီးစလောင်တော့ကျွန်တော်တို့ရှိတယ်၊ပတ်ဝန်းကျင်ပြောစကားအရဈေးခေါင်းရုံ
နားကစလောင်တယ်လို့သိရတယ်၊အဆင့်မြင်ဈေးကြီးဆောက်ချင်လို့မီးက
လောင်လိုက်ပြန်ပြီးထင်တယ်.....
မီးကြီးရယ်...အဆင့်မမြင်ရင်နေပါစေမလောင်ပါနဲ့တော့...
ဒီအတိုင်လဲအဆင်မြင်ဈေးဆောက်လို့ရပါတယ်..အော်..ဒုက္ခ..ဒုက္ခ...
မြန်မာပြည်မှာမီးလောင်မှအဆင့်မြင်မယ်ထင်တယ်၊(၁၀)ရပ်ကွက်ဈေးက၊
အတွင်းထဲမှာလဲလူတွေကိုပိုက်ဆံယူးပြီးအခန်းငှားနေကြတယ်လို့သိရတယ်

a said...

တိုက်ဆိုင်မှုဆိုရင်လည်းလွန်လွန်းတဲ့တိုက်ဆိုင်မှုတွေပဲ၊တစ်နိုင်ငံလုံးပတ်ပြီးဈေးတွေမီးလောင်နေတယ်၊ဈေးသူဈေးသားနဲ့ဈေးဝန်းကျင်ကလူတွေကိုယ်တိုင်စောင့်ရှောက်မှဖြစ်တော့မှာ၊ဒါမှနောက်တစ်ခါဖြစ်ခဲ့ရင်ဘယ်သူ့လက်ချက်လည်းဆိုတာလောက်တော့သိရမှာ၊လုံခြုံရေးလက်ထဲအပ်ထားရုံနဲ့မလုံခြုံဘူးဆိုတာလက်တွေ့ပဲ။

နေမျိုးပိုင် said...

ဟုတ်တယ် မီးလောင်ပြီဆို ဈေးပဲ။ ဘယ်မြို့မှာပဲ လောင်လောင်
ဈေးပဲလောင်တယ်။ ဒါစဉ်းစားစရာပဲ။ ဈေးဆိုပေမယ့်လဲ
ညကျရင်
လူတွေက ရှိနေတယ်လေ။ ဈေးဆိုတာက သူ့ဘာသာလောင်ဖို့က သိပ်ပြီးတော့မဖြစ်နိုင်ပါဘူး။ အိမ်ကတော့ပေါ့ဆလို့လောင်နိုင်တယ်ဈေးပိတ်ရင် အကုန်လုံးကတော့ကိုယ့်ဆိုင်ကိုယ်မီးပိတ်ပြီးမှပြန်ကြ
တာပဲ။ ခဏခဏဈေးပဲလောင်နေတာ သိပ်ပြီးတော့ သဘာဝမကျဘူး ။သည်ထဲက တစ်ယောက်ပြောသလိုပဲ လန်ကြုပ်ဖြစ်နေဦးမယ်။ဒါဆိုရင်တော့စိတ်မကောင်းစရာပဲ။ရွှေဆိုင်တွေလည်းရှိတယ် အထည်ဆိုင်တွေလည်းရှိတယ်ဆိုတော့
ပိုပြီးသံသယဖြစ်စရာပဲ။

Oo lay Gyi said...

မီးသတ်သမား ၀န်ထမ်းတွေကို..........အပြစ်မတင်ချင်ဘူးဗျာ........
မီးသတ်သမားရဲ့ဘ၀အာမခံချက်........
သူတို့မီးသတ်ရင် အသက်လုဲံခြုံရေး အတွက်အထောက်ကူကရိယာပစ္ဏည်း
ပြည့်စုံအောင်သူတို့ဌာနကစီစဉ်ပေးမှပေါ့...........

Anonymous said...

ဈေးတွေမီးကိုဂရုစိုက်ကြပါ

Powered by Blogger.