ဥရုချောင်းတံတား ဖြတ်သန်းခွင့် ပိုမိုကောက်ခံသူ ကန်ထရိုက် လုပ်ကိုင်ခွင့်ရုတ်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာ နဲ့ သဖန်းကုန်းရွာကြား ဥရုချောင်းကိုဖြတ်ပီး ဆောက်လုပ်ထားတဲ့ ဥရုတံတားကို အခုလ ဧပြီ (၁)ရက်နေ့ကစပီး တံတားဖြတ်သန်းခ စတင်ကောက်ခံနေပါတယ်။
အဆိုပါ ဥရုတံတား လေလံမဲစနစ်အောင်မြင်သူ ဦးမင်းလွင်ဦး သည် စာချုပ်ပါစည်းကမ်းချက်များ
 ဖောက်ဖျက်၍ တံတားဖြတ်သန်းခ ကောက်ခံခွင့်ရုပ်သိမ်းလိုက်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန မှ ယနေ့ ထုတ် အစိုးရပိုင် သတင်းစာမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ယနေ့ ထုတ် သတင်းစာပါ ဖြတ်ပိုင်းကိုတွေ့ ရစဉ်


Myanmar News Now မှ အောက်ပါ သတင်းကို ဧပြီလ ၂ ရက်နေ့ ၂၀၁၂ က ဖော်ပြခဲ့
ပြီးနောက် သက်ဆိုင်ရာမှ ချက်ချင်းအရေးယူဆောင်ရွက်ခဲ့တာကိုတွေ့ ရပါသဖြင့်
ဒေသခံပြည်သူများနဲ့ အတူ MNN မှ သက်ဆိုင်ရာအား အထူးကျေးဇူးတင်ရှိပါသည်။

Myanmar News Now
ဥရုကြိုးတံတား

စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာ နဲ့ သဖန်းကုန်းရွာကြား ဥရုချောင်းကိုဖြတ်ပီး ဆောက်လုပ်ထားတဲ့ ဥရုတံတားကို အခုလ ဧပြီ (၁)ရက်နေ့ကစပီး
တံတားဖြတ်သန်းခ စတင်ကောက်ခံနေပါတယ်။

ဒီတံတားကို အားထားပီးတော့ နမ်တော-နောင်ပိုအောင် မှ ဟုမ္မလင်းသို့ နေ့စဉ်သွားလာနေ
ရတဲ့ အဓိကတံတားကြီးဖြစ်ပါတယ်။ ဒီဒေသက သွားလာရေးမှာ အဓိက အားဖြင့် ဆိုင်ကယ်
ကိုပဲ အများဆုံးအသုံပြုနေရပါတယ်။

သဖန်းကုန်းရွာနဲ့ နောင်ပိုအောင်စံပြကျေးရွာဆိုတာလည်း နှစ်ရွာတစ်ရွာလိုဖြစ်နေပီး
တစ်နေ့ကို ဆိုင်ကယ်တစ်စီးနဲ့အသွားပြန် (၅) ခေါက်လောက် လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ပညာရေးကိစ္စအတွက်ပါ မသွားမဖြစ်သွားလာဖြတ်သန်းနေရတာဖြစ်
ပါတယ်။

အခု ဥရုတံတား လေလံအဖွဲ့က ဆိုင်ကယ်တစ်စီးကို ဖြတ်သန်းခ (၅၀၀)ကျပ်
ကောက်ခံနေပါတယ်။တစ်နေ့ကို (၅)ခေါက်ထက်မနည်းသွားလာနေရတဲ့ဒေသခံတွေ
ဟာ အသွားပြန်တစ်ခေါက်ဆိုရင်ပဲ (၁၀၀၀)ကျပ်ကုန်နေပီ (၅)ခေါက်ဆိုရင် (၅၀၀၀)ကျပ်
ကုန်နေပါပီ။

ဆိုင်ကယ်ဖြတ်သန်းခ ဈေးကြီးတာကြောင့် ဟိုဘက်ဒီဘက်သွားဖို့တောင် ဆိုင်ကယ်ဖြတ်
သန်းခ(၅၀၀)ကျပ်ဆိုတာကြီးက အပူတစ်ခုလိုဖြစ်နေတာကြောင့် ဒေသခံတွေ
တော်တော်လေးစိတ်ညစ်နေပါတယ်။

ဒီဥရုတံတားဖွင့်စကဆိုရင် ဆောက်လုပ်ရေးဝန်ကြီးမှ တံတားဖြတ်သန်းခ ကောက်ခံဖို့
မသင့်တဲ့ဒေသဆိုပီး တံတားကို အခမဲ့ဖြတ်သန်းစေခဲ့ပါတယ်။ ဥရုတံတားဖွင့်ပီး ၂၀၁၀
ခုနှစ် လောက်ကစကာ နောင်ပိုအောင်ဒေသဖွံ့ဖြိုးရေးရံပုံငွေအတွက်ဆိုပီး ကြံ့ဖွတ်ပါတီအမတ်ဦးခင်မောင်ဆွေမှ ဦးစီးပီး တံတားဖြတ်သန်းခကို စတင်ကောက်ခံ
ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း အခုလိုပဲ ဒေသခံတွေစိတ်ညစ်ခဲ့ရပါတယ်။အဓိကပြောချင်တာကတော့ အစိုးရအဖွဲ့မှ လေလံပေးထားတဲ့တံတားမှန်ရင်လည်း ဆိုင်ကယ်ဖြတ်သန်းခ တစ်စီး (၅၀၀)ကျပ်ကို ပြန်လည်ပီး ပြင်ဆင်ပေးဖို့ ဒေသခံတွေနဲ့ထပ်တူ သမ္မတဦးသိန်းစိန်နဲ့တကွ
 သက်ဆိုင်သူများသိစေရန်တင်ပြအပ်ပါတယ်။                                                                                                                                                                                                                                                                                                                                                                                                                                                      ( နောင်ပိုအောင်စံပြကျေးရွာ ဒေသခံတစ်ဦး)
Myanmar News Now
ဥရုချောင်းတံတား ဖြတ်သန်းခွင့် ပိုမိုကောက်ခံသူ ကန်ထရိုက် လုပ်ကိုင်ခွင့်ရုတ်သိမ်း ဥရုချောင်းတံတား ဖြတ်သန်းခွင့် ပိုမိုကောက်ခံသူ ကန်ထရိုက် လုပ်ကိုင်ခွင့်ရုတ်သိမ်း Reviewed by သစ်ထူးလွင် on 17:26 Rating: 5

21 comments:

aye year htun said...

ကြိုဆိုပါတယ်ဗျာ ပြည်သူတွေဘက်ကိုငဲံ့ကွက်တဲံ့အတွက်

Myanmar said...

ကျေးဇူးအ၇မ်းတင်ပါတယ် ပြည်ထောင်စုကြံ့ခိုင်ေ၇းနှင့် ဖွံ့ဖြိုးေ၇းအစိုး၇ခင်ဗျာ။ေ၇ှ့ဆက်လက် ပြည်သူကို နှိပ်စက်ကိုယ်ကျိုး၇ှာ အစိုး၇ဘ၀ကနေ ပြည်သူကိုကာကွယ်ပေးတဲ့ ပြည်သူ့အစိုး၇ဖြစ်လာပါစေလို့မျှော်လင့်ပါ၇စေခင်ဗျာ။ ဒီလိုသာဆို အတိုက်ခံနှင့် အစိုး၇အဖွဲ့စည်းများ ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်မည်ဖြစ်ပါသဖြင့် အလွန်တ၇ာထူးမြတ်တဲ့ သတင်းကောင်းဖြစ်ပါကြောင်းဖြင့် နိုင်ငံသားတစ်ဦးအနေဖြင့် ၀မ်းသာအား၇ ဂုဏ်ယူစွာကြိုဆိုလိုက်၇ပါကြောင်း......။ ။

kpg thar said...

ဝမ်းသာမိပါတယ်လို့ လေးစားစွာ ပြောလိုပါတယ်။ အမေစု ပြောတဲ့ ပါတီရဲ့မူဝဒ(၃)ရပ်မှာ -
(၁) တရားဥပဒေ စိုးမိုးရေး ဆိုတာ ဒါပါပဲ။
အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးမဟုတ်ဘူးနော်။ ဥပမာ - လျှပ်စစ်ဝန်ကြီးဌာနရဲ့ ၀န်ကြီးရဲ့ အိမ်၊ သားသမီး မိသားစုရဲ့အိမ်၊ သမ္မတကြီးရဲ့ အိမ် စတာတွေလည်း ပြည်သူတွေလို မီးအလှည့်ကျပျက်တယ်ဆိုရင်၊ တရားမျှတသော ဥပဒေ စိုးမိုးလာပြီလို့ ပြောချင်ပါတယ်။ တရားမျှတတဲ့ ဥပဒေ၊ စည်းကမ်းရှိလာပြီဆိုရင် ပြည်သူတွေ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ရှိလာကြမှာလည်း တစ်ခုအပါအ၀င်ပါ။ ပြည်သူတွေ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်အောင် ရင်ဝယ်သားကဲ့သို့ ဂရုတစိုက် အလေးထားတဲ့ ခေါင်းဆောင်ဟာ ပြည်သူတွေရဲ့ရင်ထဲမှာ ကြည်လင်မှုတွေနဲ့ မှတ်တမ်းတင် လေးစားချစ်မြတ်နိုးခံရမှာပါ။ ယခုကိစ္စဟာသမ္မတကြီးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ မှတ်ကျောက် တစ်ခုပါပဲ။
အခြားအခြားသော ၀န်ကြီးဌာနများဟာလည်း ယခုဖြစ်ရပ်လိုပဲ မှတ်ကျောက်တင်နိုင်ကြလိမ့်မယ်၊ မှတ်ကျောက်တင်ခံရဲလိမ့်မယ်လို့ ယုံကြည်ပါတယ်။

thethnin said...

ကိုသစ်တို့ရဲ့ကျေးဇူးတွေပါ
ပြည်သူတွေအတွက် အခုလို ငဲ့ကွက်တဲ့ အစိုးရ ဝန်ကြီးတွေကိုလဲ ကျေးဇူးအထူးပါဗျာ

ေ၇ာသမမွှေ said...

အေး ဒီလိုမှပေါ့ကွ ဒါအကောင်းများစွာထဲက ၁ခုပါပဲ ၀မ်းမြောက်မိပါတယ် မြန်မာတပြည်လုံ့းအတိုင်းအတာနဲ့ စစ်ဆေးပြီးလုပ်ဆောင်စေချင်ပါတယ်

Anonymous said...

ပြည်သူတွေ၇ဲ့ အသက် အိုးအိမ် စည်းစိမ်ကို အလေးဂရုပြုတဲ့ မည်သည့် အစိုး၇အဖွဲ့ မဆို လူတန်းစားမရွေးလက်ခံကြိုဆိုပါတယ် တိုင်းပြည်အနာဂတ်ကောင်းစားေ၇းအတွက် ညီညွတ်သောစိတ်ဓါတ် ဥပဒေစိုးမိုးေ၇းလုပ်၇ပ်များကိုပြတ်သားစွာအေ၇းယူခြင်းဖြင့် အများ၏ယုံကြည်လက်ခံမှုကိုတည်ဆောက်ကြမယ်ဆို၇င် ဒို့ ပြည်သူတွေ သူများနိုင်ငံမှာ ကျွန်ခံစ၇ာမလိုတော့ ပါ။ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တန်းတူအခွင့် အေ၇းပေးကြကာ စည်းလုံးကြပါစို့ ။

zzmyoe said...

ပြည်သူအကျိုး ကိုဖော်ဆောင်တဲ့ အစိုးရကိုပြည်သူတွေက လေးစားမှာအသေအချာပါဘဲဗျာ။

micromyo said...

ငါတို့လိုခြင်တာ ဒါဘဲ။

MyintOo said...

သက်ဆိုင်ရာမှ ချက်ချင်းအရေးယူဆောင်ရွက်ခဲ့တာကိုတွေ့ ရပါသဖြင့်
ဒေသခံပြည်သူများနဲ့ အတူဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း............

အရှိအတိုင်း said...

ဝမ်းသာစရာ သတင်းပါ...ဒီဖြစ်ရပ်ကိုကြိုဆိုပါတယ်...ကိုသစ်ရေ ကျေးဇူးပါ...

လမင်းလေး said...

မြန်မာပြည်ပြန်လည်ကောင်းမွန်လာမယ့်အလားအလါပါ။တခြားနေရာတွေမှာလည်းဒီလိုပဲရှိနေအုံးမှာပဲ။ဆက်လက်အရေးယူပြီးမြန်မာပြည်ပြန်လည်ကောင်းဖို့အတွက်အားလုံးလက်တွဲဆောင်ရွက်နိုင်ပါစေလို့ဝမ်းမြောက်စွာဆုတောင်းပေးပါတယ်ဗျာ။

yelpaing said...

ကောင်းတာကိုလုပ်ရင် ကောင်းသလိုကြိုဆိုပါတယ်။ကြံ့ ခိုင်ရေးအဖွဲ့ ကြီးရဲ့ ကောင်းမွန်တဲ့မူဝါဒတွေ ပြည်သူ့ အကျိုးကိုရှေးရှုတဲ့ လုပ်ဆောင်မှုတွေကို ဆက်ပြီး ပိုပြီးလုပ်ဆောင်သွားလိမ့်မယ်လို့ လည်းမျှော်လင့်ပါတယ်။ ။တဖက်မှာလည်း အဆင့်မရှိတဲ့ လေးဂွနဲ့ ချောင်းပစ်တာတွေ အိမ်မီးရှို့ တဲ့လုပ်ရပ်တွေ ရေတွင်း တွေပိတ်ပစ်တာတွေဆိုတာတွေလည်း အလွန်ကိုအကျည်းတန်တဲ့လုပ်ရပ်တွေဖြစ်တဲ့ အတွက်အဲဒီလို စိတ်ထားရှိတဲ့အဖွဲ့ ဝင်တွေကိုလည်းဖေါ်ထုပ်ဖယ်ရှားပစ်ဖို့ လိုပါလိမ့်မယ်။ ။

Thurein said...

Congratulation USDP! Very happy to hear that media bring positive impact. Keep it up Ko Thit! If media post not only negative aspects but alos postive actions of the government, I belive that also encourage them stpe forward to clean government. Brovo, Ko Thit and Team.

တို့ခေတ် said...

ကြိုဆိုပါတယ် ခင်ဗျာ ။ သတင်းကောင်း တခုပါပဲ ။ ဒီလို ပြည်သူတွေ ဘက်ကို ကြည့်ပေးသင့်တာ ကြာပါပြီ။

chawthu said...

ဒီလို လုပ်တာကိုတော့ ဝမ်းပမ်းတသာ ကြိုဆိုပါတယ်......။ ဥပဒေစိုးမိုးမှု ရှိတယ်ဆိုတာ ဒါမျိုးတွေ လုပ်ဆောင်နိုင်တာကို ဆိုလိုတာ.....။ မသမာမှုတွေ၊ အဂတိလိုက်စားမှုတွေ၊ အနိုင်ကျင့်ဖိနှိပ်မှုတွေ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကိုလည်း တရားမျှတမှု ရှိအောင် ဆက်လက်ပြီး ဆောင်ရွက်နိုင်ပါစေ.....။ အာဏာရှင် အစိုးရလက်ထက်က အဆင့်ဆင့် ဖျက်ဆီးခဲ့တဲ့ စိတ်ဓာတ်တွေကို ဥပဒေတွေနဲ့ ပြန်လည်တည့်မတ်ပေးကြပါ..... အပစ်ပေး အရေးယူပေးကြပါ.....။ ဒါမှ ပြည်သူက တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ စစ်စစ်ဖြစ်မယ်.......

တံတားစောင့်နတ် said...

နေရာတိုင်းမှာ စုန်းပြူးတော့ရှိမှာ အမှန်ပါဘဲ။အဲလို ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုတ်ရအောင် ပါတီအမည်ခံ လုပ်စားနေသူတွေကိုလည်း ရှင်းလင်း ဖယ်ရှားသင့်ပါတယ်။အခုလို အရေးယူဆောင်ရွက်ပေးတဲ့ သက်ဆိုင်သူများကို အထူးဘဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

တံတားစောင့်နတ် said...

ဟင်...လေလံစည်းကမ်းက ဆိုင်ကယ်တစ်စီး (50)ဆို၊ ဒီကောင်တွေ နားကြားမှားတာနေမှာ အခု ဆိုင်ကယ်တစ်စီး အသွားပြန် (200) လုပ်နေပြန်ပီ။

ပီနောင်တိုင်း said...

ကိုသစ်ရေ ကျေးဇူးပါဗျာ။ ပြည်သူ့အသံကိုနားထောင်ပြီးစီစစ်ဆောင်ရွက်ပေး သောအစိုးရအဖွဲ့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျာ။ဆိုင်ကယ်ဖြတ်သန်း ခကို(၅၀)ကျပ်သတ်မှတ်ထားတယ်လို့အစိုးရပိုင်သတင်းစာမှာဖတ်လိုက်ရပါတယ်ဒါပေမဲ့ဆိုင်ကယ်ဖြတ်သန်းခမှာအသွား(၁၀၀)အပြန်(၁၀၀)ကျပ်ဖြစ်နေပါတယ်။တခုခုလွဲနေသလားဗျာ၊ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့စာချုပ်ပါစည်းကမ်းကိုလျစ်လျူရူ့ နေတယ်ထင်လို့ပါ။

Lay Gyi Moe Gyi said...

ပြည်သူ့အသံနားထောင်ပေးပြီး transparency ရှိစွာမြန်မြန်အရေးယူပေးတဲ့သမ္မတကြီးဦးသိန်းစိန်၊ဆောက်လုပ်ရေးဝန်ကြီးဦးခင်မောင်မြင့်နဲ့ဌာနမှဝန်ထမ်းများကို လေးစားပါတယ် ....

lwannaymie said...

(၁၀၀)ကတော့...စီးပွားရေးအရ...လုပ်ရသာအဆင်ပြေအောင်...နားလည်ပေးလိုက်ကြပါ။ (၁၀၀)ထက်ထပ်တိုးရင်တော့...ဒီလူလဲ...ကလိမ်ကကျစ်ဘဲ...ပြန်သိမ်းပြစ်ပါ။
သမ္မတကြီးနဲ့ဆောက်လုပ်ရေးဝန်ကြီးလေးစားစွာ...ဂုဏ်ပြုအပ်ပါတယ်။
ကျမ်းမာပါစေ။

ENTERTAINMENT said...

ဒီတံတားလေလံနဲ့ပါတ်သက်ပီး နောက်ကွယ်ကနေ အဓိကကြိုးကိုင်သူကတော့ ကြံ့ဖွတ်ပါတီအမတ် ဦးခင်မောင်ဆွေပါပဲ။ ဒီလိုဥပဒေလက်တစ်လုံးခြားနဲ့ ဒေသခံတွေအပေါ် မတရားအမြတ်ထုတ် နေတာကြာပါပီ။ မြို့နယ်ရွှေတူးဖော်ခွင့်လိုင်စင် ထုတ်ပေးစဉ်ကလည်း နိုင်ငံတော်ဘဏ္ဍာအတွက် အပြည့်ဝရောက် မရောက်တော့မသိပါ သူကတော့ တော်တော်လေး အိတ်ဖောင်းသွားပါတယ် ဒေသခံတိုင်းအသိပါ။သက်ဆိုင်ရာများကိုယ်တိုင် ထိထိရောက်စုံစမ်းဖော်ထုတ်ပါက သိနိုင်ပါတယ်ခင်ဗျ။ ဒီဒေသမှာ ဒီလက်ရှိ ရာထူးနဲ့ လုံးဝမရှိသင့်မရှိထိုက်တဲ့ သူတစ်ယောက်ပါ။

Powered by Blogger.