ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပထမအဆင့် (၃) ဦးယာယီရွေးချယ်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ မှ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၁၃) ဦးအား ၂၀၁၂ ခုနှစ် ၊ ဧပြီလ ၊ ၇ရက်နေ့တွင် လူတွေ့စစ်ဆေးခဲ့ရာ သတ်မှတ်အရည်အချင်းနှင့် နီးစပ်သူ (၃) ဦး ကို     ယာယီရွေးချယ်ခဲ့ပြီး    ဖြစ်ပါသည်။  ထို (၃) ဦး၏ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

၁။ မောင်ကျောက်ခဲ                                             ၁၅၂     မှတ်

 
၂။ ဖြိုးတေဇာလင်း                                              ၁၄၅.၅  မှတ်
 
၃။ နေဦး (ခ) နန္ဒမိုး                                             ၁၃၈    မှတ်

သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတ်ရုပ်နှင့်ပို၍ အံဝင်ခွင်ကျဖြစ်သော သရုပ်ဆောင်ကို ထပ်မံကြိုးစားရှာဖွေလိုပါသောကြောင့် (၂၅.၄.၂၀၁၂)  မှ (၀၇.၀၅.၂၀၁၂) အတွင်း   လျှောက်လွှာများတင်နိုင်ရန် ထပ်မံ၍ ဖိတ်ခေါ်ထားကြောင်း ကို သတင်းစာ ၊  ပြည်တွင်းဂျာနယ် ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့  ၀က်ဆိုဒ်(website) နှင့် ဖေ့ဘုတ်(Facebook) စာမျက်နှာတို့တွင်  ဖော်ပြ  သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည် ။ 
 
 
ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပထမအဆင့် (၃) ဦးယာယီရွေးချယ် ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပထမအဆင့် (၃) ဦးယာယီရွေးချယ် Reviewed by သစ်ထူးလွင် on 19:40 Rating: 5

54 comments:

WinMyint said...

မောင်နေဦး ကိုမဲပေးပါတယ်။

chartake mglay said...

နေဦးကပိုပြီတူပါတယ်

moeaungzin said...

ဟုတ်တယ် နေဦးကပိုတူပါတယ် သူကရဲ့ရင့်တဲ့အသွင်ဆောင်နေတယ်...မဲပေးပါတယ်

moeaungzin said...

ဟုတ်တယ် နေဦးကပိုတူပါတယ် သူကရဲ့ရင့်တဲ့အသွင်ဆောင်နေတယ်...မဲပေးပါတယ်

mrjohn said...

မောင်နေဦး ကိုမဲပေးပါတယ်။ ကိုနေဦးကပိုတူပါတယ်...

unyuntwin said...

ဟုတ်ကဲ့ ကျွန်တော်လည်း မောင်နေဦး ကို မဲပေးပါတယ်

ဇာမဏီ said...

ရုပ်တူရုံနဲ့ မလုံလောက်ပါဘူး။ ဗိုလ်ချုပ်နဲ့ စကားပြောတဲ့ဟန်ပန်
လေသံတွေပါတူမှ ပိုပြည့်စုံမှာပါ။ The Lady ထဲက ဗိုလ်ချုပ်နေရာ
သရုပ်ဆောင်တဲ့ သူဆိုရင် ရုပ်တော့ နဲနဲ ဆင်ပါတယ်။ စကားပြော
တဲ့ အခါကျတော့ မာန်မပါတော့ပါဘူး။ ဗိုလ်ချုပ်စကားပြောသံနဲ့
အတတ်နိုင်ဆုံး တူတဲ့သူကို ရွေးစေချင်ပါတယ်။

Myat Min said...

ကိုနေဦး..ကကြည့်ရတာ ရသ ပိုမြောက်ပါလိမ့်မယ်ထင်တယ်
ဘယ်လောက်ပဲသရုပ်ဆောင်ကောင်းကောင်း ရုပ်မတူရင် ကြည့်ရတာ
Feeling သိပ်လာမယ်မထင်ဘူး .....

သရုပ်ဆောင်ပိုင်းကမဖြစ်ဖြစ်အောင် သင်ကြားသွားလို့ရနိုင်တယ် ..

ကိုနေဦးကို မဲ ပေးပါတယ်

Unknown said...

နေဦးကပါးစပ်ပိုကျယ်နေပါတယ် ဗိုလ်ချုပ်ကပါးစပ်စုစု ကျဉ်းကျဉ်လေး..

Naw Khan said...

မောင်ကျေက်ခဲ ကဗိုလ်ချူပ်နဲလဲ မတူဘူး .. ဓာတ်ပုံကိုကြည့်ပြီးပြောတာ .....
နေဦးကနဲနဲ တူတယ်....

maxdiego said...

ဘယ်လို့ အမြင်နဲ့ များ ကိုကျောက်ခဲ နဲ့  ကိုဖြိုးတေဇာလင်းကို ရွေးကျရတာလဲဗျာ..ဒီပုံစံနဲ့ တော့ မြန်မာ့လုပ်ရှင်လောကတိုးတက်ဦးမယ်...သူတို့ အမြင်တွေလုံးဝမကြိုက်ဘူးဗျာ..ပွင့်ပွင့်လင်းလင်းပဲ Feedback ပေးချင်တယ် သူတို့ ပိုတော်လာအောင်လို့ ပါ...စိတ်မရှိပါကျပါနဲ့ 

The Nature Myanmar said...

ရုပ်ကတူပါတယ်...အသံကို အလေးထားရအုံးမယ်...
ဥပမာ-
သူများနိုင်ငံက ခြေတစ်လှမ်းလှမ်းရင် ကျုပ်တို့က ကိုးလှမ်းဆယ်လှမ်း ပြဲနေအောင်လှမ်းနိုင်မှ တော်ကါကျမယ်...
........အဲဒါမှမဟုတ်ရင် ကျုပ်တို့နိုင်ငံဟာ...ဖာနိုင်ငံဖြစ်သွားလိမ့်မယ်...

gurugyi said...

ကောင်းတယ်။

Anonymous said...

နံပါတ် (၃)က လူတူပေမယ်....
မျက်လုံး အားလျော့တယ်...
"အရွေးမခံရရင် ငိုမှာပဲ" ဆိုတဲ့ပုံထွက်နေတယ်....
မှတ်ချက်။ ။
ဓါတ်ပုံ လေး (၁)ပုံ အပေါ်မှာကြည့် ဝေဖန်တာမို့ မှားသွာရင် လည်း မှားသွားနိုင်ပါတယ်....

paing said...

မောင်ကျောက်ခဲကတူပါတယ်

Anonymous said...

အလဲ့.... ဆရာတို့ကို ဘယ်သူကရွေးခိုင်းနေလို့လဲးးးးးးးးးးး

Wunna said...

ဘယ်သူတွေတူတာ မတူတာ အရေးတော့မကြီးပါဘူး။ ကျွန်တော် အမြင်အရပြောရရင် ဗိုလ်ချုပ်နေရာကို အစာထိုးမဲ့သူဟာ အော်ဇာအာဏာရှိတဲ့ ဥပတိရှိတဲ့သူ ဖြစ်သင့်တယ်။ တော်ကြာ ကျွန်တော်တို့ ဗိုလ်ချုပ်ကို အမြင်မှား အထင်မှားတွေ ဖြစ်ကုန်းမှာစိုးလိုပါ။ ဒီရွေးချယ်ထားတဲ့သူ ၃ယောက် အားမရှိသလိုပဲ။ ရုပ်တူတိုင်းလည်း မဖြစ်သေးဘူးဗျာ။

ANGELA SINGAPORE said...

ကျောင်းသားခေါင်ဆောင် ကိုကိုကြီးရဲ့ အသံက မာန်ပါတယ် တိကျတယ် ပြတ်သားတယ် အညာရုပ်လဲပေါက်တယ် အရပ်လဲမမြင့် လှဘူး နိုင်ငံရေးစကားပြောတဲ့ နေရာမှာလဲသင်ပြစရာမလိုဘူး ပညာလဲတတ်ပြီးသား နိုင်ငံရေးနယ်ပယ်မှာလဲကျွမ်းပြီးသား သူကပိုပြီးသင့် တော်တယ် ဘယ်သူ့ ကိုမှစိတ်တိုင်းမကျရင် ၈၈ မျိုးဆက်ကိုကိုကြီးကိုမဲပေးပါတယ်

Min Ko Aung said...

88 မျိုးဆက် ကိုကိုကြီးကို သရုပ်ဆောင်အဖြစ် ရွေးချယ်ချင်တယ်ဗျာ
သူက ဗိုလ်ချုပ်နဲ့ ရုပ်ချင်းဆင်တူသလို စိတ်ဓာတ်လဲ တူတယ်ဗျ...

ThetZinLatt said...

ကိုနေဦး ကိုမဲပေးပါတယ်... ရုပ်တူဖို့ ကခက်ပါတယ်.. စိတ်နေစိတ်ထားနဲ့ ဟန်ပန်အမူအယာက ကြိုးစားရင်ဖြစ်ပါတယ်.. ကိုနေဦး ကြိုးစားပါ... မြန်မာပြည်.. မြန်မာပြည်သူ... နဲ့ တပ်မတော် ကို ရင်ထဲက တကယ် နက်နက်ရှိုင်းရှိုင်း ချစ်အောင်ကြိုးစားစေချင်ပါတယ်...

ဥုံဖွ said...

interview လုပ်နေတဲ့ ဗွီဒီယို လေးပါတင်ပေးရင်ပိုကောင်းတယ်

htin lin said...

ဗိုလ်ချုပ်အစစ်မဟုတ်နိုင်တော့ရုပ်နဲနဲတူရင် လုံလောက်ပြီလို့ထင်တယ်၊၊ဗိုလ်ချုပ်နဲ့ရုပ်တူဖို့ဆိုတာထက် ဗိုလ်ချုပ်ရဲ့ ထက်မြက်တဲ့ ဟန်ပန်အမူအရာ၊ ဗိုလ်ချုပ်ရဲ့ တိကျပြတ်သားတဲ့လေယူလေသိမ်း၊ဗိုလ်ချုပ်ရဲ့စရိုက်တွေကို ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့က ပိုပြီးအေ၇းကြီးလိမ့်မယ်လို့ထင်တယ်

zhkk said...

နံပါတ်၁၊ နံပါတ်၂၊ နဲ့ သာ ရိုက်မယ်ဆိုရင် အခုထဲကမကြည့်ပါရစေနဲ့။

မောင်မောင် said...

အံ ရှက်လည်း ရှက်ကြဖူး...သူတို.က မဲပေးခွင့်လည်းမရှိကြပဲနဲ....သူတို.အကြိုက်သူတို.ရွေးမှာပဲ..

htin lin said...

ဗိုလ်ချုပ်အစစ်မဟုတ်နိုင်တော့ရုပ်နဲနဲတူရင် လုံလောက်ပြီလို့ထင်တယ်၊၊ဗိုလ်ချုပ်နဲ့ရုပ်တူဖို့ဆိုတာထက် ဗိုလ်ချုပ်ရဲ့ ထက်မြက်တဲ့ ဟန်ပန်အမူအရာ၊ ဗိုလ်ချုပ်ရဲ့ တိကျပြတ်သားတဲ့လေယူလေသိမ်း၊ဗိုလ်ချုပ်ရဲ့စရိုက်တွေကို ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့က ပိုပြီးအေ၇းကြီးလိမ့်မယ်လို့ထင်တယ်

အကောင်းမြင်တက်သူ said...

အတွေ့ ကြုံရော ၊ပညာပါရှိတဲ့  လူကြီးတွေပဲ ရွေးကြပါစေ.....အကောင်းဆုံးတော့ ဖြစ်အောင်လုပ်မှာပဲ......ဟုတ်တယ်ဟုတ်

သဇင်ကိုလိုးချင်သူ said...

ကျွှန်တော်တို့စကားအောင်ရာသည် ဖြစ်စေ
မအောင်ရာသည်ဖြစ်စေ ။
! ကိုနေဦးကို ကျွှန်တော် ဖြစ်စေချင်ပါတယ်ဗျာ.။
ဘယ်သူတွေ ရွေးခိုင်းခိုင်း မရွေးခိုင်းခိုင်း ပြည်သူထဲက ပြည်သူတစ်ယောက် အနေနဲံ့  လွတ်လပ်စွာ ပြောဆိုချင်း ဖြစ်ပါသည်/

me said...

နေဦးကအတူဆုံးပါ ဒါပေမယ့် ဗိုလ်ချုပ်နဲ့ဒီ့ထက်တူတာရှာပါဦး

Min Ko Aung said...

ကိုကိုကြီးကို ဗိုလ်ချုပ်ဝတ်စုံ ၀တ်ခိုင်းကြည့်ပါ သူက ဗိုလ်ချုပ်နဲ့ ရုပ်တူသလို စိတ်ဓာတ်လဲတူတယ်..

နေကြာရိုး said...

သုံးယောက်လုံး ဗိုလ်ချုပ်နဲ့ မတူပါ။ ဗိုလ်ချုပ်နဲ့ တူနိုင်တဲ့သူ ပြတ်သားတဲ့သူ ထက်မြက်တဲ့သူ မြန်မာပြည်မှာ အတတ်နိုင်ဆုံး တူတဲ့သူ ရှိကောင်းရှိနိုင်ပါတယ်။ ထပ်ရွေးကြပါအုံး။ ဖြစ်သလို ရွေးပြီး တော့ မလုပ်ကြဖို့ တောင်းဆိုပါတယ်။ ထပ်ပြီး လူရှာကြပါခင်ဗျာ။ သူတို့သုံးယောက်က စိတ်အားထက်သန်နေရင် ဗိုလ်ချုပ်ရုပ်ရှင်ထဲမှာ တခြားနေရာက သရုပ်ဆောင်နိုင်စွမ်းရှိပါလိမ့်မယ်။ ဗိုလ်ချုပ်နေရာကိုတော့ ဥပတိရုပ် ၊ ထက်မြက်ရိုးရှင်းတဲ့ စိတ်ဓါတ်ရှိနိုင်တဲ့ အတူနိုင်ဆုံးသူကို ဆကာ စင်သလို ထပ်ပြီး ရှာကြပါအုံးလို့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီကို ပန်ကြားပါတယ်ခင်ဗျာ။

aristhteinwin said...

ဟုတ်တယ်ဗျ- ၈၈ ကိုကိုကြီး ကို ဗိုလ်ချုပ် နေရာမှာ သရုပ်ဆောင်လိုက်ရင် ကွက်တိဘဲ- အပြောကလဲ မာန်ပါ- ရုပ်ရည်ကလဲ တူ- စိတ်ဓါတ်ရော ပြည်သူ့ အပေါ်ထားတဲ့စေတနာရော တူတယ်-

နေကြာရိုး said...

၈၈ ကိုကိုကြီးကတော့ ဥပတိရော စိတ်ဓါတ်ရော တူတယ်ဗျ။ လေးလည်းလေးစားပါတယ်ခင်ဗျ။ ၈၈ ခေါင်းဆောင် ကိုကိုကြီး သာ ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်မယ်ဆိုရင် ၁၀၀ % ထောက်ခံပါတယ်။

Min Ko Aung said...

ရွေးချယ်ရေးအဖွဲ့ကို အထူးမေတ္တာရပ်ခံချင်ပါတယ်
ကိုကိုကြီးရုပ်ကိုသေချာကြည့်ကြပါ..
ကျွန်တော်ကတော့ အပြင်မှာ စမြင်ဘူးကထဲက ဗိုလ်ချုပ်နဲ့ ရုပ်တူ စိတ်တူ အပြောတူ အကျင့်စရိုက်တူသူတစ်ယောက်လို့ သတ်မှတ် ထားခဲ့တာပါ..
အထက်က ရွေးထားတဲ့သူတွေရုပ်အနည်းငယ်ဆင်တာ မှန်ပါတယ်.
ဒါပေမဲ့
ဗိုလ်ချုပ်လို မြန်မာ့လွတ်လပ်ရေးဖခင်တစ်ယောက် ပြည်သူတစ်ရပ်လုံးရဲ့ စံပြပုဂ္ဂိုလ်လိုနေရာမှာ သမိုင်းဝင်ဇာတ်ကား ရိုက်ကူးမှာဖြစ်လို့ ရုပ်ရည် အနည်းငယ်တူတာလေးလောက်နဲ့ မရွေးချယ် မဆုံးဖြတ်သင့်ပါဘူး။
အဲဒီလူရဲ့ ကိုယ်ကျင့်သိက္ခာကအစ ဘ၀သမိုင်းကျောင်း ကောင်းမကောင်းထိ အသေးစိပ်ကြည့်သင့်ပါတယ်. ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ပြီး နေ၀င်းစိတ်ဓာတ် သန်းရွေစိတ်ဓာတ်မျိုးဖြစ်နေရင် ဒါမှမဟုတ် ရွေဝါရောင်မှာ သံဃာတွေရဲ့ ခေါင်းကို ရိုက်ခဲ့တဲ့ ကြံ့ဖွတ် စွမ်းအားရှင် အမာခံဖြစ်နေရင် သမိုင်းဝင်ဇာတ်ကားကြီးရဲ့ သမိုင်းကြောင်းမကောင်းဖြစ်မှာ စိုးရိမ်လို့ စေတနာနဲ့ အကြံပြုတာပါ..
ကိုဇာဂနာနာရဲ့ ဦးနောက်ဒီနေရာမှာ လွဲချော်မသွားပါစေနဲ့ဗျာ..

ပုဂံစစ်သည် said...

The Lady ကားလိုတော့ အမှားမပါစေချင်ဘူး၊ ဒါကနိုင်ငံတော်ကားနော်........

Unknown said...

သူငယ်ချင်းနနမိုးအားပေးနေတယ်...ကြိုးစားထားကွ...

stream said...

ကိုနေဦးကတူပါတယ်

နောင်နောင် said...

ကိုနေဦး ကပိုတူမယ်လို့ ထင်ပါတယ်

Anonymous said...

သုံးယောက်စလုံးတယောက်မှမတူပါ မတူတဲသူတွေကိုရှာမရတာနဲထည်သုံးမယ်
ဆိုရင်ဗိုလ်ချူပ်ရုပ်ရှင်ပျက်သွားပါလိမ့်မယ်။

ဖြိုးသီဟ said...

အင်း..ဒီသုံးယောက်ထဲကဆိုရင်တော့ကိုနေဦးကနီးစပ်တယ်ထင်တာပဲ

stone said...

ေ၇ွးချယ်တဲ့ သူနဲ့ အမျိုးမတော်ဘို့ အရေးကြီးတယ်ဒီခေတ်ကြီးကပက်သက်ရာပက်သက်ကြောင်းတွေေ၇ွးကြတာများလွန်လို့ အများရွေးချယ်တာလေးကိုကျနော်ကတော့ပိုနှစ်သက်ပါတယ်

တိုးတက်အောင် said...

ဖက်ဆစ်ဂျပန်စစ်ဗိုလ်နေရာမှာ သရုပ်ဆောင်ချင်တယ်ဗျာ
မရွေးတော့ဘူးလား
ရွေးရင်အမည်စာရင်းပေးချင်လို့ပါ

konamazu said...

ကဲ နေဦးကတော့ ပိုတူတယ်..ကြိုးစားကွာ စိတ်ဓာတ်လေးနဲ့သရုပ်ဆောက်ရင်ပိုကောင်းမယ်။

Unknown said...

ကိုနေဦးကပိုပြီးတူတယ်ဗျ
ဗိုလ်ချုပ်ရဲ့ပုံရိပ်ကိုထင်ဟပ်စေတဲ့သူ့ကိုမဲပေးပါတယ်

Thar Du said...

မိတ်ဆွေများခင်ဗျား ကျွန်တော့်ကိုကူညီပြီး အဲဒီလျှောက်လွှာရှိမဲ့လင့်ခ်လေးကို သိတဲ့သူများဝေမျှပေးစေချင်ပါတယ်ခင်ဗျာ..ကျွန်တော်ကသူများနိုင်ငံမှာအလုပ် လုပ်နေရသူပါ...ကျော်ကြားချင်လို့လဲမဟုတ်ပါဘူး..အမျိုးသားခေါင်းဆောင်
ကြီးနေရာမှာ သူ့ကိုယ်စား ကျွန်တော်တို့နိုင်ငံနှင့်ပြည်ထောင်စုတိုင်းရင်းသားတွေ
အတွက်ဘာတွေရင်းနှီးခဲ့တယ် ၊ ဘယ်လိုတွေပြောင်မြောက်အောင် စွမ်းဆောင်
ကြိုးစားရုန်းကန်ခဲ့တယ်ဆိုတဲ့အကြောင်း သရုပ်ဆောင်ခွင့် အခွင့်အရေးနဲ့ အမျိုးသားခေါင်းဆောင် ဖခင်ကြီးနှင့်ပြည်ထောင်စုသားတိုင်းရင်းသားညီအကိုမောင်နှမတွေကိုကျေးဇူးဆပ်ခွင့်လေးရချင်ပါတယ်ခင်ဗျာ ၊ကျွန်တော့်အီးမေးလ်လိပ်စာကတော့ nimolay19@gmai.com ပါ...ကျေးဇူးတင်လျှက်...

ဖိုးပွကြီး said...

အရေးကြီးဆုံးက ဦးနေ၀င်းနေရာဘယ်သူပါမှာလဲ. ဂဋုန်ဦးစောကရော.
လုပ်ချင်တဲ့သူရှိပါ့မလား

WELCOME TO SUNSET INN IN KOHSAMUI said...

ဗိုလ်ချုပ်က မွေးတဲ့ သူးသားသမီးတွေတောင် ချွတ်စွတ်တူလို့လား။ နည်းနည်းလောက် မတူတာ အပြစ်လိုက်ပြောနေတယ်။ ဓာတ်ပုံအရဆိုရင် နံပါတ်(၃) က အနီးစပ်ဆုံးပဲ။ အိုင်တင် ဘာညာ သာရကာကတော့ လေ့ကျင့်ယူပေါ့ဗျာ လုံးဝချွတ်စွတ်တူချင်ရင်တော့ ရှေ့နေ ဦးဖာ နှင့် ဒေါ်စုကိုသာ ဘ၀သစ်ကို ပြန်ခေါ်ပြီး ပြန်မွေးခိုင်းလိုက်တော့၊ ပြောလိုက်ရင် ဂွစာကြီးပဲ အဟီး ကျွန်တော်လည်း ဂွစားပါပဲ။

no said...

ဖက်ဆစ်ဂျပန် ဗိုလ်မိုးကြိုး နေရာမှာ ကိုယ့်စရိတ်ကိုယ်စားပြီး ပီပီပြင်ပြင် သရုပ်ဆောင်ပေးပါ့မယ် ... လက်နက်ကြီး ၊ လက်နက်ငယ် ၊ အမှန်တကယ် လည်းပစ်တတ်ပါတယ် ........ ဖက်ဆစ်ဂျပန်ပါးရိုက်နည်း ကိုလည်း ကောင်းကောင်းလေ့ကျင့်ထားတယ် ........တစ်ချို့က ကျနော့်ကို ဂျပန်နဲ့ တူတယ်လို့ပြောကြတယ် ....... သရုပ်ဆောင်လို့ရမလားသိချင်ပါတယ်ဗျာ........

snowiceman said...

မောင်နေဦးက ရုပ်တူပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ရဲ့ဇာတ်ရုပ်ဟာ မာန်လည်းပါတယ် မျက်လုံးလည်းစူးရှတယ် သူကမာန်ပါအောင်သရုပ်ဆောင်နိုင်မှာလား???
အဲဒါကိုသိချင်မိတယ်လေ

သခင်မြန်မာ said...

ကျောင်းသားခေါင်းဆောင် ကိုကိုကြီး သာအသင့်တော်ဆုံးပါခင်ဗျာ....နေဦးက ဘယ်လိုတူနေတာလဲ ဒီလောက်နုတ်ခမ်းထော်နေတာကြီးကို ..ဒါမှမဟုတ် ကျနော့်မျက်လုံးပဲထိုးဖောက်လိုက်ရင်ကောင်းမယ်

Jim Nockup said...

အင်း..ဒီသုံးယောက်ထဲကဆိုရင်တော့ကိုနေဦးကနီးစပ်တယ်ထင်တာပဲ

kozay said...

နေဦးကပိုတူပါတယ်

tko said...

တူတာအရေးမကြီးဘူး...အဆင့်မှီအောင်ရိုက်

ktm said...

နေဦးကတူတာတော့ တူပါတယ် ဒါပေမယ့် သူ့ပုံကြည့်ရတာ အပြင်ပန်းတော့ မျက်နှာကျ မျက်နှာထားတင်းထားပေမယ့် ဗိုလ်ချုပ်ရဲ့ ဓါတ်ပုံကိုကြည့်ရသလို မာန်မပါဘူးဖြစ်နေတယ်နော် သေချာကြည့်ကြည့်ပါလား ပြုံးသရောင်ထင်နေရတယ် သူ့ကိုသေချာသင်ကြည့်ပေါ့ ဒါပေမယ့်ခက်တာက ရုပ်တူတာကြောင့်ဝင်ပြိုင်တာလား သရုပ်ဆောင်ရတာရောဝါသနာပါရဲ့လား ဆိုတာကရှိသေးတယ်လေ သူကသရုပ်ဆောင်ဝါသနာပါတာမျိုးမရှိရင်တော့ သင်ရတာတော်တော်ခက်ခဲပါလိမ့်မယ် ........ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်မြန်မြန်ကြည့်ချင်ပါတယ် အနာဂတ်ကလေးတွေကို မြန်မြန်ကြည့်စေချင်ပါတယ် ဒိုနိုင်ငံသူများလက်ထဲက ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာတွေ သူတို့သိမှ ကိုယ့်နိုင်ငံကို တန်ဖိုးထားတက်ကြမှာ ကြိုးစားကြမှာ မြန်မြန်အဆင်ပြေစွာ ပြည်သူ့ကိုတင်ပြနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...........

ုkyaw said...

တစ်ယောက်မှခံစားလို့မရဘူး မကြိုက်ဘူး မတူဘူး

Powered by Blogger.