ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
NLDက တင်ပြထားတဲ့ လွှတ်တော်တွင်း ကျိန်ဆိုရမယ့်
ကျမ်းသစ္စာအသုံးအနှုန်းပြုပြင်ပြောင်းလဲပေးဖို့ အဆိုကို မနက်ဖြန် တနင်္လာနေ့မှာ
စတင်ကျင်းပမယ့် တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ တင်သွင်း
မှာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အာအက်ဖ်အေကို ဒီကနေ့
ပြောဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့တုန်းက လေးစားလိုက်နာပါမယ် ဆိုတဲ့ အသုံးအနှုန်း ပြောင်းလဲပေးခဲ့သလို အခုကျမ်းသစ္စာ ကျိန်ဆိုတဲ့နေရာမှာလည်း အဲဒီအတိုင်းပြောနိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးတင်ပြမှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။
"ကျနော်တို့သုံးသပ်တာကတော့ ဒီ ကဏ္ဍနဲ့ ပတ်သက်လို့ လုပ်ပေးရမယ့် အဓိက ပုဂ္ဂိုလ် အင်အားစုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထက်ကို ပြည်ခိုင်ဖြိုးပါတီရဲ့ တာဝန်ကြီး ဖြစ်သွားပြီ။ တကယ်လို့ ဒီအသုံးအနှုန်းလေးတွေကို လိုက်လောညီထွေဖြစ်အောင် ပြည်ခိုင်ဖြိုးပါတီကများ မလုပ်ဘူးဆိုရင်တော့ ကျနော်တို့ကပဲ ဆွေးနွေးတင်ပြရမှာဖြစ်တယ်။"
NLD က တင်ပြထားတဲ့ ကျမ်းကျိန်လွှာကိစ္စ အဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေမှာလည်း တာဝန်ရှိတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။
လာမယ့်လွှတ်တော် အစည်းအဝေးမှာ အရင်လွှတ်တော် သုံးရပ်မှာ မပြီးပြတ်ခဲ့တဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေပြဌာန်းဖို့ ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

RFA
ဒေါက်တာအေးမောင် |
ကျမ်းသစ္စာ အသုံးအနှုန်းပြောင်းလဲပေးရေး အဆို လွှတ်တော်မှာ တင်မည်
Reviewed by သစ်ထူးလွင်
on
08:06
Rating:
10 comments:
မှန်ပါ့ဒေါက်တာရေ ပြောင်းပေးရမှာပေါ့ဗျာ၊ဒါလေးတောင်မပြောင်းပေးဘဲရှေ့
နောက်မညီဘူးဆိုရင် ယုံစရာတစ်ချက်မှကိုမရှိဘူး။သူတို့မျက်နှာရအောင်ကစား
နေတာလို့ဘဲယူဆရမှာဘဲ။ပထမနေ့ခွင့်ပြုပေးရင်ဒုတိယနေ့တက်လို့ရပြီပေါ့ဗျာ။
ကျေးဇူးပြုပြီး
ပြည်သူ့အကျိုးစီးပွားသည်သာ ပဓာန
မြန်မာနိုင်ငံသူ/နိုင်ငံသားများ သာယာပျော်ရွှင်ရေးသည်သာ အဓိက
ဆိုတဲ့ Focus အောက်မှာပဲစကားပြောကြပေးပါလို့
အရင်ကဆိုတာတွေ...
မှုဝါဒဆိုတာတွေ... ဟာ
ပြည်သူဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ပြင်ဖို့ ဖျက်ဖို့
ဘာလို့ ဒီလောက်တောင် ၀န်လေးနေကြတာလဲ...
နောင်လာမည့် အနာဂတ် အဆုံးအစွန်တိုင် အထိ
ဒီ ဥပဒေသည်သာလျှင် လုံးဝ ပြည့်စုံဆုံး
(ပြင်ဆင်ရန် ဖြည့်စွက်ရန် မလို) ဆိုတာမျိုးကြီး ဆိုရင်
အဲဒါကိုက ငါတို့ဦးတည်ထားတဲ့ လမ်းကြောင်းကိုပဲ
ဘယ်သူဘာပြောပြော မပြောင်းပေးနိုင်ဘူး မရောက်ရောက်အောင်လျှောက်မယ် ဆိုတာမျိုး
ဖြစ်နေမလားလို့ ထင်မိပါတယ်
ပြည်သူတွေအကျိုးစီးပွားထက်
ဘာဆို ဘာမှ ဂရုစိုက်ဖို့ မလိုဘူးလို့ ထင်မြင်မိပါတယ်
ဆင်ပြောင်ကြီး အမြီးကျမှ တစ် ဆိုသလို ဖြစ်နေပါပြီး။ အတ္တလွန်ဆွဲပွဲ မဖြစ်ပါစေနဲ့လို့မျှော်လင့်ရတော့မယ်။
ကောင်းတယ်သိတ်ကောင်းတယ်
ရွေးကောက်ပွဲ ဥပဒေမှာတုန်းက ပြင်ပေးထားပြီးသားကီု..ကျမ်းကျိန်စာသားကျမှ ဘာလို.ပြင်မပေးဘဲချန်ထားရတာလဲ...
တမင်ညစ်နေတယ်လို. ပြောလို.ရမလားဘဲ.....
ထိုနည်းတူဘဲ နောက်ထပ် အလားတူစာသားစာပိုဒ်တွေရှိရင် တွေ.ရင်လဲပြင်ရမှာဘဲပေါ.
ခေါင်းစဉ်ပြောင်းမှတော. စာကိုယ် လဲ လိုက်ပြောင်းရပါမယ်...understood ပါ
ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ကို တော်တော်များများက စိတ်ပျက်သလိုပြောနေကြသံတွေကြားရတယ်။ ကျွန်မကိုယ်တိုင်လည်းနဲနဲစိတ်ထဲထင့်သွားတယ်။ NLD လွှတ်တော်မတက်ဖြစ်မှာကိုပါ။ ခုတော့ ၇ှင်းသွားပြီ ဥပဒေကို ပြင်ဆင်ခဲ့တုန်းက လေးစားလိုက်နာပါမယ် ဆိုတဲ့ အသုံးအနှုန်း ပြောင်းလဲပေးခဲ့သလို အခုကျမ်းသစ္စာ ကျိန်ဆိုတဲ့နေရာမှာလည်း အဲဒီအတိုင်းပဲ ကျိန်ဆိုရမှာပေါ့ သေးသေးလေးကိစ္စလို့ထင်ရပေမယ့် ကိစ္စအကြီးအမားကြီးတွေတာဝန်ယူရမယ့် လူတွေက သေးသေးလေးတွေကတည်းက ၇ှင်းထားမှအဆင်ပြေမှာပေါ့။ ဒါကြောင့် အမေစုက အဓိပါယ်မဲ့တော့ ဒီလိုလုပ်မှာမဟုတ်ဘူးလို့တော့ထင်သားပဲ လေးစားပါတယ်အမေ။
လွတ်တော်ထဲမှာပြည်သူ့အကျိုးလိုလားသူ
ရှိသေးတာသိ၇လို့ဝမ်းသာမိပါကြောင်း။
ပြည်သူတွေရဲ့ဘ၀..ပြည်သူတွေရဲ့ဒဏ်ရာ
ဒါတွေကိုနားလည်ခံစားပေးနိုင်ပါစေ။
ကျွန်တော်လည်းဘာမဟုတ်တာလေးကို
နိုင်ငံတောသမတကြီးကသော်လည်း
ပြည်သု့လွတ်တော်ဥကဌကြီးကသော်လည်းကောင်း
လျောလျောရှူရှူခွင့်ပြုလိုက်ရင်တော့
ဘာပြောကောင်းမလည်းတိုင်းထက်အလွန်ဝမ်းပမ်းတသာကြိုဆိုရမှာပေါ့
အဲ
တကယ်လို့များဥပဒေကိုပြင်ဆင်ဖို့အတွက်မဲခွဲပြီးမှသာဆုံးဖြတ်ခွင့်
ရမယ်ဆိုရင်
ထောက်ခံမဲများပြီးနိုင်သွားရင်လည်းအကောင်းသား
ကန့်ကွက်မဲများပြီး
ဥပဒေကိုပြင်ဆင်လို့သဘောမတူဘူးဆိုရင်
အခုကျွန်တော်တို့အပြတ်အသတ်နိုင်ထားတဲ့
NLDလွတ်တော်ကိုယ်စားလှယ်ကြီးတော်ကြီးတွေ
ဘယ်လိုလုပ်တော့မှာလည်း
ကျွန်တော်တော့စဉ်းစားလို့မရဖြစ်နေပြီဗျာ။
ကာကွယ်ပါမယ်လို့ ကျမ်းဆိုရင်..သူတို့ချထားတဲ့ ဥပဒေကို ပြင်ဆင်လို့ မရတော့ဘူး...အဲဒါအသေးအဖွဲမဟုတ်ဘူး အကြီးကြီး....လေးစားလိုက်နာပါမယ်ဆိုတာ သူတို့ဖွဲ့စည်းထားတဲ့ ဥပဒေကို ပြင်ဆင်လို့ရတယ်....NLD ပြည်သူအတွက် အလိုအပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ စည်းရုံးရေးဆင်းကထဲက ပြောခဲ့တာပဲ.
brave heart ပြောတာ မှန်ပါတယ်
ကာကွယ်ပါမယ်လို့ ကျမ်းဆိုရင်..သူတို့ချထားတဲ့ ဥပဒေကို ပြင်ဆင်လို့ မရတော့ဘူး...အဲဒါအသေးအဖွဲမဟုတ်ဘူး အကြီးကြီး....လေးစားလိုက်နာပါမယ်ဆိုတာ သူတို့ဖွဲ့စည်းထားတဲ့ ဥပဒေကို ပြင်ဆင်လို့ရတယ်...
၂၀၀၈ အခြေခံဥပဒေ က NLD အတွက်ငြိစွမ်းတာတွေ ချည်းဘဲ... စစ်တပ်အာဏာ တည်မြဲဖို့ အတွက်လုပ်တဲ့ ဥပဒေ ပါ... NLD ကို အပြစ်မြင်နေတဲ့ သူများ ၂၀၀၈ အခြေခံဥပဒေ စာအုပ်ကို ရှာပြီး ဖတ်ကြည့် လိုက်ပါအုံး လို့ ပြောချင်ပါတယ်...
Post a Comment