တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်ရေး အကြိတ် အနယ် ဆွေးနွေး

ပါလီမန် လွှတ်တော် အစည်း အဝေးတွေ ပြန်လည် ကျင်းပတဲ့ ဒုတိယမြောက် နေ့မှာ မြန်မာ့ လက်ရှိ တရား စီရင်ရေး စနစ် အတွင်း လာဘ်ပေး လာဘ်ယူမှုတွေ ရှိနေတာ၊ မမျှတ မှုတွေ ဖြစ်နေ တာကို ပြည်သူ့ လွှတ်တော် အမတ်တွေ အဓိက ဆွေးနွေး ခဲ့ကြ ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ကလည်း ဒုတိယ နေ့မှာ ဆွေးနွေးခဲ့

ကန်ပက်လက်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကို တင်သွင်း ခဲ့တဲ့ တရား စီရင်ရေး မဏ0x081ဍိုင် ဖြောင့်မတ် ကြံ့ခိုင် စေရေး ဝိုင်းဝန်း ကူညီ ထောက်မ ပေး ဆိုတဲ့ အဆိုကို လွှတ်တော် အမတ်တွေ က အထောက် အထားတွေနဲ့ တင်ပြ ဆွေးနွေး ခဲ့ကြ တယ်လို့ ကိုယ်တိုင် ပါလီမန်ထဲ မှာ သတင်း ရယူထားတဲ့ နေပြည်တော်ရောက် ဘီဘီစီ သတင်းထောက် ကိုချိုက ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ လည်းဖြစ် သင်္ဃာန်းကျွန်း မြို့နယ် လွှတ်တော် အမတ်လည်း ဖြစ်တဲ့ ဦးသိန်းညွန့်က တရားရုံး တွေမှာ တင်ထားတဲ့ ဆိုင်းဘုတ် တွေမှာ ရေးထား တာက တခြား၊ လုပ်နေတာက တခြား ဖြစ်နေ တယ်လို့ တင်ပြ ဆွေးနွေး သွားခဲ့ ပါတယ်။

အင်းတော် မဲဆန္ဒနယ်က အမတ် ဖြစ်သူ ဦးကျော်နိုင်ဌေး ကလည်း တရားရေး စနစ်မှာ လာဘ်ပေး လာဘ်ယူ ကိစ္စ အမြစ် တွယ်နေပေမဲ့ တရားသူကြီး တွေနဲ့ ရှေ့နေတွေ ဖြောင့်မတ် မှန်ကန်ဖို့ လိုတယ်လို့ ထောက်ပြ ဆွေးနွေး သွားခဲ့ ပါတယ်။

ပြည်ထောင်စု လွှတ်တော် မှာတော့ ထူးထူး ခြားခြား ဆွေးနွေးမှုတွေ မရှိခဲ့ပေမဲ့ သမ္မတက သဝဏ်လွှာတွေ ပေးပို့ပြီး မြန်မာ့ ဒီမိုကရေစီရေး လုပ်ဆောင်မှု တွေကို ရှင်းပြခဲ့တယ်လို့ သတင်းထောက် ကိုချိုက ပြောပါတယ်။

အဂင်0x081ါနေ့က လွှတ်တော်တွင်းမှာ အခုလို ဆွေးနွေးမှုတွေ ရှိခဲ့ကြ ပေမဲ့ မကြာသေးခင်က ပြုလုပ် ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကအနိုင်ရ အမတ်တွေ ကတော့ ကျမ်း သစ0x081စာ ကျိန်ဆိုမယ့် စကားလုံး သုံး အနှုန်း ပြင်ဆင်ရေး ကိစ0x081စ ညှိနှိုင်းမှုတွေ မပြီးပြတ် သေးတဲ့ အတွက် လွှတ်တော် တွင်းကို ရောက် မလာကြ သေး ပါဘူး။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ အခြေခံ ဥပဒေ အပါအဝင် ပြဌာန်း ဥပဒေတွေကို ပြင်ဆင် နိုင်ဖို့အတွက် အန်အယ်လ်ဒီ အမတ်တွေ လွှတ်တော်တွင်းကို အရင် လာပြီး လွှတ်တော်တွင်းက နေသာ လုပ်ဆောင် နိုင်မယ်၊ အခြေခံ ဥပဒေကို ပြည်ထောင်စု လွှတ်တော် ကသာ ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ ပါတဲ့ အတိုင်း လွှတ်တော် အမတ် ၂၀ ရာခိုင်နှုန်းရှိရမယ်၊ လောလောဆယ်မှာ အဲဒီလောက် မရှိတဲ့ အတွက် ပြင်ဆင်နိုင်ရေးမှာ အခက်အခဲ ရှိနိုင်တယ် ဒါပေမယ့် လွှတ်တော်တွင်မှာ ပါတီပေါင်းစုံနဲ့ ညှိနှိုင်းပြီး အပြန်အလှန် နားလည်မှု ရယူ ဆောင်ရွက်နိုင်အောင် ကြိုးစား သင့်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်ရေး အကြိတ် အနယ် ဆွေးနွေး တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်ရေး အကြိတ် အနယ် ဆွေးနွေး Reviewed by သစ်ထူးလွင် on 08:19 Rating: 5

16 comments:

paukpauk said...

ကြံ့ခိုင်ရေးကများ...

Naing Lin said...

မှန်တာပေါ့ ဦးသိန်းညွန့်ပြောတာ လွတ်တော်ထဲရောက်မှ လုပ်လို့ရမဲ့ဟာကို
အပြင်ကနေ ဟိုဟာလုပ်ချင်တယ်ဒီဟာလုပ်ချင်တယ်ဆိုတာကို ပြောနေလို့မပြီး
သေးဘူးလေ တစ်ခုလိုချင်ရင်တစ်ခုတော့စွန့်လွတ်ရမယ်လေ အမေစုရဲ့ အထဲ
ရောက်မှ ဆွေးနွေးမယ်လေ မရဘူးဆိုရင် မီဒီဟာကနေတဆင့် ပြည်သူကိုချပြ
ရမယ်လေ နောက်မှပြည်သူက ဆုံးဖြတ်ပေးမှာပေါ့..2015 ထိတော့စိတ်ရှည်
ရှည်နဲ့စောင့်ပေးပါ တဖြည်းဖြည်းချင်း နားလည်မှု့ရမှအလုပ်လုပ်လို့ရမှာမ
ဟုတ်လား...ရန်သူတွေမှ မဟုတ်တာ

pyaponthu said...

ဦးသိန်းညွန့်ပြောတာမှန်တယ်။အပြင်မှာ အော်နေတာ အလကားဘဲဘာမဆိုလွတ်တော်တွင်းပြောမှတရားဝင်တာ။လွတ်တော်ထဲအရင်ဝင်နိုင်ဘို့အရေးကြီးတယ်။

pyaponthu said...

မြန်မာပြည်ရဲ့တရားရေးဟာကမ္ဘာမှာထိပ်ဘဲ။ပျက်စီးနေတာ။

မြန်မာပြည်သား said...

NLD ရေဘာလုပ်မှာလည်း......သက်သက်လူတွေပိုပီစိတ်ဝင်စာလာအောင်အချိန်တွေဆွဲနေတာလည်...ပြည်သူတွေကိုလည်သနာပါအုန်း....အာကိုတကြီးနဲ့ တခဲနက်ထောက်ခံခဲ့ကျတဲ့ပြည်သူတွေမျက်နှာလည်ထောက်ပါအုန်....ဘယ်စာကို..ဘယ်လိုပဲပြင်ပြင်...လူတွေရဲစိတ်ဓာတ်ပြင်ဖို့ ကပိုပီးအရေးကြီးပါတယ်.....ပြည်သူတွေအာလုံကNLD ဘက်မှာရှိပါတယ် ဘာကိုမြန်စိုးရိမ်နေကျတာလည်.....ဒိထက်တော့ပိုပီအချိန်မဆွဲသင့်တော့ဘူ....သူမှာနိုင်ငံမှာကျွန်လိုလာလုပ်နေတဲ့ဘ၀ကလွတ်ချင်နေကျပါပီ.....

a said...

ဥပဒေရှိပြီးသားပဲတိတိကျကျအရေးယူလိုက်ပေါ့၊မြန်မာနိုင်ငံမှာလာဘ်ယူတာလူမသိသူမသိလုပ်နေတာမှမဟုတ်တာ၊အစိုးရဌာနအားလုံးနီးပါးလာဘ်မပေးပဲဘာမှမလုပ်ပေးပါ၊လက်ရှိအစိုးရတက်ပြီးတစ်နှစ်ကျော်အတွင်းတစ်နိုင်ငံလုံးသိတဲ့လာဘ်ယူမှုတွေမတရားမှုတွေအများကြီးပါတိုင်တာတောင်အေ၇းမယူပါတိုင်တဲ့သူတာအရေးယူခံ၇တာပါ။စနစ်တကျကိုဖျက်စီးနေတယ်လို့ထင်ရလောက်အောင်ပါ၊အဲဒီတော့အချိန်ကုန်ခံပြီးဆွေးနွေးမနေပါနဲ့လုပ်ပြမနေပါနဲ့ဥပဒေရှိပြီးသားပါအရေးယူလိုက်ရုံပါပဲ။လက်ရှိအစိုးရကအရင်စစ်အာဏာရှင်တွေပါပဲ။ ကိုယ်တိုင်ကောဘာလဲဆိုတာထည့်စဉ်းစားကြအုံး၊မေ့သွားမှာစိုးလို့ပါ။

ဇာမဏီ said...

နိုင်လင်းနဲ့ပြာပုံသူတို့ဖြေကြည့်ပါ။freedom form fearရဲ့မေးခွန်းလေးတွေပါ။ ကျွန်တော်တဆင့်ပြန်တင်ပြပေးတာပါ။

၁။ လွှတ်တော်ကိုတက် အဲ့ဒီမှာတောင်းဆို မဲခွဲဆုံးဖြတ် အဲ့ဒီလောက်နဲ့ ဒီဥပဒေကြီးကို ပြန်ပြင်နိုင်မယ်လို့ ယူဆပါသလား။

၂။ အခု NLD လွှတ်တော်တက် လွှတ်တော်လဲပြီးရော မြန်မာနိုင်ငံကြီး မီးထိန်ထိန်လင်း၊ ကြက်သားတစ်ပိဿာ ၁၀၀၀ ဖြစ်၊ ၅၀၀၀ တန်ဖုန်း ဘယ်တစ်လုံးညာတစ်လုံး ချိတ် အဲ့ဒီလိုမျှော်လင့်ပါသလား။

၃။ NLD ကိုလွှတ်တော်ထဲရောက်ဖို့ မဲပေးလိုက်တာလား။ NLD ဟာ မြန်မာနိုင်ငံတိုးတက်ဖို့ အခြေခံဥပဒေ ကိုပြင်ဆင်ပေးနိုင်မယ်လို့ ယုံကြည်လို့ မဲပေးလိုက်တာလား။

၎။ တိုးတက်ပေါက်မြောက်ဖို့ဆို အတုံးကြီးနဲ့ ဖောက်လို့မရဘူး။ အချွန်နဲ့ ဖောက်ရတယ်။ sharp ဖြစ်ရတယ်။ bright ဖြစ်ရတယ်။ intelligent ဖြစ်ရတယ်။ အဲ့ဒီ အရည်အချင်းတွေနဲ့ပြည့်စုံတာ ဘယ်သူလဲ။

၅။ နှစ်ပေါင်းများစွာ ဆီသယ်မလက်သုတ် မြန်မာနိုင်ငံကို တစ်ခါဖွတ်ရုံနဲ့ ပြန်သန့်မယ် ထင်ပါသလား။

၆။ ပြောင်းလဲမှုဖြစ်ဖို့ အချိန်ဘယ်လောက်လိုမယ်ထင်လဲ။

၇။ အလျှော့ အတင်း နိုင်ငံရေးကစားမှု မရှိပဲ လွှတ်တော်ထဲ တနေကုန် ထိုင်အော်---- အဲ့ဒီလမ်းက အလုပ်ဖြစ်မယ်ထင်ပါသလား။

ဇာမဏီ said...

အပေါ်က ပုဂ္ဂိုလ်များ နားမလည်ကြသေးဘူးလားဗျာ
(နိုင်လင်း ၊ ပြာပုံသူ နှင့် မြန်မာပြည်သား)
။ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အန်အယ်ဒီက ကိုယ်စားလှယ်(၄၃)ဦးဟာလွှတ်တော်ထဲကိုမဖြစ်မနေသွားရမှာ ။ အဲဒါဟာကျိန်းသေတဲ့ကိစ္စဘဲ ။ ဒါပေမဲ့အန်အယ်ဒီလိုချင်တာဘာ လဲ၊ ရည်ရွယ်ချက်သုံးရပ်ကဘာလဲခင်ဗျားတို့မသိကြသေးဘူးလား ။ လွှတ်တော်ကို စောတက်တာနဲ့ နောက်ကျတက်တာနဲ့က ဘာမှထူးခြားမသွားပါဘူး ။ အေး ..ဒါပေမယ့် လွှတ်တော်ကို ကျိန်းသေပေါက်ဝင်ရမဲ့ အချန်မှာ ရည်ရွယ်ချက်သုံးရပ်ထဲက တစ်ခုကို တစ်ခါထဲ ဆွဲသိမ်းသွားတာဘဲဗျ ။ အဲဒါကို ခင်ဗျားတို့
မြင်ရဲ့လား ။ အဲဒီ ဆွဲသိမ်းသွားတဲ့ (၁) ရပ်ကလည်း ခင်ဗျားတို့
ကျုပ်တို့ ပြည်သူတွေရဲ့ပြုပြင်ပြောင်းလဲရေး အတွက် အရေးအ
ကြီးဆုံး တစ်ချက်ဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဘဲ ။ဒီစကား
စုလေးတစ်ခုကိုကပ်နေကြပါလားလို့ခင်ဗျားတို့မြင်နေကြသလား
အန်အယ်ဒီခုလုပ်ဆောင်ချက်ကို အားပေးရမယ့်အစား မဝေဖန်
ကြပါနဲ့ဗျာ ။ တချို့ဆို သံသယရှိနေပီတောင်ပါလိုက်သေးရဲ့။
ခင်ဗျားတို့ ကျွန်တော်တို့က မနေ့တနေ့ကမှ အွန်လိုင်းပေါ်တက်
ပီး လေနိုင်ငံရေးလုပ်နေကြတဲ့သူတွေပါ။ ဒေါ်စုတို့ဆိုတာ ဘဝ
နဲ့ရင်းပီးတိုင်းပြည်အတွက်နိုင်ငံရေးလုပ်လာတာ(၂၅)နှစ်
လောက်ရှိပီဗျ ။ (ချက်) ဆိုရင် နားခွက်ကမီးတောက်ပီးသား
ဆိုသလိုမျိုးပေါ့ ။ မယုံရင်စောင့်ကြည့်လိုက်ကြ ။ အန်အယ်ဒီ
အမတ်တွေ လွှတ်တော်ထဲကို မ၀င်ရသေးခင်မှာတင် ကြံ့ဖွတ်
အစိုးရ ဘူးခံပီး ငြင်းနေတဲ့ အခြေခံဥပဒေကို စပြီးပြင်ပေးရတော့
မယ်။မြင်အောင်ကြည့်တတ်ကြပါဗျာ။ကြည့်တတ်သူတွေမြင်ကြ
ပါတယ်။မြင်တဲ့သူတွေသိကြပါတယ်။သိတဲ့သူတွေပြုံးနေကြပါ
တယ်။

tun win said...

NLD ကအချိန်ဆွဲတာမဟုတ်နိုင်ပါဘူး ..ကိုယ့်လူတို့ရာ လွှတ်တော် ကိုရောက်တာနဲ့ ကြံ့ဖွတ်က တကယ်အရေးကြီးတဲ့ စကား၊ တကယ်အရေးကြီးတဲ့ အချက်ကို မပြင်နိုင်အောင် ချုပ်ကိုင်ဖို့ လုပ်ထားတာကို လွတ်အောင် ရှောင်နေတာဖြစ်မှာပါ...၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူလက်ခံနိုင်တဲ့၊ သဘောတူလက်ခံလို့ဖြစ်လာတာမဟုတ်ဘူး..ကြံ့ဖွံ့တွေက သူတို့အာဏာတည်မြဲံရေးအတွက် လိုသလို အကောက်ကြံ ၊ဂွင်ဆင်ဖြစ်လာတဲ့ ဥပဒေ ပါ ..စစ်မှန်တဲ့ဒီမိုကရေစီ ဖြစ်ဖို့ဆိုတာတော့ ဒီဥပဒေကိုပြင်ရမှာဘဲ..

chartake mglay said...

လွတ်တောထဲကိုရောက်သွားရင်ပြင်ဆင်ရမယ်ဥပဒေကိုသူတိုကလိုက်
လျော့ပေးနိုင်မယ်မထင်လို့NLDရွေ့ကောက်ပွဲဝင်းကတည်ဒီအချက်ကို
ဦသိန်စိန်ကသဘေားတူလိုအမေစုဝင်တာအခုတောဒီဟားလေကိုတောင်မပြင်ပေးနိုင်ဘူးဆိုရင်ဒီထက်အရေးကြီးတယ်ဟာတွေလွတ်တော်ထဲမှာ
ဘယ်လိုပြင်မှာလဲစဉ်စားကြည့်ကြလေး ဒီအတိုင်းဘဲနေမပြင်ပေးသရွေလွတ်တောမတက်နဲ့ဘာမှမထူးဘူး
ဦးသိန်စိန်မသိသလိုဘဲနေတယ်အဲဒါလည်းမရိုသားမှူဘဲနော်
NLDဒါတွေကိုမြင်တယ်ဒါကြောင့်မသွားတာ

Anonymous said...

NLD မ၀င်သေးတာကို ထောက်ခံတဲ့သူပါ....
NLD က ပါမစ် မက်ပြီး လွှတ်တော်ထဲ ၀င်မယ့် အဖွဲ့ အစည်းမျိုး မဟုတ်ပါ... ပါမစ်ပေးပြီး လက်ညိုးထောင် ခေါင်းငြိမ့် လုပ်ခိုင်းလို့ ရမယ် ထင်နေသူတွေ လွှတ်တော်ထဲမှာ ရှိနေတယ် ဆိုတာ သေသေခြာခြာ လေ့လာလိုက်ရင် သိရှိနိုင်ပါတယ်....
NLD လွှတ်တော်ထဲရောက်ရင် ပြည်ပ အဖွဲအစည်း တွေရဲ့ ထောက်ခံမှု တွေရမယ်.... အဲဒီအပေါ် အသုံးချပြီး စီးပွား ရှာမယ် ဆိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ၀န်ကြီး ၀န်ချုပ်တွေ အကွက် စောင့်နေတာ မြင်နေရပါတယ်...
တိုင်းပြည်အပေါ် ထားတဲ့ စေတနာ ဟာ သူတို့ ကိုယ်ကျိုးရဲ့ တစ်ဝက် တောင် မရှိဘူးလို့ သုံးသပ်ရမလို ရှိပါတယ်...

Anonymous said...

ဒီတခါတော့လွှတ်တောဥကဌကြီးကိုပဲအားကိုးလိုက်ပါရစေ၊
တရားလက်မဲ့ပြုမူသူတွေကိုပြင်းထန်စွာအရေးယူပေးပါ။
ဒါမှနောင်ကျဉ်သွားပါမယ်။နောက်ထပ်လည်းလုပ်မဲ့သူနည်းသွားပါမယ်။

Anonymous said...

NLD အကြောင်းတော့မေ့လိုက်နိုင်ရင်ကောင်းပါမယ်။
အသည်းနင့်နေအောင်အားပေးခဲ့ပါတယ်။
ဒါပေမဲ့ဖိုးသင်းမျောက်ဖြစ်နေပြီ၊
NLD ရဲ့အချို့သောအဖွဲ့ဝင်အိုကြီးများဟာ၊သူတို့ရဲ့အတ၊မာန၊မကျေနပ်မူများ
အတွက်လက်တုန့်ပြန်နိုင်မလားဆိုတဲ့မျှော်လင့်မူတွေနဲ့ NLD အရိပ်အောက်ကို
ခိုနေကြတယ်။တကယ်တော့အတိတ်ကိုနောက်မှာထား၊ရှေ့ကိုတိုင်းပြည်
အတွက်ပြည်သူအတွက်၊ပူးပေါင်းဆောင်ရွက်သင့်ဆောင်ရွက်ကြရမယ်လေ။
အခုတော့သူတို့ရဲ့စိတ်ခံစားမူကိုပဲရှေ့တန်းတင်နေကြတယ်။ဒီလိုလူတွေရှိနေ
သေးရင်တော့ NLD ရေငါတို့မျှော်လင့်ခဲ့တာမှားပြီ၊

ဇာမဏီ said...

စိန်ဒိုင်းမွန်း ရေ
အန်အယ်ဒီကို မျှော်လင့်ခဲ့တာမှားပြီလို့ထင်ရင်ကြံ့ဖွတ်ကိုမျှော်လင့်လိုက်လေ။မင်းအတွက်ဘာတွေရမလဲလို့။ငါတို့အမြင်
ကတော့ အန်အယ်ဒီက ဘာမျှော်လင့်ချက်မှ မပေးဘူး။ ပါတီကိုယ်တိုင်ပြည်သူနဲ့တသားထဲဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တယ်။ပြည်သူ့အကျိုးဆောင်ရွက်မယ်၊ပြည်သူတွေကို လက်တွဲခေါ်မယ်။ ပြည်သူတွေကိုယ်တိုင်ပါဝင်ကြိုးစားမှရမယ်။ အဲလိုမှမဟုတ်ဘဲနဲ့ ရေသာခိုပီးမျှော်လင့်ချက်လေးနဲ့တိုင်းပြည်ထဲမှာခိုကပ်နေကြတဲ့ မင်းတို့လိုလူတွေများနေလို့လဲ ကြံ့ဖွတ်
ပါတီဆိုတာ ရပ်တည်နေနိုင်တာပေါ့။ အမြင်မှန်စောစောရတာ
ကောင်းပါတယ်။ မဟုတ်ရင် အန်အယ်ဒီ အားပေးသူတွေထဲမှာ
ဖွတ်စိတ်ဓါတ်တွေကူးကုန်လိမ့်မယ်။ ကျေးဇူးတင်ပါတယ်

SOE TINT said...

တရားသူကြီးနဲ့ရှေ့နေတွေ -အကြားတရားစီရင်ရေးမဖြောင့်မမှန်ဖြစ်ရင် မဖြောင့်မှန်သူဖြစ်ကြောင်းထင်ရှားစေသည့်ပြုမူဆောင်ရွက်ရမည့်ပြဌာန်းချက်လိုပါသည်။ တချိန်ကဘားကောင်စီကအထိုက်အလျောက်ထိန်းညှိနိုင်ခဲ့သော်လည်း ၁၉၈၈ တွင်ကွယ်ပျောက်ခဲ့ရသည်မှပိုမိုဆိုဝါးသောအတွေ့အကြုံများအတွက် သိန်းဆယ်ကြီးပိုင်းတန်တရားသူကြီးများနေရာယူရာအဖြစ်တရားရေးဌာနနာမည် ကြီးခဲ့ရရှာသည်

komyo said...

စိန်ဒိုင်းမွန်းရေ မင်းကလဲကွာ အခုမှအပင်ကပျိုးတုန်းပဲရှိပါသေးတယ် မင်းကြည့်
ခြင်တဲ့အသီးအပွင့်ကိုဘယ်လိုတွေ့မှာလဲလို့ စိတ်မလောပါနဲ မင်းဒီအရွယ်ရောက်ဖို့
မင်းမိဘတွေဘယ်လောက်ရုံးကန်ခဲ့ရတယ်ဆိုတာကို မေးကြည့်လိုက်ပါကွါ ရန်စကား မပြောခြင်ပါဘူး မင်းရဲ့တွေးခေါ်မှု့တွေကို နောက်10နှစ်လောက်ထပ်
ပေါင်းလိုက်ပါ အဲလောက်ဆိုအဆင်ပြေနိုင်ပါတယ်နော်။

Powered by Blogger.