ဧပြီ ၆ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)
ဧပြီ ၁ ရက်နေ့ကကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင်တွင် မဲပေးခဲ့သူ တသိန်းကျော်ကျော်မှ ပယ်မဲ ခြောက်ထောင် ၀န်းကျင် ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ရုံးမှ တာဝန်ရှိသူတဦးဖြစ်သူ ဦးအောင်မြင့်ကပြောသည်။
“ပယ်မယ်ကတော့ ဂဏန်းသိပ်မများဘူးပေါ့၊ဒါပေမဲ့ မဲပေးတဲ့အခါ ခြစ်တာပြုတာ အဆင်မပြေသေးဘူးလို့ ပြောရမှာပေါ့”ဟု ၎င်းကပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင်မော်လမြိုင်တွင် မဲပေးနိုင်သူ တသိန်းခြောက်သောင်းဝန်းကျင်မှ မဲလာပေးသူမှာ တသိန်းလေးထောင် ၀န်းကျင်ခန့်သာ ရှိသည်။
၎င်းတို့အထဲမှ ပယ်မဲ မှာစုစုပေါင်း ၅၈၈၁ ပဲရှိခဲ့ပြီး ပျောက်မဲ (မဲလက်မှတ်များကို မဲပုံးထဲမထည့်ဘဲ ပြန်ယူသွားသည့်မဲ) ၈၃ မဲရှိခဲ့သည်။
ပယ်မဲကိုတွက်ကြည့်လျင် ၆ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် နိုင်ငံတကာ ရွေးကောက်ပွဲ စံချိန်နှင့် ဆိုပါက များကြောင်း ရွေးကောက်ပွဲသတင်း အထူးပြုရေးသားသူ အယ်ဒီတာ ဦးအောင်မြင့်ကပြောသည်။
မဲလာပေးသူများမှာ မဲပေးနိုင်သူဧ။် ၆၅.၇၃ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ်က မဲလာပေးသည့် ရာခိုင်နှုန်း ခန့်သာ ရှိခဲ့သည်။
“ကျွန်တော်တို့က လူတွေ စိတ်ဝင်စားပြီးစုပြုံမဲလာပေးမယ်လို့သာထင်ထားတာလေ၊အရင်အတိုင်းပဲ သိပ်မတိုးလာဘူး၊မဲနဲ့ပတ်သက၍ NLD ကတော့ မဲရုံအချို့မှာသူ့အကွက်တွေမှာ ဖယောင်းသုတ်ထားတယ်ဆိုပြီးလာတိုင်တာရှိတယ်၊ ကျွန်တော်တို့က ပြည်ထောင်စုကော်မရှင်ကို တင်ပြထားပါတယ်”ဟု ဦးအောင်မြင့်ကပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင် ကျိုက်ဖနဲမဲရုံအမှတ်(၂) ထန်းပင်ကုန်းရပ် ကွက်တွင် မဲရေတွက်စဉ်မှာမဲအရေအတွက် တစ်ထောင်ဝန်းကျင်အနက် ပယ်မဲ တစ်ရာနီးပါးရှိနေကြောင်းတွေ့ရသည်။
မဲရုံအချို့တွင် ပယ်များအများအပြား ရှိခဲ့ခြင်းနှင့်ပတ်သတ်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုက်ရေစီအဖွဲ့ချုပ် (NLD) မော်လမြိုင် အောင်နိုင်ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဇော်က
“အဓိက ပြဿနာကမထင်ရှားတာပဲ။ လူတွေက တခါခြစ်လို့ မထင်ရှားတော့ နှစ်ခါသုံးခါခြစ်ရင်း ပယ်မဲဖြစ်သွားတာပေါ့ ၊ပြီးတော့ ဘောပန်မှင်မထွက်တဲ့ကိစ္စ၊ စာရွက်မှာ ဖယောင်းသုတ်ထားတဲ့ကိစ္စတွေပေါ့၊ မနက်ပိုင်းမှာ မဲရုံက ဘောပန်မှင်မထွက်လို့ နေ့လယ်ကျတော့ ကိုယ့်ဘောပန်နဲ့ကိုယ် မဲသွားပေးဖို့လိုက်ပြောရတယ်”ဟုပြောသည်။
ပယ်မဲအများစုမှာ NLD ပယ်မဲ သာ အများဆုံးဖြစ် နေကြောင်းတွေ့ရသည် ဟု သူက ဆိုသည်။
NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲမကျင်းပခင် စည်းရုံးရေးကာလတွင် မဲဆန္ဒရှင်များကို မဲပေးခြင်းနှင့် ပတ်သတ်၍ အသိပညာပေးဟောပြောမှုကို ရပ်ကွက်တခုကို နှစ်ကြိမ်၊သုံးကြိမ်ခန့်လုပ်ခဲ့ကြောင်းဦးကိုကိုဇော်ကပြောသည်။
“ကျွန်မအမေက မဲခြစ်တာ မထင်လို့နှစ်ခါခြစ်လိုက်တာ ၊အဲဒါပယ်မယ်ဖြစ်မယ်လို့ သိရော မဲရုံမှူးတွေဆီက မဲအသစ်ပြန်တောင်းတာ သူတို့ကမပေးဘူး”ဟု မော်လမြိုင် ပျဉ်တောင်တန်းမဲရုံတွင်မဲသွားပေးခဲ့သည့် မလှသောင်းကပြောသည်။
မဲစာရွက်များကို ဆန္ဒမဲ မပေးခင် စိကြိုက်မဖြစ်ပါက လဲလှယ်ခွင့်ရှိသော်လည်း ဆန္ဒမဲ အမှန်ခြစ်ပြီး ပါက နောက်ထပ်မဲစာရွက်အသစ် ထပ်မံလဲလှယ်ခွင့် မရှိတော့ကြောင်း ပြည်နယ်ကောက်မရှင်မှ တာဝန်ရှိသူတဦး ကပြောသည်။
မော်လမြိုင်ကြားဖြတ်ရွေးကောက်ပွဲတွင်လစ်လပ်ပြည်သူ့လွှတ်တော်နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သောပါတီလေးခုမှ NLD မှ မဲလာပေးသူဧ။် ၇၂.၉၀ ရာခိုင်နှုန်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၀.၀၄ ရာခိုင်နှုန်း၊မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီမှ ၄.၉ ရာခိုင်နှုန်းနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၁.၁၃ ရာခိုင်နှုန်း ရရှိထားပြီး NLD မှ မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိထား ခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ ကြားဖြတ်ရွေးကောက်ပွဲ မော်လမြိုင်မဲဆန္ဒနယ်တွင် NLD အနိုင်ရရှိထားခြင်းနှင့်ပတ်သတ်ပြီး အခြားပါတီများမှ လာရောက် တိုင်ကြားခြင်း ၊ကန့်ကွက်ခြင်းမရှိသေးကြောင်း ဦးအောင်မြင့်ကပြောသည်။

Yangon Press International
ကြားဖြတ်ရွေးကောက်ပွဲ တွင်မော်လမြိုင်တွင် ပယ်မဲ ခြောက်ထောင်ဝန်းကျင်ရှိ
Reviewed by သစ်ထူးလွင်
on
14:54
Rating:
No comments:
Post a Comment