ဓါတ်ပုံ (Google Images) |
ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၅၉ ဦးအား လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များထက် ရာထူးမြင့်သည့် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အဆင့်တို့ဖြင့် အစားထိုး လဲလှယ်လိုက်ကြောင်း ယမန်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ယခုအစားထိုးခန့်အပ်လိုက်သူများထ
ယခုလက်ရှိအချိန်ထိ တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၁ ဦးသာရှိနေခဲ့ရာမှ ယခု ၈ဦးထပ်မံ ထည့်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။
ရန်ကုန်မြို့မှ အမည်မဖေါ်လိုသည့် တပ်မတော်သား ကိုယ်စားလှယ်တဦးက ပြောဆိုရာတွင် အစားထိုးခံရသည့် တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် အပတ်စဉ် ၄၃ ဆင်း ဗိုလ်မှူးအဆင့်ထိ ပါဝင်ကြောင်း၊ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်ထဲ ၀င်လာတော့မည့် အချက်နှင့် ယခုအစားထိုးလဲလှယ်သည့် အဖြစ်အပျက် ဆက်စပ်သည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ပြောဆိုသည်။
၎င်းတပ်မတော်သား ကိုယ်စားလှယ်များအား ယခုလွှတ်တော် ပြန်လည် မစတင်မီ ၄ ရက်အလို ကတည်းက နေပြည်တော်သို့ ရောက်ရှိနေရန် ညွှန်ကြားခဲ့ကြောင်းလည်း ပြောဆိုသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးချယ်စရာ မလိုပဲ ခန့်အပ်ခွင့်ရှိသည်ဟု ဖေါ်ပြထားသည်။
ဆယ်စုနှစ် ၂ ခုကျော်ကြာ စစ်တပ်အစိုးရ၏ ဖိနှိပ်မှုခံခဲ့ရသည့် အန်အယ်လ်ဒီပါတီက ယခုလဆန်းတွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်ထဲ ပါဝင်လာတော့မည် ဖြစ်သည်။
သို့သော် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်မည့် စာသားတွင် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုသည့်စာသားကို ပြင်ဆင်ပေးရန် အန်အယ်လ်ဒီပါတီမှ တင်ပြထားရာ ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များ ယနေ့ပြန်လည်စတင်မည့် လွှတ်တော်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ။
Yangon Press International (YPI)
တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦး ရာထူးမြင့်သူများဖြင့် အစားထိုး
Reviewed by သစ်ထူးလွင်
on
10:22
Rating:
12 comments:
နိုင်ငံရေးဇာတ်အရှိန် မြင့်တက်လာနိုင်သည်
ရာထူးကြီးတိုင်းနိုင်ငံတကာအဆင့်စဉ်းစားတွေးခေါ်ညဏ်ရှိရင်တော့ကောင်းတာ
ပေါ့အရပ်ကတို့ ...
တော်ကြာ နေ၀င်းပေါက်စ.သန်းရွှေပေါက်စတွေများလာမှဖြင့်သေနတ်တကားကားနဲ့ 
ချောက်ထဲကျရန်လက်မတင်အလိုကယ်တင်ခြင်းဆိုဘီး..အကုန်ထောင်ထဲထည့်
လက်စဖြောက်နေအုံးမယ်..
ဒီ comments ကိုဖတ်ကြည့်ပြီး ကျွန်ုပ်အားဝေဖန်လိုဝေဖန်နိုင်ပါသည်။ ဒါပေမဲ့ကျွန်တော်တင်ပြလိုသည်ကိုတော့တင်ပြပါရစေ။ မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေအများကြီးဖွင့်လှစ်ထားပါသည်။မြန်မာနိုင်ငံ ကာကွယ်ရေး အတွက် စစ်တက္ကသိုလ်များဖွင်လှစ်ခဲ့သည်မှာ ကိုလိုနီခေတ်ကထဲ ကဖြစ်ပါ သည်။တော်လှန်ရေးကောင်စီခေတ်နှင့်ဆိုရှယ်လစ်ခေတ်တွင်စစ်တက္က သိုလ်တွင် ၀ိဇ္ဖာ-သိပ္ပံစာပေများပါသင်ကြားပို့ချခဲ့ပြီးနိုင်ငံရေး၊စီးပွားရေး ၊အုပ်ချုပ်ရေးပညာရပ် များကိုလည်းသင်ကြားပို့ချပေးခဲ့ပါသည်။တဖန် တပ်စုမှူး၊တပ်ခွဲမှူးတပ်ရင်မှူးမှသည်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အ ဆင့်အထိရာထူးအဆင့်အလိုက်သင်တန်များပို့ချပေးပါသည်။အရပ်ဖက်တက္ကသိုလ်များအနေဖြင့်၁၉၇၅-ခုနှစ်အထိရန်ကုန်နှင့်မန္တလေးတွင်သာတက္ကသိုလ် အဆင့်၂ခုသာရှီခဲ့ပြီးမြစ်ကြီးနား၊မကွေး၊တောင်ကြီး၊မော်လမြိုင်မြီု့များတွင် သာကောလိပ်ကျောင်းများရှီခဲ့ပါသည်။ထိုအချိန်အထိတက္ကသိုလ်-ကောလိပ် များ၏ပညာရေးစနစ်မှာဆရာရောကျောင်းသားများပါပညာလိုလားစွာ သင်ကြားခဲ့ကြပါသည်။၁၉၇၆-ခုနှစ်မှစ၍တက္ကသိုလ်ပညာသင်ကြားရေးများ ကမောက်ကမဖြစ်ခဲ့ရပါသည်။ဒေသကောလိပ်များပေါ်ပေါက်ပြီးနောက်ပိုင်းတက္ကသိုလ်ပညာသင်ကြားရေးများအဆင့်အတန်းနိမ့်ကျလာခဲ့ပါသည်၊ကျောင်း သားများအနေဖြင့်လည်းပညာသင်ကြားရေးတွင်စိတ်ပါဝင်စားမှုနည်းပါးလာ ကြပြီးဘာသာရပ်သင်ဆရာများကိုအားကိုကာတက္ကကျူရှင်စနစ်ထွန်းကားလာ ခဲ့ပါသည်။၎င်းနောက်စစ်အုပ်ချုပ်ရေးခေတ်တွင်တက္ကသိုလ်ပညာသင်နှစ်ကို လျှော့ချကာပညာသင်ကြားခဲ့ရသဖြင့်ပညာရေးအဆင့်အတန်းအတော်နိမ့်ကျ ခဲ့၇ပါသည်။ဤအခြေအနေတွင်ကြီးပြင်းလာခဲ့ရသောလူငယ်များအဖို့ကိုယ့် အားကိုယ်ကိုလိုစိတ်၊တည်ထွင်ကြံဆလိုစိတ်များနည်ပါးပြီးအတွေးအခေါ်များ ကျဆင်းလာခဲပါသည်။ထို့ကြောင့်စစ်တက္ကသိုလ်များမှကျောင်းဆင်းအရာရှီ များကိုဒီမိုကရေစီအင်အားစုများဖြစ်အောင်စည်းရုံးသိမ်းသွင်းခြင်းဇြင့်ရှေ့ဆက် ရမည်ဒီမိုကရေစီပန်းတိုင်ကိုညီညီညွတ်ညွတ်လျှောက်လှမ်းမည်ဆိုပါကခေတ်မီဒီမိုကရေစီနိုင်ငံတော်ကြီးအလျှင်အမြန်ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းရေးသား ဖော်ပြအပ်ပါသည်။
ဘာလည်းဗျ၊စည်းကမ်းရှိသောဒီမိုကရေစီဆိုပြီး
ရပ်ကွက်ထဲဘောလုံးကန်သလို လူလဲချင်တိုင်းလဲနေတာ၊
လွှတ်တော်ကိုအရက်ဆိုင်လို သဘောထားနေယင်တော့၊
ခင်ဗျားတို့ကို ပြည်သူကလေးစားဘို့တော့ ကြာလေဝေးလေနဲ့
တူတယ်။
ချီးထုပ်တွေ မြန်မာပြည်တော့ ပျက်တော့မှာပဲ၊ အခု အချိန်အထိ ပြည်သူအပေါ် နှိပ့်ကွက်ချင်နေတုန်ပဲ၊ တိုင်ပြည်လဲ စုတ်ပြတ်သက်နေပြီ၊ စောက်ရှက်ကို မရှိတဲ့ တပ်မတော် ဗိုလ်ပြုတ်တွေများနေတော့ ဖင်ကုန်းချောင်ဆိုးတဲ့ လွှတ်တော်ပဲ ဖြစ်လိပ်မယ်၊ တိုင်ပြည်တော့ပြောင်းလဲမှာမဟုတ်ဘူး ၊ ဒီစစ်ကျွှန်တွေအကြောင်းကြားရရင် စိတ်ပျက်ပျက်သွားတယ်။
ဘယ်လိုပဲရာထူးကြီးနဲ့အစားထိုးထိုး အထင်မကြီးဘူးခင်ဗျ၊ သူတို့မှာကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် အဆိုတင်သွင်းနိုင်တာမှမ
ဟုတ်တာနော်၊ ပြီးတော့ကြားဖူးပါဘူး လွှတ်တော်မှာစစ်သားအမတ်ဆိုတာနော
ရာထူးကြီးတော့ပြုတ်မှာကိုပိုကြောက်တယ်။ ငါတို့တပ်မတော်က လုပ်ချင်သလို လုပ်လို့ရတယ်လို့ ဖေါ်ပြလိုက်တာပါပဲ။ ဒါဆိုယခင်ကိုယ်စားလှယ်တွေက တာဝန်ပေးလို့လာထိုင်နေယုံပဲလား။ ရာထူးကြီးပေမဲ့ဆုံးဖြတ်နိုင်ခွင့်မှမရှိတာ မထူးပါဘူး
ဒီမိုကရေစီတော့ မသိဘူးဗျာ ။ ဒို့နိုင်ငံမှာ အော်နေတဲ့ ဒီမိုကရေစီကတော့ ဖင်ပေါက်ကြီးနဲ့ ၀င်ချင်းတိုင်းဝင် နေတဲ့ အပေါက်ကြီး ။ ဒို့ကတော့ အရှက်မရှိ အသည်းကြားက မဲတစ်ပြားလေးနဲ့ ပို့လိုက်ရတဲ့ အမတ်တွေ တစ်ယောက်အမိန့်နဲ့ ဖင်ပေါက်က ၀င်လာသူကို ဘာမှ မပြောနိုင်ကြဘူး။ အရူးချီးပန်း ဒီမိုကရေစီ ။ ဒါ့ကြောင့် သူများတွေပြောတဲ့ ဗိုလ်ရူးသဘင် ဖြစ်နေတာကိုဗျ။
စိတ်နှလုံးသားယုတ်မာနေကြဆဲပါ။
လွတ်တော်ထဲဝင်ပြီးအမေစုပါတီကိုကောက်ကျစ်
အုံးမယ်ထင်တယ်။
နင်တို့ပိုင်တဲ့တိုင်းပြည်လား
နင်တို့ချယ်လှယ်ချင်တိုင်းချယ်လှယ်နေတာ
ပြည်သူတွေရဲကစိတ်နှလုံးသားတွေနာကျင်နေပြီ။
သူတို့တွေတဇိုလ်ကျတဗိုလ်တက်စနစ်ဆိုးကိုလက်ဆင့်ကမ်း
ကြအုံးမှာဒါသက်သေပဲ...
မင်းတို့ကြိုက်တဲ့ရာထူးအဆင့်နဲ့လဲပါ၊ရာထူးကြီးလေမသမာမှု၊ခိုးမှု၊မတရားမှုများလေဆိုတာပြည်သူကသိပြီးသားပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တဖက်သတ် မူဝါဒကို အခြေခံထားတယ်လို့ ကျွန်တော်ကတော့ ယုံသွားပြီ။ ကြည့်လေ။ စစ်တပ်က ၂၅%ကို ကြိုက်သလို ပြင်ဆင်ခွင့်ဆိုတာ။ ကျွန်တော်တို့ ပြည်သူတွေ ဘဝ မတွေးရဲစရာပါပဲ။
ကြားနေတာတွေကော မြင်တွေ့နေတာတွေကော များတော့ ..လက်တွေ့ ကို မျော်ရင် နဲ့ အသက်တောင်ကြီးကျင့်မှု့သာ အဖတ်တင်ရတော့မည့်အခြေအနေသာ အစစ်မှန်ဖြစ်နေတော့သည်...
ကျောင်းဆရာတစ်ဦး
Post a Comment