ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် နေအိမ်ဝယ်ယူမည်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာနေပြည်တော်
၊ဇေယျာသီရိမြို့နယ်မှာနေအိမ်တစ်လုံးဝယ်ယူဖို့စီစဉ်နေတယ်လို့ဒီချုပ်ရဲ့ကိုယ်ရေး
အရာရှိဖြစ်တဲ့ ဦးဟံသာမြင့်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်ကို
သွားရောက်ရာမှာအဆင်ပြေချော့မွေ့စွာနေထိုင်လုပ်ကိုင်နိုင်ဖို့အတွက်ဝယ်ယူရခြင်း
ဖြစ်တယ်လို့သိရပါတယ်..ဦးဟံသာမြင့်ဟာနေအိမ်ဝယ်ယူဖို့အတွက်ဧပြီလ(၇)
ရက်နေ့မှာနေပြည်တော်ကိုသွားရောက်မယ်လို့သိရှိရပါတယ်။

သံလွင် (Blog)
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် နေအိမ်ဝယ်ယူမည် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် နေအိမ်ဝယ်ယူမည် Reviewed by သစ်ထူးလွင် on 07:36 Rating: 5

11 comments:

မျိုးချစ်မြန်မာလူငယ် said...

အမေစု ကိုဂုဏ်ယူပါတယ်ဗျာ။

ရာရာ said...

ကြည့်ရတာ ငါတို့အမေ ရန်ကုန်မှာ မီးဖြတ်ဖြတ်နေလို့ မီးမှန်တဲ့ နေပြည်တော်ကို ပြောင်းတာဖြစ်မယ်...

aungaung said...

အမေစုနေပြည်တော်မှာ အိမ်ဝယ်မယ်ဆိုလုံခြုံရေးကိုကြည့် အုံးနော်
စိတ်ပူလို့ ပါ

must said...

ဝယ်သင့်ပါတယ်၊ နောင်ဆို ခဏခဏ သွားရမှာဆိုတော့၊ ၂ အိမ်လောက်တောင် လိုမယ်ထင်ပါတယ်။

လွတ်လပ်သူ said...

ဦးဟံသာမြင့် ခင်ဗျား.......အမေစု နေမယ့်နေရာ/၀ယ်ယူနေထိုင်မယ့်နေရာကိုလည်း တောင်သူလယ်သမား/လယ်သမားများဆီက သိမ်းယူထားတဲ့မြေနေရာတွေမှာ မ၀ယ်ယူမိအောင်သတိထားဆောင်ရွက်ပါခင်ဗျား....

Anonymous said...

အမေစု ၇ဲ့ လုံခြုံေ၇းကို သတိပြုကြပါ မသူတော်တွေ ပေါတဲ့ အ၇ပ်မို့ အမေ့ ကိုစိုး၇ိမ် လို့ ပါ။

Philip Kotler said...

လုံခြုံရေးအထူးကောင်းမွန်တဲ့အိမ်ဖြစ်သင့်ပါတယ် ဖြစ်နိုင်ရင်ကျုံးပတ်လည်ထိုင်းနေတဲ့နေရာမြိုးဖြစ်သင့်ပါတယ်...

Supercialone said...

အမေစု အတွက်အိမ်ဝယ်စရာမလိုဘူးထင်ပါတယ်... အမေစုနေမယ်ဆိုရင် တစ်နိုင်ငံလုံးက ဘယ်နေရာမဆိုကြိုဆိုနေမှာပါ....ဧည့်ဝတ်ကျေပွန်အောင်လည်းဂရုစိုက်မှာပါ....

Unknown said...

အမေစုက တိုင်းပြည်ကောင်းကျိုးအတွက် ပြောင်းလဲမှုတွေကိုတွန်းအားပေးနေတဲ့ခေါင်းဆောင်ဆိုတော့ ထိုက်ထိုက်တန်တန်ဆုမျိုးစုံ ကမ္ဘာကပေးနေကြတယ် ကမ္ဘာ့ခေါင်းတွေလာရင် တွေ့ဆုံဆွေးနွေးဘို့ တင့်တယ်ခမ်းနားသောအိမ် လိုအပ်ပါတယ်၊။

Akar said...

အမေစုအတွက်အိမ်ဝယ်မယ်ဆိုရင် လုံခြုံရေးကိုအထူးဂရုစိုက်ဖို့လိုပါမယ်ခင်ဗျာ ... အထက်က လွတ်လပ်သူ ပြောခဲ့သလို တောင်သူလယ်သမားတွေဆီက သိမ်းယူထားတဲ့မြေမျိုး မသန့်တဲ့ မြေမျိုးမဖြစ်အောင်လို့လည်း အထူးဂရုစိုက်စေချင်ပါတယ် ... အမေစုရဲ့ ဂုဏ်သိက္ခာကိုထိခိုက်မှာစိုးလို့ပါ ....

Myat KhantAye said...

အမေစုကသဌေးပဲ ။ ၀ယ်နိုင်မှာပေါ့။
ကျွန်တော်တို့ဝန်ထမ်းတွေက အားကျပါတယ်။

Powered by Blogger.