ယနေ့ အိမ်ရှေ့မှာတွေ့ ရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-Facebook) |
ကော့မှုးမြို့နယ်တွင် ကျေးရွာ အုပ်စု(၆၂)စုရှိရာ အုပ်စုတစ်စုစီမှ မဲပေးခဲ့သူ အသက် အကြီးဆုံး ပုဂ္ဂိုလ် တစ်ဦး စီကို ဖိတ်ကြားမည်ဟု ကော့မှုးမဲအောင်နိုင်ရေးအဖွဲ့ မှ ဦးလှမြင့်က ပြော သည်။
“ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကိုမဲပေးမှမဟုတ်ဘူး၊ဘယ်ပါတီပဲ မဲထည်ခဲ့ထည်ခဲ့ အုပ်စုတစ်စုစီက အသက်အကြီးဆုံး မဲထည့်ခဲ့သူ၊ ကော့မှုး ကိုလည်းလာနိုင် လောက်တဲ့လူ ကိုပြောတာပါ ” ဟု ၎င်းက ရှင်းပြသည်။
သက်ကြီး ပုဂ္ဂိုလ်များကို ကော့မှုးသို့ ဖိတ်ကြား၍ ဂါရ၀ပြုကန်တော့ပြီးပါက ၎င်းတို့ ထဲမှ ပထမဆု၊ဒုတိယဆု၊တတိယဆု သုံးဆုကို မဲနှိုက်ရွေးချယ်ကာ ရပ်ရွာအကျိုးပြု ရန်ပုံငွေများ ပေးအပ်ချီးမြုင့်မည်ဟု သိရသည်။
ရန်ပုံငွေအနေဖြင့် ပထမဆု (၁၇၅)သိန်း၊ ဒုတိယဆု(၇၅)သိန်း၊ တတိယဆု သိန်း(၅၀) ချီးမြုင့်မည်ဖြစ်သည်။
“ မဲပေါက်တဲ့ ဘိုးဘွားရဲ့  ရွာတွေက ဒီငွေတွေကို ရပ်ရွာအကျိုးအတွက် ဘယ်နေရာတွေမှာသုံးမလဲဆိုတာ စီမံချက် ဆွဲပြီး ပြန်တင်ပေးရမယ်။ ကျေးရွာရန်ပုံငွေသဘောပေါ့။ ”ဟု ကော့မှုးမဲအောင်နိုင်ရေး အဖွဲ့ ၀င် ကိုလင်းဇော်က ပြောသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ တွင် ပြုလုပ်မည့် အဆိုပါ ဂါရ၀ပြုကန်တော့ပွဲသို့ ရန်ကုန် မှ အနုပညာရှင်များလည်း လာရောက်ကာအနာပညာ ဖျော်ဖြေရေးအစီအစဉ်များတင်ဆက်ကြမည်ဟု သိရသည်။
ကျော်ရဲလင်း
Popular Myanmar News Journal
နှစ်ဆန်းတစ်ရက်တွင် ကော့မှုးမှသက်ကြီးမဲဆန္ဒရှင် ၆၂ဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုမည်
Reviewed by သစ်ထူးလွင်
on
23:35
Rating:
8 comments:
သာဓုပါတော်.....
တုနှိုင်းမဲ့ အမေ
မဲမပေါက်တဲ့ အဖွားတွေကို
ဘာမှမပေးဘူးလား
ငါးသိန်းစီလောက်တော့ပေးသင့်ပါတယ်
လာရကျိုးနပ်အောင်
နှစ်သစ်မှာ မင်္ဂလာ အရှိဆုံးအလုပ်ပါ . . အန်တီစုကို တစ်တိုင်းပြည်လုံးရဲ့ ကိုယ်စား သာဓု . သာဓု. သာဓု လို့ ခေါ်လိုက်ပါရစေ . .ရှေ့ ဆက်မဲ့ နိုင်ငံ အကျိုးပြု လုပ်ငန်းများကိုလည်း အန်တီစု တစ်ယောက် ကျန်းကျန်းမာမာ နဲ့ စွမ်းစွမ်းတမံပြုလုပ် အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပါတယ် . .
အမေ ကော့ မှူးမြို့ နယ်ကသမင်ခြံဆိုတဲ့ ရွာသေးသေးလေးမှာ တစ်ရွာတည်းသောရှုံးနိမ့် မှု့ နဲ့ ကြုံခဲ့ တယ်နော် သူတို့ ရွာလေးက ကြံဖွတ်ကနိုင်ရင်အခွင့် ရေးပေးမယ်ဆိုလို့ တဲ့  ပါတီနိုင်ငံရေအသံနဲ့  april14ကတော့  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦမြင့် ဆွေနဲ့ ကြံ့ ဖွံ့ အပေါင်းအဖေါ်တွေ သမင်ခြံရွာသီးသန့် ဖွံ့ ဖြိုးရေးအတွက်နှုတ်ရေးနဲ့ တော့ စတင်အကောင်အထည်ဖေါ်နေပါပြီ အမေကတော့ NLDကိုမဲပေးခဲ့ သူရော မဲမပေးခဲ့ သူရော တန်းတူညီမျှသက်ကြီးပူဇော်ပွဲကျေးလက်ဖွံ့ ဖြိုးရေးကံစမ်းမဲဖေါက်ပေးမယ်ဆိုတော့ အမျိုးသာရေးစိတ်ဓါတ်တကယ့်အပြည့် ပေါ့ နော် ကြံ့ ဖွံ့ ကတော့ သူမဲရှုံးတဲ့ ရွာကိုမစဉ်းစားဘူးတဲ့ အများကြီးကွာနေတယ် ဒီလိုသာဆို 2015မဟာ့  မဟာ မဟာအရှက်တော်ကြီး တတိယအကြိမ်မြောက်ကွဲကြအုံးပြန်ပေါ့
အမေစု ပူဇော်တာခံရရင်ပဲ အဘိုး အဘွားတွေအတွက် လာရကျိုးနပ်ပါပြီ တကယ်တော့ ပေးတဲ့ဆုငွေဟာလည်း ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ရပ်ရွာအတွက် အကျိုးရှိအောင်သုံးစွဲမယ့်ရန်ပုံငွေပေးတဲ့ သဘောပါ (tkm ) ခင်ဗျာ
သာဓုသုံးကြိမ်ခေါ်ဆိုလိုက်ပါတယ်။ အကယ်၍ ပထမဆုမဲပေါက် သွားတဲ့ အဖိုးအဖွားက သမင်ခြံရွာက ဖြစ်နေခဲ့ရင်တောင် ကြည်ကြည်ဖြူဖြူနဲ့ အဲဒီရွာကောင်းကျိုး ရှယ်လုပ်ပေးခြင်းဖြင့် NLD ဆိုတာ ဒါပဲ ပြည်သူအားလုံးတစ်သားတည်း ကျောသား ရင်သား မခွဲဘူးဆိုတာ ပြလိုက်စေချင်ပါတယ်။ သူတို့တွေလို ရွေးကောက်ပွဲမနိုင်လို့ တူးပြီးသားရေတွင်းတောင် ပြန်ပိတ်တယ် ပေးထားတဲ့ မီးတောင်ဖြတ်ပြစ်တယ်ဆိုတဲ့ စိတ်ဓါတ်တွေနဲ့တော့ ဇီးစေ့နဲ့မြင့်မိုရ်တောင် နံ့သာဆီနဲ့အီးပဲဆိုတာ ပြလိုက်စမ်းပါ။
အမေ ကို ကြည့်ပြီး အားရ ပါးရ အမေလို့ခေါ်ချင်တယ် မန္တလေးမှာ တွေ့တုန်းကပေါ့ .... အမေ ကို အားရ ပါး ရ .. အနမ်းလေးပေး ပြီး .. တိုင်းပြည် / သူ /သားတွေ က အမေကိုစောင့်မျှော်နေပါတယ်လို့ ပြောချင်တာ .. အခွင့်ရေးမရလို့ပါ အမေရယ် .. မေမေ ကျန်းမာပါစေ
Post a Comment