ဂျပန် ငါးလုပ်ငန်း မြန်မာကို စိတ်ဝင်စား

အခုအခါ ဂျပန် ပင်လယ်စာ သွင်းကုန်လုပ်ငန်းရှင်တွေ အတော်များများ
မြန်မာနိုင်ငံဘက်ကို စိတ်ဝင်စားနေကြ တယ်လို့ ဂျပန် ငါးလုပ်ငန်းဆိုင်ရာ သတင်းဌာနတစ်ခုက ဖေါ်ပြပါတယ်။

ဂျပန် ငါးလုပ်ငန်းရှင်တွေဟာ နော်ဝေးနိုင်ငံက ငါးသေတ္တာငါးတွေကို တခြားနိုင်ငံကိုတင်ပို့၊ အသင့်စားသုံး နိုင်အောင် ထုတ်ပိုးပြင်ဆင်ပြီး ဂျပန်ကို ပြန်သွင်းကြပါတယ်။ မူလက လူ နဲ့ လုပ်အား ပေါတဲ့ တရုတ်ပြည်ကို အဓိကထားပြီး လုပ်ကိုင်နေခဲ့ပေမဲ့ တရုတ်ပြည်မှာ လုပ်အားခတွေ
ဈေးတက်လာတဲ့အတွက် ထိုင်းနဲ့ဗီယက်နမ် ကိုပါပို့ပြီး ဆောင်ရွက်ခဲ့ ပါတယ်။

အဲဒီနောက် ထိုင်းမှာလည်း လုပ်ခဈေးနှုန်းတွေပြင်ဆင်တိုးမြှင့်လိုက်ရာမှာ အလုပ်ရှင်တွေက အလုပ်သမားခံစားခွင့်တွေရုတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမားတွေဆန္ဒပြခဲ့ကြလို့ ဂျပန်ကိုပို့မယ့် ပင်လယ်စာစက်ရုံ လုပ်ငန်းတွေ ထိခိုက်ခဲ့ပါတယ်။

အဲဒါကြောင့် ပွင့်လင်းလာတဲ့ မြန်မာပြည်အပေါ် ဂျပန် ပင်လယ်စာ သွင်းကုန်လုပ်ငန်းရှင်တွေ မျက်စိကျလာကြ ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးထုတ်ကုန်လုပ်ငန်းတွေအတွက် အခြေခံလိုအပ်ချက်တွေ မလုံလောက် သေးတာက အဓိကပြဿနာဖြစ်နေပါတယ်။

ဂျပန်ငါးကုန်သည်ကြီးတစ်ယောက်က - ပင်လယ်စာ ပို့ကုန် လုပ်ငန်းမှာ ကျန်းမာရေးစံချိန်စံညွှန်း အဆင့်မီဖို့ အထူးလိုအပ်လှပါတယ်၊ ဒါပေမဲ့ ဒီအတွက် မြန်မာပြည်မှာ စံချိန်မီ ဥပဒေဆိုင်ရာပြဌာန်းချက်တွေ
မရှိသေးပါဘူး၊ နောင်မှာ တဖြည်းဖြည်းဖြစ်လာမယ်ဆိုပေမဲ့ အချိန် အတော်ယူရပါဦးမယ်၊ ဒီတော့ တရုတ်ကို ပို့နေတဲ့ နော်ဝေး ငါးသေတ္တာငါးတွေကို မြန်မာပြည်ပြောင်းပို့ဖို့ ချက်ခြင်းလက်ငင်း မဖြစ်နိုင်သေးပါဘူးလို့ ပြောဆိုပါတယ်။
RFA
ဂျပန် ငါးလုပ်ငန်း မြန်မာကို စိတ်ဝင်စား ဂျပန် ငါးလုပ်ငန်း မြန်မာကို စိတ်ဝင်စား Reviewed by သစ်ထူးလွင် on 10:02 Rating: 5

3 comments:

မောင်မောင် said...

ုနိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာရင် မြန်မာအလုပ်သမားတွေအတွက် သိသင့်သိထိုက်တဲ့..နိုင်ငံတကာအလုပ်သမားဥပဒေတွေ..ပြည်တွင်းကပြဌာန်းထားတဲ့ဥပဒေတွေကို ပညာပေးထားသင့်တယ်..နိုမို.ဆိုရင် မြန်မာအလုပ်သမားတွေ ခေါင်းပုံဖြတ်ခံရဖြစ်တယ်..ပြီးတော့ ခုကတည်းက နေ...ပြင်ဆင်ထားသင့်တယ်..

ရွာသား said...

မြန်မြန်လာဝယ်ပါတရုတ်တွေ၊ယိုးဒယားတွေနှိုပ်စက်တဲ့ဒဏ်ပြီးရင် ဂျပန်ပါတခါလာနှိုပ်စက်ပါအုံး။

konamazu said...

ပြည်ပရင်းနှီးမြုပ်နှံမှုတွေကိုတော့ ကြိုဆိုပါတယ်...သူတို့တွေလာတော့ မြန်မာအလုပ်သမားတွေ အလုပ်ရရှိကြတာ ကောင်းပါတယ်။ဒါပေမယ့် အာဏာပိုင်အဖွဲ့အစည်းတွေက မြန်မာအလုပ်သမားတွေရဲ့ အလုပ်ခွင်အတွင်းနိုင်ထက်စီးနှင်းမှုတွေကို အလုပ်ရှင်များဘက်ကလုပ်မလာနိုင်အောင် ကာကွယ်ပေးစေချင်ပါတယ်...

Powered by Blogger.