လ၀က တိုင်းဦးစီးမှူး
အကျင့်ပျက်လာဘ်စားနေသော်လည်း ၀န်ကြီးများ၏ အကာအကွယ်ပေးမှုကြောင့် နေရာမြဲနေသော လ၀က တိုင်းဦးစီးမှူး အကြောင်း------
အဖိနှိပ်ခံ ရန်ကုန်တိုင်း လ၀က ၀န်ထမ်းများ၏ ခံစားချက်များကို ပေးပို့ခြင်းဖြစ်ပါသည်။
လေးစားစွာဖြင့်
တာဝန်သိဝန်ထမ်းတစ်ဦး
အကျင့်ပျက်လာဘ်စားနေသော်လည်း ၀န်ကြီးများ၏ အကာအကွယ်ပေးမှုကြောင့် နေရာမြဲနေသော လ၀က တိုင်းဦးစီးမှူး အကြောင်း------
အဖိနှိပ်ခံ ရန်ကုန်တိုင်း လ၀က ၀န်ထမ်းများ၏ ခံစားချက်များကို ပေးပို့ခြင်းဖြစ်ပါသည်။
တာဝန်သိဝန်ထမ်းတစ်ဦး
အကျင့်ပျက်လာဘ်စားနေသော်လည်း နေရာမြဲနေသော လ၀က တိုင်းဦးစီးမှူး
Reviewed by သစ်ထူးလွင်
on
16:07
Rating:
18 comments:
Clean Government တော့မသိပေမယ့် သမတ ရုံးအမိန့်ထက် ၀န်ကြီး (၃)ပါး ကစွမ်းတယ်နဲ့တူပါတယ်။
ကောင်းလိုက်တဲ့နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့် ဘဲ
ပြည်သူတွေတော်တော်လေးလေးစားလောက်ပါတယ်
သမ္မတကြီးရယ်....အပြောကတော့ရွေမန်းဘဲနော်..
ဥပဒေအထက်မှာဘယ်သူမှမရှိစေရဆိုတာတောင်
နဲနဲများမှားနေမလား.
ဒါပြင် တခြားမြို့ တခြား ပြည်နယ်နဲ့ တိုင်းတွေ မှာ လဲ ဖြစ်လေ့ဖြစ်ထ ရှိနေကြပါတယ် လူတွေက အကြောက်တရားကိန်းအောင်း နေလို့ ထုတ်ဖော်မပြော ၀ံ့ ကြပါဘူး .....
ကဲ သမ္မတကြီး ခင်ဗျား..... အမိန့် ကို ဖီဆန်တာဟာ ဥပဒေ ကို စော်ကားတာပါပဲ...ဒီလို လူမျိုးတွေ ကို ချက်ချင်း အရေးယူ သင့်ပါတယ်....ဒီလို လူမျိုးတွေကြောင့် မှတ်ပုံတင် တောင် မလုပ် ရဲတဲ့ သူတွေ အများကြီး ပါ....ထိထိရောက်ရောက် လုပ်မှသာလျှင် နောက် လူတွေ မလုပ်ရဲတော့မှာပါ......မဟုတ် ရင်တော့.......
မြေမြိုလို့လူမျိုးမတုန်းဘူး လူမြိုမှလူမျိုးတုန်းမယ်
သူတို့ရုံးတွေမှာ အဲဒီလိုအဆိုအမိန့်တွေကပ်ထားပေမယ့်
တကယ်တန်းလူမျိုးတုန်းအောင် လူမျိုးသစ်တွေပွားအောင်
လုပ်ဆောင်နေတာ အဲဒီ စကောလောက်မှဇောက်မနက်တဲ့
လဝက တွေပါပဲ တနင်္သာရီတိုင်း ရေဖြူမြို့နယ်လဝကရုံးမှာ
အထက်ကဖြစ်စဉ်အတိုင်း မျက်မြင်ကိုယ်တွေ့ကြုံဖူးပါတယ်
ဘယ်ဈေးနဲ့အဆင်ပြေသွားလည်းတော့မသိပါဘူး
ကျနော့်နဲ့အတူအလုပ်လုပ်နေတဲ့အဒေါ်ကြီးတစ်ယောက်ပါ
သူတို့ငယ်စဉ်ကရွှေလက်ကောက်ဆိုရင်ကတောင်ဆစ်အထိ
ဝတ်ဖူးတယ်တဲ့ သူတို့အဖေကရခိုင်ကျောက်ဖြူမောင်းတောဘက့်
မှာလဝကမှုးတဲ့ ကဲကောင်းကြသေးရဲ့လားအရပ်ကတို့
မြန်မာစကားကိုပီပီသသ ကျွမ်းကျွမ်းကျင်မပြောနိုင်တဲ့
တိုင်းရင်းသားတွေ ရန်ကုန်တက်ဘုရားဖူးတဲ့အခါကြတော့
ထောက်ခံစာ ရွာထွက်လက်မှတ်အရည်ဖိုးမရမချင်းရစ်လိုက်သည်
ဖြစ်ချင်း အဲဒီအရစ်နဲ့ကောင်တွေကို တစ်ထောင် တစ်ထောင်စီပေးပြီးနားးကိုက်တဲ့ထိပါးရိုက်ပစ်လိုက်ချင်
တော့တယ်
ဒီနေရာ အများလူထုခံနေရတဲ့ တနေရာလဲ ဖြစ်ပါတယ်။ နောက်တစ်ခု က မြန်မာပြည်ကို သူများလ်ကထဲရောက်အောင်လုပ်နေတာသူတို့က အဒီက နေ၇ာမှာပါတယ် လူဝင်မှုကြီးကြပ်ရေးဆိုတာ လူဦးေ၇နဲ့ လူမျိုးရေးကို ထန်းသိမ်းသင့်တဲ့နေရာလို့ ယူဆရင်မ မှားနိုင်ပါဘူး..။ ဗဟန်းမြိုနယ် လ၀က မှာအရင်တုံးက မြေမြှိုလျှင် လူမျိုးမပြုတ် ။ လူမြိုလျှင် လူမျိုးပြုတ်မည်ဆိုတဲ့ ဆိုင်းဘုတ်လေးတောင် အကြိုကြားထဲရောက်သွားပါရောလား ..။
ဒီလိုအကျင့်ပျက်ကောင်တွေရှိနေသရွေ့တိုင်းပြည်ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့မလွယ်ပါဘူးသမ္မတကြီးခင်ဗျာ.... ကျွန်တော်တို့တိုင်းပြည်မှာလူဦရေသန်း ၆၀ ကျော်ရှိပါတယ် ဒီလိုအကျင်ပျက်ဝန်ထမ်းတွေကိုဖော်ထုတ်ပြီးသေဒဏ်ပေးလိုက်ရင်နောက်လူတွေအတွက်သင်္ခဏ်းစာကောင်းကောင်းရသွားပါလိမ့်မယ် သမ္မတကြီးခင်ဗျား...
အံ့မယ်....ဒါဘာဟုတ်သေးလို့လည်း...တိုင်းရင်းသားကိုတောင်မပေးသေးပဲ တရုတ်လူမျိုးပိုင်ေ၇ွှသံလွင်ကုပ္မဏီ ကိုပေးတဲ့ မီဒီယာ ရုပ်သံတစ်ခုဖြစ်တဲ့
SkyNet က ၀န်ထမ်းတစ်ယောက်က အလိုက်ကမ်းဆိုးမသိ လျှောက်ပြောနေတယ်ဗျာ ကျနော်တို့ Sky Net က ခိုင်တယ်ဗျ သမ္မတ ကြီးလည်းရှယ်ယာပါတယ်တဲ့ ဟဲဟဲ ဒါနဲ့ ကျနော်က ပြန်မေးလိုက်တယ် ရှယ်ယာက ဘယ်မှာပါတာလည်း Sky Net မှာအရင်းငွေ မတည်တုန်းကလား အမြတ်ငွေ ခွဲဝေတဲ့အချိန်မှာရှယ်ယာပါတာလား ရှင်းအောင်ပြောနော် ကျနော်က တောသားဗျ လို့ပြောလိုက်တယ်ဗျာ ဟားဟားဟား
(လောက၌ ငွေနှင့်တူသော အဆိပ်သည် မရှိ)
ကြာပါဘီ ဒါမျိုးတွေက နှစ် (၂၀)ကျော်နေပီ။ တရုတ်ကုလားတွေ
လဲ မြန်မာပြည်တ၀က်လောက်ဖြစ်နေပီ။ ယိုးဒယားတို့မလေးရှားတို့
မှာလဲ ဒီလိုပါဘဲဘယ်ကကောင်တွေမှန်းကိုမသိဘူး သံရုံးက
ပတ်ပို့စာအုပ်တွေထုတ်ပေးနေတာ။ပိုက်ဆံပေးဖို့ဘဲလိုတယ်။
။မြန်မာပြည်သားတွေက ပြည်တွင်းမှတင် အကျင့်ပျက်ချစားတာမ
ဟုတ်ပါဘူး။ ပြည်ပမှာပါ အကျင့်ပျက်နေကြတာပါ။ တားမယ့်လူလဲ
မရှိပါဘူး။ သံရုံးကအစ အကျင့်ပျက်နေတာပါ။မှတ်ပုံတင်အတု၊
ပုံစံ(၁၀) အတုနဲ့ ပါတ်ပို့စာအုပ်သွားလုပ် လွယ်မှလွယ် ပိုက်ဆံသာ
ပေးလိုက် ရိုဟင်ဂျာသော၊ဘင်္ဂလီသော နားမလည်ဘူး ပတ်ပို့စာ
အုပ်ကတော့ရပီးသားဘဲ၊။။မြန်မာနိုင်ငံသားဆိုတာ ဖောချင်းသော
ချင်းဖြစ်လို့ရနေတာ။ပြည်တွင်းကလ၀က တိုင်းဦးစီးမှုး အကျင့်ပျက်
လာဘ်စားတာလောက်ကတော့ဗျာ။ ၀န်ကြီးအဆင့်တွေက ရီတာ
ပေါ့။မောင်သိန်းစိန်ကြိုက်သလောက်အော် ကလင်းတွေ ကလက်
တွေအော်။ အောက်ကကောင်တွေကဆော်တုန်းဘဲ။ မြန်မာလေ
မြန်မာ။။
အဲဒီတိုင်းဦးစီးမှူးက စစ်တပ်ကလာတဲ့သူဘဲ ဖြစ်ရမယ်။ ဒီပုတ်ထဲကပဲ ဒီပဲပါပဲ။
ဌာနဆိုင်ရာအားလုံးနီးနီးမှာ တိုင်းအဆင့်အကြီးအကဲတွေကို သူတို့စစ်တပ်ကလူတွေပို့။ ပြီးတော့ ကိုယ်ကျင့်တရားမှာ စံပြမလုပ်။ ဖောက်ပြား
လာဘ်စား။ တိုင်းပြည်ကို စီမံချက်ရှိရှိနဲ့ စာရိတ္တဖျက်နေတာ။ တိုင်းပြည်မွဲအောင်လုပ်နေတာ သူတို့ပဲ။ ဌာနဆိုင်ရာက ငယ်မွေးခြံပေါက်တွေ ဘယ်လောက်တော်တော် ဌာနအကြီးအကဲရာထူး မပေး။ အောက်ကလူတွေ ဖင်မွှေးဖြူအောင်လုပ်လဲ အကျိုးခံစားခွင့်မရ။ ဘယ်အချိန်ကျမှ ပြောင်းမှာလဲ။ ဌာနဆိုင်ရာတွေထဲမှာ စစ်တပ်ကလူတွေ ပို့တာကို ရပ်တန်းက ရပ်ပါတော့။ ဌာနဆိုင်ရာတွေထဲကို အသက်က ငယ်ငယ် ရာထူးကကြီးကြီးနဲ့ ပြောင်းလာ။ လာကတည်းကမောင်းတင်လာတာ။ ဘယ်လောက်ရအောင်လုပ်မယ်။ ဘယ်လိုချမ်းသာအောင်လုပ်မယ် ဆိုပြီး။ ၀န်ထမ်းတွေအားလုံး ၀ိုင်းပြီး ကန့်ကွက်ကြပါဗျို့။
အဲ့ဒီ လဝက တွေက တနိုင်ငံလုံးဘဲ။သူတို့လုပ်လို့နိုင်ငံခြားသားအားလုံးနီးပါး မြန်မာမှတ်ပုံတင်တွေနဲ့ နိုင်ငံသားလုပ်ပြီးမြန်မာပြည် စီးပွားရေးကို ချူပ်ကိုင်ထားတာ။အများစု ကတော့တရုတ်ပေါ့။မြန်မာပြည်ရဲ့မှတ်ပုံတင် ကလူယောက်ကို ပိုက်ဆံပေးရင် ၁၀ခုလောက်ကိုင်လို့ရတယ်။မြန်မာပြည် အဓိကပြင်ရမှာ မှတ်ပုံတင်စံနစ်ဘဲ။လုံးဝသုံးလို့မရတဲ့စံနစ်ဘဲ။လူကြီးတွေအားလုံး နေရာပြောင်းသင့်ပြီ။
လာဘ်စားသူများကိုအပြစ်ပြောရမည်လား။လာဘ်စားရန်မြေတောင်မြောက်ပေးသောသူများကိုအပြစ်တင်ရမည်လားမသိပါ။အနှစ်ပေါင်း၆၀ကျော်နီးပါးလာဘ်စားရန်ကျင့်သားဖြစ်နေသောသူများအားအပြစ်တင်ရမည်လား။မိမိအတွက်အဆင်ပြေချောမွေ့စေရန်လာဘ်ထိုးသူများအားအပြစ်တင်ရမည်လား။ကျွန်တော့်ဥာဏ်မမှီပါ။မကောင်းသည်ကားအမှန်ပင်ဖြစ်သည်။ဥပဒေထိရောက်မူရှိရန်သက်ဆိုင်ရာနိုင်ငံ(ပြည်သူ့)၀န်ထမ်းအချို့တွင်တာဝန်ရှိပေသည်။လိုအပ်သောအရေးယူမူဆောင်ရွှက်မူများလုပ်ကိုင်ခြင်းဖြင့်ပြည်သူများအတွက်လုပ်ကိုင်သင့်ပေသည်။
အဲဒီလိုကောင်တွေကို ဘယ်လိုဆဲရင် နာမလဲ မသိဘူးနော်....
စောက်ကျင့်ပျက်နေတဲ့လ၀က
စာေ၇းမကအစ..သူတောင်စားပုံစံ
ကိုယ့်တိုင်းပြည်ထဲမှာနေရတာမှတ်ပုံတင်မရှိရင်လည်း
ဘယ်မှသွားမရ..အကုန်ပိတ်ပင်ထားတယ်။
မှတ်ပုံတင်ပျောက်လို့ဖြစ်ဖြစ်ပြန်လုပ်ရင်တောင်
ရစ်နေလိုက်တာငွေကျလာအောင်ရစ်နည်းပေါင်းစုံနဲ့
သန်းခေါင်စာရင်းကအစ
ထုတ်ပေးရမည့်အလုပ်ကိုမလုပ်ကြဘူး။
မသိရင်မြန်မာပြည်သားကိုနိုင်ငံခြားသားလိုလိုဘာလိုလို
တရုတ်ပြည်ကြီးကတ၇ုတ်တွေကိုတော့
ဝဆိုပြီးမှတ်ပုံတင်ကိုတပတ်အတွင်းလုပ်ပေးကြတယ်။
ဗမာလူမျိုးစစ်စစ်ဆိုရစ်ပြီးသူတောင်းစားလိုတောင်းတယ်။
လူတွေအဆင်ပြေလားမပြေလားမသိဘူး။
တောင်းနေတယ်။
အဲဒါ နှင်းနုနုနိုင် ယောက်ျားလေ။
ဦးခင်ရီ ကို အပိုင်ကိုင်ထားတာ။
ရဲကနေလ၀ကရောက်ခါစက မနေတတ်မထိုင်တတ်ဖြစ်နေတာ။
ရဲလိုမစွံဘူးလေးဘာလေးနဲ့၊
ခုတော့အရောက်နောက်ကျတယ်ကွာဖြစ်နေပြီ။
ရဲထွန်းဦးနဲ့တြွေ့ပီးနောက်ပေါ့။
ရဲမှာလည်း သူပဲဖျက်ဆီးခဲ့တာ
လ၀က ကလူတွေ ထပ်တြွေ့ကဦးမှာပါ။
မင့်တိုဒီထဲမှာသေအောင် ကော်မန့်ပေးလည်းအလကာဘဲ
သိန်စိန်လည်းလာမဖတ်ဘူးဘယ်ကောင်းမလည်းသိမှာမဟုတ်ဘူး
အရေကြီးတာကဒီသတင်တွေကိုပြည်တွင်းမီဒီယာတွေက
ရဲရဲဝန်ဝန်ရေပြရမယ်ဒါမှကိုယ်တော်ကြီးသိန်စိန်သိမှာပေါ့
သိရင်သာနဲ့ဆက်လုပ်ခိုင်းထာမည်းဆိုရင်လည်းပြည်သူအားနဲ
ဖြုတ်ဖို့ဘဲရှိတယ် ရွှေမြန်မာတွေစည်းရုံဖိုတောလိုနေပြီးနော်
ပန်းဆိုးတန်းက လ၀က ၀န်ထမ်းတွေဆိုရင် သူတို.ရဲ.ရုံးတက်ချိန်ကမနက် ၁၀နာရီခွဲ ၁၁နာရီ ကျမှအေးအေးဆေးဆေးရုံးလာကြတယ် ။ ငွေသွင်းစရာရှိတဲ.သူတွေကအကုန်လုံးကအလုပ်ပျက်အကိုင်ပျက်နဲ.ထိုင်စောင်.နေကျရတယ် ။ လ၀က တိုင်းမှူးကိုယ်တိုင်က အကျင်.ပျက်နေတော. သူ.အောက်မှာရှိတဲ.သူတွေကလည်း သူ.ကိုလာဘ်ပေးပြီးနေရာမြဲနေမှာပေါ.လေ ။ နိုင်ငံတော်၇ဲ.လစာကိုစားထားပြီး ဒီလိုအချိန်မလေးစားဘဲ ပြည်သူတွေကိုဂရုမစိုက်ဘဲနေတဲ.သူတွေကို တိုင်းပြည်တိုးတက်အောင်လုပ်နေချိန်မှာ အားလုံးကိုစည်းကမ်းနဲ.အချိန်လေးစားအောင်ပြုပြင်သင်.နေပါပြီ ။
ဘောလုံးအသင်းလိုမကစားတတ်လူလဲပါ။clean government ဖြစ်မှကောင်းမယ်။
Post a Comment