ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ရှင်းပြစဉ် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးလှုံ့ဆော်ရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည့် အနုပညာရှင် အချိ့အား
သင်္ကြန်ဖျော်ဖြေရေးတွင် ပိတ်ပင်ထားသည်ဟူသော သတင်းများမှာ လုံးဝ
မဟုတ်မမှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ဝန်ကြီးချုပ်ဦးမြင့်ဆွေက
ငြင်းဆိုလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဧပြီ ၁၁ရက်
ညနေ၆နာရီခွဲက တိုင်းဒေသကြီဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် ရန်ကုန် အခြေစိုက်
မီဒီယာအခိျု့တွှေု့ဆုံစဉ် ဝန်ကြီးချုပ်က ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
`အခု အဆိုတော်အခိျု့ကိုသကြီန်သီဆို ခွင့်ပိတ်တယ် ဘာညာဆိုပြီးသတင်း
ထွက်ပေါ်နေတယ်ကြားပါတယ်။ ကျွန်တော်တို့တောင်အတော်အံ့အားသင့်ပါတယ်။
ဒီသတင်းဟာ လုံးဝမဟုတ်မမှန်ပါဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့ ကို ဆက်သွယ်မေးမြန်း ကြည့်တော့လဲ ပြည်ထောင်စု အစိုးရအနေနဲ့ အဲသလိုပိတ်ပင်တာမျိုးလုံးဝမရှိပါဘူးဆိုတာသိရပါတယ်`ဟု
ဦးမြင့်ဆွေကပြောသည်။
“ကြုံရင်လဲ သူတို့နဲ့တွေ့ရင် ဘယ်သူတွေက ဘယ်လိုပိတ်တာလဲ မေးကြည့်ပေးပါဦး“
ဟုဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်ပွဲတော်၌ သင်္ကြန်သံချပ်များ
ထိုးခွင့်ပိတ်ထားသည် ဟုပြောဆိုနေကြခြင်းမှာ လည်းမဟုတ်မမှန်ကြောင်း ဦးမြင့်ဆွေကပြောသည်။“ကျွန်တော်တို့က ထိုးမယ့်သံချပ်စာသားတွေကို
ကြိုတင်စိစစ်တာပဲလုပ်ပါတယ်။
အဓိကက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတဲ့ အချိန်မှာ တိုင်းရင်းသား
စည်းလုံးညီညွတ် မှု၊ချစ်ကြည်မှုကိုပျက်ပြားစေတာတွေမပါစေချင်လို့ပါ” ဟု
ဝန်ကြီးချုပ်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်း များအတွင်း အင်တာနက် ဖေ့စ်ဘုတ်လှုမှုရေးစာမျက်နှာ
များတွင် အဆိုတော်အခိျု့ သကြီန်ကာလသီဆို ခွင့်ပိတ်ပင်ခံရခြင်း၊ သင်္ကြန်
သံချပ်များ ထိုးခွင့်ပိတ်ပင်ခံရခြင်း များရှိနေသည် ဟူသော ရေးသားချက်
အခိျု့ရှိခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲက သတင်းမီဒီယာ အခိျု့နှင့်
တွေ့ဆုံရှင်းပြခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မီဒီယာဂရုပ်
အနုပညာရှင်အခိျု့အားသင်္ကြန်ဖျော်ဖြေခွင့် ပိတ်ခြင်းမရှိဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို
Reviewed by သစ်ထူးလွင်
on
05:35
Rating:
11 comments:
ဒီလိုမှပေါ့ ........ဟင်း
ဒါဆိုဘယ်သူကပိတ်တာလည်း ။ ။ စီပွားရေးသမားတွေကကြောက်လို့မခေါ်ရဲတာလား
ပြည်သူချစ်တဲ့အနုပညာရှင်တွေ ပြည်သူတွေနဲ့သဘောထားချင်းတိုက်ဆိုင်မှတော့
ပြည်သူကအားပေးနေအုန်းမှာပဲ
သူတို့က အဆိုတော်တွေကို direct ပိတ်တာမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်တာ။ အဲဒီအဆိုတော်တွေကို မခေါ်ဖို့
ကျနော်တို့နိုင်ငံကလဲဘာတွေမှန်းကိုမသိဘူး
လူကြီးတွေကလဲ ကလေးကလားတွေလိုပဲ ဘယ်ဟာက
အတည်ပြောမှန်းမသိအပေါ်ကတမျိုးအောက်ကတမျိုးနဲ့
ဝန်ကြီးဆိုတာတကယ်ပဲဇာတ်ထဲက၀န်ကြီးအဆင့်လောက်
ပဲလား အာဏာမ၇ှိတာလား တကယ်မဟုတ်၇င် အောက်
ခြေကခုလိုလုပ်နေတဲ့လူကြီးတွေကိုအေ၇းယူဆောင်၇ွက်၇
မှာပေါ့ ခုကလူကြီးတွေက ငပေါတွေဖြစ်ကုန်ပြီ
လူထုက Facebook ကနေ ပြောလိုက် သူတို့က ရှင်းလင်းပွဲလုပ်လိုက် ရှုပ်နေတာဘဲ။
အထက်လူကြီးတွေစိတ်ကောင်းဝင်ပြန်တော့လည်း
အောက်ကအာဏာရူးတွေကမလုပ်သင့်တဲ့လုပ်ရပ်ကို
လုပ်နေတယ်။...ဒါဆိုလည်းအောက်ကလူတွေကို
ပြန်ထိန်းချုပ်နိုင်ရမယ်။အာဏာရူးသူများကိုဖြုတ်ပစ်။
မနိုင်ရင်ဖြုတ်ပစ်လိုက်ပါတိုင်းပြည်နစ်မွန်းတယ်။.
အဆိုတော်တွေကလည်းပြည်သူတွေအတွက်
လုပ်ဆောင်ပေးခြင်းကိုနားလည်သင့်ပါတယ်။
အနုပညာရှင်တွေ ပိတ်တယ်လို့ ဘယ်သူပြောတာလဲ
တစ်ချို.သတင်းသမားတွေကလည်း ဖြစ်နိုင်ခြေတွေကို မှန်းပြီးရေတာလည်းဖြစ်နိုင်တာပဲ..နဝေတိမ်တောင်နဲ....ဘာပဲပြောပြော ခုလိုအချိန်မျိုးမှာ အားလုံးက သတိထာဆင်ခြင်ရမှာပါ..အမျိုးသားအကျိုးစီးပွားအတွက်ဆိုရင်တော့ ပိတ်သင့်တာပိတ်..ဖွင့်သင့်တာတွေ ဖွင့်ဒီလိုပဲ လုပ်ပေးရမှာပေါ့..သတင်းသမားတွေကလည်း နည်းနည်းပါးပါးတော့ တိတိကျကျလေး..သတင်းတွေကို ထောက်လှမ်းစေချင်ပါတယ်...
တိုက်ရိုက်တော့ဘယ်ပိတ်မှာလဲ တစ်ဖက်ကနေဖိအားပေးပြီး လူမိုက်မွေးခိုင်းထားတဲ့ကောင်တွေက ပိတ်တာပေါ့..ထမင်းတစ်လုပ်အတွက် ဆောင့်ရှက်မရှိ လိုက်လျှက်နေတဲ့ကောင်တွေလုပ်မှာပေါ့
ကြိုဆိုပါတယ်...ဒို့မြန်မာတွေ စည်းရုံးမှုရှိလာပြီ...အဆင့်မြင့်လာပြီ..သာဓု..သာဓု..
အဆိုတော်တွေကိုတော့ မပိတ်ဘူးစီးပွားရေးသမားတွေရဲ့ကမ်ပနီများကိုတော့ ကျစ်ထားမှာပေါ့လေ
Post a Comment