ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန် |
ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်မှာ မြန်မာလွှတ်တော်အမတ်တွေကို နိုင်ငံတကာ ဧည့်သည်တဦးအဖြစ် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။
အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက “သိသာထင်ရှားတဲ့ အပြောင်းအလဲတွေနဲ့ မြန်မာဟာ ကမ္ဘာရဲ့ စိတ်ဝင်စားမှုကို သိမ်းကျုံးရယူနေပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်မြင့်မားစေဖို့ ရည်မှန်းချက်ဆန္ဒ အရမ်းကို ပြင်းပြနေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝန်းက လေးစားရမယ့်၊ တာဝန်ယူတတ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် အလျင်အမြန် ပြန်လည်ရောက်ရှိမယ်ဆိုတာ သံသယမရှိပါဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားမှုတွေကို ရုပ်သိမ်းပေးဖို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။
“ကုန်သွယ်ရေး အကန့်အသတ်တွေနဲ့ တခြားပိတ်ဆို့ဒဏ်ခတ်မှုတွေကို ပိုမိုပြီး ရုပ်သိမ်းဖို့၊ ဆိုင်းငံ့ထားပေးဖို့ ဒါမှမဟုတ် ဖျက်သိမ်းပစ်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို ကျနော် တောင်းဆိုပါတယ်။ ဒုတိယအချက်အနေနဲ့ မြန်မာမှာ နိုင်ငံတကာရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေနဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေလည်း စဉ်ဆက်မပြတ် တိုးလာဖို့ လိုအပ်နေပါတယ်။”
မစ္စတာဘန်ကီမွန်းဟာ ဧပြီ ၂၉ ရက်နေ့ကတည်းက မြန်မာနိုင်ငံမှာ ၃ ရက်တာ ခရီး ရောက်ရှိနေတာဖြစ်ပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်အပါအဝင် လွှတ်တော် အကြီးအကဲတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ပြန်ကောက်မယ့် အစီအစဉ်မှာ ကုလသမဂ္ဂက ငွေကြေးနဲ့နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ့် သဘောတူညီချက်တရပ် မစ္စတာဘန်ကီမွန်းနဲ့ ဒု-သမ္မတ စိုင်းမောက်ခမ်းတို့ ရှေ့မှောက်မှာ သဘောတူ လက်မှတ်ရေးထိုးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မစ္စတာဘန်ကီမွန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိပြီး ရန်ကုန်မှာ ကျင်းပမယ့် စီးပွားရေး ဆိုင်ရာ အစည်းအဝေးကိုလည်း တက်ရောက်ဖို့ ရှိနေပါတယ်။
by ပီတာအောင် - ဒီဗွီဘီ
မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့မှုများရပ်ရန် ဘန်ကီမွန်း တောင်းဆို
Reviewed by သစ်ထူးလွင်
on
18:11
Rating:
7 comments:
သိသာထင်ရှားတဲ့ အပြောင်းအလဲတွေနဲ့ မြန်မာဟာ ကမ္ဘာရဲ့ စိတ်ဝင်စားမှုကို သိမ်းကျုံးရယူနေပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်မြင့်မားစေဖို့ ရည်မှန်းချက်ဆန္ဒ အရမ်းကို ပြင်းပြနေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝန်းက လေးစားရမယ့်၊ တာဝန်ယူတတ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် အလျင်အမြန် ပြန်လည်ရောက်ရှိမယ်ဆိုတာ သံသယမရှိပါဘူး”
"သိသာထင်ရှားတဲ့ အပြောင်းအလဲတွေနဲ့ မြန်မာဟာ ကမ္ဘာရဲ့ စိတ်ဝင်စားမှုကို သိမ်းကျုံးရယူနေပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်မြင့်မားစေဖို့ ရည်မှန်းချက်ဆန္ဒ အရမ်းကို ပြင်းပြနေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝန်းက လေးစားရမယ့်၊ တာဝန်ယူတတ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် အလျင်အမြန် ပြန်လည်ရောက်ရှိမယ်ဆိုတာ သံသယမရှိပါဘူး”
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကမကောက်တာဆယ်စုနှစ်ကျော်နေပြီ တခြားနိုင်ငံကမေးလာရင် ရမ်းရွှီးနေရတာကြာပေါ့
ပိတ်ဆို.မှုယာယီရပ်ဆိုင်းတာတို. ၊ ရုတ်သိမ်းတာတို. ကို ၅၀၀၀/ တန် ဆင်းကဒ် စတင်ရောင်းတာ ၊ စစ်အာဏာရှင် တွေနဲ. တေဇ ၊ ဇော်ဇော် ၊ ခင်ရွှေ စသည် လက်ဝါးကြီးအုပ် စီးပွားေ၇း ပပျောက်မှု ၊ ဆင်း၇ဲ သားတွေအေ၇းဆောင်၇ွက်ပေးမှု ၊ တ၇ားစီ၇င်ေ၇း စံချိန်မီ မှု ၊.........စသည်တို. အပေါ်မူတည် ပြီး ပြုလုပ်၇မှာပါ ၊ အဓိက ကတော. .... ဘယ်တော.ရုတ်သိမ်း၇မလဲမသိ၇င် .. အောက်ခြေလူတမ်းစားတွေ ... အဆင်ပြေ၇ဲ.လား ...အ၇င်မေးပါ ၊ အခုတော. စောလွန်းပါတယ် ၊
အတွင်းရေးမှုးချုပ်ခင်ဗျား .... အခြေနေမှန်သိအောင် .. မြန်မာပြည်သူတွေကြား-- ကွင်းဆင်းမေးမြန်းသင်.ပါတယ် ၊ လွှတ်တော်ထဲ ..... သွားပြီး Air-Con; လေ သွားခံနေလို. တိုင်းပြည်အခြေအနေ ဘယ်လိုလုပ်သိမှာလဲ ၊ မသိဘဲ ဖါးရားပြီး ပြောဖို.တော.မသင်.ပါ ။ ... ပြည်သူတွေ ပိုကောင်းလာရဲ.လား ၊ ပိုဆိုးရွား သွားလား ........သိအောင်တော. လုပ်သွားသင်.ပါတယ် ။
ပြည်သူတွေနေရာတကာမှာမတရားလုပ်ခံနေရတာ၊ဘယ်ကိုတိုင်တိုင်အရေးမယူပဲတိုင်တဲ့သူကိုအရေးယူတာတွေကိုဌာနေကိုယ်စားလှယ်တွေပြောပြသင့်ပါတယ်၊ရုပ်သေးအစိုးရပြောသလောက်ပြသလောက်သာတွေ့ပြီးစကားကိုအကုန်ပြောတာပြောတဲ့သူအတွက်လည်းတန်ဖိုးကျပါတယ်၊အာဏာပိုင်အဖွဲ့ရဲ့အောက်ဆုံးအဆင့်ကသူတွေတောင်ပြည်သူကိုလုပ်ချင်သလိုလုပ်နေတာပါ၊အလွယ်တကူကုန်ကျစရိတ်မရှိပဲပြောင်းလို့ရတဲ့ဒီလိုအကြောင်းအရာမျိုးတောင်တစ်နှစ်ကျော်လာတဲ့အထိမပြောင်းနိုင်သေးတဲ့အစိုးရပါ။ပြောင်းလဲနေပါတယ်လို့ပြောရင်တောင်ဒါဟာပြည်သူကိုဗဟိုပြုပြောင်းနေတာမဟုတ်ပါဘူး၊လုပ်ချင်တာလုပ်ခဲ့တဲ့သူတစ်စုအတွက်လုံခြုံဖို့၉၀%ပြည်သူအတွက်၁၀%အနေအထားနဲ့ပြောင်းနေတာပါ၊သံတမန်စကားပြောတာဆိုရင်တော့ပြည်သူအတွက်တန်ဖိုးမရှိပါဘူး၊ပိတ်ဆို့မှုတွေကိုဖျက်သိမ်းပစ်ဖို့တောင်းဆိုရအောင်ပြည်သူအတွက်စစ်အစိုးရအဆက်ဆက်ဘာမှမလုပ်ပေးဖူးပါဘူး၊လက်ရှိအစိုးရလဲဒီလူတွေပါပဲသူတို့အတွက်သူတို့ဆက်လုပ်သွားမှာပါ၊ဥပမာ ဖုန်း ၅၀၀၀ကျပ်နဲ့လုပ်ပေးမဲ့သူရှိတာတောင်၂သိန်း၊၂သိန်းခွဲနဲ့ရအောင်ေ၇ာင်းသွားတဲ့အစိုးရမျိုးပါ။
သမ္မတ ဦးသိန်းစိန်ကြီး အကယ်ဒမီရှော့တွေ လုပ်နေပြီထင်တယ်။
ဘန်ကီမွန်း ကိုငိုပြနေပြီ။ တဖက်ကလည်း သူ့ရဲ့ဆရာဦးသန်းရွှေကို ငဲ့နေရပြန်တော့ မြန်မာနိုင်ငံကြီး တကယ်မှ တိုးတက်ပါ့မလားလို့ စိုးရိမ်မိတယ်။
တသက်လုံးလိမ်လာတဲ့ အစိုးရ၊ အခုမှ ရုတ်ချည်းပြောင်းလဲ သွားတယ်ဆိုတာ သူတို့မှာ နောက်ထပ်လိမ်လည်ဖို့ အစီအစဉ်ရှိနေပြန်လို့ပါ။
ဘယ်လိုပဲ နိုင်ငံတကာကို လိမ်လည်နိုင်ပါအုံး၊ သူ့ဆရာ မျက်နှာနဲ့(သူ့ကို မသမာစွာ လိမ်လည်ပြီး မဲအနိုင်ပေးခဲ့တဲ့) သူ့ဆရာ၊သူ့ဘောဘောကိုတော့ တပ်ထဲကလူတွေပီသစွာ ဆက်လက်သစ္စာရှိနေအုံးမှာပါ။
Post a Comment