ဥရုတံတားဖြတ်သန်းခ ဈေးကြီး

ဥရုကြိုးတံတား

စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာ နဲ့ သဖန်းကုန်းရွာကြား ဥရုချောင်းကိုဖြတ်ပီး ဆောက်လုပ်ထားတဲ့ ဥရုတံတားကို အခုလ ဧပြီ (၁)ရက်နေ့ကစပီး
တံတားဖြတ်သန်းခ စတင်ကောက်ခံနေပါတယ်။

ဒီတံတားကို အားထားပီးတော့ နမ်တော-နောင်ပိုအောင် မှ ဟုမ္မလင်းသို့ နေ့စဉ်သွားလာနေ
ရတဲ့ အဓိကတံတားကြီးဖြစ်ပါတယ်။ ဒီဒေသက သွားလာရေးမှာ အဓိက အားဖြင့် ဆိုင်ကယ်
ကိုပဲ အများဆုံးအသုံပြုနေရပါတယ်။

သဖန်းကုန်းရွာနဲ့ နောင်ပိုအောင်စံပြကျေးရွာဆိုတာလည်း နှစ်ရွာတစ်ရွာလိုဖြစ်နေပီး
တစ်နေ့ကို ဆိုင်ကယ်တစ်စီးနဲ့အသွားပြန် (၅) ခေါက်လောက် လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ပညာရေးကိစ္စအတွက်ပါ မသွားမဖြစ်သွားလာဖြတ်သန်းနေရတာဖြစ်
ပါတယ်။

အခု ဥရုတံတား လေလံအဖွဲ့က ဆိုင်ကယ်တစ်စီးကို ဖြတ်သန်းခ (၅၀၀)ကျပ်
ကောက်ခံနေပါတယ်။တစ်နေ့ကို (၅)ခေါက်ထက်မနည်းသွားလာနေရတဲ့ဒေသခံတွေ
ဟာ အသွားပြန်တစ်ခေါက်ဆိုရင်ပဲ (၁၀၀၀)ကျပ်ကုန်နေပီ (၅)ခေါက်ဆိုရင် (၅၀၀၀)ကျပ်
ကုန်နေပါပီ။

ဆိုင်ကယ်ဖြတ်သန်းခ ဈေးကြီးတာကြောင့် ဟိုဘက်ဒီဘက်သွားဖို့တောင် ဆိုင်ကယ်ဖြတ်
သန်းခ(၅၀၀)ကျပ်ဆိုတာကြီးက အပူတစ်ခုလိုဖြစ်နေတာကြောင့် ဒေသခံတွေ
တော်တော်လေးစိတ်ညစ်နေပါတယ်။

ဒီဥရုတံတားဖွင့်စကဆိုရင် ဆောက်လုပ်ရေးဝန်ကြီးမှ တံတားဖြတ်သန်းခ ကောက်ခံဖို့
မသင့်တဲ့ဒေသဆိုပီး တံတားကို အခမဲ့ဖြတ်သန်းစေခဲ့ပါတယ်။ ဥရုတံတားဖွင့်ပီး ၂၀၁၀
ခုနှစ် လောက်ကစကာ နောင်ပိုအောင်ဒေသဖွံ့ဖြိုးရေးရံပုံငွေအတွက်ဆိုပီး ကြံ့ဖွတ်ပါတီအမတ်ဦးခင်မောင်ဆွေမှ ဦးစီးပီး တံတားဖြတ်သန်းခကို စတင်ကောက်ခံ
ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း အခုလိုပဲ ဒေသခံတွေစိတ်ညစ်ခဲ့ရပါတယ်။အဓိကပြောချင်တာကတော့ အစိုးရအဖွဲ့မှ လေလံပေးထားတဲ့တံတားမှန်ရင်လည်း ဆိုင်ကယ်ဖြတ်သန်းခ တစ်စီး (၅၀၀)ကျပ်ကို ပြန်လည်ပီး ပြင်ဆင်ပေးဖို့ ဒေသခံတွေနဲ့ထပ်တူ သမ္မတဦးသိန်းစိန်နဲ့တကွ
 သက်ဆိုင်သူများသိစေရန်တင်ပြအပ်ပါတယ်။                                                                                                                                                                                                                                                                                                                                                                                                                                                      ( နောင်ပိုအောင်စံပြကျေးရွာ ဒေသခံတစ်ဦး)
Myanmar News Now
ဥရုတံတားဖြတ်သန်းခ ဈေးကြီး ဥရုတံတားဖြတ်သန်းခ ဈေးကြီး Reviewed by သစ်ထူးလွင် on 16:09 Rating: 5

11 comments:

supergunner said...

နေပြည်တော်တို့ မန်းတလေး မုံရွာကားဂိတ်အ၀င်ကြေးတို့ ဆိုပိုဆိုးသေး
ခဏလေးဝင်ရပ်တာနဲ့ ပေးရတယ်..ငွေ၂၀၀ အခုလိုအဆင်မပြေတဲ့အချိန်မှာ
ငွေ၂၀၀ ဆိုတာလက္ဘက်ရည်တစ်ခွက်စာလောက်ပေးရတယ်..ကြည့်လုပ်ကြ
အုံးဗျာ..

National said...

ရွှေကျင်-မဒေါက်စစ်တောင်းတံတားလည်း ဆိုင်ကယ်ဖြတ်ခ ဈေးကြီးတာပါဘဲ။ ဈေးရင်းတောင်ဘယ်လောက်မှန်ါ်မသိဘူး၊ ဖြတ်ဘူးလို့သိတာ၊ ည ၆ နာရီ မနက်၆ နာရီထိက ပိတ်သေးတယ် ပိတ်တဲ့အချိန်ဖြတ်ရင် တစ်ပိုင်းစားဘဲ၊ ကျန်တဲ့ အချိန်တွေသာ နာရီ မမှန်ရင်နေရမယ်၊ ညနေ ၆ နာရီကတော့လုံးဝမှန်ဘဲ

မလေးမောင် said...

မလေးရှာတွင် မည်သည့်ဆိုင်ကယ်မှဖြတ်သန်းခ ပေးစရာမလိုဖူး
ကားများသာ ဖြတ်သန်းခ အခွန်ဆောင်ရပါတယ်..

တြိရတနာ said...

ဟုတ်ကဲ့ ဟိုဘက်ကလူက ဒီလက်ကိုလမ်းလျှော်လာပြီး ဒီဘက်ကလူဆိုင်ကယ်စီးသွား ဒီဘက်လူကဟိုဘက်ကို လမ်းလျှောက်သွားပြီး ဟိုဘက်က လူဆိုင်ကယ်စီးသွားစနစ် မိသားစုဝင်ချင်း သူငယ်ချင်းအချင်းချင်း လွှဲပြောင်းစီးစနစ် သုံးကြပါခင်ဗျား။

HtetNWin said...

သဖန်းကုန်းရွာနဲ့ နောင်ပိုအောင်စံပြကျေးရွာသီးသန့် လပေးစီးလို့မရဘူးလား..တစ်လ နှစ်သောင်းဆို တော်တော်ရနေပြီဘဲ။

ဦးစားကြီး said...

kyar ပြောတာ မဆိုးဘူးပဲ။ ဒါပေမဲ့ နောက်တစ်နည်းက တံတားတစဖက်ဆီမှာ ဆိုင်ကယ်အငှားဆိုင် ၂ခုလည်း ဖွင့်လို့ရတယ်။ အမှန်ကတော့ ပေးနိုင်တဲ့ဈေးပဲ ဖြစ်သင့်တာပါ

aungaung said...

ကိုခင်မောင်ဆွေဆိုတဲ့ လူကမုံရွာနယ်ကပါနောင်ပိုအောင်မှာအခြေကြပြီး
အရင်တုန်ကတော့ ဒေသဖွံဖြိုးရေးကိုစိတ်ဝင်စားပါတယ် ခုတော့ မသိဘူးနော်
ဒေသတွင်းလျှပ်စစ်မီးလင်းရေးအတွက်လို့ ကြားပါတယ်
ရွှေတူးဖော်ရေလုပ်ပြီးလွန်ခဲ့ တဲ့ ၁၀နှစ်ကတည်ကချမ်းသာလာတဲ့ လူချမ်းသာပဲ သူ့ ကိုယ်ကြိုးလား? ဒေသအတွက်လား ?
ဒေသအတွက်ဆိုရင်တော့ လက်ခုပ်တီးပေးလိုက်ပါ
အဲံ့  သူ့ အတွက်ဆိုရင်တော့ 

Aung Soe Oo said...

ဒီသူတောင်းစားတွေကဘယ်လက်ခံမလဲဗျာ တော်ကြာလူဖြတ်သန်းခကောက်နေမှဖြင့်

lwannaymie said...

သမ္မတကြီးလဲဒီသတင်းတွေမြင်ရင်စိတ်ညစ်မှာဘဲ...အောက်ခြေကမကောင်းတာပါ...
ဘာဝန်ချီးတွေလဲ...တံတားကိုကြည့်၊သား၇ည်ယိုပြီး...
လှေနဲ့တာဆိုင်ကယ်ပါ....တယ်ယူပြီးကူးကြတော့။

ပီနောင်တိုင်း said...

လာပြန်ပြီနောက်တစ်ကြိမ်။အရင်တုန်းကလဲခေါင်းစဉ်တစ်ခုအောက်မှာတံတားဖြတ် သန်းခကောက်ဖူးတယ်ဗျ။ကျေးရွာမီးရရှိရေးအတွက်နမ့်တလုံးရေအားလျှပ် စစ်စီမံကိန်းရံပုံငွေဆိုလား။တော်တော်ကြာတယ်ဗျ။ရံပုံငွေလည်းတော်တော်ရသွားပါတယ်။စီမံကိန်းကတော့ဘာမှထူးခြားမလာပါဘူး။ဒါတွေအားလုံးကိုကြိုးကိုင်ထားသူကတော့ကိုအောင်အောင်ပြောတဲ့ရွှေမေတ္တာရှင်ပါဘဲ။

ပီနောင်တိုင်း said...

လာပြန်ပါပြီနောက်တစ်ခါ။အရင်တုန်းကလဲတံတားဖြတ်ခကောက်ဖူးတယ်။ကျေးရွာမီးလင်းရေးအတွက်နမ့်တလုံးရေအားလျှပ်စစ်စီမံကိန်းရံပုံငွေဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ရံပုံငွေလည်းတော်တော်ရပါတယ်။ရံပုံငွေကသာရတာစီမံကိန်းကတော့ထူးခြားမူ့မရှိပါဘူး။ဒုတိယသမ္မတတင်အောင်မြင့်ဦးဟုမ္မလင်းကိုလာတုန်းကစီမံကိန်းကိုဆောင်ရွက်နိုင်စွမ်းမရှိလို့ဆိုပြီးနိုင်ငံတော်ကိုပြန်အပ်တာဒုသမ္မတကလက်မခံခဲ့ပါဘူး။တော်တော်တတ်လည်းတတ်နိုင်တဲ့သူ။ဒါတွေအားလုံးကိုကြိုးကိုင်တဲ့သူကတော့ကိုအောင်အောင်ပြောခဲ့တဲ့သူပါ။

Powered by Blogger.