သင်္ကြန်ရက် များတွင်လည်း အလှည့်ကျ လျှပ်စစ်မီး ပေးဝေ သွားမည်

မကြာမီ ကျရောက်မယ့် နှစ်သစ်ကူး သင်္ကြန်ရက် များမှာလည်း လျှပ်စစ်မီး ပေးဝေမှုကို မြို့နယ် တိုင်းမှာ အလှည့်ကျ ပေးဝေ သွားမှာ ဖြစ်တယ်လို့ အမှတ် ၂
လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန၊ ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို အလှည့်ကျ မီးပေးဝေ သွားမယ့် သင်္ကြန်ရက် တွင်းမှာ စက်ရုံ၊ အလုပ်ရုံ တွေက ပိတ်ရက် ဖြစ်တာနဲ့ အိမ်များ ကလည်း လျှပ်စစ်မီး သုံးစွဲမှု နည်းတာကြောင့် ရေအား လျှပ်စစ် အခြေအနေကို ကြည့်ပြီး မီးပေးဝေ သွားဖို့ ရှိတယ်လို့ သိရပါတယ်။

သင်္ကြန်ရက် မှာတော့ ရေအား လျှပ်စစ် စက်ရုံများက လျှပ်စစ်ဓာတ်အား ရရှိတာကြောင့် ၂၄ နာရီ မီးရရှိတာ ဖြစ်ပြီး ယခုနှစ်မှာ ရေအား လျှပ်စစ် စက်ရုံများမှာ ရေအား လျော့နဲ လာတာကြောင့် အလှည့်ကျ မီးပေးဝေမှုနဲ့ လျှပ်စစ် ဓာတ်အားပေး ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု ဧပြီလ ၁၇ ရက်နေ့ ကစပြီး ရဲရွာ ရေအား လျှပ်စစ် စက်ရုံမှာ ရပ်နား တော့မှာ ဖြစ်ပြီး ဒုတ္ထ၀တီ မြစ်မှာ ရေပြန် ပြည့်မှသာ လျှပ်စစ် ဓာတ်အား ပြန်လည် ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အလှည့်ကျ လျှပ်စစ်မီး ပေးဝေမှုမှာ အုပ်စုများ ခွဲပြီး ပထမ ၁ ရက်ကို မီး ၆ နာရီ ရရှိမယ် ဆိုရင် နောက် ၁ ရက်ကို ၁၂ နာရီနဲ့ အလှည့်ကျ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
သင်္ကြန်ရက် များတွင်လည်း အလှည့်ကျ လျှပ်စစ်မီး ပေးဝေ သွားမည် သင်္ကြန်ရက် များတွင်လည်း အလှည့်ကျ လျှပ်စစ်မီး ပေးဝေ သွားမည် Reviewed by သစ်ထူးလွင် on 15:09 Rating: 5

14 comments:

ဈာန်မိုးသွင် said...

အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနကို တိုင်ကြားထားလို့ ပြန်ပြီးတော့ ပုံစံပေးတာဖြစ်မှာပေါ့ နောက်တစ်ခုက ၀န်ကြီးနဲ့ ကြံရာပါအဖွဲတို့က မီးစက်ရောင်းတဲ့ကုလားတွေနဲ့လက်ဝါးရိုက်ပြီး မီးကိုဖြတ်ထားလားမှမသိတာ...မသိလိုက်မသိဖာသာ နေလာတာ နှစ်ပေါင်းလဲ အတော်ကိုကြာခဲ့ပါပြီ...ခဏလောက်တော့ ထပ်ပြီး သည်းခံရအုံးမှာပါ...ပုံမှန်မီးပြန်လာစေချင်တယ်ဆိုရင်တော့ မီတာခထပ်ပြီးတော့တိုးပြီးကောက်ခံပါစေလို့သာဆုတောင်းကြပါ...ဒါဆိုမီးပုံမှန်ပြန်လာနိုင်မယ်ထင်ပါတယ်....

Ko Htet said...

ကြားရတာအားရှိ စရာပါလား။ အစိုးရမင်းအပေါင်းတို့ရယ်။

Ag Thu said...

ပိုလို့ရောင်းတောင်ရောင်းစားနေတာတဲ့။ ကိုယ်ခြံက နို့ဆာနေတဲ့ကလေးတွေကိုအရင်တိုက်ဦး။ ပြီးမှရောင်းစားကြ။ သယံဇာတတွေကုန်တော့မယ်။ မြစ်ဆုံစီမံကိန်း ပြန်စနေတာကိုလည်း မသိချင်ယောင်ဆောင်နေတဲ့ ကြိုးဆွဲရုပ်သမ္မတကြီး

Kyaw said...

လျှပ်စစ်ကလူတွေက ဒီဇယ်နဲ့ဘဲ မီးပေးချင်တာ၊ ခိုးလို့ရလို့။ရေအားနဲ့ ဓာတ်ငွေ့က စက် လည်ချိန်မှာခိုးလို့မရဘူးလေ။ ဒီဇယ်နဲ့ လည်ရင် တနာရီကို ဂါလန်သောင်းနဲ့ချီသုံးတော့ သခိုးတွေ တွက်ချေကိုက်တယ်။ ၂၄ နာရီ စာဒီ ဇယ်ကိုအစိုးရက မပေးနိုင်တော့ ခုလိုဖြစ်တာ။ အားလုံးခံစားနေရချိန်မှာ လျှပ်စစ်က ဝန်ထမ်းတွေကတော့ စံစားနေတယ် ဆိုတာလေး အသိပေးလိုက်ပါရစေဗျာ။

ရာရာ said...

ရာသီဥတုက ပူ၊ ချွေးတွေကထွက်..။ မီးစက်သံတွေက နားပူ၊ အိပ်ဇော့ငွေ့တွေက မျက်စိစပ်၊အား.......ရန်ကုန်မီးပြတ်တဲ့ည...ရူးချင်တယ်။

မောင်မောင် said...

မြန်မာပြည်သူတွေက မဟုတ်တရားတွေတော်တော်ပြောတတ်တာပဲ..တို.ဝန်ကြီးပြောတော့ လျှပ်စစ်တွေပိုတယ်ဆိုဗျာ.ခင်ဗျားတို. မီတာခ ကုန်မှာစိုးလို ချွေတာထားတာပါဗျာ..

Myanmar said...

အရင်ကလဲ ဒီလိုပါပဲ

kiddykid said...

ဘယ်တော့များမှ ပြောင်းလဲနိုင်မှာလဲ.သူပြောတော့ ပိုနေတယ်ဆို..

ပုဂံစစ်သည် said...

ကဲ ကျုပ်တို့နိုင်ငံလဲ သေနတ်သံတွေ ကြားရတော့မှာပေါ့ ဒုတ် ဒုတ် ဒုတ် နဲ့ မီးစက်တွေနှိုး တရုတ်က သဘောကျ။ ကျွန်တော်တော့ မီးစက်ပဲရောင်းစားတော့မယ်။ ပါးစပ်နဲ့ချမ်းသာနေတဲ့ခေါင်းဆောင်တွေ အလကားကောင်တွေ သူတို့မနိုင်လို့မီးဖြတ်တာဖြစ်မှာပါလေ။

akyitan said...

သင်္ကြန်လည်သူများသတိထားလော့ ယနေ့သည် အမေစုပါတီနိုင်
ပြီး ကျန်ပါတီများဘဲဥပြုတ်စားရသဖြင့် မီးတွေလဲဖြတ်လိုက်ပါပြီ
ရေတွေလဲဖြတ်လိုက်ပါပြီ ဖုန်းလိုင်းတွေလဲဖြတ်လိုက်ပါပြီ ဗုံးမိုင်း
တွေပဲ ခွဲဖို့ကျန်တော့တာမို့ မဟာသင်္ကြန်မှာ ဖလန်းဖလန်းထချင်
သူများ သတိကြီးစွားထားကြပါလို သိကြားမင်းဒေါ့ကွန်းမှတင်ပြ
လိုက်ပါသည် မြန်မာပြည်သားအပေါင်းတို့.........................
........................................ပုံ မာတလိ(အတွင်းရေးမှူး)
..............................................နတ်ပြည်တော်၊ph:09

ရန်ကုန်သား said...

ကြည့်လည်းလုပ်ကြပါအုံး...ကိုဇော်မင်း..ကိုခင်မောင်စိုး..ကိုမောင်မောင်လတ် ...နဲ့ ကိုတိုးအောင် တို့ရယ်...မင်းတို့အိမ်တွေက ၂၄နာရီမီးလာနေတာကိုး.. မီးပြတ်ရင်လည်း Standby generator တွေ ဆီအပြည့်နဲ့ဆိုတော့..ဒီဒုက္ခတွေမင်းတို့ မသိတာလား..မသိချင်ယောင်ဆောင်နေတာလားကွာ..မင်းတို့လည်းပြည်သူကရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ဝန်ထမ်းတွေဆိုရင်..ပြည်သူတွေကို ကိုယ်ချင်းစာပေးပါ.. ဒါမှမဟုတ်ပဲ ကိုယ့်ကိုကိုယ် အာဏာရှင်ပုံစံ ပေးချင်သလိုပေးမယ်..ပေးချင်သလောက်ပေးမယ်..ပေးချင်မှလည်းပေးမယ်... မပေးလည်းဘာလုပ်ချင်လည်း..ဆိုတဲ့ အချိုးမျိုးဆိုရင်...ပြည်သူတွေဒဏ်ခတ်ကြလိမ့်မယ်နော်...သတိထားကြအုံး.. ဆရာတို့ရေ....

ponenya said...

အားလုံးဘဲ မြစ်ဆုံစီမံကိန်းကိုဆန့်ကျင်သလို့ဘဲ ၀ိုင်းဝန်းတောင်းဆိုချင်ပါတယ်
ဒါတွေက မဖြစ်သင့်တဲ့အကြောင်းအရာတွေပါ
တချိုအကြောင်းအရာတွေက လူလည်ကျလွန်းအားကြီးပါတယ်ဗျာ

မျိုးချစ်မြန်မာလူငယ် said...

အပေါ်က ကော့မန့်ကို သဘောကျပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနက ဦးဇော်မင်းရေ..ဒီသတင်းနဲ့ မင်းပြောတဲ့ လျှပ်စစ်လုံလောက်ပါပြီဆိုတဲ့မြန်မာနိုင်ငံနဲ့ ဘာမှမပက်သတ်ဘူးထင်တယ်နော်။
"အာဏာရှင်ပုံစံ ပေးချင်သလိုပေးမယ်..ပေးချင်သလောက်ပေးမယ်..ပေးချင်မှလည်းပေးမယ်... မပေးလည်းဘာလုပ်ချင်လည်း..ဆိုတဲ့ အချိုးမျိုးဆိုရင်...ပြည်သူတွေဒဏ်ခတ်ကြလိမ့်မယ်" ဆိုတာ ဦးဇော်မင်း (ကြောင်တောင်ကန်း) နားလည်ထားပါ။
တစ်ကမ္ဘာလုံးက ၀ိုင်းတားနေလဲ၊မိုက်မြဲ၊ပေမြဲလုပ်နေတဲ့ ငါတို့နိုင်ငံက လူကြီးတွေ အချိန်လဲ စီး သင့်ပါပြီ။ လုပ်ချင်တာလုပ်မယ်ဆိုပြီး တိုင်းပြည်ကို သံဃံဇာတတွေကို ရောင်းစားနေတာ ပြည်သူတရပ်လုံးက ချဉ်နေပါပြီ (စစ်တပ်က စာမတတ်ပေမတတ်၊နိုင်ငံက လူမျိုးကို မလေးစားတဲ့သူတွေ)ရေ။ မင်းတို့တွေ မြန်မာနိုင်ငံမှာ ဖွားပြီး မြန်မာလူမျိုးတစ်မျိုးသားလုံးကို မလေးစားတာ အလွန် ခံပြင်းတယ်ကွာ။

saw 00 said...

အထက်က ကောင်တွေ က ကိုယ်ရည်သွေး ပြီး ပြောခြင်ရာပြော အောက်ကကောင်တွေက လဲ လုပ်လိုက်ရင် အထက် ကကောင်တွေ ပြောတာနဲ့ တခြားစီ ၊ ဒီ သံသရာ ဘယ်တော့ မှ ဆုံးတော့မှာလဲ ၊ တို့ ပြည်သူတွေကတော့ ထုသား ပေသား ကြနေပြီ ဆိုသလို ဘဲ ၊ ခံရ ပါ များတော့ ဘယ်လို နာရမလဲ တောင်မသိတော့ဘူး ။

Powered by Blogger.